Burmese Subtitle
2005
Mr. & Mrs. Smith (2005) 6.5
6.5
IMDB: 6.5/10 425,276 votes
movie
Mr. & Mrs. Smith (2005)
2005
BluRay 1080p 6CH
Madagascar (2005) 6.9
Madagascar (2005) [Zawgyi] ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် Adventure comedy အမျိုးအစား ကာတွန်းကားလေးပါ မာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ် သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ် သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါ တိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့ တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ် သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က မွေးနေ့လုပ်ပေးပြီး လက်ဆောင်တွေ ပေးကြပေမဲ့ သူမပျော်တော့ပါဘူး အကျိုးအကြောင်းမေးမှ သူရှင်းပြလိုက်တော့ အကုန် အံ့သြပြီး မဖြစ်နိုင်တဲ့အကြောင်း ...
6.9
IMDB: 6.9/10 339,306 votes
movie
Madagascar (2005)
2005
BluRay 1080p 6CH
Four Brothers (2005) 6.9
Four Brothers (2005) 2005 ခု နှစ်တုန်းက ထွက်ရှိခဲ့တဲ့ Four Brother ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာ John Singleton ကရိုက်ကူးတင်ဆက်ထားပါတယ်.. IMDb Rating ကလည်း 6.9 ရရှိထားတာမို့ကားကောင်းတစ်ကားလို့ဆိုလိုရမှာဖြစ်ပါတယ်.. အက်ရှင်ဇာတ်ကားအကြမ်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့သဘောတွေ့မယ့်ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်.. ဇာတ်လမ်းပုံစံလေးကတော့..အင်မတန်ဆိုးတဲ့ ညီအကိုလေးယောက်…သူတို့ဟာဆိုးလွန်းလို့လူတိုင်းကသဘောမကျကြဘူး.. အကြီးဆုံးအကိုကြီးဆိုရင်..မြို့ထဲမှာတောင်နေလို့မရတဲ့အဆင့်ထိပါပဲ.. တစ်နေ့မှာ သူတို့လေးယောက် ကို ငယ်ငယ်ကတည်းက မွေးစားခဲ့တဲ့ အမျိုးသမီးအသတ်ခံရတဲ့အချိန်မှာတော့ ရဲတွေကရော..မြို့လူထု ကရော သူတို့ကိုသံသယ၀င်နေကြပါတယ်.. သူတို့တကယ်ပဲ သူတို့ရဲ့မွေးစားမိခင်ကိုသတ်တာလား.. သူတို့ရဲ့ဆိုးသွမ်းမှုတွေကြောင့်အထင်ခံရတာလား.. ဒီကိစ္စတွေကိုသူတို့ဘယ်လိုဖြေရှင်းမှာလဲ ဆိုတာတွေကို..စိတ်ဝင်တစားနဲ့ ဆက်လက်ကြည့်ရှုကြပါ အညွှန်းကို CM မှကူးယူထားပါတယ်
6.9
