Burmese Subtitle

2012

Underworld: Awakening (2012) 6.4
Underworld: Awakening (2012) တတိယကားထွက်ရှိပြီး နောက်ထပ် ၃နှစ်အကြာမှာပဲ သူ့ရဲ့ စတ္ထုမြောက်ကား ထပ်မံထွက်ရှိလာခဲ့ပြန်ပါတယ် ဒီကားမှာတော့ လူသားတွေဟာ သဘာဝလွန်တည်ရှိနေကြတဲ့ ဗန်ပိုင်းယားတွေနဲ့ လိုင်ကန်တွေကို ချေမှုန်းဖို့ကြိုးစားလာကြပါတယ် ဆယ်လီနဲ့ သူ့ချစ်သူ မိုက်ကယ်တို့ဟာ ဆိပ်ကမ်းတစ်ခုမှာဆုံတွေ့နေတုန်းမှာ လက်ပစ်ဗုံးထိမှန်ပြီး ဆယ်လီဟာ လွင့်စင်ထွက်သွားပြီး မေ့မြောသွားခဲ့ပါတယ် ဒီလိုနဲ့ ၁၂ ကြာပြီးတဲ့ အခါမှာတော့ ဆယ်လီဟာ မေ့မြောနေရာမှ သတိရလာခဲ့ပြီး ဗန်ပိုင်းယား ဖြစ်သူ ဒေးဗစ် နဲ့ ဆုံတွေ့ခဲ့ပါတယ် သိပ္ပံပညာရှင်ဖြစ်သူ ဒေါက်တာ ဂျက်ကော့ဖ် လိန်း ဟာ ဗန်ပိုင်းယားတွေနဲ့ လိုင်ကန်တွေကြားက ဆက်စပ်မှုတွေကို သုသေသနလုပ်နေပြီး ဆယ်လီဟာလဲ သူနဲ့ မိုက်ကယ်ဟာ အမြင်ခြင်းဆက်စပ်မှုရှိနေတယ်ဆိုတာကိုသိရှိလိုက်ရပါတယ် ဒီလိုနဲ့ ဆယ်လီနဲ့ မိုက်ကယ်တို့ဟာ အချစ်နယ် ကျွံခဲ့ကြပြီး ဆယ်လီဟာ အိဗ်ဆိုတဲ့ ကောင်မလေးကိုမွေးဖွားခဲ့ပါတယ် Credit Review: ဇာတ်ကားအညွှန်းအား CM မှ ကူးယူဖော်ပြထားပါသည်
6.4
IMDB: 6.4/10 138,478 votes
movie

Underworld: Awakening (2012)

2012
BluRay 1080p 6CH
The Bourne Legacy (2012) 6.7
The Bourne Legacy (2012) မတ်ဒေမွန် (Matt Damon) က စီအိုင်အေ အေးဂျင့်ဟောင်း ဂျေဆန်ဘွန်း အဖြစ် သရုပ်ဆောင်ထားတဲ့ Jason Bourne ဆိုတဲ့ ရုပ်ရှင်ကို ရုပ်ရှင်ရုံမှာ အစိမ်းသက်သက် သွားကြည့်ရင် တစ်လုံးမှ နားမလည်ပဲ သွက်သွက်ခါ သွားနိုင်စရာရှိပါတယ်။ ၁-ဂျေဆန်ဘွန်း ဘာကြောင့် အသက်လုပြေးနေရတာလဲ ? ၂-ဂျေဆန်ဘွန်းကို စီအိုင်အေ က ဘာကြောင့် တွေ့ရာသင်္ချိုင်း ဓားမဆိုင်း လိုက်သတ်ချင်နေရတာလဲ ? ၃-ဂျေဆန်ဘွန်း ပါဝင်ပတ်သက်ခဲ့ရတဲ့ အော်ပရေးရှင်းထရက်စတုန်း (Operation Treadstone) ရဲ့ လျှို့ဝှက်ချက် တွေကရော ဘာတွေလဲ ? ၄-အော်ပရေးရှင်းဘလက်ခ်ဘရိုင်ယာ (Operation Blackbriar) ကရော ဘယ်လို ဘယ်လိုစစ်ဆင်ရေးမျိုးလဲ ? ၅-တစ်ခါ အော်ပရေးရှင်းအောက်တ်ကမ်း (Operation Outcome) နဲ့ ပတ်သက်မိတဲ့ အေးဂျင့် အေရွန်ခရော့စ် ကပါ ဘာကြောင့် ခွေးပြေးဝက်ပြေး ပြေးနေရတာလဲ ? ဒါတွေသိထားမှ ဒီဇာတ်လမ်းကို ကြည့်လို့ နားလည်မှာ။ ...
6.7
IMDB: 6.7/10 268,282 votes
movie

The Bourne Legacy (2012)

