Burmese Subtitle

2000

Chicken Run (2000) 7.0
Chicken Run (2000) [Unicode] တကယ်ကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါ.... ကြက်ခြံထဲက ကြက်ကလေးတွေလွတ်အောင်ကြိုးစားထွက်ပြေးကြတဲ့ကားကောင်းလေးတစ်ကားပါ.... အဲ့ဒီကြက်လေးတွေထဲမှာတော့ ကြက်မလေးကဂျင်ဂျာကတော့ လွတ်ဖို့ဆန္ဒအရှိဆုံးပါ.... ဒါကြောင့်လည်အကြိမ်ကြိမ်လွတ်အောင်ကြိုးစားခဲ့ပါတယ်...ဒါပေမယ့်လည်း ခဏခဏပြန်ပြီးတော့ အဖမ်းခံခဲ့ရပါတယ်... သူတို့ဘာလို့လွတ်ဖို့ကြိုးစားနေကြတာလဲ.... သတ်မှတ်ချိန်မတိုင်ခင် သူတို့တွေထဲကဥမဥပေးနိုင်တဲ့ကြက်မလေးတွေကို ကြက်ခြံပိုင်ရှင်ကသတ်လို့ပဲဖြစ်ပါတယ်... တစ်နေ့မှာတော့ ရော်ကီဆိုတဲ့ဆပ်ကပ်ထဲကကြက်ဖတစ်ကောင်ရောက်လို့လာခဲ့ပါတယ်... ကြက်လေးတွေအားလုံးကသူကို ပျံနိုင်တယ်လို့တကယ်တမ်းထင်နေခဲ့ပါတယ်.. ဒါကြောင့်လည်း သူ့ဆီကကြက်ကလေးအားလုံးလွတ်ဖို့ပျံသန်းတာကိုသင်ဖို့ပြင်ကြပါတော့တယ်... ဒါပေမယ့် ရော်ကီကိုယ်တိုင် တကယ်တမ်းလက်တွေ့မှာပျံသန်းနိုင်တဲ့ ကြက်မဟုတ်တာကြောင့် သူတို့တွေ ကြိုးစားသမျှဟာ အရာမထင်ခဲ့ပါဘူး... အဲနောက်ပိုင်းမှာတော့ ကြက်ခြံပိုင်ရှင်ဟာ အမြတ်နည်းနည်းလေးလောက်ပဲရတဲ့ ကြက်ဥရောင်းတာအစား ကြက်သားမုန့်လုပ်ဖို့အတွက် စက်တွေဝယ်လာခဲ့ပါတယ်... အဲ့ဒီအချိန်မှာတော့ သူတို့လွတ်မြောက်ဖို့ကြိုးစားနေတဲ့ တွန်းအားဟာ ပိုပြီးတော့ ကြီးမားလာခဲ့ပါတယ်.. ကဲ ဒီကြက်ကလေးတွေ ဘယ်လိုအကြံတွေသုံးပြီးတော့ လွတ်အောင်ကြိုးစားကြမလဲ ဘယ်လိုအစီစဉ်တွေသုံးပြီးတော့ ကြံကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့လိုက်ကြပါဦးဗျ... Review Credit to CM . [Zawgyi] တကယ်ကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါ.... ကြက်ခြံထဲက ကြက်ကလေးတွေလွတ်အောင်ကြိုးစားထွက်ပြေးကြတဲ့ကားကောင်းလေးတစ်ကားပါ.... အဲ့ဒီကြက်လေးတွေထဲမှာတော့ ကြက်မလေးကဂျင်ဂျာကတော့ လွတ်ဖို့ဆန္ဒအရှိဆုံးပါ.... ဒါကြောင့်လည်အကြိမ်ကြိမ်လွတ်အောင်ကြိုးစားခဲ့ပါတယ်...ဒါပေမယ့်လည်း ခဏခဏပြန်ပြီးတော့ အဖမ်းခံခဲ့ရပါတယ်... သူတို့ဘာလို့လွတ်ဖို့ကြိုးစားနေကြတာလဲ.... သတ်မှတ်ချိန်မတိုင်ခင် သူတို့တွေထဲကဥမဥပေးနိုင်တဲ့ကြက်မလေးတွေကို ကြက်ခြံပိုင်ရှင်ကသတ်လို့ပဲဖြစ်ပါတယ်... တစ်နေ့မှာတော့ ရော်ကီဆိုတဲ့ဆပ်ကပ်ထဲကကြက်ဖတစ်ကောင်ရောက်လို့လာခဲ့ပါတယ်... ကြက်လေးတွေအားလုံးကသူကို ပျံနိုင်တယ်လို့တကယ်တမ်းထင်နေခဲ့ပါတယ်.. ဒါကြောင့်လည်း သူ့ဆီကကြက်ကလေးအားလုံးလွတ်ဖို့ပျံသန်းတာကိုသင်ဖို့ပြင်ကြပါတော့တယ်... ဒါပေမယ့် ရော်ကီကိုယ်တိုင် တကယ်တမ်းလက်တွေ့မှာပျံသန်းနိုင်တဲ့ ကြက်မဟုတ်တာကြောင့် သူတို့တွေ ကြိုးစားသမျှဟာ အရာမထင်ခဲ့ပါဘူး... အဲနောက်ပိုင်းမှာတော့ ကြက်ခြံပိုင်ရှင်ဟာ အမြတ်နည်းနည်းလေးလောက်ပဲရတဲ့ ကြက်ဥရောင်းတာအစား ကြက်သားမုန့်လုပ်ဖို့အတွက် စက်တွေဝယ်လာခဲ့ပါတယ်... အဲ့ဒီအချိန်မှာတော့ သူတို့လွတ်မြောက်ဖို့ကြိုးစားနေတဲ့ တွန်းအားဟာ ပိုပြီးတော့ ကြီးမားလာခဲ့ပါတယ်.. ကဲ ဒီကြက်ကလေးတွေ ဘယ်လိုအကြံတွေသုံးပြီးတော့ လွတ်အောင်ကြိုးစားကြမလဲ ဘယ်လိုအစီစဉ်တွေသုံးပြီးတော့ ကြံကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့လိုက်ကြပါဦးဗျ... Review Credit to CM
7.0
IMDB: 7.0/10 166,643 votes
movie