IMDB: 6.9/10 125,341 votes
movie
Four Brothers (2005)
2005
BluRay 1080p 6CH
Sahara (2005) 6.0
Sahara (2005) ၁၈၆၅ အမေရီကန် ပြည်တွင်းစစ် အတွင်းမှာ ဗိုလ်ချုပ်တွေက ရံပုံငွေအဖြစ် ရွှေဒင်္ဂါးပြားတွေကို သွန်းလုပ်ခဲ့တယ် ။ စစ်ပွဲအခြေနေ မဟန်တော့ ဗိုလ်ချုပ်တွေက ရွှေဒင်္ဂါးပြားတွေကို သံချပ်ကာသင်္ဘောအပြည့်တင်ပြီး အရှေ့ဗာဂျီးနီးယားပြည်နယ်ကနေ အတ္တလန္တိတ်သမုဒ္ဒရာထဲကို ထွက်ပြေးခဲ့ကြတယ် ။ သူတို့ရည်ရွယ်တာကတော့ အဲဒိအချိန်က အာဖရိကရဲ့ အစည်ကားဆုံး နိုက်ဂျီးရီးယားနိုင်ငံ နိုက်ဂျားမြစ်ဘေးက လန်ဘီဇာဂါမြို့ကိုပေါ့ ။ ဒါပေမယ့် ကံဆိုးလှစွာပဲ မုန်တိုင်းမိခဲ့တယ် ။ မုန်တိုင်းကြောင့် နိုက်ဂျားမြစ်ရေတွေကြီးပြီး သင်္ဘောတစ်ချို့ဟာ နီးစပ်ရာ ကမ်းကို ဝင်ခိုနားကြရင်း မြစ်ရေပြန်ကျတော့ ကုန်းပေါ်မှာ သောင်တင်ကျန်ရစ်ကုန်တယ် ။ မုန်တိုင်းဖြစ်ပြီး ၆ ရက်အကြာမှာ ကြယ်တစ်ပွင့်အလံနဲ့ သင်္ဘောတစ်စီးဟာ နိုက်ဂျားမြစ်အတိုင်း မြောက်ဘက်ကို ဆန်တက် သွားတယ် ။ ဘယ်တော့မှ ပြန်မလာတော့ပါဘူး ။ လှေပေါ်ပါသူအားလုံးဟာ သေဆုံးကုန်ကြတယ်လို့ ဒဏ္ဍာရီ ပြောစမှတ်ကျန်ခဲ့တယ် ။ အဲဒိဒဏ္ဍာရီကို စိတ်ဝင်စားသူတွေကတော့ ပင်လယ်ပြင်မှာ ရှေးဟောင်းပစ္စည်း ရှာဖွေတဲ့ ...
6.0
IMDB: 6.0/10 86,243 votes
movie
Sahara (2005)
2005
BluRay 1080p 6CH
The Myth (2005) 6.2
The Myth (2005) 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Myth ဇာတ်ကားကို ဒါရိုက်တာ Stanley Tong က ရိုက်ကူးတင်ဆက် ထားပြီးတော့ နာမည်ကြီးမင်းသား ဂျက်ကီချန်းနဲ့အတူ ကိုရီးယား မင်းသမီး Kim Hee-sun (လီဟန်နီ) က အတူတွဲဖက်ရိုက်ကူးထားပါတယ်..ဒီဇာတ်ကားရဲ့ဇာတ်ကြောင်းကတော့ အတိတ်ဘ၀နဲ့လူဝင်စား ဘ၀ရဲ့ ဆက်နွယ်မှုတွေကိုအဓိကရိုက်ကူးတင်ဆက်ထားပါတယ်..သမိုင်းသုတေသီတစ်ယောက်ဖြစ်တဲ့ ဂျက် တစ်ယောက် ချင်ခေတ်က တပ်မှူးကြီးတစ်ယောက်အကြောင်းနဲ့ မင်းသမီးလေးတစ်ယောက် အကြောင်းကိုအမြဲတမ်းအိမ်မက်မက်နေပြီး တပ်မှူးကြီးကတော့ သူဖြစ်နေပါတယ်..ဒီအိမ်မက်တွေ ထူးဆန်းလွန်းနေပေမယ့် ဒီအတိုင်းသာထားခဲ့ပြီး ဂျက်ရဲ့သူငယ်ချင်းဖြစ်သူ ၀ီလျှံရောက်ရှိလာမှပဲ လုပ်ငန်းတွေအကောင်အထည်ဖေါ်ဖြစ်ခဲ့ပါတယ်..