Burmese Subtitle

2001

Planet of the Apes (2001) 5.7
Planet of the Apes (2001) ဒီဇာတ်ကားကတော့ ၂၀၀၁ ခုနှစ်ကထွက်ရှိထားတဲ့သိပ္ပံအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ---------------------------- အာကာသ သိပ္ပံစခန်းတစ်ခုက အာကသထဲမှာဖြစ်ပျက်နေတဲ့ လျှပ်စစ်မုန်တိုင်းကိုလေ့လာဖို့အတွက် ဉာဏ်ရည်မြင့်မျောက်တွေကိုမွေးပြီးတော့ အစမ်းသပ်ခံအနေနဲ့ အသုံးပြုပါတယ်။ ဒီထဲကမှ ဉာဏ်ရည် အမြင့်ဆုံး မျောက်တစ်ကောင်ကို စေလွှတ်ခဲ့တဲ့အခါမှာတော့ ဆက်သွယ်မှု ဧရိယာပြင်ပထဲကို ရောက်သွားပြီးတော့အဆက်အသွယ်ပျက်တောက်သွားစေခဲ့ပါတယ်။ ဒီလိုနဲ့ မျောက်ကို ထိန်းကျောင်း ပေးတဲ့တနည်းအားဖြင့် သခင်ဖြစ်တဲ့ လီယို ကတော့သူ့မျောက်ကိုပြန်ရှာဖို့အတွက် စခန်းကနေအသည်း အသန်ထွက်သွားပြီးတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မယ်ဆိုတာကို BS ကပရိတ်သတ်ကြီး ကြည့်ရှုခံစားလိုက်ပါဦးဗျာ။
5.7
IMDB: 5.7/10 200,180 votes
movie

Planet of the Apes (2001)

2001
BluRay 1080p 6CH
Black Hawk Down (2011) 7.7
Black Hawk Down (2011) ဒီဇာတ်ကားဟာ 1993 ခုနှစ် ဆိုမာလီယာ နိုင်ငံရဲ့ ပြည်တွင်းအစိုးရမငြိမ်သက်မှုနဲ့ ငတ်မွတ်နေတဲ့ပြည်သူတွေအတွက် အမေရိကန်စစ်တပ်ကနေပြီး အစာရေစာတွေကို Black Hawk ရဟတ်ယာဉ်များနဲ့အသုံးပြုပြီးစောင့်ကြည့်နေခဲ့ရာကနေပြီးစတင်ထားပါတယ် ။ ဆိုမာလီယာ အစိုးရ ဝန်ကြီးတွေကို ရှောင်တခင်ဝင်ဖမ်းဖို့ စစ်ဆင်ရေးတစ်ခုမှာ Black Hawk ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး စစ်ဆင်ရေးအချိန်ကြာမြင့်ရာက နေပြီးတော့ ဆိုမာလီယာ ရဲ့ပြည်တွင်းစစ်ထဲမှာ ကြားညှပ်နေပါတော့တယ်။ ဒီဇာတ်ကားဟာ စစ်ကားကြိုက်တတ်တဲ့သူတွေအတွက် သိပြီးသားဇာတ်ကား ဖြစ်မှာပါ၊ Burmese Subtitle ကနေပြီး ရုပ်သံအကြည်လင်ဆုံးကြည့်ရှုနိုင် အောင် 1080P Blu-Ray 5.1CH ဖြင့်တင်ဆက်ထားပြီး 720P မိုဘိုင်းဖုန်းတွေ အတွက်ပါအဆင်ပြေအောင်ပြုလုပ်ပေးထားပါတယ်။   File Size – 2.29 GB Quality – Blu-Ray 1080P 6CH Running Time – 2h 24min Format – mkv Genre – Drama, History, War Translator – KOYE
7.7
IMDB: 7.7/10 326,984 votes
movie

Black Hawk Down (2011)

