Burmese Subtitle

2014

Maleficent (2014) 7.0
Maleficent (2014) Maleficent ဆိုတာ Disney ကာတွန်းကား Sleeping Beauty ထဲက မင်းသမီးလေးကို အိပ်မွေ့ချထားတဲ့ မှော်ဆရာမကြီးပါ။ Sleeping Beauty ကိုမသိသေးတဲ့သူတွေအတွက် ကာတွန်းဇာတ်လမ်းကတော့ မင်းသမီးလေး မွေးပြီး မွေးနေ့ပွဲမှာ ပြည်သူလူထုနဲ့ တကွ နတ်သမီး ၇နှစ်ယောက်ပါ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ နတ်သမီးတွေက မင်းသမီးလေးကို သူတို့တန်ခိုးနဲ့ ဆုတွေ ပေးနေတုန်း ၅ ယောက်မြောက်နတ်သမီးအပြီးမှာ Maleficent ဆိုတဲ့ မှော်ဆရာမက ၀င်လာပြီး ကျိန်စာတိုက်သွားပါတယ်။ မင်းသမီးလေး ၁၆ နှစ်ပြည့် မွေးနေ့မှာ ယက်ကန်းစဉ်က ချည်လုံး အပ်ဆူးပြီး သေပါစေလို့ ကျိန်စာတိုက်ပြီး ထွက်သွားပါတယ်။ အဲ့ဒီမှာ ကျန်နေတဲ့ နတ်သမီးတစ်ပါးက (ကျိန်စာပျက်အောင်မတတ်နိုင်ပေမယ့်) အပ်စူးမိပြီးမသေပဲ၊ နှစ်တစ်၇ာတိုင် အိပ်ပျော်နေပြီး တော်ဝင်သွေးပါတဲ့ မင်းသားတစ်ပါးက နမ်းမှပဲ နိုးမယ်လို့ ဆုတောင်းပေးခဲ့ပါတယ်။ ဒီကားကတော့ Sleeping Beauty ...
7.0
IMDB: 7.0/10 306,741 votes
movie

Maleficent (2014)

2014
BluRay 1080p 6CH
Skin Trade (2014) 5.7
Skin Trade (2014) လူကုန်ကူးဂိုဏ်းကို နှိမ်နင်းဖို့ ကြိုးပမ်းတဲ့ နယူးဂျာစီက စုံထောက်တစ်ယောက် လူဆိုး ဂိုဏ်းချုပ်ရဲ့သားကို သတ်မိရာကနေ ဇနီးရော သမီးပါ ပြန်ပေးဆပ်လိုက်ရတဲ့အတွက် လက်တုံ့ပြန်ဖမ်းဆီး နှိမ်နင်းတဲ့အကြောင်း ဇာတ်အိမ်တည်ထားတဲ့ ထိုင်း- ကနေဒါ သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားသစ်အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ကမ္ဘောဒီးယားမိန်းကလေး တစ်ဦးဟာ ထိုင်းမှာအလုပ်လုပ်ဖို့ ဆိုပြီး ထွက်သွားခဲ့ပေမယ့် ဘန် ကောက်ရောက်တဲ့အခါမှာတော့ လူကုန်ကူးခံခဲ့ရပါတယ်။ နယူး ဂျာစီက စုံထောက် နစ်ခ်ကက် ဆီဒီဟာ လူကုန်ကူးအဖွဲ့တွေကို ခြေရာခံလိုက်နေသူတစ်ဦးဖြစ်ပြီး ထိုင်းလူကုန်ကူးဂိုဏ်းက သူဌေး ဗစ်တာဒရာဂိုဗစ်ကို ဖမ်းဆီးနိုင်ဖို့ အရေး လုပ်ဆောင်နေသူပါ။ တစ် ဖက်မှာလည်း ဘန်ကောက်က စုံထောက် တစ်ဦးဖြစ်တဲ့ တိုနီဗီ တာရာကူလ်ဟာလည်း လူကုန် ကူးဂိုဏ်းနဲ့ ပတ်သက်တာတွေ စုံစမ်းနေသူဖြစ်ပြီး ဗီယက်နမ် မိန်းကလေး တစ်ဦး လူကုန်ကူး ခံရတာကို ကူညီကယ်ဆယ်ပေးခဲ့ပါတယ်။ လူကုန်ကူးဂိုဏ်းချုပ် ဒရာဂိုဗစ်ရဲ့သားတွေဖြစ်တဲ့ ဂိုရန်နဲ့ အီဗန်တို့ဟာ အရှေ့အလယ်ပိုင်း၊ ...
5.7
IMDB: 5.7/10 6,940 votes
movie

Skin Trade (2014)