2012
BluRay 1080p 6CH
Argo (Extended Cut 2012) 7.7
Argo (Extended Cut 2012) Argo (2012) တကယ်လို့ပေါ့။ ကျွန်မတို့နိုင်ငံနဲ့ စစ်အကြီးအကျယ် ဖြစ်နေတဲ့ တိုင်းပြည်တစ်ခုထဲကို ခိုးဝင်ပြီး ကိုယ့်နိုင်ငံသား လေးငါးယောက်လောက်ကို အသက်စွန့်ပြီး သွားကယ်ပါလို့ ရှင့်ကို တိုင်းပြည်က တာဝန်ပေးမယ်ဆိုရင် ရှင်ဘယ်လိုဆုံးဖြတ်မလဲ။ တခြားလူတော့မသိဘူး။ ကျွန်မသာဆိုရင်တော့ မသွားရဲဘူး။ မသကာ မရှုမလှ အသတ်ခံရမှာ ၊ အလောင်းပြန်ကောက်လို့ရရင်တောင်မှ ကံကောင်း။ ကိုယ်သွားရမယ့်နေရာက အစွန်းရောက် အကြမ်းဖက်သမားတွေ .. လူသားအားလုံးကို .. ယုတ်စွအဆုံး သူတို့လူမျိုးအချင်းချင်းတောင် ရန်စောင် သံသယ၀င်နေကြတဲ့ မလုံမခြုံနေရာမျိုး ဖြစ်နေတယ်ဆိုရင်တော့ ပြောနေဖို့တောင် လိုတော့မယ် မထင်။ ဒါပေမယ်လို့ ဒီလို စွန့်စားသွားရောက်ခဲ့တဲ့ လူတစ်ယောက် ရှိခဲ့ဖူးတာမို့ ကျွန်မ အခုပြန်ပြောပြမယ့် ပုံပြင်ဖြစ်လာပါတယ်။ Argo လို့ခေါ်တယ်။ ၁၉၇၀ နဲ့ ၁၉၈၀ ကြား ကာလတွေလောက်က ဘာသာရေး အစွန်းရောက်တွေ ဦးဆောင်တဲ့ အီရန် တော်လှန်ရေးအဖွဲ့တွေဟာ အီရန်မှာရှိတဲ့ အမေရိကန် ...
7.7
IMDB: 7.7/10 532,853 votes
movie

Argo (Extended Cut 2012)

2012
BluRay 1080p 6CH
Men in Black 3 (2012) 6.8
Men in Black 3 (2012) Men In Black 4 ကလည်းမကြာခင်ထွက်လာတော့မှာဆိုတော့ BS ကနေပြီးတော့ 1 t0 3 လေး တစ်ဖန်ပြန်လည်ခံစားရအောင် ကွာလတီအကောင်းဆုံးနဲ့တင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ------------------- ကမ္ဘာကြီးပေါ်မှာ ကျွန်တော်တို့ကြည့်နေထိုင်တာ မဟုတ်တော့ပဲ တခြားကမ္ဘာက ဂြိုလ်သားတွေပါ အတူယှဉ်တွဲနေထိုင်နေကြပါပြီ ဒါပေမယ့် အဲ့လိုဂြိုလ်သားတွေ ကမ္ဘာပေါ်မှာနေထိုင်တာကို လူသားတွေမသိအောင် ဖုံးကွယ်ပေးထားတဲ့အဖွဲ့အစည်းဟာ ဝတ်စုံနက်နဲ့လူတွေပဲဖြစ်ပါတယ် သူတို့ရဲ့အလုပ်က ဂြိုလ်သားတွေရဲ့ရန်ကို လူသားတွေမသိအောင် ကာကွယ်ပေးဖို့ပါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့... ဇတ်ကားလေးပဲ download ဆွဲကြည့်လိုက်ပါ
6.8
IMDB: 6.8/10 306,988 votes
movie

Men in Black 3 (2012)

2012
BluRay 1080p 6CH
The Hunger Games (2012) 7.2
The Hunger Games (2012) The Hunger Games (2012) Review *** Spoiler Alert *** နာမည်ကျော်သရုပ်ဆောင် Jennifer Lawrence သရုပ်ဆောင်ထားတဲ့ Adventure , Drama , Sci-Fi ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ပရိသတ်တွေနဲ့စိမ်းမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်း : The Hunger Games ရဲ့ဇာတ်လမ်းကတော့ Districts တစ်ခုချင်းစီကနေ တစ်နှစ်ကို အသက် 12-18 ကြား ယောက်ကျားလေး တစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကိုရွေးချယ်ပါတယ်။ အရွေးချယ်ခံရတဲ့ လူတွေကို Tributes လို့ ခေါ်ပါတယ်။ အဲ့ဒီလိုရွေးချယ်ပြီး Capitol လို့ခေါ်တဲ့ အစိုးရမြို့မှာ နှစ်စဉ်ကျင်းပတဲ့ Hunger Game မှာသွားရောက်ယှဉ်ပြိုင်စေပါတယ်။ Hunger Game မှာပါတဲ့ Tributes တွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် သေသည်အထိ တိုက်ခိုက်ရပြီး နောက်ဆုံး တစ်ယောက်ပဲကျန်ရပါမယ်။ အဲ့ဒီနောက်ဆုံး ကျန်တဲ့တစ်ယောက်က Hunger Game မှာအနိုင်ရရှိတဲ့လူပဲဖြစ်ပါတယ်။ ...
7.2
IMDB: 7.2/10 789,427 votes
movie