Chicken Run (2000)

2000
BluRay 1080p 6CH
Shanghai Noon (2000) 6.5
Shanghai Noon (2000) [Unicode] ၁၉ရာစုနှောင်းပိုင်းတုန်းက ချောင်ဝမ် ( Jackie Chan ) ဟာ အင်မတန်ကို့ရို့ကားယားနိုင်ပြီး တရုတ်နိုင်ငံရဲ့ ဘုရင့်သက်တော်စောင့်တစ်ယောက်ဖြစ်ပါတယ်… ဘုရင်ကြီးမှာ သမီးတော်တစ်ပါးရှိပြီး မင်းသမီးလေး ဖေးဖေး ( Lucy Liu) လို့ အမည်တွင်ပါတယ်… တစ်နေ့မှာ တရုတ်ပြည်ကို ရောက်လာတဲ့ နိုင်ငံခြားသားတွေက မင်းသမီးလေးကို တစ်ဖက်လှည့်နဲ့ အမေရိကကို ပြန်ပေးဆွဲခေါ်ဆောင်သွားပါတော့တယ်… ဒီအခါမှာ ချောင်ဝမ်တို့တွေဟာ မင်းသမီးလေးကို ကယ်တင်ဖို့အတွက် တာဝန်ပေးခြင်းခံလိုက်ရပြီး အနောက်ဘက်ကိုထွက်လာခဲ့ကြပါတော့တယ်… အဲ့ဒီအချိန်မှာ မလိမ့်တပတ် လူလိမ်လုပ်စားနေတဲ့ သူခိုးတစ်ယောက်လည်းဖြစ်တဲ့ ရွိုင်းအိုဘန်နွန်နဲ့ တွေ့တဲ့ အခါမှာတော့…. ချောင်ဝမ်တစ်ယောက် မင်းသမီးလေးကို ပြန်ပြီး ကယ်တင်နိုင်မှာလား ??? ဘယ်လိုပြန်ကယ်တင်မလဲ ??? ချောင်နဲ့ ရွိုင်းအိုဘန်နွန်နဲ့ရော ဘယ်လိုနှစ်ပါးသွားကြမလဲ ??? ဆိုတာတွေကိုတော့ ဆက်လက်ကြည့်ရှုခံစားပေးကြပါလို့… မင်းသားကြီးဂျက်ကီချန်းနဲ့ ဟာသသရုပ်ဆောင် အိုဝင် ဝီလ်ဆင် တို့ အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားကြပြီး ဟာသအက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်… IMDb rating 6.6/10 ရရှိထားပြီး ဂျက်ကီချန်းပရိတ်သတ်တွေအကြိုက်တွေ့စေမယ့်ကားကောင်းတစ်ကားဖြစ်ပါကြောင်း… ကြည့်ရှုအားပေးကြပါဦး Review Credit to CM [Zawgyi] ၁၉ရာစုနှောင်းပိုင်းတုန်းက ချောင်ဝမ် ...
6.5
IMDB: 6.5/10 113,297 votes
movie

