Burmese Subtitle

TV Series

The Walking Dead Season 3 7.3
The Walking Dead Season 3 Walking Dead ဆိုတာ ပရိသတ်တွေ ရင်းနှီးပြီးသား TV series တစ်ခုဖြစ်မှာပါ IMDb Rate 8.4/10 ရထားတဲ့ ဇတ်လမ်းတွဲပါ ဒါပေမဲ့ အခုမှ စကြည့်သူတွေလည်း ဇာတ်လမ်းအသွားအလာကို သိရှိနိုင်ဖို့ အတွက် အခုလို Season 1 အတွက် ဇာတ်ညွှန်းလေး ရေးပေးလိုက်ပါတယ် ရဲအရာရှိ ရစ်(ခ်)ဂရိုမ်း(စ်) က တရားခံလိုက်လံဖမ်းစီးနေစဉ် သေနတ်ဒဏ်ရာရရှိပြီး လတော်တော်များများ ကိုမာ ရောဂါခံစားခဲ့ရတယ် သူပြန်ပြီးသတိရလာတဲ့ အချိန်မှာတော့ ဆေးရုံကတော်တော်လေးကို ပျက်စီယိုယွင်းနေပြီ ရစ်(ခ်) တစ်ယောက် ဆေးရုံကထွက်လာတဲ့ အချိန်မှာတော့ ဖုတ်ကောင်တွေနဲ့ စပြီးရင်ဆိုင်ရပါတော့တယ် သူ အိမ်ပြန်ရောက်တဲ့ အချိန်မှာတော့ သူ့ ဇနီးသည်နဲ့ သားလေး အိမ်မှာမရှိတော့တာကို သိလိုက်ရတယ် နောက်ပိုင်းမှာတော့ ရစ်(ခ်)တစ်ယောက် အဲ့ဒီမြို့ မှာနောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့ မောဂန်ဂျုံး(စ်) နဲ့ သူ့ သား ဒွိန်းတို့ နဲ့ ဆုံတွေ့ ခဲ့တယ် ဒီ့နောက်မှာတော့ မြို့ မှာဘာတွေဖြစ်ခဲ့လဲဆိုတာ မော်ဂန်တို့ သားအဖနှစ်ယောက် ရစ်(ခ်)ကို ရှင်းပြကြတယ် နောက်ပိုင်းမှာတော့ ရစ်(ခ်)ဟာ သူ့ မိသားစုကိုရှာဖို့  အတ္တလန်တာ ကိုထွက်လာခဲ့တယ် မြို့ ထဲမှာ ဂလင်း(န်) တို ...
7.3
TMDb: 7.3/10 4123 votes
tv

The Walking Dead Season 3

2010
The Passage (2019) 8.5
The Passage (2019) ဒီတစ်ခါ ပရိတ်သတ်ကြီးကို တင်ဆက်ပေးမှာကတော့ လက်ရှိ Fox Network မှာ ပြသနေဆဲဖြစ်တဲ့ The Passage ဆိုတဲ့ စီးရီးလေးတစ်ခုပါ လောလောဆယ်တော့ season 1 ကိုပြသနေတုန်းဖြစ်ပါသေးတယ် ဒါကြောင့် BS ပရိတ်သတ်တွေ အတွက် Action Adventure Drama ကောင်းကောင်းနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်... အညွန်း ဘရတ်ဝေါလ်ဂတ်စ် က ၂၀၀၅ ခုနှစ်မှာ ငွေကြယ်ရထားပြီး အာဖဂန်နစ်စတန်မှာ ရန်သူ ၉၈ယောက်ကို ချေမှုန်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုခံခဲ့ရတယ် ဒါကြောင့် သူ့ကို လူတိုင်းလေးစားပြီး ကြောက်ကြရတယ်  ဘရတ်ရဲ့  သူငယ်ချင်းဖြစ်တဲ့သူက ဆရာဝန်တွေ စမ်းသပ်နေတဲ့ Project တစ်ခုမှာ တာဝန်ထမ်းဆောင်နေပြီး ဘရတ်ကို ပါအလုပ်ပေးပြီး လူရှာခိုင်းခဲ့တယ် အစပိုင်းမှာ ဘရတ်ဟာ ဘာမှမသိသေးတဲ့အတွက် ရှာခိုင်းသမျှ လူစုပေးပါတယ် နောက်ပိုင်းကျတော့ သူရှာပေးထားတဲ့လူတွေဟာ ဓါတ်လှေကားပေါ်ကနေသာ တက်သွားတယ် ပြန်မလာခဲ့ကြတော့ နည်းနည်းသံသယ၀င်သွားခဲ့တယ် ဒီလိုနဲ့ နောက်ပိုင်းမှာ ဆရာဝန်တွေက ကလေးတစ်ယောက်လိုတယ်ဆိုပြီး ဘရတ်ကိုပြောတယ် ဘရတ်က ကလေးကိုရှာပေးခဲ့ပြီး အရင်တုန်းကလူတွေလိုဖြစ်မှာဆိုးလို့ဆိုပြီး ...
8.5
TMDb: 8.5/10 4 votes
tv

The Passage (2019)

