Burmese Subtitle
2019
Once Upon a Time… in Hollywood (2019) 7.8
Once Upon a Time… in Hollywood (2019) တစ်ခါတုန်းက ဟောလိဝုဒ်မှာ ဆိုတဲ့ ရုပ်ရှင်လေးကို တင်ပေးလိုက်ပါတယ်။ဒါကတော့ ရုပ်ရှင် ၁၀ ကား ရိုက်ပြီးရင် အနားယူပါတော့မယ်ဆိုတဲ့ ဂန္ဓဝင်ဒါရိုက်တာကြီး ကွင်တင် တာရန်တီနိုရဲ့ ၉ ကားမြောက်ရုပ်ရှင်ပါပဲ။အရင်ရှစ်ကားကတော့ Django Unchained (2012) … The Hateful Eight (2015) … Death Proof (2007) …Inglourious Basterds (2009) … Reservoir Dogs (1992) … Kill Bill: Vol. … Kill Bill: Vol. … Jackie Brown (1997) ဆိုတဲ့ကားတွေပါပဲ။ ဒီရုပ်ရှင်ကတော့ ဟောလိဝုဒ်ခေတ်ဟောင်းကို ပြန်တမ်းတဖို့ သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ခေတ်ဟောင်းကောင်းဘွိုင်ကားအကြောင်းတွေ၊ ဟောလိဝုအထာတွေ၊ အဲဒီခေတ်ရဲ့ ဟစ်ပီတွေနဲ့ ပုံဖော်ထားတာပါပဲ။လီယိုနာဒို၊ ဘရက်ပစ်၊ မာဂေါ့ ရော်ဘီ တို့ အဓိက ...
7.8
IMDB: 7.8/10 332,526 votes
movie
Once Upon a Time… in Hollywood (2019)
2019
BluRay 1080p 6CH
Zombieland: Double Tap (2019) 6.9
Zombieland: Double Tap (2019) Zombie land ဆိုတာနဲ့ ဇွန်ဘီတွေနဲ့ သဘာဝကျကျ အပီပြင်ဆုံးရိုက်ကူးထားတဲ့ ကားကောင်းလေးတစ်ကားကိုပြေးမြင်မိကြမှာပါ။ ဇာတ်လမ်းကျဉ်းလေးကိုလဲ တင်ပြလိုပါသေးတယ်။ ကမ္ဘာကြီးကို ဇွန်ဘီတွေအုပ်စိုးကာ လူသားတွေခက်ခက်ခဲခဲအသက်ရှင်နေရချိန်ပါ။ ကိုလံဘတ်စ်ရယ် တယ်လာဟတ်ဆီရယ် ဝီချီတာ ညီအမရယ် ပေါင်းစည်းသွားတာ 2009 movie မှာကတည်းကအားလုံးသိပြီးသားဖြစ်မှာပါ။။ အခု 2019ထွက်ကားထဲ မှာတော့ ကိုလံဘတ်စ်ရယ် တယ်လ်လာဟတ်ဆီရယ် ဝီချီတာရယ် လစ်တဲရော့ရယ် တို့ဟာ မိသားစုတစ်ခုလိုကိုလှုပ်ရှားနေကြပါပြီ။ လစ်တဲရော့ကတော့ဆယ်ကျော်သက်သက်ပီပီ ချစ်သူရည်းစားရှာကာ စွန့်စားခန်းတွေဖွင့်ဖို့ ကြိုးစားနေသူတစ်ဦးပါ။ တစ်ဖက်မှာတော့ ဇွန်ဘီတွေကလဲ တိုးတက်ပြောင်းလဲကာ အဆင့်တွေမြင့်လာပါပြီ။ တစ်နေ့မှာတော့ လစ်တဲရော့ခ် တစ်ယောက် ထွက်သွားပါတော့တယ်။ ထွက်သွားတာကလဲ ငြိမ်းချမ်းရေးလိုလားသူ ဂီတသမား ဟစ်ပီတစ်ယောက်နဲ့ပါ။ ဇွန်ဘီတွေ အဆင့်မြင့်လာလို့ အန္တရာယ်တွေအရမ်းများနေတဲ့အချိန်မှာ ထွက်သွားတဲ့ လစ်တဲရော့ခ်နောက်ကို လိုက်လံရှာဖွေရပါတော့တယ်။ အဆင့်မြင့်ပြီး သတ်ရခက်ခဲတဲ့ ဇွန်ဘီတွေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲ? လမ်းမှာရော ဘာတွေတွေ့ကြုံရမလဲ?Zombieland ရဲ ့ ထုံးစံအတိုင်း ဟာသနှောကာ စွန့်စားခန်းတွေကိုကြည့်ရှုရမှာပါ။ Review Credit to CM
6.9
IMDB: 6.9/10 61,943 votes
movie
Zombieland: Double Tap (2019)
2019
BluRay 1080p 6CH
The Bravest 5.4