Shanghai Noon (2000)

2000
BluRay 1080p 6CH
Romeo Must Die (2000) 6.1
Romeo Must Die (2000) တော်တော်များများကြည့်ဖူးပြီးသားဖြစ်မယ်ထင်ပါတယ်... တရုတ်Action ဇာတ်လမ်းပေါင်းများစွာ ရှိပါတယ်...သူတို့အားသန်ရာ ကိုယ်ခံပညာတွေနဲ့ သရုပ်ဖော်ကြပေမဲ့ ဂျက်လီကားတွေကိုပိုနှစ်သက်မိတယ်... သူ့အက်ရှင်ခန်းတွေက လှတယ် သေသပ်တယ်..သတ်ဖြတ်ခန်းတွေဆိုရင်တောင်မှ ရက်စက်ကြမ်းကြုတ်တဲ့ဟာမျိုးပါတာရှားတယ်...ဂျက်လီတတ်တဲ့ကိုယ်ခံပညာတွေလေ့လာကြည့်တော့ Wushu, Chinese Martial Artနဲ့Baguazhangဖြစ်ပါတယ်...Wushuနဲ့ Martial Artကို ကြားဖူးပေမဲ့ Baguazhangကိုတော့ နည်းနည်းစိမ်းနေတယ် U tube မှာ Baguazhang fight techniques လို့ရိုက်ရှာကြည့်တော့ videoလေးတွေတင်ထားတယ်....ဒါကိုကြည့်လိုက်မှ ဂျက်လီရဲ့အက်ရှင်ခန်းတွေဒါ့ကြောင့်လန်းတာကိုးလို့ မှတ်ချက်ချမိတယ်...Bagua ကိုယ်ခံပညာကအရမ်းကိုလှတယ် တုန့်ပြန်တိုက်ခိုက်ပုံတွေက ကကြိုးကကွက်တွေဆင်နေသလားထင်ရလောက်အောင်လှနေပေမဲ့ ရန်သူကိုမြေပြင်ပေါ် အသာလေးလှဲသိပ်နိုင်လောက်အောင်စွမ်းအားကြီးတာသွားတွေ့ရတယ်...တိပ်ခွေခေတ်တုန်းက ကြည့်ခဲ့ရပြီး ကျွန်တော့လို အကြည်လေးနဲ့ခံစားချင်သူတွေအတွက်တင်ပေးလိုက်ပါတယ် ပိုစတာကြည့်ရုံနဲ့ဇာတ်လမ်းကိုသိကြမှာဖြစ်လို့ အညွှန်းမရေးတော့ပါဘူး မကြည့်ကြသေးဘူးဆိုရင်လည်း နီးစပ်ရာမေးပြီး ကောင်းမယ်ထင်ရင်ဒေါင်းကြည့်ကြပေါ့ဗျာ Review Credit to Channel Myanmar
6.1
IMDB: 6.1/10 62,997 votes
movie

