Burmese Subtitle

2004

Kung Fu Hustle (2004) 7.8
Kung Fu Hustle (2004) မင်းကားကြီးစတီဖင်​​ချောင်​ရဲ့အလွန်​​ကောင်းမွန်​တဲ့ရုပ်​ရှင်​​လေးကို မိတ်​ဆက်​ပါရ​စေ။ ဒီဇာတ်​ကားဟာ ဟာသကားလည်းဖြစ်​သလို အက်​ရှင်​ကားလည်းဖြစ်​ပါတယ်​။ ဇာတ်​လမ်း​လေးက​တော့ ၁၉၄၀ဝန်းကျင်​ တရုတ်​ပြည်​တွင်​လူဆိုးလူမိုက်​ဂိုဏ်းအကြီးဆုံးမှာပုဆိနိဂိုဏ်းဖြစ်​ပါတယ်​။ မင်းသားစတီဖင်​​ချောင်​ဟာ အရမ်းကိုပဲပုဆိန်​ဂိုဏ်းကိုဝင်​ချင်​​နေ​ပေမဲ့ အဲ့ဂိုဏ်းဝင်​ဖြစ်​ဖို့အတွက်​လူသတ်​ဖူးရမှာဖြစ်​ပါတယ်​။ ဒါ​ကြောင့်​သူနဲ့သူ့သူငယ်​ချင်းဟာ လူအရမ်းရှုပ်​တဲ့ရပ်​ကွက်​တစ်​ခုကိုသွားပြီးလူမိုက်​သွားလုပ်​တယ်​။ အဲဒါလည်းမ​အောင်​မြင်​​တော့ မ​ကျေနပ်​ပဲ ပုဆိန်​ဂိုဏ်းကို​ခေါ်သွားတယ်​။ အရမ်းကြမ်းတမ်းတဲ့ပုဆိန်​ဂိုဏ်းရဲ့တိုက်​ခိုက်​မှု​တွေကို အဲ့ရပ်​ကွက်​မှာသာမန်​လူ​တွေလိုေ​န​နေတဲ့ Kung Fu Master ​တွေကခုခံတိုက်​ခိုက်​ခဲ့ပါတယ်​။ ဂိုဏ်း​ခေါင်း​ဆောင်​ကရှုံး​နေတယ့်​အတွက်​​ကြောင့်​အလွန်​​ကြောက်​စရာ​ကောင်းတဲ့ Beast လို့​ခေါ်တဲ့ Kung Fu Master တစ်​​ယောက်​ကို​ခေါ်လာပါတယ်​။ အရမ်းကြမ်းကြုတ်​ပြီး သိုင်းမှာလည်း​တော်​တယ့်​အတွက်​​ကြောင့်​ ရပ်​ကွက်​က သိုင်းဆရာ​တွေလည်းမခုခံနိုင်​​တော့ပါ။ အဲ့ချိန်​မှာ မင်းသားဟာ သူသာလျှင်​ Beast ကိုနိုင်​မယ့်​သူရဲ​ကောင်းဆိုတာကို​​​သိလာခဲ့တယ်​။ အရမ်းကိုရယ်​ရတဲ့ကားဖြစ်​ပြီး သိုင်းအကွက်​​တွေကလည်းအရမ်းကိုကြည့်​​ကောင်းပါတယ်​။ ဒီဇာတ်​ကားဟာ ၂၀၀၄ခုနစ်​မှာထွက်​ခဲ့ပြီး ကြည့်​တိုင်းမရိုးရတဲ့ကား​လေးပါ။ ပရိတ်​သတ်​​တွေလည်းကြိုက်​မယ်​လို့​မျှော်​လင့်​ပါတယ်​။ Review Credit to Original Translator - Aung Myint Oo Encoder - Robinn Hood
7.8
IMDB: 7.8/10 114,437 votes
movie

Kung Fu Hustle (2004)