The Bravest တရုတ်မီးသတ် ဇာတ်ကားကောင်းတစ်ကားလို့ ဦးစွာပထမပြောပါရစေ... ဇာတ်လမ်းကတော့ ဖြစ်ရပ်မှန်ကို ကျောထောက်နောက်ခံထားပြီးတော့ ဇာတ်အိမ်တည်ထားတာဖြစ်လို့ တော်တော်လေးကြည့်ကောင်းတယ်။ တကယ်ဖြစ်တယ်လို့ကို ခံစားရစေတယ်... ရှည်ရှည်ဝေးဝေးတွေသိပ်မပြောတော့ဘူး တရုတ်ရေနံ သိုလှောင်ရုံတွေထဲက တစ်ရုံက ချို့ယွင်းချက်တစ်ခုခုကြောင့် ကြီးမားတဲ့ပေါက်ကွဲမှု ဖြစ်ပေါ်ပြီး ဒီရေနံလှောင်ကန်ကို မီးသတ်ထိန်းညှိဖို့ အတွက် တရုတ်က မီးသတ်တွေက ဘယ်လိုစွန့်စွန့်စားစား ငြိမ်းသတ်ခဲ့ရတယ်ဆိုတာကို ဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းပါ BS မှ ကွာလတီအလန်းစားနဲ့တင်ဆက်ပေးထားပါတယ်။
5.4
IMDB: 5.4/10 297 votes
movie
The Bravest
2019
Web-DL 1080p 6CH
It Chapter Two (2019) 6.7
It Chapter Two (2019) IT ပထမရုပ်ရှင်မှာ ပန်နီဝိုက်စ် ကို Loser club က အနိုင်ယူခဲ့ပါပြီ။ ဒါပေမယ့် အဲဒီအရာက တကယ်သေသွားတာ မဟုတ်ခဲ့ပါဘူး။ ဒီလိုသာ မသေခဲ့ရင် ၂၇နှစ်အကြာမှာ ပြန်ပေါ်လာမှာကို တွေးမိတဲ့ ဘေလ်တို့အဖွဲ့ဟာ ၂၇ နှစ်ကြာလို့ အဲဒါ ပြန်ပေါ်လာရင် ပြန်စုပေါင်းပြီး တိုက်ခိုက်ဖို့ သစ္စာပြုခဲ့ကြပါတယ်။ ၂၇ နှစ် အကြာကာလရဲ့ ဇာတ်လမ်းဖြစ်တာကြောင့် ဒီဇာတ်ကားရဲ့ ဇာတ်လိုက်တွေက အသက်၃၀ ကျော်လူကြီးတွေ ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် သူတိုကိုယ်စားပြုတဲ့ ကလေးကာရိုက်တာတွေကို အကောင်းဆုံးပုံဖော်ပြထားတာကြောင်း အရမ်းကို ကြည့်ကောင်းနေပါလိမ့်မယ်။ ပန်နီဝိုက်စ်ကလည်း ကလေးတွေကို ခြောက်တုန်းကထက် ပိုကြမ်းလာပါလိမ့်မယ်။ Credit Review
6.7
IMDB: 6.7/10 127,076 votes
movie
It Chapter Two (2019)
2019
4K HDR
Joker (2019) 8.7
Joker (2019) Review အကြောင်းမလှည့်ခင် အရင်ဆုံးပြောချင်တာက ကျွန်တော်ရှေ့ကလည်း movie တွေနဲ့ပတ်သက်ပြီး review preview ဘာညာတစ်ခါမှ တင်ခဲ့ဖူးခြင်းမရှိပါဘူး။ ဒီဟာကလည်း review ဆိုတာထက်ကျွန်တော်တစ်ဦးတစ်ယောက်ထဲမြင်တဲ့ အမြင်ကို ကျွန်တော်ရေးခြင်းသာဖြစ်လို့ အမြင်မတူတာမျိုးဆို လွတ်လပ်စွာ ကိုယ်မြင်သလောက်ကို ပြောသွားလို့ရပါတယ်။ Warning**Fan war Marvel DC Anime လာခွဲပြီး ပြသနာရှာမယ်ဆို အခုကတည်းက post ကိုကျော်သွားပါ မန့်ရင် special ban ပါမယ်** စစဦးချင်းပြောမယ်ဆို ဒီ joker က superhero ဘာညာနဲ့ မသက်ဆိုင်တဲ့ Thriller mystery ကားမျိုးပါ။ Plot twist တစ်ခုတိုင်း တစ်ခုတိုင်းဟာဆိုရင် ကြည့်ရှုသူကို ဟာခနဲ ဟင်ခနဲဖြစ်ပြီး ပေးချင်တဲ့ message ကိုလည်း ထိခနဲရောက်ပါတယ်။ နောက်ပြီး R rated movie ဆိုတဲ့အတိုင်း သတ်ဖြတ်ခန်းမဆိုစလောက်ပါပေမယ့် တကယ်ကြမ်းတမ်းပါတယ်။ Non spoiler review Opinion on ...