2014
BluRay 1080p 6CH
Rio 2 (2014) 6.3
Rio 2 (2014) ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလတွေ ကျော်လွန်ပြီးတဲ့နောက်မှာ Blu တစ်ယောက် သူချစ်တဲ့ Jewel နဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းလာခဲ့ပါတယ်။ ခုတော့ သူတို့မှာ မိသားစုဝင်တွေ ထပ်တိုးနေပါပြီ။ သီချင်းကြိုက်တဲ့ Carla ၊ စာဂျပိုး Bia နဲ့ လက်သံပြောင်တဲ့ Tiago ဆိုတဲ့ သားသမီး ၃ ယောက် ပွားစီးနေပါပြီ။ Blu ကို အရင်က ပြုစုစောင့်ရှောက်ခဲ့တဲ့ Linda ဟာ Tulio နဲ့ လက်ထပ်ပြီး နောက်ပိုင်း အမေဇုံတောထဲကို ဒဏ်ရာရနေတဲ့ ငှက်တစ်ကောင်လွှတ်ဖို့ သွားရင်း Blu ရဲ့ မျိုးနွယ် Spix’s Macaw တစ်ကောင်ရဲ့ ငှက်မွေးကို တွေ့သွားခဲ့ပါတယ်။ ဒီအကြောင်းကို ရုပ်သံကနေ ထုတ်လွှင့်ပြသလိုက်တဲ့အခါမှာ Jewel ဟာ သူ့ရဲ့ ဇာတိကို ပြန်ဖို့ Blu ကို ...
6.3
IMDB: 6.3/10 72,018 votes
movie

Rio 2 (2014)

2014
BluRay 1080p 6CH
Guardians of the Galaxy (2014) 8.1
Guardians of the Galaxy (2014) MCU ရဲ့ အာကာသထဲမှာ ဇာတ်အိမ်တည်ထားတဲ့ ကားတစ်ကား ဖြစ်ပြီး Thanosကို စတင်မိတ်ဆက်ပေးထားတဲ့ကားလည်းဖြစ်ပါတယ်။ ကမ္ဘာမြေပေါ်က ကလေးလေးတစ်ယောက်ကို ဂြိုလ်သားတွေခေါ်ဆောင်ကာ မွေးခဲ့ပြီးနောက် အဲ့ဒီကလေးလေး ကြီးလာတဲ့အခါ အာကာသ ကြမ်းပိုးတစ်ယောက်ဖြစ်လာပြီး သူ့မိတ်ဆွေဖွဲ့မိတဲ့ အာကာသ ရာဇ၀တ်သားတွေနဲ့ အတူ စကြာဝဋ္ဌာကို အတူကာကွယ်တဲ့အခါ Gurdian of the galaxyဆိုတဲ့ အဖွဲ့ကြီးဖြစ်လာပါတယ်။ လူဆိုးသူခိုးလို့ သတ်မှတ်ထားရတဲ့ လူတွေတောင် မိတ်ဆွေအတွက် ဘယ်လိုအနစ်အနာခံခဲ့ ကြလဲဆိုတာကိုတော့ ကြည့်ရှု့ခံစား ကြည့်ကြပါ။ Review Credit to Original File Size – 1.92 GBQuality – Blu-Ray 1080p 6CHRunning Time – 2h 01minFormat – mkvGenre – Action, Adventure, ComedySubtitle – Myanmar (Hard Sub)Translator – Lotus ...
8.1
IMDB: 8.1/10 888,435 votes
movie

Guardians of the Galaxy (2014)

2014
BluRay 1080p 6CH
Captain America: The Winter Soldier (2014) 7.8
Captain America: The Winter Soldier (2014) #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ ပထမဇာတ်ကားထက်အများကြီးပိုကောင်းပြီး Batman ၃ကားနဲ့ Avengers ပြီးရင် အကောင်းဆုံး Superhero ဇာတ်ကားဖြစ်ပါတယ်။ Man Of Steel ထက်တောင်မှ ပိုကောင်းတယ်လို့ပြောချင်ပါတယ်။ ဒီဇာက်ကားက Captain America: The Winter Solider ကာတွန်းစာအုပ်ကို အခြေခံပြီး ရိုက်ကားထားတာ ဖြစ်သလို၊ ကာတွန်းထဲက ဇာတ်ဝင်ခန်းတော်တော်များများကိုလည်း ဇာတ်ကားမှာ အသုံး ပြုထားတာတွေ့ရပါတယ်။ ဒါကြောင့် Comic ပရိတ်သတ်တွေအကြိုက်တွေ့စေမှာလည်းဖြစ်ပါတယ်။ ဒါအပြင် Captain America က ဒီကားမှာ အရင်ကားတွေထက် (Captain America: The First Avenger, Avengers) အက်ရှင်ခန်းတွေ၊ Fighting ခန်းတွေပိုများပြီး၊ Fight Scene တွေကလည်းတကယ့်ကို ပီပီပြင်ပြင် ရိုက်ကူးထားတာတွေ့ရပါတယ်။ အထူးသဖြင့် ပထမဆုံး အခန်းမှာဆိုရင် Captain America ရဲ့ Speed, Agility, Strength နဲ့ သူ့ရဲ့ Shield ကိုသုံးပြီး ရန်သူတွေကို ...
7.8
IMDB: 7.8/10 613,445 votes
movie