2004
BluRay 1080p 6CH
The Notebook (2004) 7.9
The Notebook (2004) The Notebook အညွှန်း =========== ဒီဇာတ်ကားကို ရုပ်ရှင်ချစ်ဘော်ဒါတိုင်း ကြည့်ဘူးကြမယ်လို့ ယုံကြည်မိပါတယ်။the notebook ဇာတ်ကားက အမေရိကန် အချစ်စာရေးဆရာကြီးnicholas sparks ရဲ့ ဝတ္ထု ကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဟောလိဝုဒ်ရုပ်ရှင်လောကကို အလုပ်အကျွေးပြု နေတဲ့စာရေးဆရာကြီးဆိုလည်းမှားမယ်မထင်ပါဘူး။သူဝတ္ထု ကိုပြန်ရိုက်တဲ့ ဇာတ်ကားတိုင်း သောက်သောက်လဲလူကြို က်များ အောင်မြင်တဲ့အတွက်ပါ။ယခု the notebook ဇာတ်ကားကလည်း ဆယ်ကျော်သက်တွေကြားမှာအရမ်းလူကြို က်များခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။သူရဲ့ ဇာတ်ကားအများစုက ရိုးရှင်းတဲ့ ဇာတ်အိမ်လေးတွေနဲ့ အချစ်ကိုဆွတ်ပျံ့ ကြည်နူးဖွယ်ဖြစ်အောင် ပုံဖော်တတ်ပါတယ်။အခြားအချစ်ကားတွေလိုရှု ပ်ထွေးတဲ့ဇာတ်အိမ် လိင်ကိစ္စအသားပေးထားတာမျိုး သူ့ဇာတ်ကားတွေထဲမှာ သိပ်ပြီးမတွေ့ရပါဘူး။မနှစ်ကထွက်ထားတဲ့ the best ofmeနဲ့ ယခု the notebookက ဇာတ်အိမ်တည်ဆောက်မှု က တူညီပါတယ်။ဒါပေမယ့် ပိုပြီး ကောင်းသွားတာက ယခု the notebook ဇာတ်ကားဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေဖြစ်ကြတဲ့ Ryan Gosling နဲ့ Rachel McAdams ...
7.9
IMDB: 7.9/10 466,116 votes
movie

The Notebook (2004)

2004
BluRay 1080p 6CH
Ocean’s Twelve (2004) 6.5
Ocean’s Twelve (2004) George Clooney ၊ Brad Pitt ၊ Matt Damon ၊Don Cheadle ၊ Bernie Mac ၊ Julia Roberts ၊ Catherine Zeta‑Jones တို့လို နာမည်ကြီး မင်းသားမင်းသမီးတွေအပြင် တခြား နာမည်ကျော် သရုပ်ဆောင်များစွာလဲ ပါဝင်ထားလို့ ဒိတ်ဒိတ်ကြဲတွေကို တစ်ချိန်တည်းမြင်တွေ့ရမယ့် ဇာတ်ကားပါ၊ ကဲ Ocean 11 ရဲ့ နောက်ဆက်တွဲ Ocean 12 ပါဗျား… 2004 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဒါရိုက်တာနဲ့ ထုတ်လုပ်သူကတော့ ပထမဇာတ်လမ်းက ပုဂ္ဂိုလ်များပဲဖြစ်ပါတယ်။ ဆုတံဆိပ် ၂ ခုနဲ့ စံကာတင်စာရင်း ၈ ခု ဝင်ခဲ့ပါတယ်။ Rating တွေနဲ့ ဆုပိုင်းမှာ အနည်းငယ် လျော့သွားတာကိုတော့ သတိထားမိမယ် ထင်ပါတယ်ခင်ဗျ။ ဒါပေမယ့်လည်း ဒီလို အလှည့်အပတ်ဇာတ်လမ်းလေးတွေကိုမှ ကြိုက်သူတွေအတွက်ကတော့ Mr.Bean ရဲ့ ဝက်ဝံရုပ်ပါပဲဗျာ…. LA ...
6.5
IMDB: 6.5/10 327,182 votes
movie

Ocean’s Twelve (2004)