8.7
IMDB: 8.7/10 513,667 votes
movie
Joker (2019)
2019
BluRay 1080p 6CH
Abominable (2019) 7.0
Abominable (2019) ဇာတ်လမ်းလေးကို တရုတ်မှာ ဇာတ်အိမ်တည်ထားပါတယ် Yi ဆိုတဲ့ ကလေးမလေးဟာ သာမန် မိသားစုဝင်လေးပါပဲ Asia ဘက်မှ မိဘဆိုတဲ့ သဘောအတိုင်း သားသမီးအပေါ် လိုအပ်တာထက်ပိုပီး ထိန်းချူ ပ် တာတွေကြောင့် Yi ဟာ ဒီလို မွန်းကြပ်တဲ့ ဘဝက ရုန်းထွက်ချင်သူလေး.... စိတ်ထွက်ပေါက်အနေနဲ့ တယောလေးကို ဆွဲ တိုက်အပေါ်ဆုံးထပ်လေးကို တက်ဟာ တယောတီးနေတတ်သူလေး... ဆုံးသွားတဲ့ အဖေဖြစ်သူရဲ့ ဆန္ဒဖြစ်တဲ့ ခရီးထွက်ခြင်းကိုလဲ Yi လေးဟာ အရမ်း လုပ်ချင်သူ ဒါပေမဲ့ ထူးဆန်းစွာပဲ တစ်ရက်မှာတော့ တိုက်အပေါ်ဆုံးထပ်မှာ ထူးဆန်းတဲ့ အကောင်လေးကို တွေ့ပါတော့တယ်... ဒီလို မြို့ကြီးပြကြီးမှာ တွေ့ ဖို့ရာ မဖြစ်နိုင်သလို Yi လေးဟာ အဲ့ ထူးဆန်းတဲ့ ကောင်လေးနဲ့ ရင်းနှီးမူဘလိုယူမလဲ? ထူးဆန်းကောင်လေးရဲ့ နာမည်ဟာ Yeti ပါ Yeti ဟာမြို့ကို အစမ်းသပ်ခံဖြင့် ဖမ်းခေါ်ခြင်းခံရပီး ထွက်ပြေးလာသူလေး ဒီလိုနဲ့ပဲ Yi တို့ ဘော်ဒါတစ်သိုက် Yeti ကို သူ့ရဲ့ ...
7.0
IMDB: 7.0/10 9,291 votes
movie
Abominable (2019)
2019
BluRay 1080p 6CH
War (2019) 6.8
War (2019) နာမည်ကြီး မင်းသားနှစ်ယောက် အားပြိုင်ထားတဲ့ ဒီဇာတ်ကားကြီးဟာဆိုရင်.... ဘတ်ဂျက်ငွေရဲ့ ၃ဆကျော်ကျော် အောင်ပွဲခံခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေး ချရင်လည်း မဖတ်ဘဲ ဒေါင်းကြမှာမို့ သိပ်ပြီး မရေးတော့ပါဘူး။ တိုက်ဂါးနဲ့ ရီသိတ်ဟာ တပ်မတော်သားတွေဖြစ်ပြီး တိုက်ဂါးကတော့ ရီသိတ်ရဲ့ တပည့်အဖြစ် မြင်ရပါမယ်။ ရီသိတ်ဟာ လတ်တလောမှာ မစ်ရှင်တစ်ခုကို လုပ်ရင်း တရားခံကို မပစ်ဘဲ ကိုယ့်ဖက်က အရာရှိကို ပစ်သတ်သွားခဲ့တယ်။ သူ ဘာကြောင့် ပစ်ခဲ့တာလဲ.... ဘာကြောင့် သစ္စာဖောက်သွားခဲ့တာလဲ... သူ့လို တည်ကြည်ဖြောင့်မတ်ပြီး သစ္စာရှိတဲ့ လူတစ်ယောက် သစ္စာဖောက်သွားတာကို စုံစမ်းဖို့နဲ့ ရှင်းပစ်ဖို့ တာဝန်ပေးခံရသူကတော့... တိုက်ဂါးပါ။ ကဲ.... ဆရာနဲ့ တပည့်.... ရန်သူနဲ့ တပ်မတော်ဘက်တော်သား.... ဘယ်လို ဆက်ဖြစ်ကြမလဲ..... အမှန်တရားကို ဘယ်လို ဖော်ထုတ်ကြမလဲ.... ဆိုတာကို ကိုယ်တိုင်သာ ခံစားကြည့်ကြပါဦးဗျာ။ Review Credit
6.8
IMDB: 6.8/10 9,969 votes
movie
War (2019)
2019
Web-DL 1080p 6CH
Dora and the Lost City of Gold (2019) 6.0