Romeo Must Die (2000)

2000
BluRay 1080p 6CH
Unbreakable (2000) 7.3
Unbreakable (2000) 2000 ခုနှစ်​​လောက်​ထွက်​ရှိခဲ့တဲ့ Superhero ရုပ်​ရှင်​ကား​ကောင်းတခုကိုညွှန်းပါရ​စေ ဒါ​ပေမယ့်​ Sh ကားဆိုတာထက်​ အ​တွေးအ​ခေါ်ပိုင်းနဲ့ချင့်​ချိန်​ရမယ့်​ကားလို့​ပြောပါရ​စေ ဒီ Movie ရဲ့ sequel အ​နေနဲ့ 2016 မှာ James MacAvoy ပါဝင်​ထားတဲ့ Split ဆိုတဲ့ရုပ်​ရှင်​ထွက်​ရှိခဲ့ပြီးပြီဖြစ်​ပါတယ်​ 2019 မှာလည်း Mr.Glass ဆိုပြီး Trilogy ending ဖြစ်​နိုင်​မယ့်​ ရုပ်​ရှင်​လည်းထွက်​ထားပါပြီ။ ဇာတ်​လမ်းအကျဉ်းချုပ်​အ​နေနဲ့က​တော့ David ဆိုတဲ့ လူတစ်​​ယောက်​ဟာ ရထားမ​တော်​တဆမှုမှာ တစ်​ဦးတည်း​သောအသက်​ရှင်​သူအဖြစ်​လွတ်​​မြောက်​ခဲ့ပြီးမှ သူမသိ​သေးတဲ့အ​ကြောင်းအရာ​တွေရှိ​သေးတာကိုသိရတဲ့အချိန်​မှာ Elijah Price ဆိုတဲ့ Comic Gallery ဖွင့်​ထားတဲ့ မသန်​မစွမ်းသူတ​ယောက်​ရဲ့စိတ်​ဝင်​စားမှုနဲ့ လျို့ဝှက်​ချက်​​တွေကို ရှာ​ဖွေလိုက်​ကြ​တဲ့အချိန်​မှာ… Spolier ဖြစ်​မယ့်​ အ​ကြောင်းအရာ​တွေ​ကျော်​ပြီး​ရေးထားတာဖြစ်​ပါတယ်​ ဘာမှမသိပဲကြည့်​တာက ပိုစိတ်​ဝင်​စားဖို့​ကောင်းပါတယ်​ Bruce Wills, Samuel L.Jackson, Robin Wright တို့ပါဝင်​ထားတဲ့အပြင်​ Rt မှာလည်6း9% ရရှိထားတဲ့ ကား​ကောင်းတကားဖြစ်​တဲ့အတွက်​ ကြည့်​ရှုဖို့အကြံ​ပေးချင်​ပါတယ်​ ဇာတ်လမ်းအညွှန်းကိုတော့ KPG HD Movies Store Facebook ...
7.3
IMDB: 7.3/10 341,055 votes
movie

Unbreakable (2000)