2004
BluRay 1080p 6CH
Hellboy (2004) 6.9
Hellboy (2004) ငယ်ငယ်တုန်း က မှုန်တုန်ဝါးတား နဲ့ ကြည့်ခဲ့ရတဲ့ ကားလေးပေါ့ဗျာ။ ဒုတိယ ကမ္ဘာစစ်မှာ နာဇီတွေ ဟာ စစ်ပွဲ အခြေအနေ ဆိုးရွားမှုတွေ နဲ့ ရင်ဆိုင်လာရတဲ့ အခါမှာ သမရိုးကျ မဟုတ်တဲ့ နည်းလမ်းတွေ နဲ့ စစ်နိုင်အောင် ကြိုးပမ်းဖို့ ကြံစည်ခဲ့ကြတယ်။ သူရ်လ် လို့ ခေါ်တဲ့ လောကီပညာရှင် (မှော်ဆရာ)ဂိုဏ်း နဲ့ ဆက်သွယ်ပူးပေါင်းပြီး တခြား လောကတစ်ခုရဲ့ ဝင်ပေါက် ကို ဖွင့်လှစ်လို့ သဘာဝ မဆန်တဲ့ သတ္တဝါတွေ အကူအညီ နဲ့ စစ်ပွဲကို အနိုင်ယူနိုင်ဖို့ ကြိုးစားခဲ့တယ်။ အမေရိကန် သမ္မတ ရုစဗဲ့ ရဲ့ လက်အောက် က သဘာဝလွန်ထိန်းသိမ်းကြီးကြပ်ရေး အဖွဲ့ကနေ စစ်ဆင်ရေးတစ်ခုအနေနဲ့ သွားရောက်တားဆီးကြပေမဲ့ ဝင်ပေါက်ကို အချိန်မီ မပိတ်လိုက်နိုင်တဲ့ အတွက် ထူးဆန်းတဲ့ အနီရောင် ကောင်လေး တစ်ယောက် က ၎င်းဝင်ပေါက်ကနေ ...
6.9
IMDB: 6.9/10 279,776 votes
movie

Hellboy (2004)

2004
BluRay 1080p 6CH
National Treasure (2004) 6.9
National Treasure (2004) လက်ရှိလူတွေသုံးစွဲနေတဲ့ရတနာတွေဟာ လူ့သမိုင်းတစ်လျှောက်မှာ ရှာဖွေတွေ့ရှိခဲ့သမျှ ရတနာတွေရဲ့၁၀ ပုံ ၁ ပုံပဲ ရှိသေးတယ်လို့ ဆိုတယ်။ ရှေးလူတွေရှာဖွေတွေ့ရှိခဲ့တဲ့ ရတနာတွေဟာ စစ်ကြောင့် ကပ်ဘေးကြောင့် ရာသီဥတုကြောင့် တိမ်မြှုပ်ပျောက်ကွယ်နေရသလို သိုဝှက်သိမ်းဆည်းခံထားရတာတွေလည်း ရှိတတ်တယ်။ လောဘစေရာ မနေသာလို့ ဒီရတနာတွေနောက် ခြေရာကောက်ပြီး လိုက်ရှာတဲ့ရတနာမုဆိုးတွေလည်း ခေတ်အဆက်ဆက် ပေါ်ခဲ့ကြတယ်။ ရတနာဆိုတဲ့ စကားလုံးမှာ ရွှေငွေကျောက်သံပတ္တမြားတွေ အဖိုးတန်ရှေးဟောင်းပစ္စည်းတွေပါသလို ဘာသာရေးအရဦးထိပ်ထားစရာ အမွေအနှစ်တွေလည်း အကျုံးဝင်တယ်။ ဒီလိုနယ်ပယ်ကျယ်ပြန့်တဲ့ ဝေါဟာရနဲ့ သမိုင်းအရိပ်အောက်မှာစာရေးဆရာတွေ ဒါရိုက်တာတွေအတွက်တော့ ဖန်တီးချင်စရာ စိတ်ကူးယဉ်စရာ ဇာတ်လမ်းတွေ နှိုက်ထုတ်လို့မကုန်လောက်အောင်ပါပဲ။ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Nicholas Cage ရဲ့ National Treasure ဆိုတဲ့ ရုပ်ရှင်ကားကို အတော်များများကြည့်ဖူးကြမှာသေချာတယ်။ ဝင်ငွေပိုင်းကော ဝေဖန်ရေးဆရာတွေရဲ့ ကလောင် ဖျားမှာကော အောင်မြင်လှတယ်လို့ မဆိုနိုင်ပေမယ့် ဒီကားကိုကြည့်မိတဲ့လူငယ်တွေဟာ အမေရိကန် ပြည်ထောင်စုသမိုင်းစာအုပ်တွေကို ပြန်လှန်ဖြစ်ကြတာဟာ ဖန်တီးသူတွေအတွက် အောင်မြင်မှုပဲ။ ကလေးတွေကလည်း ...
6.9
IMDB: 6.9/10 279,597 votes
movie

National Treasure (2004)