2019
Mr. Robot Season 3 7.9
Mr. Robot Season 3 နည်းပညာပိုင်းကို အရူးအမူးစိတ်ဝင်စားတဲ့လူငယ်တစ်ယောက်ဘ၀ရဲ့အထီးကျန်ဆန်မှု တွေကို နည်းပညာလောက ထဲက ပညာရပ်တွေကို လေ့လာဆည်းဖူးရင်း အချိန်တိုင်း လိုလို မူးယစ်ဆေးဝါးတွေ သုံးစွဲရင်း ဖြေဖျောက်နေရသူတစ်ယောက် အသက်အရွယ်နဲ့ မလိုက်အောင် ပညာအစွမ်း ထက်မြက်လွန်းလှတဲ့အိလိယက် အက်ဒါဆင်ဆိုတဲ့ လူငယ်တစ်ယောက် ၊Allsafe လို့အမည်ရတဲ့ Cybersecurity Co.ltd မှာ အလုပ်လုပ်နေရင်း တစ်ချိန်တည်းမှာ ဟက်ကာတစ်ယောက်အဖြစ်နဲ့ ဘ၀ကို ဖြတ်သန်း နေသူတစ်ယောက် ၊ တစ်ခါတစ်ရံ သူ့ကိုယ်သူဘာလုပ်နေမှန်း မသိလောက်အောင်ကို ထူးဆန်းလွန်းတဲ့လူသားတစ်ယောက်နည်းပညာထွန်းကားလာမှုနဲ့အတူ နည်းပညာကို အသုံးချပြီး မတရားတွေဖန်တီးနေသူများ ၊ ငွေကြေးခ၀ါချမှုများ ၊ စတာတွေကို သူတတ်တဲ့ ပညာရပ်တွေကို အသုံးချပြီး အမှန်တရားအတွက် တစ်ဖက်တလမ်းမှ သူ့ကိုယ်ပိုင်အယူ အဆနဲ့အတူတိုက်ပွဲဝင်နေသူတစ်ယောက် ............. ဒီဇာတ်လမ်းတွဲကတော့ကျနော် ကြည့်ဖူးသမျှ ဟက်ကာ ဇာတ်ကားတွေထဲမှာ အကောင်းဆုံးထဲက အကောင်းဆုံးလို့ ပြောရမှာဖြစ်ပါတယ်။ ............. တစ်ခုတော့ ကြိုမှာပါရစေ နည်းပညာပိုင်းနဲ့ပတ် သက်တဲ့ အသုံးအနှုန်းတွေ ၊ network security ပိုင်းဆိုင် ရာအသုံးအနှုန်းတွေ၊ Linux OS အနွယ်ဝင် Kali Linux OS  အသုံးအနှုန်းတွေကတော့ မိတ်ဆွေတို့အတွက်ဒီဇာတ်ကား ကို ကြည့်တဲ့အချိန်မှာ အခက်အခဲဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် ဒီဇတ်ကားကို ...
7.9
TMDb: 7.9/10 1440 votes
tv

Mr. Robot Season 3

2015
Welcome to Waikiki (2018) [Complete] 7.3
Welcome to Waikiki (2018) [Complete] BS ပရိတ်သတ်ကြီးအတွက် အချစ်ဟာသဇာတ်လမ်းတွဲလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင့် လက်တလော အက်မင်တို့ ကိုယ်တိုင်ကြည့်နေတဲ့ဇာတ်လမ်းတွဲလေးဖြစ်ပြီး ဟာသနဲ့အချစ်ဇာတ်လေးကို သရုပ်ဆောင်ကောင်းများစွာဖြင့် ရိုက်ကူးထားတဲ့ Welcome To Waikiki ပဲဖြစ်ပါတယ်ရှင်....လက်တလော အတွဲ၃ ထွက်နေပြီဆိုပေမယ့် ကွာလတီစိတ်တိုင်းမကျသေးတဲ့အတွက်...အနည်းငယ်ကြာမြင့်ပါဦးမယ်ရှင့်   အဲဒါကြောင့် အရှေ့မှာထွက်ထားတဲ့ အတွဲ၁ ဖြစ်တဲ့ ၂၀၁၈ ခုနှစ်က စီးရီးလေးကို မဖြစ်မနေကြည့်ရှုသင့်ပါတယ်ရှင့် BS ကွာလတီဖြင့် အကောင်းမွန်ဆုံးတင်ဆက်ပေးထားတာဖြစ်တာကြောင့် စိတ်တိုင်းကျစေမှာပါရှင်... အညွှန်း.... 2018ထွက်ဒီကားလေးက တော်တော်ကိုရီရတာပါနော် အပိုင်းတိုင်း အပိုင်းတိုင်းကိုကြည့်ပြီးရီလိုက်ရတာပါဆို ဟာသကားကြိုက်သူတွေ အကြိုက်တွေစေမဲ့ Waikiki ပါနော် မင်းသား မင်းသမီးတွေကလဲ ကိုယ်တွေသိပြီးသားတွေပါ   ဝိုင်ကီကီဆိုတဲ့ ဟိုတယ်လုပ်ငန်းလေးကို သူငယ်ချင်းသုံးယောက် ပူးပေါင်းပြီး လုပ်ကြတယ်.. အခြေအနေတွေကြောင့် စားစရာမရှိဘဝဖြစ်မယ့်ပုံကိုရောက်တော့မယ့် ဆဲဆဲမှာ ချစ်သူနဲ့လည်းပျက် အလုပ်လည်းပြုတ်တဲ့အပြင် ဟိုတယ်ကို ဘယ်က ကလေးလေးမှန်းမသိ ဘယ်သူလာထားသွားမှန်းလဲမသိ ကလေးအမေ အဖေကဘယ်သူမှန်းလဲမသိဖြစ်နေပြီး ယောကျာ်းလေးတွေဖြစ်တဲ့အတွက် ကလေးထိန်းဖို့က တော်တော်လေး တိုင်ပတ်နေရှာပါတယ်.... ဇာတ်လမ်းလေးက တော်တော်ကောင်းတာမလို့ ဆက်လက်ကြည့်ရှုပေးပါဦးရှင် Lee Yi-kyung Kim Jung-hyun Son Seung-Won Jung In-sun Go Won-hee တို့ပဲဖြစ်ပါတယ်ရှင် ဇာတ်လမ်းတစ်ခုလုံးမှာ ဟာသတွေကြည့် ကြည့်ရှုရမှာဖြစ်သလို အချစ်ဇာတ်လမ်းလေးလည်းဖြစ်တာကြောင့် အပန်းဖြေ ကြည့်ရှုလို့ကောင်းပါတယ်ရှင်....   Review & Translator ...
7.3
TMDb: 7.3/10 4 votes
tv

Welcome to Waikiki (2018) [Complete]