Dora and the Lost City of Gold (2019) 2019 ရုံတင်ကား အသစ်လေးတင်ပေးထားပါတယ်။ စွန့်စားခန်း ဟာသ ကလေးရုပ်ရှင်မျိုးပါပဲ။ ဒိုရာဟာ ကာတွန်းတွေရော ဂိမ်းတွေရော ထွက်ထားခဲ့ပြီးသား ဇာတ်ကောင်တစ်ခုပါ။ အဓိကကတော့ စွန့်စားခန်းတွေ ပဟေဠိတွေ စူးစမ်းရှာဖွေတာတွေကို လုပ်တဲ့ ကောင်မလေးပေါ့။ ဒီဇာတ်ကားမှာလည်း ဒိုရာရဲ့မိဘတွေဟာ ဒိုရာနဲ့အတူ တောထဲမှာ နေပြီးလေ့လာရေးလုပ်ကြပါတယ်။ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ ပါရာပါတာ ကို ရှာဖို့ပါပဲ။ တစ်ရက်မှာ ဒိုရာကြောင့် ပါရာပါတာရဲ့ မြေပုံရသွားပြီး သူတို့ ၂ ယောက် မြို့တော်ကို ရှာဖို့ ခရီးထွက်ပါတော့တယ်။ ဒိုရာကိုတော့ မြို့ပေါ်ကကျောင်းကိုပို့ထားပြီး စောင့်နေခိုင်းတာပေါ့။ ဒါပေမယ့် ရတနာမုဆိုးတွေက ဒိုရာနဲ့ သူ့မိဘတွေနောက်ကို လိုက်လာတဲ့အခါမှ ဒိုရာ နဲ့ သူငယ်ချင်းတစ်သိုက် စွန့်စားခန်းတွေ ဖွင့်ရပါတော့တယ်။ Review Credit
6.0
IMDB: 6.0/10 9,229 votes
movie
Dora and the Lost City of Gold (2019)
2019
BluRay 1080p 6CH
Angel Has Fallen (2019) 6.7
Angel Has Fallen (2019) ဒီရုပ်ရှင်ကတော့ အိုလံပတ်ဖောလန်း၊ လန်ဒန်ဖောလန်း ရုပ်ရှင်တွေရဲ့ အဆက်လို့ပြောလို့ရသလို ရသတစ်မျိုးခံစားရအောင် အဆင့်မြှင့်ထားတယ်လို့ ပြောရင်လည်းရပါတယ်.. သမ္မတလုပ်ကြံခံရတယ်၊ မိုက်ဘန်းနင်းက လိုက်ကယ်တယ်။ သို့ပေမယ့် ဘာကွာသွားလဲဆိုတော့ ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီး မိုက်ဘန်းနင်းကြောင့် လုပ်ကြံခံရမှုကြီး အထမြောက်သွားတယ်လို့ တကမ္ဘာလုံးက ထင်အောင်ကို အကွက်ဆင်ခံလိုက်ရတာပါပဲ… မိုက်ဘန်းနင်းခဗျာ အစိုးရဘက်က လူတွေရန်ကလည်း လွတ်အောင် အသည်းအသန်ရှောင် ရသလို အချိန်မရွေးအသက်ပျောက်သွားနိုင်တဲ့ သမ္မတကြီးကိုလည်း ကယ်ဖို့အတွက် စက္ကန့်မလပ်ကြိုးစားရပါတယ်… အမိုက်စားအက်ရှင်ခန်းတွေ ဝေဝေဆာဆာပါသလို သုံးထားတဲ့ လက်နက်တွေ အခြားအထောက်အကူပြုပစ္စည်းတွေကလည်း အကုန် Upgrade ပါပဲ…ခံစားကြည့်ကြပါဦး… Review Credit to CM
6.7
IMDB: 6.7/10 17,303 votes
movie
Angel Has Fallen (2019)
2019
4K HDR
The Angry Birds Movie 2 (2019) 6.4
The Angry Birds Movie 2 (2019) [Unicode] ဝေ ဖန်ရေးဆရာတွေ ချီးမွမ်း ထား တဲ့ သည်ဇာတ်ကားကို ဂိမ်း ဝါ သနာ ရှင်တွေနဲ့ အသက် ၁၂ နှစ် အောက် ကလေးတွေ ပိုကြိုက် ကြမှာပါ။ အမြဲတမ်းရန်စောင်ပြီး တိုက် ခိုက်နေကြတဲ့ ငှက်ကျွန်းက ငှက် တွေနဲ့ ဝက်ကျွန်းက ဝက်တွေ စစ် ပြေငြိမ်းပြီးတဲ့အခါ လင်းယုန်ကျွန်း ရဲ့ ခေါင်းဆောင် လင်းယုန်မကြီး ဇီးတားက အဲသည်ကျွန်းနှစ်ခု စလုံး သိမ်းပိုက်ချင်လို့ ရေခဲတုံးကြီးတွေ ကို အမြောက်ထဲထည့်ပြီး ပစ်လွှတ် နေတယ်။ အဲသည်အချိန်မှာ ငှက် ပေါက်စလေး သုံးကောင်အနက် ငှက်မလေး ဇိုဝီက တခြားဥသုံးလုံး ကို အသုံးပြုပြီး ပြဇာတ်ကပြဖို့ ကြံ စည်ပေမဲ့ ဥတွေကို သူမ နေရာထား မှားလို့ ရေထဲမျောပါသွား တယ်။ ငှက်တွေဖြစ်တဲ့ ချပ်နဲ့ ဘွမ်းတို့ က ...