2004
BluRay 1080p 6CH
Troy (2004) 7.2
Troy (2004) Troy (2004) Troy ရုပ်ရှင်ဟု ဆိုလိုက်တာနှင့် ဂရိဘက်မှ မြင်းရုပ်ကြီးအား ထရိုဂျန်စစ်သားများက ကြိုးများဖြင့်ချည်နှောင်ကာ အီလီယွန်(Iliad)မြို့ ထဲကို သယ်ဆောင်သွားတဲ့အကြောင်းတွေကို ကြားဘူးနားဝရှိကြပါလိမ့်မည်။ ထင်ရှားကျော်ကြားသော စစ်ပွဲတွေ အကြောင်းကို ညွှန်းဆိုပြောဆိုကြမည်ဆိုလျှင်လည်း ထရိုဂျန်စစ်ပွဲအကြောင်းကို ချန်ထား၍ ရမည်မထင်ပေ။ ကမ္ဘာ့အစောဆုံးဂန္တဝင် စာပေ လက်ရာတစ်ခုအဖြစ် သမုတ်ထားကြသည့် ဂရိစာဆိုတော်ကြီး ဟိုးမား၏ အိလီယက်နှင့် အိုဒက်ဆီ ကဗျာရှည်နှစ်ပုဒ်အနက် အီလီယက်ကဗျာမှာ ဂရိလူမျိုးတို့ ၏ ထရွို င်မြို့အောင်ပွဲအကြောင်းကို ပြန်ပြောင်းဂုဏ်ပြု စိမ့်သောငှာ ဂုဏ်တင်ရေးဖွဲ့ထားသည့်ကဗျာရှည်တစ်ပုဒ်ဟု ပြောဆို၍ ရနိုင်ပါမည်။ ထရိုဂျန်စစ်ပွဲကို အောင်နိုင်ဖို့ရာအတွက်လည်း ဂရိနိုင်ငံနှင့် ထရွို င်မြို့ နိုင်ငံတို့ ကိုးနှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည်။ လူသားတွေသာမကပဲ နတ်ဘုရားတွေကပါ ကူညီတိုက်ခိုက်ကြသည်။ စစ်ပွဲဖြစ်ပွားရပုံကနဦးအကြောင်းရင်းကို ဖောက်သည်ချရလျှင် ထရွိင်ဘုရင်သားတော်ငယ် ပဲရစ်က ဂရိဘုရင်ကြီးအက်ဂါမန်မနွင်၏ ညီ မက်နယ်လော့ မိဖုရား ဟယ်လင်အား ခိုးယူသွားပုံကနေ စတင်ခြင်းဖြစ်သည်။ ထရွို င်နိုင်ငံအား တိုက်ခိုက်အောင်မြင်ဖို့ရာအတွက် စစ်သူကြီး အာချိလိ ...
7.2
IMDB: 7.2/10 439,046 votes
movie

Troy (2004)