The Hunger Games (2012)

2012
BluRay 1080p 6CH
Wreck-It Ralph (2012) 7.7
Wreck-It Ralph (2012) Ralph ဟာ သူ့ဂိမ်းထဲ က ပြီးပြည့်​စုံပြီး ​တော်​​နေတဲ့ ​ကောင်​လိုမျိုး အချစ်​ခံချင်​သူပါ ပြသနာက လူဆိုး​​တွေကို ဘယ်​သူမှမချစ်​​ကြတာပါပဲ ဒါ​ပေမဲ့ သူရဲ​ကောင်း​တွေကို​တော့ ချစ်​ကြပါတယ်​ ဒီ​တော့ ဆားဂျင့်​အဖြစ်​​ဆော့ရတဲ့ ဂိမ်း​ပေါ်လာတဲ့အခါမှာ​တော့ အဲ ဂိမ်းကို သူ့အတွက်​ သူရဲ​ကောင်းဖြစ်​ဖို့ အခွင့်​အ​ရေးလို့ မြင်​သွားပါတယ်​ သူဟာ ဂိမ်းထဲ ကို ရိုးရှင်းတဲ့ပလန်​နဲ့ ဝင်​သွားတယ် ​ နိုင်​ခဲ့​ပေမယ့်​ မကြာခင်​မှာပဲ အရာအားလုံးပျက်​စီးသွားခဲ့ပါတယ်​ ဒီအခါမှာ သူဘာ​တွေဆက်​လုပ်​မလဲ ဘာ​တွေ ဆက်​ဖြစ်​လာမလဲ သူဖြစ်​ချင်​တဲ့ သူရဲ​ကောင်း​ရော ဖြစ်​လာပါ့မလားဆိုတာ​တော့ Wreck-It Ralph ဆိုတဲ့ ၂၀၁၂ ထွက်​ Animation ကား​လေးထဲမှာ ဆက်​လက်​ကြည့်​ရှုကြပါ IMDb rating 7.7 ထိရထားတဲ့ ကာတွန်း​လေးမို့ လက်​မလွတ်​သင့်​တဲ့ ဇာတ်​ကား​လေးပါ. Review Credit to Original Translator - Aung Min Khant Encoder - Robinn Hood  
7.7
IMDB: 7.7/10 336,551 votes
movie

Wreck-It Ralph (2012)

2012
BluRay 1080p 6CH
The Perks of Being a Wallflower (2012) 8.0
The Perks of Being a Wallflower (2012) BS ပရိတ်သတ်ကြီးအတွက်...High School ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်..... High School ဆိုတဲ့အတိုင်း လူငယ်သဘာဝဆန်ဆန် ရိုက်ကူးထားတာဖြစ်ပြီး...အထိန်းအကွပ်မရှိတဲ့ အထက်တန်းကျောင်းသူလေးတွေနဲ့ ဘာလာလာ ပါတီလုပ်မယ်ဆိုတဲ့ သူတွေနဲ့ ရိုးသားလွန်းတဲ့ေ ကာင်လေးတစ်ယောက်တို့ရဲ့ အချစ်ဟာသ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်....   ဇာတ်လမ်းသဘောကို ပြောပြမယ်...   အရှက်အကြောက်ကြီးတဲ့သူ.. ငယ်ငယ်ကတည်းကနေ အခုအချိန်ထိ ရည်းစားမထားဘူးသေးတဲ့သူ...ပြောရရင် လူရိုးလေးပေါ့...   အလယ်တန်းကျောင်းကြီးပြီးလို့ အထက်တန်းကျောင်းကိုတက်ရတော့မှာကို သူက ကြောက်နေခဲ့တယ်.. နဂိုကတည်းက ရိုးရိုးသားသားလေးနေခဲ့တာ..အထက်တန်းကျောင်းမှာက စီနီယာ နဲ့ ဂျူနီယာတွေဟာ ရန်အမြဲဖြစ်တတ်ပြီး စီနီယာတွေက အနိုင်ကျင့်တတ်တာကြောင့် အထက်တန်းကျောင်းပြီးမယ့်နေ့ကို ရေတွက်နေခဲ့တယ်....   အထက်တန်းကျောင်းကို စတက်တော့ ပထမနေ့မှာ..သူ့ကိုလူတိုင်းက မခေါ်ကြဘူး အပေါင်းအသင်းမလုပ်ကြဘူး...သူတစ်ယောက်တည်း ကွက်ပြီး ရိုးသားနေတော့ တခြားသူတွေက အမြင်မကြည်ဘူးဖြစ်နေခဲ့တယ်...   နောက်နေ့ရောက်တော့ အမှတ်မထင် ကမြင်းကြောအထဆုံး အဖွဲ့တစ်ဖွဲ့နဲ့ သူငယ်ချင်းဖြစ်သွားတယ်ပြောရမယ်...   ကောင်မလေးတွေကလည်း စပ်စလူးစိန်အပြင် ကောင်လေးတွေကလည်း ကဲမယ်ဆိုတာကြည့်ပဲ....   အငယ်ကတည်းက ရိုးရိုးသားသားလေးနေလာခဲ့တဲ့သူက Sam ဆိုတဲ့ ကောင်မလေးကို ချစ်မိသွားတယ်...တစ်ခါမှရည်းစားမထားဘူးတော့ ဘယ်လိုဖွင့်ပြောရမှန်းမသိဖြစ်နေတယ်....   ဒါပေမယ့် အကုန်လုံးက ရိပ်မိတယ်...သူ့ကို တခြားကောင်မလေးတွေကလည်း ကြိုက်နေတယ်ဆိုတာကို အကုန်လုံးသိတယ်...မသိတာက သူတစ်ယောက်တည်း.....အသေရိုးသားလွန်းကို စော်တွေက ကြွေသွားတယ်ထင်တယ်.......   Translator ...
8.0
IMDB: 8.0/10 418,090 votes
movie