2000
BluRay 1080p 6CH
Mission: Impossible II (2000) 6.1
Mission: Impossible II (2000) ဒီတစ်ခါတော့ 2000 ခုနှစ်ကထုတ်လုပ်ထားတဲ့ Tom Cruise ရဲ့ ဒုတိယမြောက်ဇာတ်ကားလေးဖြစ်တဲ့ Mission Imossible 2 လေးကိုတင်ဆက်ပေးမှာဘဲဖြစ်ပါတယ်။ IMDB Rating 6.1, Rotten Tomatoes 57% ရရှိထားတဲ့ Action, Adventure, Thriller အမျိုးအစား ဘဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အီသန်ဟန့်က IMF အဖွဲ့ကိုဦးဆောင်ပြီးတော့ German ရောဂါပိုးတစ်မျိုးဖြစ်တဲ့ "Chimera" ကို ရန်သူတွေလက်ထဲကနေပြီး ပြန်ယူရမယ့် စစ်ဆင်းရေးကိုပြုလုပ်ရမှာဖြစ်ပါတယ်။ ဖြစ်စဉ်မှာ သိပ္ပံပညာရှင် တစ်ဦးကဒီရောဂါပိုးတွေကို ဖန်တီးမိပြီးတော့ ပြန်လည်ကယ်ဆယ်ဖို့အ တွက်ဖြေဆေးကိုလည်းထပ်မံထုတ်လုပ်ထားပါတယ်။ဒီရောဂါပိုးကို ဖန်တီးတာသိသွားတဲ့ရန်သူ တွေဟာ ရောဂါပိုးကိုလုယူဖို့အတွက်ကြိုးစားပါတော့တယ်။ သိပ္ပံပညာရှင်ကြီးက သူ့ရဲ့ ယုံကြည်ရ တဲ့ အီသန်ဟန့်ကို လိုက်လံစောင့်ရှောက်ပေးဖို့ခေါ်ခဲ့ပါတယ်။ ထိုချိန်မှာ အီသန်က အနားယူခွင့်ရက် ယူထားပြီး မသမာသူတွေက ကြားဖြတ်နားထောင်ပြီး အီသန်အနေနဲ့ လိုက်လံပြီးတော့ ရောဂါပိုးကို ယူပြီး သိပ္ပံပညာရှင်ကိုလည်း သတ်ပစ်ခဲ့ပါတယ်။ဒီနောက်ဘာတွေဆက်ဖြစ်မလဲ.... ရောဂါပိုးကပြန့်နှံသွားမှာလား... ပြန်ပြီးတော့ အီသန်ကဘဲယူနိုင်မလားဆိုတာ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားပေးကြပါခင်ဗျာ။ File Size – 1.97 GB Quality – Blu-Ray 1080P 6CH Running Time – 2h 3min Format – mkv Genre ...
6.1
IMDB: 6.1/10 278,143 votes
movie

Mission: Impossible II (2000)

2000
BluRay 1080p 6CH
The Perfect Storm (2000) 6.4
The Perfect Storm (2000) October 1991, Gloucester , Massachusetts ဆိပ်ကမ်းလေး.... အပြောကျယ်သော ပင်လယ်ကြီးဆီမှ အသံတစ်သံနှင့် တလှုပ်လှုပ်လာနေသောအရာတစ်ခု....... ကလေးများပျော်ရွှင်စွာအော်ဟစ်ပြီး ထိုအရာဆီသို့လက်တပြပြ နှင့်အပြေးသွားနေကြသည်။ထိုအရာမှာ ငါးဖမ်းသဘောင်္တစ်စင်း...ထို့နောက် ဆိပ်ကမ်းသိုကပ်တော့မည့်ဆဲဆဲတွင် ထိုသဘောင်္ပေါ်မှပါလာသောငါးဖမ်းသမားများ၏အိမ်သူသက်ထားများ,အမေများ,သားများ,သမီးများ အသီးသီး ပြေးလာကြိုဆိုကြသည်။အားလုံးသည်လဲဝမ်းသာမျက်ရည်များနှင့်။မာယာများလှသော ပင်လယ်ကြ်ီးအတွင်းငါးဖမ်းရသည်မှာမိမိ အသက်ကို သေမင်းလက်ထဲ ၀ကွက် အပ်ထားသည်နှင့်တူသည်။ ဘယ်နေ့ဘယ်ချိန်တွင်ထိုပင်လယ်ကြီးမှဝါးမြိုသွားမည်ကိုမည်သူမှမသိနိုင်။ထို့ကြောင့်ငါးဖမ်းသမားတို့မှာ မိမိတို့သက်ဆိုင်သူများအတွက် ပင်ပန်းကြီးစွာ ပိုက်ဆံရှာရာတွင် အန္တရယ်ကို လက်ခုပ်ထဲအမြဲထည့်ထားရပေသည်။အလားတူပင် ကမ်းပေါ်တွင်ကျန်နေရစ်သော ငါးဖမ်းသမားများ၏ ဆိုင်သူများမှာလဲ ၎င်းတို့၏၀င်ငွေကိုရှာပေးနေရသော လင်ယောက်ျားများ,သားတော်မောင်များ တစ်ခါတစ်ခါ ငါးဖမ်းထွက်ပြီဆိုလျှင် ဘေးမသိရန်မခ ပြန်လာနိုင်ဖို့သာ မျှော်လင့်ကြသည်။ယခုကဲ့သို့ ဘေးမသီပဲရောက်လာနိုင်ပြီဆိုလျှင် အပျော်ကြီးပျော်ကြ သည်။ထိုအပျော်အား ပြီးပြည့်စုံသောအပျော်ဟုဆိုနိုင်ပေသည်။ Andrea Gail ဟုခေါ်သော ငါးဖမ်းသင်္ဘောအား Captain Billy Tyne က သဘောင်္သားများ (သို့) ငါးဖမ်းသမားများဖြစ်ကြသည့် Bobby (Mark Wahlberg) , Murphy (John C. Reilly) , Sully. ...
6.4
IMDB: 6.4/10 145,826 votes
movie