2004
BluRay 1080p 6CH
Downfall (2004) 8.2
Downfall (2004) ဒီဇာတ်​လမ်းကိုမကြည့်​ဖူး​သေးရင်​​တောင်​ အစည်းအ​ဝေးခန်းကျဉ်း​လေးတစ်​ခုထဲမှာ ဟစ်​တလာကြီး ​အော်​ဟစ်​​ပေါက်​ကွဲ​နေတဲ့ အခန်းကို တခြားဟာသစာသား​တွေထည့်​ပြီး တင်​ကြတာကိုမြင်​ဖူး​တော့ရင်းနီး​နေကြမယ်​ထင်​ပါတယ်​။ ဇာတ်​လမ်းကိုကြည့်​ပြီးထားတဲ့လူအချို့က​ပြောတယ်​ ဒီ​နေရာမှာဘယ်​လိုစာသားထည့်​ထည့်​ သူတို့မရယ်​မိ​တော့ပါဘူးတဲ့ ကိုယ်​တိုင်​လည်း မကြည့်​ရ​သေးခင်​အထိ အဲ့ဒီစကားကိုအနည်းငယ်​ ပိုတယ်​ထင်​​ပေမယ့်​ အပြစ်​​တော့မဆိုမိပါဘူး။ ဒီလိုနဲ့​စောင့်​ကြည့်ဖို့ကြုံလာလို့ကြည့်​ပြီးသွားတဲ့အခါ သူတို့​ပြောတာ ပိုတယ်​လို့မထင်​​တော့ပဲ ဖြတ်​ညှပ်​ထည့်​ထားတဲ့ ဟာသစကား​တွေကို မမြင်​​တော့ပါဘူး ​သွေးပျက်​စွာ​အော်​ဟစ်​​နေတဲ့ ဟစ်​တလာကြီးရဲ့အတ္တကြီးမှု​တွေကိုသာမြင်​ပြီး ကြက်​သီး​တွေ​ထမိတဲ့အထိဖြစ်​လာတယ်​။ အရင်​က ဂျူး နဲ့ ဂျာမန်​ ဇာတ်​လမ်း​တွေကို အ​တော်​များများကိုကြည့်​ဖူး​ပေမယ့်​ ဂျူး​တွေဘက်​က ဇာတ်​နာမှုအများစုကို မျက်​ရည်​ဥ​လောက်​​အောင်​မြင်​ခဲ့ရတာများပါတယ်​။ အခုတစ်​ဖန်​ ဂျာမန်​​တွေရဲ့ဖြစ်​ရပ်​ကိုမြင်​ရတဲ့အခါလည်း စိတ်​ချမ်း​မြေ့စရာတစ်​စက်​မှကိုမရှိပါဘူး။ ယမ်း​ငွေ့ကြားထဲအတုံးအရုံးလဲပြိုကျ​နေတဲ့ ဘာလင်​မြို့သူမြို့သား​တွေ လူမမယ်​က​လေး​တွေနဲ့ ခိုကိုးရာမဲ့တဲ့သက်​ကြီးရွယ်​အိုပြည်​သူ​တွေဟာ ​မြေဇာပင်​အဖြစ်​နဲ့ အနာဂတ်​​ပျောက်​ခဲ့ရတယ်​။ ဒီလိုအဖြစ်​ဆိုး​တွေနဲ့ ကြုံ​တွေ့ရတဲ့ ရင်​နာစရာမြင်​ကွင်း​တွေကိုမြင်​​တွေ့ပြီးတဲ့အခါ ​သေချာပါတယ်​ အထက်​က​ပြောခဲ့သလို ဒီ​နေရာမှာ ဘယ်​လိုဟာသစာသားထည့်​ထည့်​ ရယ်​မိကြမှာမဟုတ်​​တော့ပါဘူး။ ဟစ်တလာ ကျဆုံးခန်း!!! ၁၉၄၅ ခုနှစ်တွင် ဂျာမနီ ဟာဆိုရင် အနောက်ဖက်နှင့် တောင်ဖက်တွင် ပိတ်မိပြီး ဆိုဗီယက်စစ်တပ်တွေကို ရှုံးနိမ့်လုအခြေနေကိုရောက်ခဲ့တယ်။ ဘာလင်က Third Reich မြို့ တော်မှာ ဆိုရင် Adolf Hitler က ဂျာမနီက အောင်မြင်မှုကို ရရှိနိုင်ခြေရှိပြီး သူရဲ့အကြံပေးတွေနဲ့ ဗိုလ်ချုပ်တွေကို နောက်ဆုံးလူကို တိုက်ခိုက်ရန်အမိန့်ပေးခဲ့တယ်။ ” Downfall”မှာ တော့ Reich ရဲ့ နောက်ဆုံးနေ့တွေမှာ အကြီးပိုင်းဂျာမာန်ခေါင်ေးဆာင်တွေက သူတို့ရဲ့ ချစ်ခင်ရသူမှ သစ္စာဖောက်ခြင်းစတင်ခံရခြင်း၊ မိမိတို့အသက်ကယ်တင်ရန် ကြိုးပမ်းခဲ့ပုံ၊ အချို့သောသူများက Hitler နှင့်အတူအသေခံရန်ရှိကြောင်းတို့ကို ပြသခဲ့တယ်။ Hitler ကိုယ်တိုင် ...
8.2
IMDB: 8.2/10 296,052 votes
movie

Downfall (2004)