ပရောဂျက်တစ်ခုနောက်ကိုလိုက်ရင်းနဲ့ တိုက်ဆိုင်မှုတွေထူးဆန်းမှုတွေကြောင့် ဂျက်တစ်ယောက်အံ့သြခဲ့ရပြန်ပါတယ်.. ဂျက်တစ်ယောက်နောက်ဆုံးမှာအဖြေကို ဘယ်လိုရှာတွေ့သွားမလဲ လောဘကြီးတဲ့ ဂျက်ရဲ့သူငယ်ချင်း ၀ီလျှံ ကြောင့်ဘာတွေဖြစ်လာမလဲ အတိတ်ဘ၀နဲ့ လက်ရှိဘ၀ ဆက်နွယ်မှုတွေ အကြောင်းကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ Review Credit to Original
6.2
IMDB: 6.2/10 13,209 votes
movie
The Myth (2005)
2005
BluRay 1080p 6CH
Charlie and the Chocolate Factory (2005) 6.6
Charlie and the Chocolate Factory (2005) အခုတင်ထားပေးတဲ့ ဇာတ်ကားလေးကတော့ ချာလီနဲ့ချောကလက်စက်ရုံကြီးအကြောင်းဘဲဖြစ်ပါတယ်။ အားလုံးလည်းကြည့်ဖူးပြီးသားဖြစ်လောက်မှာပါ။ ကွာလတီအလန်းစားနဲ့ပြန်ကြည့်လို့ရအောင်လို့ တစ်ဖန်ပြန်လည်တင်ဆက်ပေးထားတာပါ။ ဇာတ်လမ်းအကျဉ်း -------------------- ချာလီဆိုတဲ့ အညတရ ကောင်လေးတစ်ယောက်အကြောင်းနဲ့ အလွန်တရာမှာ ပညာပါရမီရင့်သန်လှတဲ့ ချောကလက်စက်ရုံပိုင်ရှင်တို့အကြားက ဖြစ်ပေါ်လာတဲ့ ဘဝ ကံကြမ္မာသဘောတရားတွေနဲ့ လူတွေ ကိုပြောချင်တဲ့ သဘောတရားကိုထိမိပိုင်နိုင်စွာဖော်ပြထားတဲ့ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။ လူကုန်ထံအသိုင်းမဟုတ်တဲ့ ချို့တဲ့ တဲ့မိသားစုကပေါက်ဖွားလာခဲ့တဲ့ ကလေးလေး ချာလီဘက်ကက်က သူတို့မိသားစုမှာ ဖအေဖြစ်သူရဲ့ လုပ်စာလေးနဲ့မိသားစုတစ်ခုလုံးကိုရုန်းကုန်နေကြရတာပါဘဲ။ ဒီလိုနဲ့ တစ်ရက်မှာ ချောကလက်စက်ရုံပိုင်ရှင်ဖြစ်တဲ့ ဝီလီဝန်ကာ က သူရဲ့ ချောကလက်ထုပ်ထဲမှာ ထာဝရပိတ်သိမ်းထားတယ်လို့ဆိုရတဲ့ သူ့ရဲ့ ချောကလက်စက်ရုံကြီးကိုတစ်နေ့တာလည်ပတ်ခွင့် ဆိုပြီးတော့ ကံစမ်းမဲအနေနဲ့ ရွှေရောင်ကဒ် ၅ခု ကလေး ၅ယောက်စာကို တစ်ကမ္ဘာလုံးကိုဖြန့်ဝေ စေခဲ့ပါတယ်။ ဒီထဲကမှ အညတရကောင်လေး အပါအဝင် ၅ဦးသူ့ရဲ့အုပ်ထိန်းသူအပါ ၁၀ဦးတို့ချောကလက်စက်ရုံ ကြီးထဲအလည်အပတ်သွားရောက်တဲ့အခါမှာတော့... ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ BS ပရိတ်သတ်ကြီးလည်းကြည့်ရှုခံစားအားပေးလိုက်ရအောင်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ နေမျိုးကျော်ဘဲဖြစ်ပါတယ်။
6.6
IMDB: 6.6/10 384,214 votes
movie
Charlie and the Chocolate Factory (2005)
2005