Captain America: The Winter Soldier (2014)

2014
BluRay 1080p 6CH
Transcendence (2014) 6.3
Transcendence (2014) ဇာတ်လမ်းကတော့..... Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့ အတူ sentient computer Pinn ကို တီထွင်နိုင်ခဲ့ကြပါတယ်… Pinn ဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့် ကိုယ်ပိုင်အသိဥာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့အဆင့်ထိတော့ မရသေးပါဘူး..နည်းပညာရပ်ဆိုင်ရာ Semena တခုမှာပဲ Will Caster ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသော team တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်.. အရာအားလုံးသိမြင်နိုင်တဲ့ လူသားမဟုတ်သော စက်ပစ္စည်းကို မလိုလားတဲ့ လူတစုကြောင့်ဆိုပါတော့… သူတို့ကတော့ "Revolutionary Independence From Technology" (R.I.F.T.)ပါ.. လုပ်ကြံခံရပြီးနောက်မှာ Will Caster ဟာ လအနည်းသာအသက်ရှင်နေထိုင်နိုင်တော့မှာပါ… သူလေ့လာနေတဲ့ ရှာဖွေနေတဲ့ နည်းပညာတွေအကုန်လုံးကို စွန့်လွှတ်ရတော့မယ့်အချိန်.. Pinn ကိုလဲ ...
6.3
IMDB: 6.3/10 203,361 votes
movie

Transcendence (2014)

2014
BluRay 1080p 6CH
The Maze Runner (2014) 6.8
The Maze Runner (2014) အညွှန်း -------- လူငယ်တစ်ဦးဟာ ရွေ့လျားနေတဲ့ ဓာတ်လှေကားတစ်ခုထဲမှာပိတ်မိနေပြီး သွေးပျက်ကြောက်ရွံ့စွာ ဓာတ်လှေကားရဲ့ခေါ်ဆောင်ရာနောက်ကို လိုက်ပါနေရပါတယ်။ဓာတ်လှေကားရဲ့ ခရီးအဆုံးမှာတော့ သူမသိတဲ့ လူငယ်တစ်ချို့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြန်တယ်။ ထိတ်လန့်တုန်လှုပ်စွာနဲ့ပဲ သူထွက်ပြေးချိန်မှာ ဘယ်သူမှသူ့ကို လိုက်မဖမ်းပဲ အော်ဟစ်ရယ်မောနေကြပါတယ်။မကြာခင်မှာပဲ သူ့ကိုဘာ့ကြောင့်လိုက်မဖမ်းသလဲဆိုတဲ့အဖြေကို သူသိရှိသွားပါတော့တယ်။ သူရောက်ရှိနေတဲ့နေရာဟာ ပတ်ပတ်လည်မှာ နံရံကြီးတစ်ခု ကာဆီးထားလို့ပါပဲ။အရှေ့က ရောက်ရှိနေတဲ့ လူငယ်လေးတွေဟာလည်း သူ့လိုပဲ ဖမ်းဆီးခံရပြီး ဒီနေရာကို ပို့ဆောင်ခြင်းခံခဲ့ရသူတွေပါ။ကောင်လေးဟာ သူ့ရဲ့နာမည်သောမတ်ဆိုတာကလွဲပြီး ဘာကိုမှ မမှတ်မိပါဘူး။ရုတ်တရတ် နံရံကြီးကနေ အသံတွေကြားလာရပြိး တံခါးတစ်ချပ်ကိုတွေ့ရှိသွားချိန်မှာ ဝမ်းသာအားရနဲ့ သူပြေးထွက်ဖို့ ကြိုးစားပါတော့တယ်။ဒါပေမယ့် ရောက်နှင့်ပြီးသား လူငယ်တွေရဲ့ တားဆီးခြင်းကို ခံရပါတော့တယ်။ဘာ့ကြောင့်လဲဆိုတော့ ဒီဂိတ်တံခါးဟာ တစ်နေ့မှာ တစ်ကြိမ်သာပွင့်ပြီး အလွန်အန္တရာယ်များလှတဲ့ ဝင်္ကဘာတစ်ခုဆိကို သွားရာဝင်ပေါက်ဖြစ်နေလို့ပါပဲ။လူငယ်တွေဟာ သူတို့ရောက်ရှိနေတဲ့နေရာကို Glade လို့အမည်ပေးထားပြီး သူတို့ကိုယ်သူတို့ Gladers လို့ ခေါ်ကြပါတယ်။စောင့်ရှောက်သူ keeper ရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်အသီးသီးကိုခွဲဝေထမ်းဆောင်ကြရပါတယ်။တောင်နံရံတွေကို ဝင်္ကဘာကြီးတစ်ခုက ကာရံထားပြီး အတွင်းမှာ ...
6.8
IMDB: 6.8/10 370,624 votes
movie