6.4
IMDB: 6.4/10 7,723 votes
movie
The Angry Birds Movie 2 (2019)
2019
BluRay 1080p 6CH
Fast & Furious Presents: Hobbs & Shaw (2019) 6.6
Fast & Furious Presents: Hobbs & Shaw (2019) [Unicode] Plot Virus တစ်ခုကြောင့် လူသားအားလုံး အသက်အန္တာရယ်ရှိလာတဲ့အခါမှာတော့ အထူးတပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ Luke Hobbs နဲ့ Deckard Shaw တို့နှစ်ယောက်ပူးပေါင်းပြီး Virus ကိုရှာ၊ ကမ္ဘာကြီးကို ကယ်တင်ဖု့ိဖြစ်လာပြန်ပါတော့တယ်။ Review Fast and Furious Presents: Hobbs & Shaw ဟာ FF franchise ရဲ့ ပထမဆုံး Spinoff ကားတစ်ကားဖြစ်လာပါတယ်။ ဇာတ်လမ်းရဲ့ တည်ဆောက်ပုံတွေအရ နောက်ဆို Fast and Furious Universe လိုမျိုးတွေသွားလာနိုင်သလို Hobbs & Shaw လည်း 2 တွေ 3 တွေ ထပ်လာနိုင်ချေရှိနေပါတယ်။ H&S ကို trailer မှာကတည်းက နည်းနည်းသတိထားမိတာက Fast and Furious နဲ့ မတူလောက်ဘူးဆိုတာပါ။ တကယ်လည်း ရုပ်ရှင်ဟာ action ပိုင်းမှာ အရမ်းကြမ်းသလောက် ပြသချိန်အများစုဟာ ...
6.6
IMDB: 6.6/10 97,905 votes
movie
Fast & Furious Presents: Hobbs & Shaw (2019)
2019
4K HDR
Polaroid (2019) 5.1
Polaroid (2019) [Unicode] ဒီကားလေးက Rating နည်းပေမဲ့ကြည့်လို့ကောင်းတဲ့ Horror ကားတစ်ကားပါပဲ ဇာတ်လမ်းကတော့.. ဓာတ်ပုံရိုက်လိုက်ရင် အရိုက်ခံရတဲ့သူက သေသွားတတ်တဲ့ သရဲပူးကပ်နေတဲ့ Polaroid SX-70 ဆိုတဲ့ ရှေးဟောင်းကင်မရာလေးအကြောင်းရိုက်ထားတာပါ ဓာတ်ပုံပညာကိုဝါသနာပါပြီး ဖခင်လို သတင်းထောက်တစ်ယောက် ဖြစ်ချင်တဲ့ ဘက်ဒ် ဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တစ်ခုမှာ အလုပ်လုပ်ရင်း ကျောင်းတက်နေတာပါ တစ်ရက်မှာ သူနဲ့အတူအလုပ်တွဲလုပ်တဲ့ ဆိုင်ရှင်ရဲ့တူတော်မောင် တိုင်လာဆီကနေ ပစ္စည်းတစ်ခုလက်ဆောင်ရခဲ့ပါတယ် အဲ့ဒါကတော့ ၁၉၇၀ ဝန်းကျင်လောက်ကထုတ်တဲ့ Polaroid တံဆိပ်နဲ့ ကင်မရာလေးပါ ကံမကောင်းစွာပဲ အဲ့ဒီကင်မရာဟာ ဓာတ်ပုံရိုက်လိုက်ရင် အရိုက်ခံရသူသေသွားတတ်တဲ့ ကင်မရာဖြစ်နေတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှု့ရမှာပါ အညွှန်းနဲ့ဘာသာပြန်သူကတော့ Ye Yeint ဘဲဖြစ်ပါတယ်။ [Zawgyi] ဒီကားလေးက Rating နည်းပေမဲ့ကြည့်လို့ကောင်းတဲ့ Horror ကားတစ်ကားပါပဲ ဇာတ်လမ်းကတော့.. ဓာတ်ပုံရိုက်လိုက်ရင် အရိုက်ခံရတဲ့သူက သေသွားတတ်တဲ့ သရဲပူးကပ်နေတဲ့ Polaroid SX-70 ဆိုတဲ့ ရှေးဟောင်းကင်မရာလေးအကြောင်းရိုက်ထားတာပါ ဓာတ်ပုံပညာကိုဝါသနာပါပြီး ဖခင်လို သတင်းထောက်တစ်ယောက် ဖြစ်ချင်တဲ့ ဘက်ဒ် ...