2018
Strongest Deliveryman (2017) Complete 6.8
Strongest Deliveryman (2017) Complete ကဲ ဒီတစ်ပတ်ရဲ့ အလှည့်ကျ တင်ဆက်မှုကတော့ ရင်ခုန်ခံစား ကိုရီးယားဇာတ်လမ်းတွဲများပဲဖြစ်ပါတယ်... အဲ့အထဲကမှ ၂၀၁၇ ကထွက်ထားတဲ့ Strongest Deliveryman ဆိုတဲ့ ခေါက်ဆွဲလိုက်ပို့တဲ့ မင်းသားချောလေးရဲ့ အက်ရှင်တွေ..... ရိုမန့်တွေနဲ့ ဒရာမာခင်းပုံတွေကို ရင်ခုန်စွာဖြင့် ကြည့်ရှုရမှာ ဖြစ်ပါတယ်ရှင်.... chae soo-bin အပါအဝင် Go Kyung-pyo , Ko Won-hee, Nam Ji-hyun တို့ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ အင်မတန်မှ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်ရှင် တစ်ပိုင်းကို ၁ နာရီဝန်းကျင် ကြာမြင့်ပါတယ် သာမာန်ခေါက်ဆွဲပို့နေတဲ့သူတစ်ယောက်မှာ... အချစ်ရေးကို စဉ်းစားရမယ့်အချိန်ဆိုပေမယ့်.... ဘဝအတွက်ရုန်းကန်နေရရင်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေရပါတယ် တစ်နေ့မှာတော့ သူဌေးသားတွေက ကားပြိုင်ပွဲလုပ်ကြရင်း လမ်းတွေအကုန်ပိတ်ထားကြတယ်... ကံမကောင်းစွာနဲ့ ကောင်လေးတစ်ယောက်ကို ယာဉ်တိုက်မှုဖြစ်သွားပေမယ့် သူဌေးသားတွေဖြစ်တဲ့အတွက် ငွေပေးလိုက်တာနဲ့ အမှုဆိုတာ ဘယ်နားက ရှာရမှန်းမသိဖြစ်သွားခဲ့တယ်... နောက်တော့ ဒီကိစ္စကိုသိသွားတဲ့ ခေါက်ဆွဲပို့သူက အစအဆုံး စုံစမ်းမှုကိုပြုလုပ်ပါတော့တယ်.. ပဲခေါက်ဆွဲပို့သူတစ်ယောက်ကနေ တဖြည်းဖြည်းနဲ့ ပစ္စည်းပို့ဆောင်ရေးကုမ္ပဏီရဲ့ CEO ဖြစ်လာသူတစ်ယောက်ရဲ့ အချစ်နဲ့ အောင်မြင်မှုအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ အားလုံးပဲ ဇာတ်လမ်းတွဲလေးကို ကြည့်ရှုပေးလိုက်ပါဦးရှင်.... ညီမရဲက ပထမဆုံး Encode ...
6.8
TMDb: 6.8/10 9 votes
tv

Strongest Deliveryman (2017) Complete

2017
Suits (2018) [Complete] 7.3
Suits (2018) [Complete] ချက်ဘောက်ကနေပြီးတော့ ဒီကားလေး မတင်ပေးသေးဘူးလား တင်ပေးမယ့်အချိန်ကိုစောင့်နေပါတယ်နော် လို့ပြောတဲ့အတွက် BS ဖန်တွေအတွက်တင်ပေးလိုက်ပါတယ် အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေခြင်းဟာ...ကျောင်းသွားကျောင်းပြန်ကိစ္စလေးတွေရှိလို့ပါ ကဲအခုတော့ 1080p ကြည်တောက်ရှင်းလေးနဲ့ကြည့်လိုက်ပါဦးဗျို့ ဒီဇာတ်ကားဟာ KBS2 Network ကနေ နိုင်ငံခြား Suits ဇတ်လမ်းတွဲကို အခြေခံပြီးတော့ Korea Version နဲ့ပြန်လည်ရိုက်ကူးထားတာပါ ဒီအထဲမှာ ပါတဲ့ဇာတ်ကောင်တွေကတော့ ဒါရိုက်တာရင်လို့ လူသိများတဲ့သရုပ်ဆောင်နဲ့ အခြားဝါရင့်သရုပ်ဆောင်သမားတွေနဲ့ ဖွဲ့စည်းထားပါတယ် ယွန်ဝူးဟာ ဘာမဆို အတိအကျမှတ်သားနိုင်စွမ်းရှိတဲ့ ဦးနှောက်ကို ပိုင်ဆိုင်ထားသူပါ တစ်နေ့မှာတော့ ကံမကောင်းစွာနဲ့ ထောင်ချောက်တစ်ခုမိခဲ့ပါတယ် အဆုံးသတ်မှာတော့ သူဟာ ကန်နဲ့ဟမ်တို့နဲ့ အလုပ်တွဲလုပ်ရတော့မှာဖြစ်ပြီး ဒီရွေးချယ်မှုဟာ သူ့ဘ၀ကိုထာဝစဉ်ပြောင်းလဲစေတော့မှာပါ ကဲ..ကဲ..ဆက်လက်ကြည့်ရှ့လိုက်ပါဦးခင်ဗျာ ညီမလေး Pwint Phyu နဲ့ Bobby[BS] တို့က အပင်ပန်းခံပြီး ဘာသာပြန်တင်ဆက်ပေးထားပါတယ်   Episode 1 (1.2 GB)   Episode 2 (1.23 GB)   Episode 3 (1.4 GB)   Episode 4 (1.1 GB) ...
7.3
TMDb: 7.3/10 3 votes
tv

Suits (2018) [Complete]