The Maze Runner (2014)

2014
BluRay 1080p 6CH
The Hunger Games: Mockingjay – Part 1 (2014) 6.7
The Hunger Games: Mockingjay – Part 1 (2014) Hollywood မှာ Movie franchises တွေဟာ ပရိသတ်တွေဆီက ငွေကိုအကောင်းဆုံး ကဲ့ယူနိုင်တဲ့လက်နက်တွေဖြစ်လာပါတယ်။ ပထမကားသာ အထိုက်အသင့်အောင်မြင်ခဲ့ရင် နောက်ကားတွေဟာလည်း producers တွေအတွက် ငွေထုပ်ကြီးတွေဖြစ်လာစမြဲပါပဲ။ ခုနောက်ပိုင်းမှာ ငွေကဲ့ယူနေရတဲ့ ဇာတ်လမ်းတွဲကြီးပြီးခါနီးရင် နောက်ဆုံးပိတ်အိတ်နဲ့လွယ်ချင်တဲ့ producers များဟာ နည်းလမ်းတစ်ခုကိုသုံးလာကြပါတယ်။ အဲဒါကတော့ နောက်ဆုံးဇာတ်ကားကို part 1, part2 ထပ်ခွဲကြတာပါပဲ။ တစ်ကားထက်စာရင် နှစ်ကားဆိုတော့ ဝင်ငွေနှစ်ဆလောက်တိုးနိုင်စရာရှိတာကိုး။ Harry Potter and The deathly hollow ကို part 1,2 ခွဲတယ်။ Twilight saga: Breaking dawn ကို part 1,2 ခွဲတယ်။ စာရေးဆရာမ Suzanne Collins ရဲ့ The hunger games trilogy စာအုပ်ကိုလည်း ရုပ်ရှင်အဖြစ်ပြန်လည်ကူးပြောင်းရာမှာတော့ လေးကားဖြစ်သွားရပါတယ်။ နောက်ဆုံးအပိုင်း ...
6.7
IMDB: 6.7/10 374,828 votes
movie

The Hunger Games: Mockingjay – Part 1 (2014)

2014
BluRay 1080p 6CH
Transformers: Age of Extinction (2014) 5.7
Transformers: Age of Extinction (2014) Transformers တွေကြောင့် Chiacago မြို့ ပျက်ဆီးခဲ့ရတယ်လို့ အစိုးက အပြစ်တင်ပြီး၊ Autobots တွေရော Decepticons တွေကိုပါလိုက်ဖမ်းဆီးနေပါတယ်။ အဲ့ဒီအချိန်မှာ Mark Wahlberg က Optimus Prime ကိုအမှတ်မထင် ရှာတွေ့သွားရာက သူ့ကို လိုက်ရှာနေတဲ့ အစိုးရအဖွဲအစည်းတွေနဲ့ အခြားဂြိုလ်သားတွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ အဲ့ဒီမှာ Mark Wahlberg တို့မိသားစုနဲ့ Autobots တွေပေါင်းပြီး အဖြစ်မှန်ကို စုံစမ်းရာမှာ၊ US အစိုးရက Transformer တွေကို ကိုယ်တိုင် တီထွင်နေပြီးတော့၊ Control လုပ်နိုင်ဖို့ ကြိုးစားနေသလို၊ Transformers Army လုပ်နေပါတယ်။ ဒါပေမယ့် သူတို့ယူသုံးနေတဲ့ Sample တွေက Megatron ရဲ့အစိတ်အပိုင်းနဲ့ ဦးနောက်တွေဖြစ် နေပြီးတော့၊အမှတ်မထင်ပဲ Megatron ကို အသက်ပြန်သွင်း နေသလို ဖြစ်နေတဲ့အတွက် ဘယ်လို တွေစခန်းသွားကြမယ်ဆိုတာ…….။ ~ Review Credit File Size – 2.62 GB Quality – Blu-Ray 1080P 6CH Running ...
5.7
IMDB: 5.7/10 273,876 votes
movie

Transformers: Age of Extinction (2014)