5.1
IMDB: 5.1/10 5,090 votes
movie
Polaroid (2019)
2019
BluRay 1080p 6CH
A Dog’s Journey (2019) 7.4
A Dog’s Journey (2019) Rating 7.4 အထိရရှိထားတဲ့ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်… လူတစ်ယောက်ဟာ ခွေးလေးတစ်ကောင်မရှိရင် မပျော်ရွှင်နိုင်ဘူးလို့ ဆိုကြပါတယ် ဒီကားမှာတော့ သခင့်ကို သစ္စာရှိစိတ် ပြင်းထန်လွန်းတဲ့ ခွေးလေး ဘေလီအကြောင်း ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် အီသန်နဲ့ဟန်နာတို့မှာ သိပ်ချစ်ရတဲ့ ဘေလီဆိုတဲ့ခွေးလေးတစ်ကောင်ရှိပါတယ် အရမ်းကိုအရိပ်အကဲသိလွန်းပြီး လိမ္မာတဲ့ခွေးလေးပါ သူတို့ဟာ သားဖြစ်သူဟင်နရီဆုံးပါးသွားတဲ့အခါမှာ ချွေးမဖြစ်သူ ဂလော်ရီယာနဲ့ မြေးလေးဖြစ်သူ စီဂျေ တို့နဲ့ အတူ နေထိုင်လာရင်းနဲ့ တစ်ရက်မှာတော့ ချွေးမဖြစ်သူကအထင်လွဲစိတ်ဆိုးပြီး စီဂျေ့ကိုပါ ခေါ်ကာ အိမ်ပေါ်ကဆင်းသွားပါတော့တယ် အီသန်နဲ့ဟန်နာလည်းရင်တွေကွဲပြီးကျန်ခဲ့ရပါတော့တယ် အဲဒီလိုနဲ့နေလာရင်းနဲ့ ဘေလီလေး နေမကောင်းဖြစ်လာပြီးတော့ တစ်စတစ်စရောဂါသည်းရင်း ဆုံးပါးတော့မယ့် အချိန်မှာတော့ သခင်ဖြစ်သူ အီသန်က တောင်းဆိုမှုတစ်ခုလုပ်ခဲ့ပါတယ် အဲဒါကတော့ စီဂျေလေးကိုစောင့်ရှောက်ကာကွယ်ပေးပြီး အတူတူပြန်ဆုံနိုင်အောင် ကူညီပေးဖို့ပါပဲ သခင့်ရဲ့အမိန့် သခင့်ရဲ့စိတ်ဆန္ဒကို ဖြည့်ဆည်းပေးချင်လွန်းတဲ့ ဘေလီလေးဟာ နောက်ဘ၀မှာ ခွေးအဖြစ်နဲ့ပဲ ပြန်လာပြီးတော့ သူစောင့်ရှောက်ပေးရမယ့် စီဂျေလေးကို လိုက်ရှာပါတော့တယ် အီသန်ကိုလည်းတခြားဘ၀မှာတောင်သူမှတ်မိနေပြီး သူ့သခင်ရဲ့ စိတ်ဆန္ဒကို မဖြည့်ဆည်းပေးရမချင်း သူ့ခရီးမပြီးဆုံးသေးဘူး ဆိုတဲ့ စိတ်နဲ့ပဲ သစ္စာရှိ ရှင်သန်နေခဲ့ပါတယ် သူ့သခင်ရဲ့စိတ်ဆန္ဒကို သူဖြည့်ဆည်းပေးနိုင်ပါ့မလား အီသန်ကရော တစ်ဖန်၀င်စားလာတဲ့ ခွေးလေးကို သူ့ခွေးလေး ဘေလီမှန်းမှတ်မိပါ့မလား ဆိုတာကို ဒီကားမှာကြည့်ရှုရမှာပဲဖြစ်ပါတယ် ဘဝတွေအဆက်ဆက်ကျော်ဖြတ်ပြီး သခင့်စိတ်ဆန္ဒကိုဖြည့်ဆည်းပေးတဲ့ ခွေးလေးဘေလီ့ကို ချစ်ခင်ဖွယ်.. သနားဖွယ် စိတ်ထိခိုက်ဖွယ် ကြည့်ရှုရမှာပါ မျက်ရည်ခိုင်မှကြည့်ဖို့တော့ အကြုံပြုချင်ပါတယ် Review Credit to CM
7.4
IMDB: 7.4/10 8,700 votes
movie
A Dog’s Journey (2019)
2019
BluRay 1080p 6CH
The Divine Fury (2019) 6.3