The Perks of Being a Wallflower (2012)

2012
BluRay 1080p 6CH
Battleship (2012) 5.8
Battleship (2012) ကဲ BS ရဲ့ပရိတ်သတ်တစ်ယောက်ရဲ့တောင်းဆိုမှုကြောင့်တင်ဆက်ပေးလိုက်ပါတယ် အားလုံးသိထားပြီးသားဖြစ်တဲ့ Battleship ဖြစ်ပါတယ်... Quality အမှန်နဲ့တင်ဆက်ပေးထားတာဖြစ်ပြီး Full HD ဆိုတဲ့အရသာအပြည့်ရအောင်လို့ ဂျင်းမဟုတ်တဲ့ ကွာလတီနဲ့တင်ဆက်ပေးထားပါတယ် Colour ပိုစုံတဲ့ ဗားရှင်းနဲ့ တင်ဆက်ပေးထားတာဖြစ်တာကြောင့် Full HD ဆိုပြီး ဂျင်းထည့်ထားခြင်းမဟုတ်ပါ...Blu-Rayအရသာကြည့်ရှုပြီးသွားရင် Full HDဆိုပြီးဂျင်းထည့်ထားတဲ့ ကွာလတီနဲ့တခြားစီပဲဆိုတာဖြစ်သွားပါလိမ့်မယ်... အဓိကကတော့ ကြည့်ရှုသူကို ကွာလတီအမှန်ကြည့်ရှုစေချင်တာရယ်... ဂျင်းကွာလတီမဟုတ်ဘဲ အစစ်အမှန်ရအောင်   တင်ဆက်ပေးနေတုန်းပါပဲခင်ဗျာ.... ပရိတ်သတ်ကြီးတို့ရဲ့ အားပေးမှုကြောင့် BSဆိုတာရပ်တည်လာနိုင်ခဲ့တာပါ ကဲ..အညွန်းကိုသွားရအောင်.... သိပ္ပံကား ကြမ်းကြမ်းကိုမှ ကြိုက်တဲ့သူများအတွက် တင်ပေးလိုက်ပါတယ်။ အဲလက်စ် ဟာ ဖျက်သင်္ဘောမှာ လက်နက်အရာရှိဖြစ်ပြီးတော့ သူ့အစ်ကို အလက်ဇန်းဒါး ကတော့ အရာရှိ တစ်ဦးပါ။ ကမ္ဘာမြေရဲ့ သယံဇာတအရင်းအမြစ်များကို ခိုးယူဖို့ တစ်ခြားဂြိုလ်က ဂြိုလ်သားတွေရဲ့ ကြိုးစားမှု့ကို လက်တွေ့ကြကြ ခုခံတိုက်ခိုက်ပြီး ဘယ်လိုပုံစံမျိုးနဲ့ တုန့်ပြန်မလဲ...သင်္ဘောကြီးပေါ်မှာ ဘယ်လိုတိုက်ခိုက်ကြမလဲ အဲ့ ကမ္ဘာမြေကို လာပြီးဖျက်ဆီးတဲ့သူတွေက ဘယ်ဂြိုလ်ကလဲ..... လက်နက်ချင်း မိုးနဲ့မြေကွာဝေးတဲ့ နည်းပညာထွန်းကားသူတွေရဲ့ လက်နက်တွေကို ဘယ်လို နည်းလမ်းနဲ့ ခုခံချေဖက်မလဲဆိုတာကို ရှုစားကြည့်ကြပါဦး။ Translator -- Ko Aung Gyi Encoder -- K#/4nt_M1nn_Ko
5.8
IMDB: 5.8/10 223,664 votes
movie

Battleship (2012)