The Perfect Storm (2000)

2000
BluRay 1080p 6CH
Meet the Parents (2000) 7.0
Meet the Parents (2000) ဖောကာတစ်ယောက်ဟာ သူနာပြု Nurse တစ်ယောက်ဖြစ်ပေမယ့် သူ့အလုပ်ကို မငြိုငြင်ဘဲ ကြိုးစားကြီး လုပ်ကိုင်ခဲ့ပါတယ် ဆေးဝင်ခွင့် အမှတ် ၉၇ အထိရတာတောင် ဆရာဝန်လိုင်းမယူဘဲ သူနာပြုပဲ လုပ်နေတဲ့သူတစ်ယောက် မကြာခင်မှာ သူ့ချစ်သူရဲ့ မိဘတွေနဲ့ တွေ့ရမှာဖြစ်တယ်... လူကြီးတွေနဲ့ တွေ့ရမှာဆိုတော့ နည်းနည်းတော့ ကြောက်စိတ်ဝင်တာပေါ့ ကိုယ်က သူ့သမီးကိုယူမှာလေ ငိငိ ဖခင်တစ်ယောက်နဲ့ သမက်တစ်ယာက်ရဲ့ အားပြိုင်မှုတွေနဲ့ ဟာသအလွဲလေးတွေကို ကြည့်ရှုရမှာဖြစ်ပြီး အများကြီးညွန်းစရာမလိုတဲ့ အချစ်ဟာသ ဇာတ်ကားလေးဖြစ်ပါတယ် Rating မြင့်တစ်ကားဖြစ်လို့ ကြည့်ရှုရတာ တန်မှာပါ ပိတ်ရက်မှာ ဒီကားလေးကို ကွာလတီအကောင်းလေးနဲ့ ကြည့်နိုင်ပြီး ရယ်မောပျော်ရွင်ပါစေလို့ ပြောကြားရင်း..... Translator -- Aung Naing Moe Encoder -- Sai Wunna
7.0
IMDB: 7.0/10 288,955 votes
movie

Meet the Parents (2000)