BluRay 1080p 6CH
King Kong (2005) 7.2
King Kong (2005) IMDb Rating 7.2 ရရှိထားပြီး ၂၀၀၅ ခုနှစ်ကထွက်ရှိထားတဲ့ ကင်းကောင်ဇာတ်ကားလေးကို မြန်မာစာတန်းထိုးနဲ့ ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အခု ဘားရှင်းက Extended Version ဖြစ်တာမို့ မူလထွက်ရှိရာမှာ မပါဝင်ခဲ့တဲ့ အခန်းတွေပါ ပါဝင်တာမို့ ပြန်လည်ကြည့်ရှူသင့်တဲ့ ဇာတ်ကားကောင်းတကားပါ ဇာတ်လမ်း အကျဉ်းကတော့ ပြဇာတ်လောကကနေ အရှုံးပေါ်နေလို့ အလုပ်ပြောင်းတဲ့ မင်းသမီးဟာ ရုပ်ရှင်အဖွဲ့နဲ့ ပူးပေါင်းပြီး စွန့်စားခန်းတွေ သဘာဝအလှ ရှုခင်းတွေကို ရိုက်ကူးဖို့ ပင်လယ် ခရီးသွားရာမှ မထင်မှတ်ထားပဲ လမ်းမှားပြီး ကျွန်းကြီးတစ်ကျွန်းကိုရောက်သွားပြီး ကင်းကောင်နဲ့ ဆုံတွေ့ရာမှာ ကင်းကောင်က မင်းသမီးအပေါ်မေတ္တာယိုဖိတ်ပြီး လိုက်လံ ဖမ်းဆီးရာမှ ရုပ်ရှင်အဖွဲ့သားတွေနဲ့ ကတောက်ကဆဖြစ်ပြီး ရုပ်ရှင်အဖွဲ့သားတွေကလည်း ကင်းကောင်ကို လိုက်လံဖမ်းဆီးပြီး မြို့ပေါ်ကိုဖမ်းဆီးခေါ်ဆောင်လာပြီး ရုံသွင်းပြစားရာမှ ဘယ်လိုတွေ ဖြစ်ပျက်ကြမလဲဆိုတာကို ဆက်လက် ကြည့်ရှူလိုက်ကြပါတော့ဗျာ Review Credit to Original  
7.2
IMDB: 7.2/10 361,884 votes
movie
King Kong (2005)
2005
BluRay 1080p 6CH Extended Edition
Batman Begins (2005) 8.3
Batman Begins (2005) June 17 2005 မှာထွက်ရှိခဲ့ပြီး Christopher Nolan ရိုက်ကူးခဲ့တဲ့ Bat Man: Begins ဟာ ရုံဝင်ငွေ 374.2 million ရရှိခဲ့ပြီး DC Comics ကဇတ်ကောင်ကို အခြေခံထားတဲ့ super Hero ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ Bat Man လို့ပြောလိုက်တာနဲ့ Christian Bale ကိုမျက်စိထဲပြေးမြင်မိကြမှာပါ။ အရင်ကလဲ Bat Man ဇတ်ကောင်ကို အလီလီရိုက်ကူးခဲ့ကြပေမဲ့ Christian Bale ကိုမမှိခဲ့ကြပါဘူး။ ဒီကားကတော့ The greatest Detective လို့လူသိများတဲ့ Bat Man စတင်ဖြစ်ပေါ်လာပုံကိုရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။ ဇတ်လမ်းအကျည်းကတော့ Bat Man ဖြစ်လာမယ့် Bruce Wayne ဟာငယ်ငယ်ကလင်းနို့ကြောက်တတ်ပါတယ်။ သူ့အဖေ Thomas Wayne နဲ့ Martha Wayne တို့ဟာသန်းကြွယ်သူဌေးတွေဖြစ်ပြီး Wayne Enterprises လုပ်ငန်းပိုင်ရှင်တွေဖြစ်ပါတယ်။ ...