2012
BluRay 1080p 6CH
John Carter (2012) 6.6
John Carter (2012) စစ်မှုထမ်းဘ၀နဲ့ ဘ၀ကို နိုင်ငံအပေါ် ပေးဆပ်ခဲ့ပြီး တပ်မှ ထွက်ပြီးသည် အထိ မိမိ ဘ၀ အတွက် ဘာ တစ်ခုမှ ဖြစ်မလာတဲ့ အခါမှာ ပုံပြင်တစ်ခု သဖွယ် ဖြစ်နေသည့် ရွှေပင့်ဂူဆိုတဲ့ ရွှေလှိုင်ဂူ တစ်ခုကို ယုံ ကြည်မှုအပြည့်နဲ့ ရှာဖွေနေခဲ့ရင်းက ပြသနာတက်ရင်း ကနေ ပြေးလွှားရင်းနဲ့ ရွှေပင့်ဂူရွှေလိုဏ်ဂူကို ရောက်လာခဲ့တယ်။ အဲ့ဒီ့မှာ စနေဂြိုဟ်က အစွမ်းထက်ဂြိုဟ်သား တစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံရင်းနဲ့ ဂျွန်ကာတာ တစ်ယောက် ဂြိုဟ်သားကို သေနတ်နဲ့ ပစ်မိရင်း ဂြိုဟ်သား သေဆုံးသွားခဲ့တယ်။ ဂြိုဟ်သားမသေ ဆုံးခင် သူ့လက်တွင်းက ထူးဆန်းတဲ့ လည်ပတ်တစ်ခုကို အသုံးပြုပြီး စနေဂြိုဟ်ကို ပြန်ဖို့လုပ်နေ တုန်း စကားမဆုံးခင် အဲ့ဒီ့လည်ပတ်ကို ဂျွန်ကာတာက ယူမိရာကနေ ကမ္ဘာဂြိုဟ်ကနေ စနေဂြိုဟ် ကို ရောက်သွားခဲ့တယ်။ ရောက်ခါစမှာ ကမ္ဘာဂြိုဟ်ရဲ့ ဆွဲအားနဲ့ သူရဲ့ အရိုးသိပ်သည်းဆ မတူညီမှုတို့ကြောင့် ဂျွန်ကာတာဟာ အမြင့်ကို ခုန်နိုင်တဲ့ လူသားတစ်ယောက် ဖြစ်သွားခဲ့တယ်။ အဲ့နိုင်ငံမှာ ...
6.6
IMDB: 6.6/10 236,647 votes
movie

John Carter (2012)

2012
BluRay 1080p 6CH
Jack Reacher (2012) 7.0
Jack Reacher (2012) လူတစ်ယောက် Van ကားတစ်စီးစီးပြီး ကားပါကင်ထဲကိုဝင်လာတယ်. တစ်ဖက်မြစ်ကမ်းကိုမြင်ရတဲ့နေရာနားမှာကားကိုရပ်တယ်.ပြီးတော့ သူ့ရဲ့ Rifle ကို ပြင်ဆင်ပြီး မြစ်တစ်ဖက်ကမ်းကိုချိန်တယ်.စိတ်ကိုတည်ငြိမ်အောင်အသက်ကို၀၀ရှူပြီး သူ့ရဲ့ပစ်မှတ်တွေကို rifle နဲ့သေချာချိန်နေတယ်.သူ့ရဲ့ပစ်မှတ်တွေက အခြားမြစ်တစ်ဖက်ကမ်းပေါ်မှာ ပုံမှန်အတိုင်းလမ်းသွားလမ်းလာလုပ်နေတဲ့လူတွေ.စက္ကန့်ဝက်လောက်ချိန်ပြီးတဲ့အခါမှာ သူစပစ်တယ်.လူပေါင်းငါးယောက်သေတယ်.ပစ်မှတ်တွေကိုပစ်ပြီးတဲ့အခါ ထွက်ပြေးသွားတယ်.မကြာခင်ပဲရဲတွေမှူခင်တြဖစ်ဲ့နေရာကိုရောက်လာတယ်.သဲလွန်စတွေလိုက်ရှာတဲ့အခါ ကားပါကင်ဝင်ကြေးအတွက် လူသတ်သမားရှင်းခဲ့တဲ့အကြွေစေ့ကနေ လူသတ်သမားရဲ့လက်ဗွေရာကိုရရှိခဲ့တယ်.လက်ဗွေရာကိုစစ်ဆေးကြည့်တဲ့အခါ လူသတ်သမားဟာ အမေရိကန်စစ်တပ်မှာ sniper အဖြစ်စစ်မှုထမ်းခဲ့တဲ့ James Barrဖြစ်နေကြောင်းသိရတယ်. ရဲတေကွ James Barr ရဲ့အိမ်ကို ၀င်စီးတဲ့အခါ Barr ကိုအိပ်ယာပေါ်မှာအိပ်နေရင်းတွေ့တယ်. Barr ကိုဖမ်းပြီး သီးသန့်ခန်းထဲမှာစစ်ဆေးတဲ့အခါ ဘာတစ်ခွန်းမှပြန်မပြောဘဲ Jack Reacher လို့သာရေးပေးတယ်.အဲ့တော့ ရဲတွေက Jack Reacher အကြောင်းကိုစုံစမ်းရတာပေါ့ .Jack Reacher ဆိုတဲ့လူဟာ credit card မရှိ e-mail မရှိ.အိမ်လိပ်စာအတိအကျမရှိတဲ့လူ သူက သရဲလိုပဲ. နှစ်နှစ်လောက်ပျောက်နေတဲ့လူ. အမေရိကန်စစ်တပ်မှာ စ်မှုထမ်းခဲ့ဖူးတယ်ဆိုတာသာသိရတယ်.သူ့ကိုဘယ်လို ရှာရမလဲပြောနေကြချိန်မှာပဲ Jack ဟာ ...
7.0
IMDB: 7.0/10 280,625 votes
movie