2001
BluRay 1080p 6CH
Jurassic Park III (2001) 5.9
Jurassic Park III (2001) Jurassic Park 3 ကို ဒါရိုက်တာJoe Johnston ကရိုက်ကူးထားပြီး 2001 ခုနှစ်တွင် ရုံတင်ခဲ့ပါသည်။ IMDb 5.9 နှင့် RT 50% သာရရှိထားသော်လည်းGoogle user 86% က Like ပေးထားကြသည်။ ပထမဦးဆုံးဇာတ်ကားမှ ဒေါက်တာအလန်ဂရန့်(သတ္တရုပ်ကြွင်းပညာရှင်) လည်း ပြန်လည်ပါဝင်လာခဲ့သည်။ ဒုတိယဇာတ်ကားတွင် တိုင်ရန်နိုဆောရပ်စ်အမျိုးအစားဒိုင်နိုဆောများက သားပျောက်ရှာပုံတော်ဖွင့်ခဲ့ပုံကိုရိုက်ကူးထားပြီး ဤဇာတ်ကားတွင်မူ လူသားမိဘများက သားပျောက်ရှာပုံတော်ဖွင့်ခဲ့ပုံကို ရိုက်ကူးထားသည်။ ယနေ့အချိန်ထိ ဒိုင်နိုဆောတို့၏ပြင်ပအရောင်အသွေးများကို တိတိကျကျမဖော်ပြနိုင်ကြသေးပေ။ ပတ်ဝန်းကျင်အရောင်ကိုလိုက်၍ အရောင်ပြောင်းနိုင်ကြသည်ဟူ၍သာ ယေဘုယျလက်ခံထားကြသည်။ ဤဇာတ်ကားတွင် ဒိုင်နိုဆောများ၏ အရောင်ကိုပြောင်းလဲရိုက်ကူးထားရုံမျှမကဘဲ အသားစားဒိုင်နိုဆောများထဲတွင် အရွယ်အစားအကြီးဆုံးဖြစ်သော စပိုင်နိုဆောရပ်စ်နှင့် ဒိုင်နိုဆောခေတ် ငှက်များကိုပါ ထည့်သွင်းရိုက်ကူးထား သောကြောင့် ရင်သပ်ရှုမောဖွယ်ကောင်းလှပါသည်။ အသက်၁၃နှစ်အရွယ်အဲရစ်သည် အမေ၏မိတ်ဆွေ ဘန် နှင့်အတူ မော်တော်ဘုတ်ဆွဲ လေထီးစီး၍ ဆော်နာကျွန်းရှိဒိုင်နိုဆောများကို ကင်မရာဖြင့်ရိုက်ကူးရန်ကြိုးစားခဲ့ကြရင်းဆော်နာကျွန်းပေါ်သို့ လေထီးဖြင့် ပြုတ်ကျသွားခဲ့သည်။ အဲရစ်၏မိဘများ ဖြစ်ကြသော မစ္စတာကာဘီနှင့် အမန်ဒါတို့က အဲရစ်ကိုရှာဖွေရန်ဆုံး ဖြတ်ခဲ့ကြပြီး ဒေါက်တာအလန်ဂရန့်ကို မလိမ့်တပတ်လုပ် ခေါ်ဆောင်ကာ ဆော်နာကျွန်းသို့ခရီးနှင်ခဲ့ကြသည်။ အဲရစ်နှင့်ဘန်ကို ရှာတွေ့နိုင်ပါ့မလား ဆော်နာကျွန်းပေါ်က ပြန်ထွက်နိုင်ကြပါ့မလား ဆိုတာကိုတော့ ရင်သပ်ရှုမောဖွယ် ကြည့်ရှုခံစားကြပါစို့လား… မှတ်ချက်။ ။Jurassic ...
5.9
IMDB: 5.9/10 268,409 votes
movie

Jurassic Park III (2001)

2001
BluRay 1080p 6CH
The Lord of the Rings: The Fellowship of the Ring (2001) 8.8
The Lord of the Rings: The Fellowship of the Ring (2001) ဒီကားကတော့ လူကြိုက်များ The Lord of the Ring Trilogy ရဲ့ အစ၊ Middle Earth ကို ရုပ်ရှင် ကြည့်ပရိတ်သတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ နဂိုထဲက ကောင်းပြီးသား ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ Harry Potter လိုကားတောင်မှ တကယ့် စာအုပ်ကို အားပေးတဲ့ပရိတ်သတ်တွေ သိပ်မကြိုက်ကြပါဘူး။ ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းအကြောင်း ပြောပြရာမှာ အသေးစိတ်ပြောဖို့ မလွယ်သလို၊ အသေးစိတ်ပြောရင် ဇာတ်လမ်း ရဲ့အဓိကအချက်တွေ ပါကုန်မှာဖြစ်လို့၊ အနည်းငယ်ပဲ တင်ပြမှာဖြစ်ပါတယ်။ ဒါပေမယ့် အောက်ကအကြောင်းအရာက ဇာတ်လမ်းမှာ ...
8.8
IMDB: 8.8/10 1,476,794 votes
movie

The Lord of the Rings: The Fellowship of the Ring (2001)