The Divine Fury (2019) [Unicode] Catholic ခရစ်ယာန်အယူဆတွေနဲ့ပက်သက်ပြီး ယုံကြည်သက်ဝင်မှုအကြောင်းကို ဇာတ်ကွက်စဉ်ပြီးရိုက်ကူးထားမှုလေးက ဒီကားမှာ ထင်သာမြင်သာရှိလှတာက Divine Fury ရယ့် အနှစ်သာရပါ ဘာသာပြန်ပေးတယ့် ညီမလေး Mary Mayme ကလဲ Catholic ဘာသာဝင်တစ်ယောက်ဖြစ်နေတော့ ဇာတ်ကားထဲက အဓိကကျလှတယ့် ဘုရားစာရွတ်ဆိုမှုတွေမှာ တိတိကျကျဘာသာပြန်ပေးထားတော့ ကြည့်ရမယ့်သူတွေတွက် ဗဟုသုတတစ်ခုတိုးစေမှာအမှန်ဘဲ ဇာတ်ကားကသေချာကြည့်မှ အဓိပ္ပါယ်ကိုနားလည်နိုင်မှာမို့ ဇာတ်ကားကျောရိုးကိုမပြောလိုတော့ပီ ဇာတ်ကားကိုခံစားသက်ဝင်ပုံခြင်းမတူရင်မတူသလို ဇာတ်ကားရယ့် ပေးခြင်တယ့် Message ပါပြောင်းလဲတက်တာမို့ သေချာလေးကြည့်ရှုပါလို့ ပြောခြင်ပါတယ် အယ့်တော့ ..... [Zawgyi] Catholic ခရစ်ယာန်အယူဆတွေနဲ့ပက်သက်ပြီး ယုံကြည်သက်ဝင်မှုအကြောင်းကို ဇာတ်ကွက်စဉ်ပြီးရိုက်ကူးထားမှုလေးက ဒီကားမှာ ထင်သာမြင်သာရှိလှတာက Divine Fury ရယ့် အနှစ်သာရပါ ဘာသာပြန်ပေးတယ့် ညီမလေး Mary Mayme ကလဲ Catholic ဘာသာဝင်တစ်ယောက်ဖြစ်နေတော့ ဇာတ်ကားထဲက အဓိကကျလှတယ့် ဘုရားစာရွတ်ဆိုမှုတွေမှာ တိတိကျကျဘာသာပြန်ပေးထားတော့ ကြည့်ရမယ့်သူတွေတွက် ဗဟုသုတတစ်ခုတိုးစေမှာအမှန်ဘဲ ဇာတ်ကားကသေချာကြည့်မှ အဓိပ္ပါယ်ကိုနားလည်နိုင်မှာမို့ ဇာတ်ကားကျောရိုးကိုမပြောလိုတော့ပီ ...
6.3
IMDB: 6.3/10 619 votes
movie
The Divine Fury (2019)
2019
Web-DL 1080p 6CH
The Lion King (2019) 7.1
The Lion King (2019) [Unicode] Disney ရဲ့ မသိသူမရှိ၊ မကြည့်ဖူးသူမရှိလောက်အောင် အောင်မြင်ခဲ့တဲ့ ကာတွန်းကို Photorealistic ဖြစ်တဲ့ VFX တွေနဲ့ ရုပ်ရှင်ကားကြီးအဖြစ် ပြန်လည်ရိုက်ကူးထားတာပါ။ ဒီလိုရိုက်တော့ ၂ မျိုးထင်နိုင်ပါတယ်။ ကောင်းပြီးသား အောင်မြင်ပြီးသား ကာတွန်းကို မလိုအပ်ဘဲ ပိုက်ဆံရှာတဲ့ အကွက်ခင်းတယ်လို့ တွေးနိုင်သလို ဒီနေ့ခေတ် နည်းပညာတွေနဲ့ ခေတ်မီရုပ်ထွက်တွေနဲ့ ပြန်လည် အသက်သွင်းတယ်လို့လည်း တွေးနိုင်ပါတယ်။ ဆိုတော့ ဒီရုပ်ရှင်က အရင် မူရင်းရဲ့ အရိပ်က ရုန်းထွက်နိုင်ခဲ့ရဲ့လား။ အခုရုပ်ရှင်ဟာ The Jungle Book ကို Live action အဖြစ်ရိုက်ကူးခဲ့တဲ့ Iron Man ဒါရိုက်တာ Jon Faveau ကပဲ ရိုက်ကူးထားပါတယ်။ ရုပ်ထွက်တွေက အရမ်းကို အပြင်လောကနဲ့ တူလှတဲ့ CGI တွေသုံးထားတယ်။ တကယ်လို့သာ တိရစ္ဆာန်တွေက စကားတွေပြောမနေဘဲ သာမန်သွားလာနေတာကို ပြပြီး "Animal ...