Jack Reacher (2012)

2012
BluRay 1080p 6CH
The Dark Knight Rises (2012) 8.4
The Dark Knight Rises (2012) ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။ Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight လောက်မကောင်းတာပဲရှိပါတယ်။ ဇာတ်လမ်းအစမှာ Bruce Wyane က ၈နှစ်လုံးလုံး အိမ်ထဲမှာပဲနေနေပြီးတော့၊ ...
8.4
IMDB: 8.4/10 1,360,108 votes
movie

The Dark Knight Rises (2012)

2012
BluRay 1080p 6CH
The Hobbit: An Unexpected Journey (2012) 7.9
The Hobbit: An Unexpected Journey (2012) ရှေးရှေးတုန်းက လူပု ထရော် ဟာ အဲရီဘော်(ရ်)ပြည်ရဲ့ ဘုရင်ဖြစ်လာတဲ့အခါ သူ့မိသားစုဆွေမျိုးများ ချမ်းသာလာကြပါတယ်။ ဒါပေမယ့် စမော့(ဂ်)(Smaug) ဆိုတဲ့ နဂါးကြီးက သူတို့ရဲ့ရွှေတွေကို သိမ်းပိုက်ဖို့ ဒေး(ပ်)မြို့ကို ဖျက်ဆီးလိုက်ရုံမက အဲရီဘော်(ရ်)ပြည်သားတွေကို နှင်ထုတ်လိုက်ပါတယ်။ ထရော်ဧ။်မြေးဖြစ်သူ သိုရင် ကနတ်သူငယ်တို့ရဲ့ဘုရင် ထရန်ဒိုး(လ်)ဆီက အကူအညီသွားတောင်းပေမယ့် ၄င်းတို့က မကူညီတဲ့အပြင် လူပုတွေကို ကျောခိုင်းစွန့်ခွာသွားကြပါတယ်။ဟော့ဘစ် ဆိုတဲ့ မျိုးနွယ်စုဝင် လူငယ် ဘီ(လ်)ဘိုကို မှော်ဆရာကြီး ဂန်ဒေါ့(ဖ်)က လာတွေ့ပြီး စမော့(ဂ်) လက်ထဲက ရတနာတွေကို သွားခိုးယူမယ့်သိုရင်နဲ့ သူ့တပည့်လူပုစစ်သည် တစ်စုနဲ့အတူ လိုက်ပါဖို့စည်းရုံးပါတယ်။ဘီ(လ်)ဘိုနဲ့လူပုတွေဟာ အထီးကျန်တောင် ပေါ်တက်ကြတုန်း ထရိုး(လ်)ဆိုတဲ့ ဘီလူးကြီးတွေက ဘီ(လ်)ဘိုတို့အားလုံးကို သတ်စားခါနီးမှာ ဂန်ဒေါ့(ဖ်)ရောက်လာပြီး ဘီလူးတွေကို ကျောက်ရုပ်ဖြစ်အောင် ဖန်ဆင်းကာ သူ့လူတွေကို ကယ်တင်လိုက်ပါတယ်။ ဘီလူးကြီးတွေရဲ့လိုဏ်ဂူထဲ ၀င်ရှာဖွေတဲ့အခါ တန်ခိုးရှိတဲ့ အယ်(လ်)ဗင်ဓားမြှောင်တွေကို ဘီ(လ်)ဘိုတို့ ကောက်ရကြပါတယ်။ ဘီ(လ်)ဘိုတို့အုပ်စုဟာ ဂရင်းဝု(ဒ်)ဆိုတဲ့ ...
7.9
IMDB: 7.9/10 711,812 votes
movie

The Hobbit: An Unexpected Journey (2012)