2004
BluRay 1080p 6CH
Saw (2004) 7.6
Saw (2004) Saw (2004) မြန်မာစာတန်းထိုး *************************** Saw ဆိုရင် လူတော်တော်များများလည်းသိဖူး ကြည့်ဖူးသလို လူကြိုက်အများဆုံးလည်းဖြစ်ခဲ့ဖူးပါတယ်.... သွေးထွက်သံယို များစွာနဲ့ တစ်ဦးနဲ့တစ်ဦးကို ဂိမ်းကစားပြီးသတ်ခိုင်း ဖျတ်ခိုင်း ခုတ်ခိုင်းနဲ့ ကြည့်ရှုသူအဖို့မှာ ရင်တထိတ်ထိတ်နဲ့ စိုင်းစိုင်းခမ်းလှိုင်သီချင်းလို ဖုတ်လိုက်..ဖုတ်လိုက် ဖြစ်နေကြတယ်ဆိုတာ မညာချင်စမ်းပါနဲ့ ကဲကဲ...ထားလိုက်ပါတော့.... ဒီဇာတ်ကားဟာစုစုပေါင်း ၇ ကားရှိပြီးတော့ ၇ကားလုံးဟာ ကြောက်ဖုတ်ကောင်းပါတယ်...ဆောရီး..ကြောက်ဖို့ကောင်းပါတယ်ပြောတာ............. ဒီလိုအေးချမ်းတဲ့ညလေး...အိမ်ထဲကနေ အိမ်ပြင်မထွက်ချင်တဲ့သူတွေ... အခန်းလေးထဲမှာ စောင်လေးကွေးပြီးတော့ ကော်ဖီလေးတစ်ခွက်ရယ်... BS ကတင်တဲ့ Saw ဇာတ်ကားလေးတွေကိုကြည့်ပြီးတော့.... တူတူကြောက်လိုက်ရအောင်.... အညွန်းကိုတော့ အများကြီးရေးပေးမနေတော့ဘူးဗျ လူတိုင်းလည်းသိကြတာကိုးး ဒီဇာတ်ကား ၇ ကားလုံးကိုဘာသာပြန်ပေးထားသူကတော့ ညီမလေး အိန်ဂျယ်စွာတေးလန် ဖြစ်ပြီး Sai Wunna[Nokime Kugachichiki] မှ 1080p ဖြင့် တင်ဆက်ပေးထားပါတယ်နော်   File Size – 1.63 GB Quality – BluRay 1080p 6CH Running Time – 1:53:39 Format – mkv Genre –   Horror, Mystery Subtitle – Myanmar (Hard Sub) Translator – Angel Swar Tae Encoded By – Sai Wunna [Nokime Kugachichiki]
7.6
IMDB: 7.6/10 344,270 votes
movie

Saw (2004)

2004
BluRay 1080p 6CH
Around the World in 80 Days (2004) 5.9
Around the World in 80 Days (2004) ဖီလီးယက်ဖော့ဟာ အင်္ဂလန် ဗစ်တိုးရီးယန်းမှာ နေထိုင်တဲ့ တီထွင်သူတစ်ယောက်ဖြစ်ပြီး သူဟာ ကမ္ဘာကြီးကို ရက် ရှစ်ဆယ်နဲ့ပတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ နောက်ထပ် တီထွင်သူ တစ်ယောက်က သူ့ကို အဲ့ဒီခရီးသွားဖို့ စိန်ခေါ်မှုကို ဖီလီးယက် လက်ခံခဲ့တယ်။ သူ့နဲ့ အတူ ခရီးသွားဖော်ကတော့ သစ္စာရှိ အိမ်စေတစ်ယောက်ဖြစ်တဲ့ ပါဆီပါတောက်နဲ့ လှပတဲ့ လမ်းပြတစ်ယောက်ဖြစ်တဲ့ မိုနစ်ခ် ဖြစ်ပါတယ်။ ကွဲပြားတဲ့သယ်ယူပို့ဆောင်ရေးတွေ ပါဆီပါတောက်ရဲ့ သိုင်းပညာအစွမ်းတွေနဲ့ သူတို့ သုံးယောက် ကမ္ဘာပတ်ဖို့ထွက်လာကြပါတယ်။ သူတို့ခရီးစဉ်မှာ ဘာတွေဘယ်လိုကြုံတွေ့ကြမယ်ဆိုတာကို ဒေါင်းပြီး ရှုစားလိုက်ပါဦး။ (အညွှန်းကိုတော့ MMSubtitle မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။) File Size – 1.9 GB Quality – 1080p Blu-Ray 6CH Running Time – 2hr Format – mkv Genre – Action, Adventre, Comedy Subtitle – Myanmar (Hard Sub) Translator – ...
5.9
IMDB: 5.9/10 77,377 votes
movie

Around the World in 80 Days (2004)