2000
BluRay 1080p 6CH
Gladiator (2000) 8.5
Gladiator (2000) သူရဲကောင်းဆိုတဲ့ အဓိပ္ပါယ်နောက်ကွယ်မှာ နာကျင်မှုတွေ၊ ၀မ်းနည်းမှုတွေ၊ ခါးသီးတဲ့ လောကဒဏ်တွေ ရင်းခဲ့ရတာ ဘယ်သူသိမှာလဲ။ လူဆိုတာ သိပ်ကို ကြီးကျယ်မြင့်မြတ်ချင်တဲ့ သတ္တ၀ါတွေပဲ။ ကိုယ့်ကို တစ်လောကလုံးက လေးစားကိုးကွယ်ဖို့ ဘာမဆို ရင်းရဲတာလည်း လူပါပဲ။ ယုတ်စွအဆုံး ကိုယ့်ဖခင်ကိုတောင် ပြန်သတ်ပြီးမှလေ။ မားကတ်အော်ရဲလိယက်စ် ဆိုတာ ရောမမှာ ကြီးကျယ်မြင့်မြတ်တဲ့ ဘုရင်ကြီးတစ်ပါးပဲ။ သူ့ရဲ့ အတွေးအခေါ်တွေ တိုင်းသူပြည်သားတွေ အပေါ်ထားတဲ့ ကရုဏာတွေကြောင့် ရောမတစ်ပြည်လုံး လေးစားကိုးကွယ်ကြတဲ့ သူရဲကောင်းကြီးပေါ့။ သူ့ရဲ့ လက်ရုံးတော် ရဲရင့်တဲ့ စစ်သူကြီး မက်ဇီမက်ဇ်ဆိုတာလည်း တိုက်ပွဲတိုင်း အောင်နိုင်ပေမယ့် မာန်မာနမရှိဘဲ သူ့မိသားစုနဲ့ အေးချမ်းစွာ နေချင်တဲ့ လူရိုးကြီးပါ။ တစ်တိုင်းပြည်လုံးဟာ ဒီလို လက်ရုံးရည် နှလုံးရည်ပြည့်စုံတဲ့ သူရဲကောင်းများနဲ့ ဂုဏ်ယူဝင့်ကြွားနိုင်ပေမယ့် ဘုရင်ကြီး အသက်ကြီးလာတဲ့အခါ နောင်ဆက်ခံမယ့် ဘုရင်ကိုလည်း မက်ဇီမက်ဇ်ကိုသာ မဲပေးချင်ကြပါတယ်။ အေးချမ်းစွာ နေလိုတဲ့ ...
8.5
IMDB: 8.5/10 1,174,472 votes
movie

Gladiator (2000)

2000
BluRay 1080p 8CH
Rules of Engagement (2000) 6.4
Rules of Engagement (2000) ဒီရက်ပိုင်း ပျင်းပျင်းနဲ့ ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း အသိအစ်ကိုတစ်ယောက် ထည့်ပေးထားတဲ့ ထဲက ဇာတ်ကား တစ်ကား ကြည့်ဖြစ်လိုက်တယ် ကောင်းနိုး ကောင်းနိုးနဲ့  ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း ကြည့်မိလိုက်တာက rules of engagement ဆိုတဲ့ကား ဇာတ်လမ်းက စစချင်း အမေရိကန် ဗီယက်နမ် စစ်ပွဲထဲက တိုက်ပွဲတစ်ခုကနေ စတည်ထားတယ် စိတ်ထဲထင်လိုက်တာက စစ်ကားတစ်ကားပေါ့ စစ်ကားတွေလည်း မကြည့်ဖြစ်တာလည်း ကြာ နောက်ပြီး Marvel heroes ဇာတ်ကားတွေက မျက်စိတစ်ဖက်လပ်နဲ့ ခပ်ကြမ်းကြမ်းဘဲကြီး Agents of shield ဒါရိုက်တာ Nick Fury အနေနဲ့ လူသိများတဲ့ မင်းသား ကြီး Samuel L. Jackson တစ်ယောက် ဘယ်လိုပွဲထွက်လာမလဲ သိချင်လို့ ဆက်ကြည့်ဖြစ်လိုက်တယ် ကြည့်နေရင်း ကြည့်နေရင်းနဲ့ ဇာတ်ကားက အသွင်ပြောင်းလာတယ် သေနတ်သံတွေ တစ်ဒိုင်းဒိုင်းပစ်တာ မမြင်ရတော့ဘဲ စကားသံတွေပဲ အဆက်မပြတ်ကြားလာရတယ် ရုပ်ဆိုးဆိုး အဘိုးကြီး နှစ်ယောက်ဦးဆောင်ထားတဲ့ ကား စကားတွေချည်းပဲ ပြောနေလို ...
6.4
IMDB: 6.4/10 40,850 votes
movie

Rules of Engagement (2000)