7.1
IMDB: 7.1/10 102,621 votes
movie
The Lion King (2019)
2019
BluRay 1080p 6CH
Toy Story 4 (2019) 8.1
Toy Story 4 (2019) [Unicode] ဒါရိုက်တာ Josh Cooley ရိုက်ကူးထား၍ John Lasseter, Andrew Stanton တို့က ဇာတ်လမ်း ဇာတ်ညွှန်း ရေးသားကာ အသံသရုပ်ဆောင် Tom Hanks, Tim Allen, Annie Potts တို့ ပါဝင် သရုပ်ဆောင်ထားသော Animation, Adventure, Comedy ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ… ဝုဒီ နဲ့ အဖွဲ့ဆီကို အရုပ်သစ်ကလေး ဖော်ကီ ရောက်လာ တဲ့အခါ သူငယ်ချင်း အသစ်နဲ့ အဟောင်းအဖွဲ့ဟာ လမ်းမပေါ်မှာ လျှောက်သွားကြရင်း ကမ္ဘာလောကဆိုတာ အရုပ်တစ်ရုပ်အတွက် အရမ်းကို ကြီးမားကျယ်ပြန့် ကြောင်း သိလာတဲ့အခါ ဘယ်လို စွန့်စားခန်းဟာသတွေ တွေ့ရမလဲ ဇာတ်ကားမှာဆက်လက်ကြည့်ရှုခံစား ကြည့်ကြပါခင်ဗျာ… Review Credit to FoF [Zawgyi] ဒါရိုက္တာ Josh Cooley ရိုက္ကူးထား၍ John Lasseter, Andrew ...
8.1
IMDB: 8.1/10 96,147 votes
movie
Toy Story 4 (2019)
2019
BluRay 1080p 6CH
Crawl (2019) 6.3
Crawl (2019) [Unicode] ရေကူးအားကစားမယ်တစ်ယာက်ဖြစ်တဲ့ ဟေလီဟာ ဖလော်ရီဒါ မြို့မှာဖြစ်ပွားနေတဲ့ဟယ်ရီကိန်းမုန်တိုင်းကြောင့် မြို့ရဲ့ရေကာတာလည်း ကျိုးဖွယ်ရှိတဲ့အချိန် ဖခင်ဖြစ်သူရဲ့ အဆက်အသွယ်မရတဲ့အတွက်ကြောင့် ဖခင်ကိုလိုက်လံရှာဖွေရင်းနဲ့ အိမ်ဟောင်းရဲ့မြေအောက်ခန်းမှာ မိကျောင်းတိုက်ခိုက်ခံရတဲ့ဒဏ်ရာနဲ့ မျောနေတဲ့ဖခင်ကို ကယ်တင်ဖို့လုပ်ရင်းနဲ့ မုန်တိုင်းရယ် မိကျောင်းရယ်ကြားကနေ လွတ်မြောက်ဖို့ကြိုးစားပုံကို ဆွဲဆောင်မှုရှိရှိနဲ့ ရိုက်ပြသွားတဲ့ 2019 ထွက်ဇာတ်ကားကောင်းလေး ဖြစ်ပါတယ် ဒီကားရဲ့ Director နာမည်ကတော့ Alexandre Aja ဖြစ်ပါတယ် Mirrors(2008) , The other side of the Door (2016) , The Hills Have Eyes (2006) နဲ့ Horns (2013) စတဲ့ ဇာတ်ကားတွေကြည့်ရှုဖူးသူတွေနဲ့မစိမ်းတဲ့ Director တစ်ယောက်ဖြစ်မှာပါ 2019 အတွင်းမှာ Crawlနဲ့ရှေ့ဆင့်နောက်ဆင့်ထွက်လာတဲ့ The Pool နဲ့ ယှဉ်ရင် ယခုကားကပိုကောင်းတယ်လို့ယူဆမိပါတယ် Realistic လည်း တတ်နိုင်သလောက်ဆန်ပေးထားတဲ့အတွက် ပေါပေါလောလောကားမဟုတ်တာသေချာပါတယ် Budget အနေနဲ့13.5 million သာ အသုံးပြုထားပေမယ့် 86.6million ပြန်လည်ရရှိထားတဲ့အတွက် ဝင်ငွေပိုင်းလည်း အခြေအနေကောင်းတယ်ပြောရမလို IMDb ရလဒ်ကလည်း 6.3 ဖြစ်တဲ့အတွက် ...
6.3
IMDB: 6.3/10 23,610 votes
movie
Crawl (2019)
2019
BluRay 1080p 6CH
Anna (2019) 6.6
6.6
IMDB: 6.6/10 19,049 votes
movie
Anna (2019)
2019
BluRay 1080p 6CH