2012
BluRay 1080p 6CH Extended Edition
Rise of the Guardians (2012) 7.3
Rise of the Guardians (2012) Jack Frost လို့ခေါ်တဲ့ နှင်းကိုဖန်ဆီးနိုင်တဲ့နတ်ကလေးဟာ သူ့ကို လူတွေက မထိ မမြင် မကြားနိုင်သလို သူ ဘယ်လိုကြောင့် ဒီဘဝ ရောက်လာရတယ်ဆိုတာလဲ သူမသိပါဖူး နောင် နှစ်ပေါင်း(၃၀၀)ကြာပြီးတဲ့နောက် မြောက်ဝင်ရိုးစွန်း တနေရာမှာ Santa Claus ကြီးဟာ အမှောင်နတ်ဆိုး ဖြစ်တဲ့ Boogeyman တယောက် ကလေးတွေကို ဒုက္ခပေးမှာကို စိုးရိမ်နေပါတယ်။ ဒါကြောင့် ဒီအန္တရယ်ကို ကာကွယ်ပေးဖို့အတွက် သွားနတ်ဖြစ်တဲ့ Tooth Fairy၊ အီစတာယုန်ဖြစ်တဲ့ Easter Bunny၊ ကလေးတွေကို အိပ်မက်ကောင်းမက်စေတဲ့ Sandman၊ တို့ကို ဆင့်ခေါ်လိုက်ပါတယ်။ သူတို့နဲ့တူတူ Jack Frost နတ် အသစ်စက်စက်လေးကို ပူးပေါင်းဖို့ခေါ်လိုက်ပါတယ်။ သူတို့တွေ အန္တရာယ်မျိုးစုံနဲ့ကို ကြုံခဲ့ရပြီး အမှောင်နတ်ဆိုးကို ဘယ်လိုမျိုး ရင်ဆိုင်ဖြေရှင်းကြသလဲ ဆိုတာ....။ အညွှန်းကိုတော့ MMSubtitle မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုဘာသာပြန်ပေးသူကတော့ Hnin Wai Wai Aung ...
7.3
IMDB: 7.3/10 142,482 votes
movie

Rise of the Guardians (2012)

2012
BluRay 1080p 6CH
Resident Evil: Retribution (2012) 5.4
Resident Evil: Retribution (2012) အဖွင့်မှာတော့  After life ကဖြစ်ပျက်ခဲ့တဲ့ Arcadia မှာ ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေနဲ့စတင်ထားပြီး အမည်မသိတပ်သားတွေရောက်လာပြီးတဲ့နောက်မှာ Arcadia အမည်တွင်တဲ့ သင်္ဘောကြီးဟာပေါက်ကွဲပျက်ဆီးသွားခဲ့ပြီး အဲလစ် ဟာလည်း ပင်လယ်ထဲမျောပါသွားပါတယ် Raccoon City မှာရှိတဲ့ အဲလစ်ဟာတော့သူ့ခင်ပွန်း တော့ဒ်  သူမသမီးငယ် ဘက်ကီ တို့နဲ့အတူငြိမ်းချမ်းစွာနေထိုင်လျက်ရှိပြီး တစ်ရက်မှာ ဘယ်ကရောက်လာမှန်းမသိတဲ့ဖုတ်ကောင်တွေရဲ့တိုက်ခိုက်မှုကို ခံရပြီး မြို့ပါပျက်စီးသွားပါတော့တယ် အဲလစ်ကရောလွတ်မြောက်နိုင်ပါ့မလား ဒီဇာတ်ကားမှာတော့ အရင် ဇာတ်လမ်းတွေမှာရင်းနှီးခဲ့တဲ့ ဇာတ်ကောင်တွေကိုပြန်တွေ့ရမှာဖြစ်ပြီး အနည်းငယ်နားမလည်နိုင်စရာကောင်းပြီးရှုပ်ထွေးနေပါလိမ့်မယ် ဇာတ်ကောင်အသစ်တွေအနေနဲ့ကတော့  Gamer တွေရင်းနှီးခဲ့တဲ့ Resident Evil 4 မှ လီယွန်အက်ဖ်ကနေဒီနဲ့  အာဒါဝေါင်  တို့ပါဝင်လာမှာပါ ဂျေးဗယ်လင်တိုင်း ကိုလည်း သတိရကြဦးမှာပါသူတို့တွေပူးပေါင်းပြီး Umbrella Corp ကိုဖျက်ဆီးဖြိုခွဲနိုင်မှာလား ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာ ကိုရင်တထိတ်ထိတ်နဲ့မထတမ်း ကြည့်ရှုရမှပါ။ Review Credit to Original File Size – 1.51 GB Quality – Blu-Ray 1080p ...
5.4
IMDB: 5.4/10 122,418 votes
movie

Resident Evil: Retribution (2012)