2001
BluRay 1080p 6CH Extended Edition
Behind Enemy Lines (2001) 6.4
Behind Enemy Lines (2001) အရမ်းကြိုက်ပြီး ခဏခဏပြန်ကြည့်မိတဲ့ဇာတ်ကားမို့ BS ပရိသတ်အတွက် တင်ပေးလိုက်ပါတယ်။ ဒီကားက IMDb  Rating 6.4 ရထားပြီး Box office မှာ 92 million ၀င်ခဲ့ပြီး အဲဒီအချိန်က ဟယ်ရီပေါ်တာရဲ့မှော်ကျောက်တုံးဇာတ်ကားပြီးရင် ဒီကားက လူကြည့်အများဆုံးဒုတိယနေရာကိုယူခဲ့ပါတယ်။ ဆုအနေနဲ့ကတော့ World Stunt award-2002 မှာ Best Aerial Award ဆုရခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးက တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ထားတာပါ။ ၁၉၉၅ ခုနှစ် ဘော့စနီးယားမှာလေယာဉ်ပစ်ချခံခဲ့ရပြီး ၆ ရက်တာ ရန်သူ့နယ်မြေမှာပြေးလွှားခဲ့ရတဲ့ အမေရိကန်ပိုင်းလော့ဒ်တစ်ဦးအကြောင်းပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ၁၉၉၅ မှာ ဘော့စနီးယားမှာပြည်တွင်းစစ်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။ ဒီစစ်မီးငြိမ်းဖို့ နေရာတကာပါတဲ့ NATO တပ်ဖွဲ့ကလည်း ပါလာရပါပြီ။ စစ်ပြေငြိမ်းရေးသဘောတူညီချက်တွေ ချုပ်ဆိုပြီးလို့ NATO တပ်တွေလည်း ဆုတ်ခွာခါနီးနေပါပြီ။ NATO အဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန် Navy ကလည်းလေယာဉ်တင်သင်္ဘောတွေနဲ့ ပင်လယ်ပြင်က စောင့်ကြည့်နေပါတယ်။ သူတို့ရဲ့တာဝန်ကတော့ ဘော့စနီးယားပေါ်ကို သတ်မှတ်ထားတဲ့လမ်းကြောင်းကနေ ပြည်တွင်းအခြေအနေကို ဝေဟင်ကနေမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးဖို့ဖြစ်ပါတယ်။ ခရစ္စမတ်နေ့ အားလပ်ရက်တာဝန်အနေနဲ့ ပိုင်းလော့ဒ်စတက်ဟောက် နဲ့ သူရဲ့လေကြောင်းလမ်းပြဗိုလ် ဘားနက်တို့ ဒစ်ဂျစ်တယ်ကင်မရာအသစ်စက်စက်တပ်ဆင်ထားတဲ့ F-18 တိုက်လေယာဉ်နဲ့ဘော့စနီးယားဝေဟင်ကို သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်း လိုက်လံစစ်ဆေးနေခဲ့တယ်။ မောင်းနှင်နေရင်း ဘော့စနီးယားတို့ ...
6.4
IMDB: 6.4/10 93,611 votes
movie

Behind Enemy Lines (2001)

2001
BluRay 1080p 6CH
A Beautiful Mind (2001) 8.2
A Beautiful Mind (2001) ဒီကားလေးကတော့ တောင်းဆိုထားတာလည်းကြာပါပြီ။ အခုမှပဲ တင်ဖြစ်ပါတယ်။ ဇာတ်လမ်းကောင်းလေး တစ်ကားဖြစ်သလို ကြည့်လည်း ကြည့်သင့်ပါတယ်။ ဒါပေမယ့် တော်တော်များများကတော့ ဒီကားကို ပျင်းစရာ ကောင်းတယ်လို့ ထင်နိုင်ပါတယ်။ တကယ်ကောင်းတဲ့ကားပါ။ ဇာတ်လမ်းက Biopic (လူတစ်ယောက်ရဲ့ ဘ၀အမှန်ကို ဇာတ်လမ်းပြန်ရိုက်ထားတာကို Biopic လို့ခေါ်ပါတယ်။) ဖြစ်ပြီး၊ John Nash လို့ခေါ်တဲ့ သင်္ချာပညာရှင်တစ်ယောက်ရဲ့ ဘ၀ကို ဇာတ်လမ်းရိုက်ကူး ထားတာပါ။ John Nash က Nobel Laureate in Economics ဆုရှင်ဖြစ်ပြီး၊ သူ့ရဲ့ Equation တွေက Economy ကို အများကြီး အထောက်အကူပြု့ခဲ့ပါတယ်။ သူက ၁၉၅၇ ခုနှစ်မှာ Princeton University မှာ ပညာတော်သင်ဆုရခဲ့ပြီး ပညာသင်ကြားခဲ့ပါတယ်။ ဘွဲ့ရပြီးတဲ့ အခါမှာလည်း ကျောင်းမှာပဲ ဆရာအဖြစ်နဲ့ ပြန်ပြီး အလုပ်လုပ်ခဲ့ပါတယ်။ ဇာတ်ကားက သူဘ၀အကြောင်းကို ဖော်ကြူးထားပြီး၊ ...
8.2
IMDB: 8.2/10 745,105 votes
movie