8.3
IMDB: 8.3/10 1,164,146 votes
movie
Batman Begins (2005)
2005
BluRay 1080p 6CH
V for Vendetta (2005) 8.2
V for Vendetta (2005) နိုဝင်ဘာ၅ရက်နေ့ဟာဗြိတိန်နိုင်ငံမှာတော့နိုင်ငံရေးအခြေခံအားလပ်ရက်တရက်ပဲဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာကျေးဇူးတော်နေ့ဆိုပြီးကျင်းပကြတယ်လို့လည်းဆိုကြပါတယ်။ အဲဒီနေ့ကိုGuyFawkesနေ့လို့လည်းခေါ်ခဲ့ကြပါတယ်။ အဲဒီနေ့လေးရဲ့ဖြစ်လာပုံကတော့၁၆၀၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့မှာGuyFawkesဆိုတဲ့ ကတ်တလစ်ဂိုဏ်းဝင်တယောက်ဟာသူ့အဖွဲ့ဝင်တွေနဲ့အတူ ကတ်တလစ်ဧကရာဇ်ကိုပြန်လည်နန်းတင်ဖို့အတွက်အင်္ဂလန်ဘုရင်ဂျိမ်း(JameI)ကိုလုပ်ကြံဖို့ကြံစည်ခဲ့ပါတယ်။ ယမ်းအိုးတွေများစွာကိုပါလီမန်အဆောက်အအုံရဲ့မြေအောက်ခန်းထဲကိုသယ်ဆောင်ပြီးဖောက်ခွဲလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။ သို့ပေမယ့်ကံမကောင်းချင်တော့အမည်မသိသတင်းပေးစာတစောင်ကြောင့် သူ့တို့အားလုံးအဲဒီနေ့မှာပဲအဖမ်းခံခဲ့ရပြီးဇန်န၀ါရီလ၃၁ရက်မှာကွပ်မျက်ခံခဲ့ရပါတယ်။ ဟောဒီဇာတ်ကားလေးမှာလည်းအဲဒီဖြစ်စဉ်ကိုအခြေခံထားပြီးတရားမျှတမှုဆိုတာဘာလဲ။ ဖိနှိပ်ခံရတဲ့အချိန်မှာဘယ်လိုတုံပြန်ကြမလဲ။ နိုင်ငံတနိုင်ငံရဲ့အာဏာဟာဘယ်သူ့ဆီမှာရှိသင့်လဲ။ အဲဒါတွေထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တချက်ကတော့ ကမ္ဘာကျော်ဟက်ကာအဖွဲ့Anonymousအဖွဲ့သုံးတဲ့မျက်နှာဖုံးရဲ့မူလဇစ်မြစ်ကဘယ်ကလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့အဲဒီမျက်နှာဖုံးကိုအသုံးပြုကြတာလဲ၊ အဲဒီမျက်နှာဖုံးလေးရဲ့တကယ်ဆိုလိုရင်းအစစ်အမှန်ကဘာလဲဆိုတာကိုတွေ့ရဦးမှာပါ။ ဇာတ်ကားကိုတော့ဇာတ်ကြောင်းလေးတွေပြောပြီးမမိတ်ဆက်တော့ပါဘူး။ ကိုယ်တိုင်ကြည့်ပြီးအားရပါးရခံစားစေချင်လို့ပါ်။ သုံးတဲ့စကားလုံးတွေဒိုင်ယာလော့တွေဟာလည်းတကယ်ကိုအနှစ်ပါတာကိုတွေ့ရမှာပါ။ စိတ်ကိုဖျော်ဖြေပေးရုံပေးမယ့်ကားလေးလုံးဝမဟုတ်ရပါဘူး။ ကြည့်ရတာတကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီးတကယ်လည်းကြည့်သင့်တဲ့ဇာတ်ကားလေးတကားဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ။ Ratingမြင့်ကားလေးတကားဖြစ်ပြီးimdb rating8.2ထိရထားပါတယ်။ အညွန်းကိုတော့ CM မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်.. Translator -- Tin Htun Maung Encoder --Sai Wunna