2012
BluRay 1080p 6CH
Pitch Perfect (2012) 7.2
Pitch Perfect (2012) Pitch Perfect ကားဟာ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Mucical Comedy ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Barden တက္ကသိုလ်မှ Cappella သီဆိုကြတဲ့ မိန်းကလေးများသာပါဝင်တဲ့ Bella အဖွဲ့ဟာ ၂၀၁၁ခုနှစ် နိုင်ငံအဆင့် Cappella ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေစဉ် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Aubrey က စင်ပေါ်မှာ အန်ချမိခဲ့တဲ့အတွက် ပွဲပျက်ပြီး ရှုံးနိမ့်ခဲ့ရပါတယ်။ ထို့နောက် အဖွဲ့တော်တော်များများက ကျောင်းပြီးသွား၍ အဖွဲ့မှာ မပါဝင်နိုင်တော့သဖြင့် အဖွဲ့ဝင်သစ်တွေကို ပြန်လည်ရွေးချယ်ရပါတော့တယ်။ ရှေ့က Bella တွေရဲ့ပုံစံကတော့ သေးသေးသွယ်သွယ်၊ အရပ်မြင့်မြင့်နဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ ပုံစံမျိုးတွေပဲဖြစ်ပါတယ်။ သို့သော် မနှစ်က ဖြစ်ခဲ့တဲ့ အမှားကြောင့် Bella အဖွဲ့ နာမည်ကျဆင်းခဲ့ရသောကြောင့် လူအများက ဝင်ရောက်အရွေးချယ်ခံဖို့စိတ်ဝင်စားမှုနည်းပါးခဲ့ရသောကြောင့် ရှေးက ပုံစံအတိုင်းအဖွဲ့ဝင်တွေကို မရွေးချယ်နိုင်တော့သောကြောင့် အသံကောင်းပြီး သီချင်းဆိုတတ်တဲ့ မိန်းကလေးများကိုသာ ရွေးချယ်ခဲ့ရပါတော့တယ်။ အဖွဲ့ဝင်သစ်တွေဖြစ်ကြသောကြောင့် တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးမှုနည်းကာ နားလည်မပေးနိုင်ကြသောကြောင့် သီချင်းဆိုရာတွင် ...
7.2
IMDB: 7.2/10 247,723 votes
movie

Pitch Perfect (2012)

2012
BluRay 1080p 6CH
Wrath of the Titans (2012) 5.7
Wrath of the Titans (2012) ဒီကားကတော့ Clash of the Titans ရဲ့အဆက်ပါ ပထမကားထဲမှာ ပါးစီးယပ်စ်ဟာ ခရက်ကန်ကိုအောင်နိုင် တဲ့အတွက် ဖခင်ဖြစ်သူ ဇုစ်က ဆုချပေမယ့် ရိုးရှင်းတဲ့ တံငါသည်ဘ၀နဲ့ပဲလူသားဆန်ဆန် နေထိုင်သွားဖို့ အဓိဌာန်ချခဲ့ပါတယ် အဲဒီမှာ သူဟာသားဖြစ်သူ ဟေးလီးယပ်စ်ကရရှိခဲ့ပါတယ် သူ့ဇနီးကွယ်လွန်ပြီးနောက်မှာ ဇနီးကိုကတိပေးထားတဲ့အတွက် ပါးစီးယပ်စ်ဟာနောက်ထပ်ဓါးမကိုင်ပဲသားကိုလည်း ဓါးကိုင်သူ တစ်ယောက်မဖြစ်အောင်စောင့်ရှောက်ပြီး ငါးဖမ်းခြင်းနဲ့အသက်မွေးနေခဲ့ကြတာပေါ့ တနေ့မှာ ဖခင်ဖြစ်သူဇုစ်ရောက်ရှိလာပြီး ကမ္ဘာကြီးပျက်သုဉ်းတော့မယ့်အကြောင်း နတ်ဘုရားတွေဘ၀လည်းပျောက်ပျက်ကုန်တော့မှာဖြစ်ကြောင်း အဲဒါကြောင့် ပါးစီးယပ်စ်ကိုအကူအညီလာတောင်းခဲ့ပါတယ် အစ်ကိုဖြစ်သူဇုစ်နဲ့ ပစိုက်ဒုန်တို့ဟာ မြေအောက်လောကကိုအုပ်စိုးနေတဲ့ ညီတော်ဟေဒီးစ်ထံသွားရောက်ပြီးပူးပေါင်းဖို့သွားပြောတဲ့အခါမှာတော့ ဟေဒီးစ်နဲ့ဇုစ်ရဲ့သားတစ်ယောက်ဖြစ်တဲ့အေးရီးစ်တို့က သစ္စာဖောက်အကောက်ကြံခဲ့ကြပါတယ် ဇုစ်ရဲ့စွမ်းအားတွေကိုစုပ်ယူပြီး ခရိုနော့ကိုပြန်အသက်သွင်းဖို့ ကြိုးစားသောအခါမှာတော့...... မကြည့်ရသေးတဲ့ သူငယ်ချင်းတွေ ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ တိုက်တွန်းသလို ကြည့်ပြီးသူတွေလည်း ထက်ကြည့်ဖြစ်ဦးမယ်လို့ ယုံကြည်ပါတယ်..။ Review Credit to Original File Size – 1.59 GB Quality – Blu-Ray 1080p 6CH Running Time – 1hr 39min Format – mkv Genre – Action, Adventure, Fantasy Subtitle – Myanmar (Hard Sub) Translator – Kyaw Kyaw (CU-Mdy) Encoded By – K#/4nt_M1nn_K0
5.7
IMDB: 5.7/10 168,135 votes
movie

Wrath of the Titans (2012)

2012
BluRay 1080p 6CH