2014
BluRay 1080p 6CH
Gone Girl (2014) 8.1
Gone Girl (2014) ဒီကားကိုတော်တော် ကြိုက်လည်းကြိုက်မိသလို တော်တော်မုန်းလည်းမုန်းမိသည်။ စိတ်ထဲကျေနပ်မိသလို ဘ၀င်လည်းမကျမိပါ။ သဘောကျသလို စိတ်ပျက်မိသည်။ ဘယ်လိုစကားကားလုံးနဲ့ဖော်ပြရမလဲမသိပါ။ တစ်လုံးတည်းဆိုရလျှင်တော့ Frustration ဆိုတာဒီကားကြည့်ပြီးဖြစ်လာတဲ့ခံစားချက်ပါ။ ဒေါသလားဆိုတော့ အခြေခံကဒေါသပါ။ ဒါပေမဲ့ ဆန့်ကျင်ဘက်နှစ်မျိုးတခါတည်း ခံစားရတဲ့ ဒေါသပါ။ ရုပ်ရှင်သာပြီးလို့သာ အဆုံးသတ်သွားတယ်။ open ending နဲ့ကိုယ်စဉ်းစားချင်တာတွေ စဉ်းစားနိုင်အောင်ဖွင့်သွားသည်။ ဒါ့ကြောင့်လည်း ပိုပိုပြီး စဉ်းစားမိသည်။ စဥ်းစားမိတော့ ညများတောင်အိပ်မပျော်နိုင် ညဥ့်တောင်တော်တော်နက်သွားသည်။ Amazing Amy .. ပဟေဠိ လူသားအေမီ၊ သတ်ပစ်ချင်လောက်အောင်မုန်းစရာကောင်းသာအေမီ၊ ဆောက်တည်ရာမရသော အေမီ၊ သနားစရာကောင်းသောအေမီ၊ ကြောက်စရာကောင်းသော အေမီ၊ ဇာတ်လမ်းအစကပြဿ နာကြီး သို့မဟုတ် အရှုပ်တော်ပုံအစတစ်ခုဖြစ် သလို အဖြစ်အပျက်တစ်ခုရဲ့အဆုံးသတ်ပါ။ ဒါပေမဲ့ သာမာန်နံနက်ခင်းတစ်ခုပါပဲ။ Nick Dunne ဆိုတဲ့လူတစ်ယောက် အိမ်ရှေ့ကို အမှိုက်ပုံးထုတ်တယ်။သာမာန်အိမ်ရှင်ထီးတစ်ယောက်လုပ်ရမဲ့အလုပ်လုပ်တယ်။ ပြီးတော့ မြို့ထဲက သူ့ညီမနဲ့ သူနဲ့အတူတူဖွင့်ထားတဲ့ The bar ဆိုတဲ့ဘားကိုသွားတယ်။ ညီမနဲ့စကားစမြည်ပြောတယ်။ သူတို့မင်္ဂလာ နှစ်ပတ်လည် ငါးနှစ်ပြည့်တဲ့နေ့မို့လို့ ...
8.1
IMDB: 8.1/10 749,781 votes
movie

Gone Girl (2014)

2014
BluRay 1080p 6CH
Paddington (2014) 7.2
Paddington (2014) လန်ဒန်မြို့ကို လူရှာရင်း ရောက်လာတဲ့ ဝက်ဝံလေးတစ်ကောင်တွေ့ရတဲ့ အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့ ဗြိတိန်ဟာသဇာတ်ကားလေးကို ဖော်ပြပေးလိုက်ပါတယ်။ စူးစမ်းလေ့လာသူ မောင်ဂို မာရီဆလိုက်ဟာ ပီရူးကတော နက်ကြီးထဲမှာ အသိဉာဏ်မြင့်တဲ့ ဝက်ဝံမိသားစုကိုရှာတွေ့ခဲ့ပြီး သူတို့ဟာ အင်္ဂလိပ်စကားသင်ယူ နိုင်သလို လိမ္မော်ယိုကိုလည်း အလွန့်အလွန် နှစ်သက်ကြောင်း သိရှိခဲ့ပါတယ်။ မောင်ဂိုမာရီဟာ ဝက်ဝံမိသားစုလာချင်တယ်ဆိုရင် ဗြိတိန်ကနေ အမြဲကြိုဆိုနေမယ့်အကြောင်းပြောခဲ့ပြီး အိမ်ပြန်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မြေငလျင် လှုပ်ပြီး ဝက်ဝံတွေနေတဲ့အိမ်ပျက် စီးသွားတာကြောင့် အိမ်အသစ်ရှာဖို့ ဖြစ်လာပါတော့တယ်။ အဲဒီမှာ ဝက်ဝံလေးပက်စ်တူဇိုဟာ အဒေါ် ဖြစ်သူက စေလွှတ်တာကြောင့် လန်ဒန်မှာ အိမ်သစ်ရှာဖို့ ထွက်လာခဲ့ပါတယ်။ လန်ဒန်ရောက်သွားတဲ့ပက်စ်တူဇိုဟာ အိမ်ရှာမတွေ့သေးမီ စပ်ကြား ဘရောင်းမိသားစုရဲ့ခေါ် ဆောင်သွားခြင်းခံရပြီး သူတို့က ပက်စ်တူဇိုကို ပက်ဒင်တန်လို့ အမည်ပေးခဲ့ပါတယ်။ ဘရောင်း မိသားစုဟာ ပက်ဒင်တန်အိမ်ရှာ နေတုန်းလေး ခဏခေါ်ထားတာဖြစ်ပြီး အဲဒီအိမ်မှာ ဝက်ဝံကလေး ပက်ဒင်တန်တစ်ကောင် အမွှေစိန်လုပ်ပြီး အပျက်အစီးတွေများခဲ့ပါတော့တယ်။ ပက်ဒင်တန်ဟာ သူ့မိသားစု နဲ့ဆုံခဲ့တဲ့ စူးစမ်းလေ့လာသူမောင် ...
7.2
IMDB: 7.2/10 82,392 votes
movie