8.2
IMDB: 8.2/10 938,659 votes
movie
V for Vendetta (2005)
2005
BluRay 1080p 6CH
xXx: State of the Union (2005) 4.4
xXx: State of the Union (2005) xXx ရဲ့ဒုတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ မင်းသားကြီး Vin Diesel မပါတော့ဘဲနဲ့ မင်းသား Ice Cube က xXx အေးဂျင့်ရဲ့ ဒုတိယမြောက် အေးဂျင့်အနေနဲ့ပါဝင်သရုပ်ဆောင် ထားတဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း -------------------- မင်းသားကြီး Ice Cube က Darius Stone အဖြစ်သရုပ်ဆောင်ထားပြီးတော့။ ကားခိုးမှု၊ ရမ်းကားမှု စတဲ့အမှုတွေနဲ့ ထောင်ထဲမှာ ၉နှစ်ကြာအောင်နေရတဲ့သူ တစ်ယောက်ပေါ့။ တစ်ရက်မှာတော့ xXx အေးဂျင့်အဖြစ် ကမ်းလှမ်းလာတဲ့အခါ မှာတော့... သူဘယ်လိုကျော်ဖြတ်မလဲဆိုတာ အက်ရှင်ကားကောင်းကြိုက်တဲ့သူ တွေလည်း ဒီကားလေးကိုကြိုက်မယ်လို့ထင်ပါတယ်။ သူ့ရဲ့တာဝန်ကတော့ သမ္မတကိုကယ်တင်ပေးရမှာဖြစ်ပါတယ်။ File Size – 1.61 GB Quality- BluRay 1080p 6CH Running Time – 1hr 41min Format – mkv Genre – Action, Crime, Thriller Subtitle – Myanmar (Hard Sub) Translator – Phyo Lay Encoded By – Robinn Hood
4.4
IMDB: 4.4/10 62,955 votes
movie
xXx: State of the Union (2005)
2005
BluRay 1080p 6CH
Saw II (2005) 6.6
Saw II (2005) Saw II (2005) မြန်မာစာတန်းထိုး *****************************   Saw ဆိုရင် လူတော်တော်များများလည်းသိဖူး ကြည့်ဖူးသလို လူကြိုက်အများဆုံးလည်းဖြစ်ခဲ့ဖူးပါတယ်.... သွေးထွက်သံယို များစွာနဲ့ တစ်ဦးနဲ့တစ်ဦးကို ဂိမ်းကစားပြီးသတ်ခိုင်း ဖျတ်ခိုင်း ခုတ်ခိုင်းနဲ့ ကြည့်ရှုသူအဖို့မှာ ရင်တထိတ်ထိတ်နဲ့ စိုင်းစိုင်းခမ်းလှိုင်သီချင်းလို ဖုတ်လိုက်..ဖုတ်လိုက် ဖြစ်နေကြတယ်ဆိုတာ မညာချင်စမ်းပါနဲ့ ကဲကဲ...ထားလိုက်ပါတော့.... ဒီဇာတ်ကားဟာစုစုပေါင်း ၇ ကားရှိပြီးတော့ ၇ကားလုံးဟာ ကြောက်ဖုတ်ကောင်းပါတယ်...ဆောရီး..