2018
Damien (2016) Season 1 [Complete] 6.5
Damien (2016) Season 1 [Complete] BS ပရိတ်သတ်ကြီးအတွက် Horror ဇာတ်လမ်းကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးဦးမယ်ဗျ ဇာတ်လမ်းနာမည်လေးက Damien တဲ့ Omen ရဲ့အဆက်လို့ပြောရမယ်... မိတ်ဆွေတို့ထဲက တစ်ချို့ကြားဖူးတဲ့သူတွေရှိလိမ့်မယ် ခရစ်ယာန်တော်တော်များများသိကြမယ်ထင်ပါတယ် ၆၆၆ ကို.... အနောက်တိုင်းမှာဆိုရင် ၆၆၆ ဆိုတဲ့ဂဏာန်းကို နိမိတ်ဆိုး မကောင်းဆိုးဝါး အဖြစ်သတ်မှတ်ကြပါတယ်..... တစ်ချို့အဝေးပြေးလမ်းမတွေဆိုရင် လူအသေအပျောက်များပြီး လူစားတတ်လွန်းလို့ အဝေးပြေးလမ်းအမှတ် ၆၆၆ လို့တောင် ပေးကြဖူးတယ်.... အခုဒီဇာတ်လမ်းလေးဟာလည်း စုစုပေါင်း ၁၀ ပိုင်းသာပါဝင်ပြီး Ep -1 The Beast Rises Ep -2 Second Death Ep -3 The Deliverer Ep -4 The Number of a Man Ep -5 Seven Curses Ep -6 Temptress Ep -7 Abattoir Ep -8 Here Is Wisdom Ep -9 The Devil You Know Ep -10 Ave Satani ဆိုပြီးပါဝင်ထားပါတယ်...   Damien ...
6.5
TMDb: 6.5/10 55 votes
tv

Damien (2016) Season 1 [Complete]

2016
The Legend of the Blue Sea (2016) 5.1
The Legend of the Blue Sea (2016) ၁၅၈၆ ခုနှစ် မှာ ရွာတစ်ရွာမှာမုန်တိုင်းအသည်းအသန်ကျပြီးတဲ့နောက် ပင်လယ်ပြင်ကနေ ရေသူမ မျိုးဆက်ရဲ့နောက်ဆုံးမျိုးဆက်ဟာ မုန်တိုင်းကြောင့် သောင်တင်ခဲ့ပါတယ်..ရွာအုပ်ချုပ်သူက ဖမ်းဆီးထားခဲ့ပြီး အသစ်ရောက်လာတဲ့ မြို့တော်ဝန်ကိုဝင့်ကြွားစွာပြသချိန်မှာတော့ မြို့တော်ဝန်ဟာသနားပြီး ရေသူမ ကို ပင်လယ်ထဲပြန်လွှတ်လိုက်ပါတယ် မြို့တော်ဝန်ရဲ့လက်က အထိန်းအမှတ် ကျောက်စိမ်းလေးကို ရေသူမကိုလက်ဆောင်အဖြစ်ပေးခဲ့ပါတယ် နောက်ထပ်နှစ်ပေါင်း 430 ကြာတဲ့အခါမှာတော့ အဲ့ရေသူမလေးဟာမုန်တိုင်းကြောင့်ပဲ ကုန်းမြေပြင်ပေါ်မှာ နောက်တစ်ခေါက်သောင်တင်လာပြန်ပါတော့တယ် ဗိုက်ကလည်းဆာဆာနဲ့တွေ့တဲ့ဟိုတယ်အခန်းထဲခိုးဝင်ပြီး အစားအသောက်တွေခိုးစားခဲ့တယ်..ဖြစ်ချင်တော့ အဲ့အခန်းမှာတည်းနေတဲ့သူက ဆိုးလ်မြို့ကနေ ခဏလာရောက်အနားယူနေတဲ့ မျက်လှည့်ပညာရှင် စိတ်ညို့ပညာရှင် တစ်ဦးပါ တနည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ မြို့တော်ဝန်လေး ဒန်ယောင်း လူဝင်စားတဲ့သူပေါ့ ..သူဟာ ရေသူမလေးကို ရဲလက်အပ်လိုက်ပေမယ့် သနားစိတ်လေးကတော့ရှိခဲ့တယ်..ပိုပြီးစိတ်ဝင်စားစေတာက ရေသူမလေးလက်က လက်ကောက်ကိုမြင်လိုက်ရတော့ နောက်ကြောင်းစုံစမ်းတဲ့အခါ နှစ်ပေါင်း 400 ကျော်သက်တမ်း ကြာပြီး ဒေါ်လာ 6သောင်းလောက်တန်တယ်ဆိုတာကိုသိရတဲ့အခါ ရေသူမလေးကိုပြန်ရှာပြီး ကြင်နာစွာဆက်ဆံပါတော့တယ် ဒီလိုနဲ့ သူတို့တွေဘာတွေဆက်ဖြစ်မလဲ ဒန်ယောင်းကရော ဘ၀ဟောင်းကိုမှတ်မိပါ့မလား.ရေသူမလေးကရော သူ့ကိုမှတ်မိပါ့မလား..ကမ္ဘာပေါ်ကိုရောက်လာတဲ့ ရေသူမလေးနောက်ဆုံးမျိုးဆက်လေးဟာလည်း လူတွေနဲ့အတူနေထိုင်နိုင်ပါ့မလားဆိုတာ ဆက်လက်စောင့်ကြည့်ပါ။ ဇာတ်ညွှန်း:CM Credit ဒီ Series ကိုဘာသာပြန်ပေးထားတာတော့ မနှင်းဝေဝေအောင်ဘဲဖြစ်ပါတယ်။   Episode 1 (989.88 MB)   Episode 2 (969.83 MB)   Episode 3 (967.69 MB)   Episode 4 (965.11 MB)   Episode ...
5.1
TMDb: 5.1/10 34 votes
tv

The Legend of the Blue Sea (2016)