2004
BluRay 1080p 6CH
Resident Evil: Apocalypse (2004) 6.2
Resident Evil: Apocalypse (2004) Imdb 6.2 ထိရရှိခဲ့​သောဇာတ်​ကား​ကောင်းဖြစ်​သည်​။ Resident Evil (2002) ​အောင်​မြင်​ပြီး​နောက်​ 2004 ခုနှစ်​တွင်​ Resident Evil (2004) ကိုဆက်​လက်​ရိုက်​ကူးခဲ့သည်​။ ပထမဇာတ်​ကားမှ အဖြစ်​အပျက်​များဖြစ်​ပွားပြီး​နောက်​ Alice သည်​ ​ တစ်​စုံတစ်​​ယောက်​မှ မရှိ​သော ဆေးရုံမှ နိုးလာ​သောသည်​။ ထို့​နောက်​ တစ်​မြို့လုံးကို လှည့်​လည်​ကြည့်​ရှူ့​လေသည်​ ။ သို့​သော်​ လူတစ်​ဦး၏ အရိပ်​အ​ခြေကိုမမြင်​ရ​ပါ။ T-Virus ဟု​ခေါ်​သော ​ရောဂါပိုးတစ်​မျိုးက ထို့မြို့တွင်​ ကူးဆက်​လျက်​ရှိသည်​။ ထိုမြို့မှ မြို့ခံများအားလုံး zombie အဖြစ်​​ပြောင်းလဲကုန်​ကြ​လေသည်​။ သို့​သော်​ ၎င်းမြို့တွင်​ ထွက်​​ပေါက်​ဟူ၍ တစ်​​ပေါက်​တည်းသာရှိ​ပါသည်​။ Umbrella Coporation မှ Hacker သည်​ မြို့၏ CCTV System ကို Hack လိုက်​ပြီး Alice အသက်​ရှင်​​နေ​ကြောင်း နှင့်​Umbrella Coporation မှ တာဝန်​ရှိသူများအသက်​ရှင်​​နေ​ကြောင်းသိရ​လေသည်​။ Nuclear ​​ဖောက်​ခွဲမည်​ကိုသိရ​သော Alice ၊ ...
6.2
IMDB: 6.2/10 171,703 votes
movie

Resident Evil: Apocalypse (2004)

2004
BluRay 1080p 6CH
Collateral (2004) 7.5
Collateral (2004) မိသားစုကို Taxi မောင်းရင်း လုပ်ကျွေးနေတဲ့ Max... ခေါက်ရိုးကျိုးနေ့ရက်တွေကို ဖြတ်သန်းရင်း တစ်နေ့မှာ လူတစ်ယောက်က သူ့ကို ကားငှားခဲ့တယ် ...သူ့ကိုကားငှားတဲ့ခရီးသည်ကို နေရာတစ်ခုကိုလိုက်ပို့တယ် ဒါပေမယ့် ခရီးသည်က အဲ့ဒီနေရာမှာပဲသူ့ကိုစောင့်ခိုင်းထားလေတော့ သူစောင့်နေမိတယ်....မမျှော်လင့်ဘဲ အလောင်းတစ်လောင်းဟာ Max ရဲ့ကားပေါ်ပြုတ်ကျလာတယ်....သူလိုက်ပို့တဲ့ခရီးသည်ရဲ့လက်ချက်ပါပဲ ...သူ့ကိုငှားတဲ့ခရီးသည် ဟာ သာမန်လူမဟုတ်ဘဲ ကြေးစားလူသတ်သမားဖြစ်နေတယ် မျက်မြင်သက်သေလိုဖြစ်နေတဲ့ Maxတစ်ယောက် ခရီးသည်ကြေးစားလူသတ်သမား ရဲ့ အကြပ်ကိုင်မှုတွေနဲ့အတူ ရာဇဝတ်မှုတွေမှာ ပါဝင်လာရပါတော့တယ်။နောက်ပိုင်းသူတို့နှစ်ယောက် ဘယ်လိုရှေ့ဆက်ကြမလဲ။နာမည်ကျော် မင်းသားနှစ်လက်ဖြစ်တဲ့ တွမ်ခရုစ်နဲ့ဂျေမီဖောက်စ် တို့ရဲ့ လိုက်ဖက်ညီလှတဲ့သရုပ်ဆောင်ချက်တွေကို ရင်တစ်ဖိုဖို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ Reviewed Credit to Aye Mon Kyaw (CM) File Size – 1.9 GB Quality – Blu-Ray 1080p 6CH Running Time – 2hr Format – mkv Genre – Crime, Drama, ...
7.5
IMDB: 7.5/10 326,871 votes
movie