ကြောက်ဖို့ကောင်းပါတယ်ပြောတာ............. ဒီလိုအေးချမ်းတဲ့ညလေး...အိမ်ထဲကနေ အိမ်ပြင်မထွက်ချင်တဲ့သူတွေ... အခန်းလေးထဲမှာ စောင်လေးကွေးပြီးတော့ ကော်ဖီလေးတစ်ခွက်ရယ်... BS ကတင်တဲ့ Saw ဇာတ်ကားလေးတွေကိုကြည့်ပြီးတော့.... တူတူကြောက်လိုက်ရအောင်.... အညွန်းကိုတော့ အများကြီးရေးပေးမနေတော့ဘူးဗျ လူတိုင်းလည်းသိကြတာကိုးး ဒီဇာတ်ကား ၇ ကားလုံးကိုဘာသာပြန်ပေးထားသူကတော့ ညီမလေး အိန်ဂျယ်စွာတေးလန် ဖြစ်ပြီး Sai Wunna[Nokime Kugachichiki] မှ 1080p ဖြင့် တင်ဆက်ပေးထားပါတယ်နော်   File Size – 1.50 GB Quality-BluRay 1080p 8CH Running Time – 1:34:32 Format – mkv Genre –   Horror, Mystery Subtitle – Myanmar (Hard Sub) Translator – Angel Swar Tae Encoded By – Sai Wunna [Nokime Kugachichiki]
6.6
IMDB: 6.6/10 213,183 votes
movie
Saw II (2005)
2005
BluRay 1080p 8CH
War of the Worlds (2005) 6.5
War of the Worlds (2005) ချစ်လှစွာသော ဒါရိုက်တာကြီး Steven Spielberg နဲ့ သိပ်တော်တဲ့မင်းသား Tom Cruise တို့ တွေ့ဆုံထားတဲ့ နောက်ထပ် Sci-fi ဇာတ်ကားတစ်ကားဖြစ်ပါတယ် အော်စကာ၃ဆုအတွက် ဆန်ကာတင်ဝင်ခဲ့ပေမဲ့ တစ်ဆု မှတော့မရခဲ့ပါဘူး ဇာတ်လမ်းအကျဉ်းကတော့ Ray Ferrier (Tom Cruise) က အိမ်ထောင်ကွဲနေတဲ့ လူတစ်ယောက်ဖြစ်ပြီး ကရိန်းကွန်တင်နာ အော်ပရေတာအဖြစ် လုပ်ကိုင်နေပါတယ် Ray က ဖခင်ကောင်းတစ်ယောက်မဟုတ်လို့ သူ့ဇနီးဟောင်းက ကွာရှင်းခဲ့တာဖြစ်ပြီး သူတို့မှာ ဆယ်ကျော်သက်အရွယ် Robbie ဆိုတဲ့သားနဲ့ Rachel ဆိုတဲ့ သမီးငယ်လေးတစ်ယောက်တို့ရှိပါတယ် တရက်မှာတော့ Ray ရဲ့ဇနီးဟောင်းက သူ့ခင်ပွန်းအသစ်နဲ့ ခရီးထွက်စရာရှိလို့ သားနဲ့သမီးကို Ray ဆီခဏလာထားပါတော့တယ် အဲ့ဒီအချိန်မှာပဲ ထူးဆန်းတဲ့ လျှပ်စီးမုန်တိုင်းတစ်ခုက မြို့ပေါ်ကျရောက်လာပြီး ကမ္ဘာခြားက ဂြိုဟ်သားတွေဝင်ရောက်လာပါတော့တယ် လူသားမျိုးနွယ်ကို နယ်ချဲ့မဲ့ ဂြိုဟ်သားတွေရန်ကနေ Ray တို့မိသားစု လွတ်မြောက်နိုင်ပါ့မလား ဒီဇာတ်ကားထဲက Ray ရဲ့သမီး Rachel နေရာသရုပ်ဆောင်ထားသူလေးက ဒီနေ့ခေတ်မှာ သိပ်ကိုချစ်စရာကောင်းလှတဲ့ မင်းသမီးလေး Dakota Fanning ပဲဖြစ်ပါတယ် အညွှန်းကိုတော့ mmsubtitle ...