Paddington (2014)

2014
BluRay 1080p 6CH
I, Frankenstein (2014) 5.1
I, Frankenstein (2014) ဇာတ်လမ်းလေးကတော့သိပ္ပံပညာရှင် ဖရန်ကင်စတိန်းဟာ အလောင်းကောင်အစိတ်အပိုင်းတွေကိုစုစည်းပြီး လူသတ္တ၀ါတစ်ကောင်ကို ဖန်တီးခဲ့တယ်။ သူ့ဖန်တီးမှုကို မှားယွင်းမှုတစ်ခုလိုကြောက်လန့်လာတာကြောင့် အဲ့ဒီသတ္တ၀ါကို ဖျက်ဆီးဖို့ကြိုးစားခဲ့တယ် ဒါကြောင့် အဲ့ဒီသတ္တ၀ါဟာဖရန်ကင်စတိန်းရဲ့မိန်းမကို သတ်ပြီး ကလဲ့စားချေခဲ့ပါတယ်။ ဖရန်ကင်စတိန်းဟာ အဲ့ဒီသတ္တ၀ါကို ကလဲ့စားချေဖို့ ပြန်လိုက်ရှာခဲ့ပေမယ့် လူသားတို့ထုံးစံအတိုင်း အချိန်ကြာမြင့်စွာအသက်မရှည်ပဲ သေဆုံးခဲ့ပါတယ်။ သူဖန်တီးခဲ့တဲ့ သတ္တ၀ါကတော့ မသေဆုံးခဲ့ပါဘူး။ သတ္တ၀ါနဲ့အတူ ဖရန်ကင်စတိန်းရဲ့ မှတ်တမ်းစာအုပ်ကျန်ရှိခဲ့ပါတယ်။ တစ်နေ့မှာ အဲ့ဒီသတ္တ၀ါကို နတ်ဆိုးအရှင် နာဘေးရီးရက်စ် ရဲ့အဖွဲ့က နတ်ဆိုးတွေက တိုက်ခိုက်ပြီး ဖမ်းဆီးဖို့ကြိုးစားခဲ့တယ်။ နတ်ဆိုးတွေလက်ကနေ အဲ့ဒီသတ္တ၀ါကို ဂါဂေါ်ရယ်အဖွဲ့က ပြန်လည်ကယ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီသတ္တ၀ါနောက်ကို နတ်ဆိုးတွေက အဆက်မပြတ်လိုက်ပြီး ဖမ်းဆီးဖို့ အခါခါကြိုးစားခဲ့ပါတယ်။ နာဘေးရီးရက်စ်အရှင်နဲ့ နတ်ဆိုးတွေက အဲ့ဒီသတ္တ၀ါကို ဘာကြောင့်လိုက်ဖမ်းတာလဲ? ဘယ်လို အကြံအစည်တွေ ရှိနေတာလဲ? ဂါဂေါ်ရယ် အဖွဲ့ကရော အဲ့ဒီသတ္တ၀ါ နတ်ဆိုးတွေလက်ထဲမရောက်အောင် ဘာကြောင့်လိုက်ကာကွယ်ပေးတာလဲ? အဲ့ဒီသတ္တ၀ါကရော လူလား ၀ိညာဉ်မရှိတဲ့ သာမန်လူပုံစံအခွံတစ်ခုလား? ဖရန်ကင်စတိန်းရဲ့မှတ်တမ်းကို နာဘေးရီးရက်စ် ရသွားတဲ့အခါ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ပြီး ခံစားပေးပါ ။ Review Credit to CM
5.1
IMDB: 5.1/10 74,444 votes
movie

I, Frankenstein (2014)