2016
Clean With Passion For Now (2018) Complete 8.5
Clean With Passion For Now (2018) Complete ဒီတစ်ခါ BS ပရိသတ်ကြီးကိုအသစ်ထွက်ရှိလာတဲ့Korean Romance Serieလေးနဲ့မိတ်ဆက်ပေးပါ့မယ်နော်… Dramaနာမည်လေးက”Clean With Passion for Now”လို့အမည်ရပါတယ်… ဒီDramaဟာတောင်ကိုရီးယားရဲ့အမည်တူနာမည်ကြီးWebtoonကိုပြန်လည်ရိုက်ကူးထားတာလည်းဖြစ်ပါတယ်…မင်းသားချောYoon Gyun Sangနဲ့Moonlightကားထဲကမင်းသမီးလေးKim You Jungတို့ကအဓိကပါဝင်ထားပါတယ်…သူတို့၂ယောက်ရဲ့အတော်ကြာမှပြန်လည်ရိုက်ကူးတဲ့Dramaလည်းဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကတော့… Jang Sun Gyol(Yoon Gyun Sang)ဟာသန့်ရှင်းရေးကုမ္ပဏီပိုင်ရှင်သူဌေးဖြစ်ပြီးအမြဲတမ်းသန့်သန့်ရှင်းရှင်းနေတတ်ပြီးကြည့်ကောင်းတဲ့သူပါ…သူဟာငယ်စဉ်ကတည်းကMysophobiaလို့ခေါ်တဲ့အင်းဆက်ပိုးမွှားတွေကိုကြောက်တတ်တဲ့ရောဂါရှိတဲ့သူမို့အမြဲသန့်ရှင်းနေတာကိုကြိုက်ပြီးညစ်ပတ်တာကိုကြောက်တဲ့သူလည်းဖြစ်ပါတယ်…တစ်နေ့Gil Oh sol(Kim You Jung)ဆိုတဲ့ထူးဆန်းတဲ့ကောင်မလေးဟာSun Gyolရဲ့ကုမ္ပဏီမှာအလုပ်သမားဖြစ်လာပါတော့တယ်…Oh Solဟာတခြားမိန်းကလေးတွေနဲ့မတူပဲအရမ်းညစ်ပတ်ပြီးဆက်ဆံရေးကောင်းတဲ့အတွက်လူချစ်လူခင်လည်းပေါတဲ့ကောင်မလေးပေါ့… ဒီလိုနဲ့ပုံစံလုံးဝမတူညီကြတဲ့သန့်ရှင်းတဲ့ကိုလူချောသူဌေးနဲ့ညစ်ညစ်ပတ်ပတ်အလုပ်သမားမလေးတို့တွေ့ကြပြီးဘယ်လိုတွေRomanceဆန်ကြမလဲဆိုတာတော့ဆက်သာကြည့်လိုက်ကြပါတော့နော်… ဒီDramaကိုအပတ်စဉ်တနင်္လာ၊အဂါင်္နေ့ည၉နာရီခွဲ(KST)တိုင်းမှာJTBCရုပ်သံလိုင်းကနေထုတ်လွှင့်သွားမှာပဲဖြစ်ပါတယ်… Reviewed Credit to Ko Thit Lwin Translated by Aye Charm Encoded By Sai Wunna Episode 1 (725.21 MB)   Episode 2 (542.96 MB)   Episode 3 (579.34 MB)   Episode 4 (476.37 MB)   Episode 5 (489.91 MB)   Episode 6 ...
8.5
TMDb: 8.5/10 2 votes
tv

Clean With Passion For Now (2018) Complete

2018
Just Dance (2018) Complete 7
Just Dance (2018) Complete ကဲ ဒီတစ်ခေါက်လည်း BS ဖန်တွေအတွက်ဖြစ်ရပ်မှန် ကိုးရီးယား အကဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းလေးရဲ့ ထူးခြားချက်ကတော့ ဆယ်ကျော်သက် ကလေးမလေးတွေကြည့် စုပြီးရိုက်ထားတဲ့ဇာတ်ကားလေးပါ ကလေးမလေးတွေက ချစ်စရာလည်းကောင်းသလို....ကျရာဇာတ်ရုပ်ကနေပြီးတော့ ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်သွားနိုင်ပါတယ်.... KBS2 Network ကနေပြီးတော့ အပတ်စဉ် Monday နဲ့ Tuesday တွေမှာ ပြသလျက်ရှိတဲ့ ပရိုဂရမ်လေးပါ အပိုင်း ၁၆ ပိုင်းအထိ ပါဝင်မယ်လို့ဆိုထားတဲ့ Series လေးတစ်ခုပါ ပြီးတော့ ဒီဇာတ်လမ်းလေးက အသက် ၁၅နှစ်အောက်ကလေးငယ်လေးတွေအတွက် ကြည့်ရှ့ဖို့မသင့်တော်ပါဘူးလို့ သတ်မှတ်ထားပါတယ် ဆိုတော့ 15+ ဇာတ်လမ်းတွဲလေးပေါ့ဗျာ ကဲ...ကြည့်ကြည့်လိုက်တော့ဗျာ... ဟာ.....အဲ့လိုနော်...စိတ်ကောက်တဲ့လေသံနဲ့ မပြောနဲ့... ပရိတ်သတ်ကြီးရေ.... ဇာတ်လမ်းလေးကိုကြည့်လိုက်ပါဦးခင်ဗျာ...လို့ပြော.... အညွန်း **** အသက်မွေးမှု အထက်တန်းကျောင်းက အငယ်တန်းကျောင်းသူဖြစ်တဲ့ ကင်ရှီအွန်းက သူ့ဆယ်ကျော်သက်ဘ၀ကို စိတ်မချမ်းမသာခံစားရင်း စိတ်ပျက်မှုတွေနဲ့ပဲ ရှင်သန်နေပါတယ်။ အသက်မွေးကြောင်းအလုပ်ကို အကြံပေးဆွေးနွေးတဲ့အချိန်မှာ ဆိုးလ်မြို့က ကောလိပ်ကို တက်ချင်တဲ့ သူ့မျှော်လင့်ချက်ကို ထုတ်ပြောလိုက်တယ်။ ဒါပေမယ့် ပြန်စဉ်းစားကြည့်ဖို့ အကြံပေးခံလိုက်ရပါတယ် ဂျူဟိုက ရှီအွန်းတို့ကျောင်းရဲ့ အကအားကစားအသင်းကိုဦးဆောင်သူပါ အသင်းကိုပိတ်လိုက်ရတော့မယ် အခြေအနေကို သူရင်ဆိုင်ရတဲ့အခါ လာမယ့်ပြိုင်ပွဲကို ၀င်ပြိုင်ဖို့ အဖွဲ့ဝင်တွေကို သူစရှာပါတော့တယ် ရှီအွန်းက အသစ်တွေ့ထားတဲ့ ...
7
TMDb: 7/10 1 votes
tv