A Beautiful Mind (2001)

2001
BluRay 1080p 6CH
Pearl Harbor (2001) 6.1
Pearl Harbor (2001) ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်၊ နံနက်ခင်း ၇ နာရီ ၄၈ မိနစ် အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီကျွန်း၊ ပုလဲဆိပ်ကမ်း အမေရိကန် ရေတပ် စစ်အခြေစိုက်စခန်း ဂျပန်က သံခင်းတမန်ခင်း နည်းလမ်းနဲ့ အမေရိကန်ကို စစ်ထဲဝင်မလာဖို့ အပျော့ဆွဲ ဆွဲပြီး အီနေချိန် ၊ နောက်ကွယ်က စစ်မဟာဗျူဟာကို အကြီးအကျယ် ပြင်ဆင်ပြီး ၊ အမေရိကန်ရဲ့ အကြီးမားဆုံး ရေတပ် အခြေဆိုက်ရာ ပုလဲဆိပ်ကမ်းကို အလစ်အငိုက် ထိုးစစ်ဆင်ပြီး အမေရိကန်ကို အကောင်းဆုံး စစ်ကြေညာချက် ထုတ်လိုက်နိုင်တယ်။ ပုလဲဆိပ်ကမ်းရဲ့ သမိုင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင် ၊ အချစ်ဇာတ်လမ်းကို ပါးပါး ထည့် ဝါသနာကို အခြေခံ လေယာဉ် အရူးနှစ်ကောင်ကို ဇာတ်ကောင်ပြုပြီး စွန့်စားမှု အမိမြေအတွက် အသက်စွန့် ကြိုးပမ်းမှု အမေရိကန်တို့ရဲ့ အမျိုးသားရေးစိတ်ကို ပြသမှု စစ်ရဲ့ မဟာဗျူဟာ ...
6.1
IMDB: 6.1/10 284,657 votes
movie

Pearl Harbor (2001)

2001
BluRay 1080p 6CH
The Fast and the Furious (2001) 6.7
The Fast and the Furious (2001) ပြိုင်ကား ချစ်ပရိသတ်တွေအတွက် အခုတစ်ခါတော့ Old But Gold ဆိုတဲ့ယနေ့ခေတ်ထိ နာမည်ကြီးတဲ့ လက်ရှိ ဇာတ်ကား ၈ ကားထိထွက်ရှိထားတဲ့ Fast & Furious ရဲ့ပထမဆုံး ကားလေးနဲ့တင်ဆက်ပေးချင်ပါတယ်။ ကျန်ရှိနေတဲ့ ဇာတ်ကား ၇ ကားလုံးကိုလည်းဖြည်းဖြည်းစီတင်ဆက်သွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြပါဗျာ။ ဇာတ်လမ်းအကျဉ်း -------------------- Domenic Toretto က Los Angeles ကလမ်းမထက်က ပြိုင်ကားဘုရင်တစ်ပါးပေါ့။ Brian ကတော့ Toretto နားကိုအကြောင်းတစ်ခုခုကြောင့်ချဉ်းကပ်လာတာဖြစ်ပါတယ်။ Brian ရဲ့နောက်မှာ FBI နဲ့ LAPD ကအဖွဲ့တွေက Truck ကားခိုးမှုအတွက်တိတ်တဆိတ် စုံစမ်းပြီးဖမ်းစီးဖို့အတွက် Toretto ရဲ့ လူယုံတစ်ယောက်ဖြစ်အောင်ဖန်တီးယူနေတာဘဲဖြစ်ပါတယ်။ ဒါပေမယ့် အလှည့်အပြောင်းမှာ ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့....ဇာတ်လမ်းထဲမှာဘဲ ဆက်လက်အားပေးကြပါခင်ဗျာ။ File Size – 1.4GB Quality – Blu-Ray 1080P 6CH Running Time – 1h 46min Format – mkv Genre – Action, Crime, Thriller Translator – BoBo Encoded By – Sai ...
6.7
IMDB: 6.7/10 309,347 votes
movie