2014
BluRay 1080p 6CH
Big Hero 6 (2014) 7.8
Big Hero 6 (2014) ဒီတစ်ခါတော့ IMDB -7.8/10 ရရှိထားပြီး 2014 ခုနှစ်ကထွက်ရှိထားတဲ့ Animation ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဘေးမက်ဆိုရင်လူတိုင်းနီးပါးသိပြီးသားဖြစ်မှာပါ။ ဇာတ်လမ်းအမျိုးအစားလေးက Action, Adventure အမျိုး အစားဖြစ်ပြီး Walt Disney မှထုတ်လုပ်ထားတာဖြစ်ပါတယ်။ အညွှန်း --------------------- ၁၄ နှစ်သားလေးရှိတဲ့ စက်ရုပ်ဖန်တီးရှင်လေး ဟီးရို ဆိုတဲ့ကောင်လေးကသူနေထိုင်တဲ့ ဆန်ဖရန်ဆိုကီယိုမြို့ လေးမှာ တရားမဝင် စက်ရုပ်တိုက်ပွဲတွေကြားမှာလောင်းစကားလုပ်ရင်းအချိန်ကုန်စေခဲ့ပါတယ်။ ဒီလိုနဲ့သူ့အကိုဖြစ်တဲ့ တဒါရှီ ကဆန်ဖရန်ဆိုကီယို မှာရှိတဲ့အကောင်းဆုံးနည်းပညာတက္ကသိုလ်ရဲ့ ဓာတ်ခွဲခန်းကိုခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီမှာ ဂိုဂို၊ ဝါဆာဘီ၊ ဟန်နီလီမွန်၊ ဖရပ် တို့နဲ့တွေ့ဆုံခဲ့ပါတယ်။ ထပ်ပြီးတော့စက်ရုပ်ပရိုဂရမ်ကိုဦးဆောင်တဲ့ ရောဘတ် ကဲလာဟန်နဲ့လည်းတွေ့ဆုံခဲ့ရတဲ့အခါမှာတော့ ဟီးရိုတစ်ယောက်ဒီတက္ကသိုလ်ကိုတက်ဖို့ဆုံးဖြတ်ပါတော့တယ်။ ဒါပေမယ့်ဒီတက္ကသိုလ်ကိုတက်ဖို့အတွက်တစ်နှစ်မှာတစ်ကြိမ်ပြုလုပ်တဲ့ နည်းပညာ ပြပွဲမှာအထူးခြားဆုံးတင်ဆက်နိုင်မှ ဒီတက္ကသိုလ်ကိုဝင်ခွင့်ရရှိမှာဖြစ်ကပါတယ်။ ဒီလိုနဲ့ ဟီရိုတစ်ယောက် သူ့ရဲ့ သံလိုက်စက်ရုပ်အသေးစားလေးတွေကိုဖန်တီးပြီးတော့ တက္ကသိုလ် ဝင်ခွင့်ရအောင်ပြုလုပ်ပါတယ်။ ဝင်ခွင့်ရရှိပေမယ့်ရုတ်တရက် နည်းပညာပြပွဲလုပ်တဲ့ခန်းမ မီးလောင်ရာမှာတော့........... ဇာတ်လမ်းလေးထဲမှာဆက်လက်အားပေးကြပါခင်ဗျာ။ အညွှန်းကိုတော့ Burmese Subtitle Team မှပြန်ဆိုထားတာဖြစ်ပါတယ်။ File Size : 1.63GB (1080p) Quality : Blu-Ray 1080p 6CH Running Time : 1hr43min Format : Mkv Genre ...
7.8
IMDB: 7.8/10 344,379 votes
movie

Big Hero 6 (2014)

2014
BluRay 1080p 6CH
American Sniper (2014) 7.3
American Sniper (2014) #‎ရုပ်ရှင်မိတ်ဆက်‬ ဒီကားက အများထင်ထားသလို Lone Survivor လို၊ Saving Private Ryan လို စစ်ကားကောင်း တစ်ကား မဟုတ်ပါဘူး။ ဒီလို ပြောလို့ ကျွန်တော် မကြိုက်ဘူး၊ ဒီကားက မကောင်းဘူး လို့ မဆိုလိုပါဘူး။ ပြောချင်တာက ဒီကားမှာ အထက်က ကားနှစ်ကားလို စစ်တိုက်တာက အဓိ ဇာတ်အိမ်မဟုတ်သလို၊ စစ်ပွဲကိုလည်း Saving Private Ryan လိုမျိုး ကြည့်ကောင်းအောင် ရိုက်ထားတာမျိုးမဟုတ်ပါဘူး။ Saving Private Ryan ကို ကြည့်ပြီးရင် ပရိတ်သတ်တွေ ကိုယ်တိုင်တောင် စစ်ထဲပါချင်စိတ် ဖြစ်လာပေမယ့် ဒီကားကတော့ စစ်တစ်ခုဖြစ်တာကနေ စစ်သားတွေ၊ သူတို့ရဲ့ မိသားစုတွေ အပေါ် သက်ရောက်မှု ဘယ်လိုရှိတယ်ဆိုတာ ကို အဓိကပြထားတာဖြစ်လို့ ဒီကားကြည့်ပြီး စစ်ပွဲတွေကို ရွံသွားမှာအမှန်ပါပဲ။ စစ်ရဲ့ အနှစ်သာရကို တကယ် ပီပီပြင်ပြင် ...
7.3
IMDB: 7.3/10 382,763 votes
movie