Just Dance (2018) Complete

2018
T@gged (2018) Season 3 [Complete] 8.3
[email protected] (2018) Season 3 [Complete] ကဲ အားလုံးစောင့်မျှော်နေကြတဲ့ [email protected] S3 ကိုအစအဆုံးတင်ဆက်ပေးလိုက်ပါတယ်. ကြားထဲမှာ နည်းနည်းလေး နောက်ကျသွားတာကိုခွင့်လွတ်ပေးကြမယ်လို့ထင်ပါတယ် ဒီတစ်ခါ S3 ကိုတော့ Hulu နဲ့ Go90 ကနေ့ရိုက်ကူးပြီး  AwesomenessTV ကနေထုတ်လွင့်ပေးထားတာဖြစ်ပါတယ်.... ခေတ်လူငယ်တွေ ကြည့်ရှုသင့်တဲ့ စီးရီးဖြစ်တာကြောင့်တင်ဆက်ပေးလိုက်ရပါတယ်.. အရင် S1 နဲ့ S2 ကို တင်ပေးထားပြီးသွားပါပြီ ကဲဒီအတိုင်းတွေမှာ အရင်တုန်းကလိုမျိုးမဟုတ်တော့ဘဲ Monkeymann အပြင် King_Cobra နဲ့ Mr.Empty ဆိုပြီး ထပ်မံပေါ်ပေါက်လာပါတယ်.. ဆယ်ကျော်သက်အရွယ်မိန်းကလေးတွေဖြစ်တာကြောင့် ကိုယ်တိုင်လည်း မိဘတွေကိုမတိုင်ချင်ကြဘူး ခေတ်လူငယ်တွေဆိုတော့ ကိုယ်တွေ့မှ ယုံကြတဲ့သူတွေ ဒီလိုနဲ့ အသစ်ပေါ်လာတဲ့ သူတို့ကို ဒုက္ခပေးဦးမယ့် သူတွေက ဘယ်လိုမျိုးဆက်လက်ပြီးတော့ အစီအစဉ်တွေချပြီး လုပ်ခိုင်းဦးမလဲ ဘယ်လိုမျိုး ရင်ဆိုင်ကြမလဲ ဒီအပိုင်းတွေမှာ စော်ချော်ချော်လေးတွေကို အသစ်ထပ်မံတွေ့မြင်ရဦးမှာပါ ဇာတ်လမ်းက စော်လေးတွေကိုကြည့်ရတာနဲ့တင်တန်နေပါပြီနော်..ငိငိ   Episode 1 to 12 [370 MB Per Episodes ]                ...
8.3
TMDb: 8.3/10 6 votes
tv

[email protected] (2018) Season 3 [Complete]

2018
Larva Island (2018) Season 1 [Complete] 7
Larva Island (2018) Season 1 [Complete] ကဲ ဒီတစ်ခါတော့ Netflix ကနေတင်ဆက်ပေးထားတဲ့ Larva Island လေးကို မြန်မာစာတန်းထိုးနဲ့တင်ဆက်ပေးလိုက်ပါတယ် Larva ဆိုလူတိုင်းသိသလို ကလေးတွေအကြိုက်အပြင်လူကြီးတွေပါ ကြိုက်တဲ့ ပိုးကောင်လေး နှစ်ကောင်ပဲဖြစ်ပါတယ် ဒီစီးရီးလေးဟာ တစ်ပိုင်းကို ၈မိနစ်သာ ကြာမြင့်ပြီး စုစုပေါင်း ၁၃ပိုင်းပဲရှိပါတယ်. ဒါကြောင့် BS က ၁၃ ပိုင်းလုံးကို တစ်ပိုင်းတည်းဖြစ်အောင် တည်းဖြတ်ထားပြီး မြန်မာစာတန်းထိုးဖြင့် ၁၃ ပိုင်းလုံးကို တစ်ခါတည်းကြည့်နိုင်အောင် ပြုလုပ်ပေးထားပါတယ်...ဒါကြောင့် စုစုပေါင်းကြာချိန်ဟာ ၁နာရီနဲ့ မိနစ်၅၀ ဖြစ်ပါတယ်.. ..1080p Web-Rip 6CH ဖြင့်ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ ဘာသာပြန်ကတော့ ညီမလေး Yin Mar Oo ဖြစ်ပါတယ်    Download All In One Episodes  (1.57 GB)    
7
TMDb: 7/10 1 votes
tv

Larva Island (2018) Season 1 [Complete]

2018
Titans (2018) Season 1 [Complete] 7
Titans (2018) Season 1 [Complete] ကဲကဲ ကွာလတီအလန်းနဲ့ BS ရဲ့လက်ရာကိုတစ်ချက်မြည်းစမ်းကြည့်ပါဦး DC ကနေပွဲထုတ်လိုက်တဲ့ Titans တွေပဲဖြစ်ပါတယ်... Season 1 ပဲထွက်ထားပြီး ၁၁ ပိုင်းပါဝင်တယ် Netflix ကနေရိုက်ကူးထားတာဖြစ်တဲ့အတွက် Web-Rip ပဲထွက်ပါတယ် BluRay ကလာမှာ မသေချာပါဘူး Dc universe ရဲ့​ပထမ​ခြေလှမ်းဖြစ်​တဲ့ Titans ထွက်​လာပါပြီ Titans ဟာ Dc comic ရဲ့နာမည်​​ကျော်​ Team တစ်​ခု ဖြစ်​တဲ့အပြင်​ မန်​မာနိုင်​ငံမှာလည်း Teen Tians series ကို လူ​တော်​​တော်​များများသိကြမှာပါ ဇာတ်​လမ်းအကျဉ်းက​တော့ Batman ​လောင်းရိပ်​​အောက်​ကထွက်​လာတဲ့ Robin ရယ်​ Darkness ​တွေကြီးစိုး​နေတဲ့ Raven Starfire နဲ့ Beast boy တို့ Titans ဘယ်​လိုဖြစ်​လာမလိုဆိုတာ​တွေ့ရမှာပါ တခြား Dc character ​တွေလည်း အများကြီးပါလာမှာမို့ ဆက်​ဆက်​ကြည့်​သင့်​တဲ့ Series ပါ Spin off အ​နေနဲ့ထပ်​ထွက်​မယ့်​ series ​တွေလည်းကျန်​ပါ​သေးတယ်​ Review ဒီတစ်​ခုက​တော့ ကျ​နော်​တို့ကြည့်​ဖူးတဲ့ Tt ...
7
TMDb: 7/10 103 votes
tv