6.5
IMDB: 6.5/10 377,169 votes
movie
War of the Worlds (2005)
2005
BluRay 1080p 6CH
Constantine (2005) 7.0
Constantine (2005) မက်ထရစ်နဲ့ speed စတဲ့ ဇာတ်ကားတို့အပြင် John Wick ဇာတ်ကားတို့ရဲ့သရုပ်ဆောင် ကမ္ဘာကျော်မင်းသား Keanu Reeves ရဲ့ ခပ်မိုက်မိုက်ဇာတ်ကားတစ်ကားပါ။ 2005 ခု နှစ်မှာထွက်ရှိထားပြီး ဒါရိုက်တာ Francis Lawrence က ရိုက်ကူးပြီး ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံကာရိုက်ကူးခဲ့တာ ရုပ်ရှင်အတွက် ပြန်ရတဲ့ငွေကတော့ ဒေါ်လာ သန်း ၂၃၀ ပဲဖြစ်ပါတယ် IMDb Rating မှာလည်း 6.9 ရရှိထားပါတယ်.. ဇာတ်လမ်းပုံစံကတော့ ဂျွန်ကွန်စတန်တင်းဟာ နတ်ဆိုးတွေကိုအမဲလိုက်တဲ့သူတစ်ဦးဖြစ်ပါတယ်.. မကောင်းဆိုးဝါးတွေ..ကြားထဲမှာပဲ သူ့ဘ၀ကိုရှင်သန်ပြီး..သူလုပ်ခဲ့တဲ့ အရာတွေကြောင့်သူသေရင် ငရဲကိုသာ သွားရလိမ့်မယ်ဆိုတာကို သူကိုယ်တိုင်လည်းသိပါတယ်..ဆေးလိပ်အရမ်းသောက်တာကြောင့် အဆုတ်တခုလုံးစုတ်ပြတ်သတ်နေပြီး သေဖို့အချိန်ကလည်းနီးကပ်နေပါပြီ..ကွန်စတန်တင်းဟာ သူသေရင် ငရဲအစားကောင်းကင်ဘုံကို တက်ရဖို့အတွက်..စွန့်စားမှုတခုကို အမြဲတမ်းလိုက်ရှာပြီး လုပ်ဖို့ကြိုးစားနေပါတယ်..သူ့ရဲ့ဝိဥာဉ်ဟာငရဲနဲ့ပဲသက်ဆိုင်တယ်လို့ မကောင်းဆိုးဝါးတွေကလည်း ယူဆတဲ့အတွက် သူ့ကိုအမျိုးမျိုးသတ်ဖို့ကြိုးစား..စိတ်အနှောက်အယှက်ပေးနေကြပါတယ်. တစ်နေ့မှာ ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ညီမဖြစ်သူကို မကောင်းဆိုးဝါး နတ်ဆိုးတွေလိုက်လံနှောက်ယှက်တဲ့အခါမှာ..ဂျွန်ဟာ အဲ့အမျိုးသမီးဘက်ကနေ ကူပါတော့တယ်.. ကောင်းကင်တမန် ..နဲ့..နတ်ဆိုးတွေ..အပြင်..နတ်ဆိုးဘုရင် လူစီဖာ နဲ့ပါ..ပါဝင်ပတ်သတ်မှုတွေနဲ့အတူ ဂျွန် ကွန်စတန်တင်းရဲ့ စွန့်စားမှုတွေ..ခပ်မိုက်မိုက်ရိုက်ချက်တွေကို ဆက်လက်ရှုစားကြပါ Review Credit to Channel Myanmar File Size – 1.9 GB Quality ...
7.0
IMDB: 7.0/10 267,699 votes
movie
Constantine (2005)
2005
BluRay 1080p 6CH
Harry Potter and the Goblet of Fire (2005) 7.7
Harry Potter and the Goblet of Fire (2005)
2005
BluRay 1080p 6CH