American Sniper (2014)

2014
BluRay 1080p 6CH
How to Train Your Dragon 2 (2014) 7.8
How to Train Your Dragon 2 (2014) နဂါးတွေနဲ့ ပြေလည်မှုရသွားပြီး နဂါးတွေရဲ့ လုပ်အားနဲ့ ပြန်လည်တိုးတက်လာခဲ့တဲ့ Berk ရွာလေးဟာ နဂါးပြိုင်ပွဲ ကျင်းပနေပါတယ်။ ဒါပေမယ့် Hiccup ကတော့ သူရဲ့ နဂါးလေး Toothless နဲ့အတူ နယ်မြေသစ် ရှာဖွေမှုတွေ ပြုလုပ်ရင်း အေးအေးလူလူပဲ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရွယ်လွန်လာပြီဖြစ်တဲ့ Stoick ကတော့ သူ့သား Hiccup ကို ရွာသူကြီးလုပ်ဖို့ ဖိအားပေးစ ပြုနေပါပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသေးတဲ့ Hiccup အတွက်တော့ ဒီကိစ္စဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။ အပြောကျယ်တဲ့ မြေကမ္ဘာမှာ လျှောက်သွားရင်း Hiccup နဲ့ Astrid တို့ဟာ အလွန်ကြီးမားတဲ့ အစိမ်းရောင် ရေခဲတုံးကြီး တစ်ခုကို တွေ့ပါတယ်။ အဲဒီရေခဲတုံးကို လေ့လာနေဆဲမှာ Eret လို့ခေါ်တဲ့ နဂါးဖမ်းတဲ့မုဆိုးတစ်ယောက်က သူတို့ရဲ့ နဂါးတွေကို ဖမ်းဖို့ ကြိုးစားပါတယ်။ Eret ...
7.8
IMDB: 7.8/10 257,545 votes
movie

How to Train Your Dragon 2 (2014)

2014
BluRay 1080p 6CH
Edge of Tomorrow (2014) 7.9
Edge of Tomorrow (2014) နာမည်​​ကျော်​မင်းသားကြီး Tom Cruise နဲ့ Emily Blunt တို့ အတွဲညီစွာရိုက်​ကူးထားတဲ့ ဒီဇာတ်​ကားဟာ Science Fiction/Action အမျိုးအစားဖြစ်​ပြီး​ ၊ IMDB-7.9 , RT 90% ဆိုတဲ့ ​Rating ​တွေကိုပိုင်​ဆိုင်​ထားတဲ့ကား​ကောင်းဆိုမမှားပါဘူး $178millions အသုံးပြုထားပြီး Box Office $370millions ပြန်​ရှိထားတဲ့ဒီကားဟာ ဂျပန်​စာ​ရေးဆရာ Hiroshi Sakurazaka ရဲ့ All You Need Is Kill ဆိုတဲ့စာအုပ်​ကို အ​ခြေခံပြီးပြန်​လည်​ရိုက်​ကူးထားတာပါ ဇာတ်​လမ်းအကျဉ်းက … ကမ္ဘာကြီး​ပေါ်ကိုကျူး​ကျော်​ဝင်​​ရောက်​လာတဲ့ ဂြိုလ်​သား​တွေကို စစ်​ပွဲအ​တွေ့အကြုံနည်းနည်းမှမရှိတဲ့ Maj..William Cage ဟာအဲ့ဒီဂြိုလ်​သား​တွေကို နှိမ်​နှင်းဖို့ တာဝန်​ထဲကျ​ရောက်​သွားရင်း အမှတ်​မထင်​ပဲ သူက​သေဆုံးသွားတိုင်း တစ်​​နေ့တာရဲ့ အစကိုပြန်​​ရောက်​သွားပုံအ​ကြောင်းကို အသက်​နဲ့ရင်းပြီးဘယ်​လို​တွေအမှားပြင်​ဆင်နိုင်​မလဲဆိုတာ Video Game ကစားနည်းဆန်​ဆန်​မြင်​​တွေ့ရမှာပါ။ ဇာတ်လမ်းအညွှန်းကိုတော့ MMSubtitle International FB Page မှကူးယူဖော်ပြထားပါတယ်။ File Size – 1.8 GB Quality- Blu-Ray 1080p 6CH Running Time – 1hr 53min Format – mkv Genre – Action, Sci-Fi Translator – Lwin Moe Oo Encoder ...
7.9
IMDB: 7.9/10 536,482 votes
movie

Edge of Tomorrow (2014)

2014
BluRay 1080p 6CH