Titans (2018) Season 1 [Complete]

2018
Hanna (2019) Season 1 6.8
Hanna (2019) Season 1 ဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ အားလုံးမျှော်လင့်နေကြတဲ့ ဟန်နာဆိုတဲ့ စီးရီးလေးတစ်ခုဖြစ်ပါတယ်.... အက်ရှင်အသားပေးရိုက်ကူးထားပြီး ဖခင်တစ်ယောက်ဟာ သမီးငယ်လေးကို အပြင်လောကကြီးနဲ့ ပေးမတွေ့ဘဲ တောထဲမှာ နေပြီး စစ်ပညာတွေ သင်ပေးတယ်.. တိုက်နည်းခိုက်နည်းတွေကိုသင်ပေးထားတယ် ကြာလာတော့ သမီးလေးတစ်ယောက်ဟာ ပညာစုံသွားပြီဖြစ်တယ်..ဒီလိုနဲ့ ငယ်ငယ်လေးကတည်းက တောထဲမှာတင် ကြီးပျင်းလာရလို့ အပြင်လောကအကြောင်းကို ဘာမှ နားမလည်ဘူး သူ့အဖေသင်ပေးထားတာ အပြင်လောကနဲ့ပတ်သတ်လို့ တစ်ခုပဲရှိတယ် ဘယ်သူ့ကိုမယုံရဘူးတဲ့ ကြာလာတော့ အရွယ်ရောက်ပြီး အပြင်လောကကို စူးစမ်းချင်လာတယ် လွန်ခဲ့တဲ့ ၁၅နှစ်လောက်က ဟန်နာတို့ မိသားစုကို လိုက်လံသတ်နေတဲ့ စစ်တပ်တစ်ဖွဲ့ကြောင့် ဟန်နာရဲ့အမေသေဆုံးသွားခဲ့တယ်..ဟန်နာရဲ့ ဖခင်ဟယ်လာလွတ်မြောက်သွားပြီး ဟန်နာကိုငယ်ငယ်လေးကတည်းက တောထဲမှာစောင့်ရှောက်ထားတာဖြစ်တယ်..ဟန်နာအရွယ်ရောက်တော့ ပိုလန်နယ်စပ်ကိုကျော်ဖြတ်မိသွားရင်း ငယ်ငယ်ကသူ့အမေကိုသတ်သွားခဲ့တဲ့ အဖွဲ့နဲ့ပြန်တွေ့ခဲ့တယ်..ဟန်နာက တစ်သတ်လုံးအရွယ်ရောက်တဲ့အထိကို အေးဂျင့် ဟယ်လာဖြစ်တဲ့ သူ့ဖခင်ရဲ့ သင်ကြားမှုကြောင့် ကိုယ်ခံပညာရပ်ကို တတ်မြောက်ထားပြီး လက်ရုံးရည်ပြည့်ဝနေသူတစ်ယောက်ဖြစ်ခဲ့တယ်..ဒါကြောင့် သူ့အမေကိုသတ်သွားခဲ့တဲ့ သူတွေကို ပြန်လက်စားချေချင်တာကြောင့်....ဆက်လက်ကြည့်ရှုပေးပါဦးခင်ဗျာ အက်ရှင်ကားကောင်းကောင်းကြိုက်တဲ့သူတွေအတွက် ကြည့်ရှုသင့်တဲ့ကားဖြစ်ပါတယ် Rating လည်းမြင့်ပါတယ် ဒီစီးရီးလေးဟာ Amazon Prime ကနေထုတ်လွင့်ပေးနေတဲ့စီးရီးလေးဖြစ်ပြီး ဘာသာပြန်နဲ့အညွန်းကိုတော့ Sai Wunna မှတင်ဆက်ပေးထားပါတယ်....   Episode 1 (771 MB) ...
6.8
TMDb: 6.8/10 4 votes
tv

Hanna (2019) Season 1

2019
Blue Spring Ride (2014) [Complete] 8.9
Blue Spring Ride (2014) [Complete] BS ပရိသတ်ကြီးအတွက် Happy Friday မှာပျော်ပျော်ကြီး ကြည့်လို့ရအောင် Anime Series တစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ် နွေရာသီလည်းရောက်တော့မှာမလို့ ရည်းစားနဲ့ ခွဲရတော့မယ် ချိဖတို့ ချိမတို့အတွက် ဒါလေးနဲ့ ဖြေသိမ့်နိုင်ပါစေဗျာ Season တစ်ခုလုံးမှ အပိုင်း ၁၂ ပိုင်းသာရှိပြီး အစအဆုံးကို ရှားပါးကွာလတီဖြစ်တဲ့  BluRay 6CH ဖြင့်တင်ဆက်ပေးထားပါတယ်.....Anime ဖြင့်ရိုချင်တဲ့သူများအတွက် [ နောက်ဆုံးအပိုင်းလေးကို ပိုကြိုက်မိတယ်... Kimi No Nawa ထဲက သက်တံ့တွေ ကြယ်တွေကိုငေးကြည့်တဲ့အခန်းနဲ့ ခပ်ဆင်ဆင်လေး] ***************** အလယ်တန်းကျောင်းမှာရင်းနှီးခဲ့ကြတဲ့ Futaba နဲ့ Koh တို့ဟာ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်လည်းရှိကြပါတယ်။ သို့သော် ရုတ်တရက်ကြီး Kohဟာ အခြားမြို့ကိုပြောင်းသွားရတဲ့အခါမှာတော့ Futabaတစ်ယောက် အသည်းကွဲပြီးကျန်ခဲ့ရပါတယ်။ ၃နှစ်ကြာတဲ့အခါမှာတော့ မမျှော်လင့်ပဲ အထက်တန်းကျောင်းတစ်ခုမှာ သူတို့တွေပြန်ဆုံခဲ့ကြပါတယ်။ ဒါပေမယ့် အရင်က Futaba သိခဲ့တဲ့ Kohမဟုတ်တော့ပါဘူး ပုံစံတွေ စရိုက်တွေကပြောင်းလဲသွားတဲ့အတွက် Futabaတစ်ယောက် တုန်လှုပ်သွားပါတယ်။ တစ်ဖြေးဖြေးနဲ့ Kohရဲ့စရိုက်ဟာအရင်ကလို နူးညံ့သိမ်မွေတဲ့ပုံစံတွေ ရှိနေသေးတယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ ...
8.9
TMDb: 8.9/10 7 votes
tv