Collateral (2004)

2004
BluRay 1080p 6CH
The Terminal (2004) 7.3
The Terminal (2004) Tom Hanks ခေါင်းဆောင်ပါဝင်တဲ့ ဒီကားက ဟာသကားဆိုပေမဲ့ လူငယ် လူရွယ်များ ဗဟုသုတရနိုင်တဲ့ကားမို့ ရုပ်ရှင်ပရိသတ်အတွက် မိတ်ဆက်ပေးလိုပါတယ်။ အရှေ့ ဥရောပသား Viktor Navorski က အမေရိကားကို ထွက်လာစဉ်က ဗီဇာပါလာပေမဲ့ နယူးယောက်လေဆိပ်ကို ရောက်ချိန်မှာ ပြည်ဝင်ခွင့် ငြင်းဆိုခံလိုက်ရပါတယ်။ အကြောင်းက သူ့တိုင်းပြည် မငြိမ်မသက်ဖြစ်ပြီး အမေရိကားက သံတမန်ဆက်ဆံရေး၊ စီးပွားရေး အားလုံး ရုတ်တရက် ပိတ်ဆို့လိုက်ပါတယ်။ ဘယ်အချိန်ပြန်ဖွင့်မယ်ဆိုတာမသိတဲ့အတွက် သူဟာ ဘယ်အချိန်ပြည်ဝင်ခွင့်ရမယ်ဆိုတာ မပြောနိုင်သလို သူ့ပတ်စပို့ကိုလည်း အမေရိကားက လက်မခံတဲ့အတွက် ပြည်တော်ပြန်လို့လည်းမရဘဲ လေဆိပ်ထွက်ခွါဆောင်မှာပဲ နေဖို့ ဖြစ်လာပါတယ်။ လေဆိပ်အုပ်တာဝန်ခံ Frank က သူကို အစပိုင်းမှာ လေဆိပ်ထဲမှာ နေခိုင်းထားပေမယ့်၊ သူရာထူးတို့ဖို့ အတွက် Review လုပ်မယ့် အဖွဲ့တွေလာတဲ့အခါမှာတော့ Viktor တစ်ယောက် လေဆိပ်ထဲမှာ ရှိနေရင် သူ့အတွက် တာဝန်များတာကြောင့် ...
7.3
IMDB: 7.3/10 351,299 votes
movie

The Terminal (2004)

2004
BluRay 1080p 6CH
Harry Potter and the Prisoner of Azkaban (2004) 7.9

Harry Potter and the Prisoner of Azkaban (2004)

2004
BluRay 1080p 6CH
Dhoom (2004) 6.7
Dhoom (2004) Dhoom ကားတွေရဲ့ပထမဆုံးကားလေးပါ။ ဆိုင်ကယ်တွေနဲ့အုပ်စုလိုက် ဓါးပြတိုက်နေတဲ့ ဓါးပြအဖွဲ့တစ်ဖွဲ့ကို လိုက်လံဖမ်းစီးပုံကို ရိုက်ပြထားတာပါ။ ဒီဇာတ်ကားလေးထဲမှာ ACP Jay Dixit နဲ့ Ali တို့ဘယ်လိုစတွေ့ခဲ့တယ်ဆိုတာပါသိရမှာဖြစ်ပါတယ်။အမြဲချိန်ပါဖြစ်နေတဲ့ Ali ရဲ့ဘဝကို သနားစဖွယ်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါတဲ့ဓါးပြအဖွဲ့ရဲ့ခေါင်းဆောင်ကတော့ အခု အိန္ဒိယမှာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေတဲ့ မင်းသား john abraham ဖြစ်ပါတယ်။ Dhoom 2 နဲ့ 3လောက်မကောင်းပေမယ့်လည်း ယှဉ်ကြည့်လို့ရတဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ ~Review Credit To Original File Size – 2.31GB Quality – Blu-Ray 1080P 6CH Running Time – 2h 09min Format – mkv Genre – Action, Crime, Thriller Translator – La Minn Encoded By – Htet Aung Moe  
6.7
IMDB: 6.7/10 15,771 votes
movie

Dhoom (2004)

2004
BluRay 1080p 6CH