The Fast and the Furious (2001)

2001
BluRay 1080p 6CH
Inuyasha the Movie: Affections Touching Across Time (2001) 7.5
Inuyasha the Movie: Affections Touching Across Time (2001) InnYasha က Legendary Tree ထဲမှာ ပိတ်မိနေတာကို Kagome လို့ခေါ်တဲ့ကောင်မလေးတစ်ယောက်က ကယ်တင်ပေးလိုက်ပါတယ်။ဒီကောင်မလေးက နှစ်၅၀၀ လောက်ဖြတ်သန်းသွားလာနေတဲ့အချိန်ခရီးသွားတစ် ယောက်ပါ။ဒီတစ်ခါမှာတော့ InnYasha ကော Kagome ကောနှစ်ယောက်စလုံးဟာ တရုတ်မကောင်းဆိုးဝါး တစ်ကောင်ဖြစ်တဲ့ Menomaru ဆိုတဲ့အကောင်ကြီးနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ Menomaru ရဲ့အဖေဖြစ်တဲ့ Hyoga ဆိုတဲ့အကောင်ကြီးကို လွန်ခဲ့တဲ့ နှစ်၃၀၀ လောက်က InnYasha ရဲ့အဖေက ဂျပန်မှာတားဆီးခဲ့ပါတယ်။ InnYasha နဲ့ Kagome နှစ်ယောက် Menomaru အကောင်ကြီးကိုနှိမ်နင်းနိုင်မလားဘယ်လိုတွေဆက်ဖြစ်မယ်ဆို တာကိုတော့... ဇာတ်ကားထဲမှာဘဲဆက်လက်စီးမျောပေးကြပါခင်ဗျာ။ ဒီစာဖိုင်လေးကို ပေးတဲ့ Summer Anime Best Friend ကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ File Size – 1.1 GB , 713.27MB Quality – Web-DL 720p Running Time – 1h 30min Format – mp4 Genre –  Action, Animation, Adventure Translator – Volt Man (SABF) Encoded By – Burmese Subtitle Team
7.5
IMDB: 7.5/10 1,741 votes
movie

Inuyasha the Movie: Affections Touching Across Time (2001)

2001
Web-DL 720p
Rush Hour 2 (2001) 6.6
Rush Hour 2 (2001) ဇာတ်လမ်းအကျဉ်း ------------------- Rush Hour 1 ရဲ့ အဆုံးသတ်မှာ ကောင်စစ်ဝန်ဟန်ရဲ့ သမီးကို ပြန်ပေးဆွဲတဲ့ အခါမှာ ရဲရဲဝံဝံ ကူညီပေးခဲ့တဲ့ LAPD ဂျိမ်းစ်ကာတာကို သူ့သူငယ်ချင်းလည်းဖြစ် တွဲဖက်လည်းဖြစ်တဲ့ စုံထောက်လီကနေပြီးတော့ တရုတ်နိုင်ငံကိုတစ်ပတ်ကြာ အလည်ခေါ်သွားပါတယ်။ ထိုအချိန်မှာ တရုတ်နိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးကို ဗုံးခွဲတိုက်ခိုက်ခံရပြီးတော့ စုံထောက်လီကို အထက်ကညွှန်ကြားမှုဖြင့် တရုတ် ဂိုဏ်းတစ်ခုကိုလျှို့ဝှက်စွာ စုံစမ်းဖို့ အမိန့်ပေးခံရပါတယ်။ သူ့သူငယ်ချင်းဖြစ်တဲ့ ကာတာကတော့ မသိရှာဘူးလေ...။ဒီလိုနဲ့ ကလပ်တစ်ခုထဲမှာ အမှုလိုက်ရင်း ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ဇာတ်ကားထဲမှာဘဲဆက်လက်အားပေး ပါခင်ဗျာ။ File Size – 1.99 GB , 791.66MB Quality – Blu-Ray 1080p 5.1CH Running Time – 1h 30min Format – mp4 Genre –  Action, Comedy, Crime Translator – Burmese Subtitle Team Encoded By – Burmese Subtitle Team
6.6
IMDB: 6.6/10 177,732 votes
movie

Rush Hour 2 (2001)

2001
BluRay 1080p 6CH