Blue Spring Ride (2014) [Complete]

2014
Left-Handed Wife (2019)
Left-Handed Wife (2019) Left-Handed Wife(2019) မြန်မာစာတန်းထိုး *************************************** လောလောဆယ် အသစ်ထွက်ထားတဲ့ စီးရီးလေးတစ်ခုဖြစ်ပြီး မိသားစုအရေး အိမ်ထောင်ရေးနှင့် အချစ်ရေးတို့ကို ပေါ်ပေါ်လွင်လွင် ရိုက်ပြပေးထားတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်ပါတယ် ဒါ့အပြင် 1080p နဲ့ဆိုတော့ ကြည့်ရတာ တော်တော်လေးကို အရသာရှိပါတယ် ဆန်ဟာနဲ့ ဆူဟိုတို့က ဆူဟို့မိဘမဲ့ဂေဟာက သူငယ်ချင်းအက်စသာနဲ့ ဟန်းနီးမွန်း သွားကြတယ်။ ဆူဟိုနဲ့ ၀ိုင်သွားဝယ်တာ ပြန်မလာတော့တာမို့ ဆန်ဟာ စိတ်ပူပြီး လိုက်ရှာပါတော့တယ် အဲဒီအချိန်မှာ ဆူဟို အက်စသာနဲ့ အက်စသာ့ချစ်သူ ဒိုဂျောင်တို့က ယာဉ်တိုက်မှုဖြစ်ပြီး ဆူဟိုနဲ့ ဒိုဂျောင်ရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အက်စသာကလွဲပြီး သူတို့နှစ်ဦးကတော့ ဆိုးဆိုးရွားရွားဒဏ်ရာရသွားပါတယ် ဇာတ်လမ်းလေးဟာ မိသားစု ကိစ္စ အချစ်ရေးကိစ္စတွေနဲ့ လုံးကာပတ်ကာ စီကာတန်းကာဖြင့် အနှစ်ကာရ ပြည့်စုံအောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တာကြောင့် BS ပရိတ်သတ်ကြီးအတွက် ပူပူနွေးနွေးကြည့်ရအောင်လို့ တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းတွဲလေးကို ဘာသာပြန်ပေးထားသူတွေကတော့ ညီမလေး တင့်မိုးလွင်နဲ့ ၀င်းမွန်အေးတို့ဖြစ်ပြီး Sai Wunna မှ 1080p ဖြင့် တင်ဆက်ပေးထားပါတယ်ခင်ဗျာ   Episode 1 (530.30 MB) 1080p ...

Left-Handed Wife (2019)

2019
Kingdom (2019) Season 1 [Complete] 8.7
Kingdom (2019) Season 1 [Complete] အခုလောလောလတ်လတ် ၂၀၁၉ ဇန်နဝါရီ ၂၅ မှာမှ အသစ်ထွက်လာတဲ့ ကိုရီးယား အက်ရှင်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ အွန်လိုင်းကောမစ်တစ်ခုဖြစ်တဲ့ “The Kingdom of the Gods” ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ထုတ်လုပ်သူကတော့ အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲကောင်းများစွာကို ထုတ်လွှင့်နေတဲ့ Netflix ကပါပဲ။ Netflix ကလွှင့်တဲ့ ဒုတိယမြောက် ကိုရီးယား ဇာတ်လမ်းတွဲဖြစ်ပြီး ပထမ Season အနေနဲ့ အပိုင်းခြောက်ပိုင်းပါရှိပါတယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့ အိမ်ရှေ့စံ Lee Chang နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသား Ju Ji-Hoon ကိုတော့ မသိတဲ့သူမရှိလောက်ဘူးထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျိုဆောင်ခေတ်မှာ အိမ်ရှေ့စံမင်းသားက တိုင်းပြည်အတွင်းမှာ ထူးဆန်းတဲ့ ကပ်ရောဂါဆိုး ကျရောက်နေတာကိုစုံစမ်းရင်း အမှန်တကယ်တော့ အဲဒီကပ်ရောဂါဆိုးက လူတွေကို ဇွန်ဘီတွေဖြစ်သွားနိုင်စေတယ်ဆိုတာ သိလာရပါတယ်။ သူအဲဒီကပ်ရောဂါဆိုးကနေ သူ့ရဲ့နိုင်ငံကို ကယ်တင်နိုင်ပါမလား။ အိမ်ရှေ့စံဖြစ်တဲ့ သူ့ကို ထီးနန်းမရအောင် တားဆီး တိုက်ခိုက်နေတဲ့သူတွေကိုရော ကာကွယ်နိုင်ပါမလားဆိုတာကို အက်ရှင် ကြမ်းကြမ်းလေးနဲ့ပြပေးထားပါတယ်။ အညွန်းကိုတော့ Channel ...
8.7
TMDb: 8.7/10 7 votes
tv

Kingdom (2019) Season 1 [Complete]

2019