2000
BluRay 1080p 6CH
Cast Away (2000) 7.8
Cast Away (2000) 2000 ခုနှစ်က ထွက်ရှိခဲ့တဲ့ Cast Away ဇာတ်ကားမှာဆိုရင် မင်းသားကြီး Tom Hank ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ဒီဇာတ်ကားဟာ..အောင်မြင်မှုတွေများစွာရရှိခဲ့ပါတယ် ပါဝင်ရိုက်ကူးသမျှ ဇာတ်ကားတိုင်းကို အောင်မြင်စေသည့် မင်းသားတစ်လက်ဟုပင် တွမ်ဟန့်ခ်စ်ကို ညွှန်းဆိုရမှာဖြစ်ပါတယ်… Forrest Gum၊ Big၊ Sleepless in Seattle၊ Apollo 13၊ Saving Private Ryan၊ Catch Me If You Can၊ The Green Mile၊ Cast Away၊ Toy Story အစရှိသည့် ဇာတ်ကားများတွင် ဟန့်ခ်စ်ပါဝင်ခဲ့ပြီး ယင်းရုပ်ရှင်များ ရုံတင်ရာမှ ရရှိသည့် ရုံဝင်ကြေးသည် အမေရိကန် တစ်နိုင်ငံတည်းတွင်ပင် ဒေါ်လာ ၄.၂ ဘီလီယံမျှ ရှိခဲ့ပါတယ်.. တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ဆိုလျှင်မူ အဆိုပါ ငွေပမာဏ၏ နှစ်ဆအထိ တိုးသွားမည်ဖြစ်ပါတယ်… အော်စကာနှစ်ဆုရှင် ဟန့်ခ်စ်ကို ဟောလိဝုဒ် ...
7.8
IMDB: 7.8/10 456,977 votes
movie

Cast Away (2000)

2000
BluRay 1080p 6CH
Malena (2000) 7.5
Malena (2000) ၂၀၀၀ ခုနှစ်ကထွက်ခဲ့ရုပ်ရှင်ဆိုတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်ပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတစ်ခုလုံးကို ၁၃ နှစ်အရွယ်လူပျိုပေါက်ကလေး Renato က ပြောပြတဲ့ပုံစံနဲ့ ရိုက်ထားတာ။ Malèna ဆိုတာ မြင်သူတိုင်းကငေးမောပြန်လှည့်ကြည့်ရအောင် ချောမောလွန်းတဲ့ အီတလီတောမြို့လေးတစ်မြို့က အမျိုးသမီးတစ်ဦး ... အချိန်ကာလအားဖြင့် ဒုတိယကမ္ဘာစစ်ကာလပေါ့ ။ သူကအပျိုတော့မဟုတ်၊ အိမ်ထောင်သည်။ လှလွန်းတော့ ယောင်္ကျားတိုင်းရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲက အမျိုးသမီးဖြစ်နေတယ်။ ဒဲ့ပြောရရင် သူနဲ့အိပ်ချင်ကြတယ်ပေါ့။ အာဖရိကမှာ စစ်မှုသွားထမ်းနေတဲ့ Malèna ရဲ့လင်ယောင်္ကျား ရှေ့တန်းမှာ ကျဆုံးသွားတယ်ဆိုတဲ့သတင်းဟာ Malèna ရဲ့ အလှကို ကျိန်စာတစ်ခုအဖြစ် အသွင်ပြောင်းပေးလိုက်တယ်။ Malèna ကို အိမ်ထောင်ရှိယောင်္ကျားတွေကပါ ငမ်းငမ်းတက်လုံးပန်းလာတဲ့အတွက် အမျိုးသမီးတွေအားလုံးရဲ့ မျက်မုန်းပွါးမှုကိုခံရတယ်။ မရတဲ့ ယောင်္ကျားအချို့ရဲ့ သွားပုပ်လေလွင့်ပြောဆိုမှုတွေကိုခံရတယ်။. အတိုချုပ်ရင် ဘယ်လောက်ပဲဖြူစင်အောင်နေခဲ့သော်ငြား Malèna ဘ၀ပျက်သွားတယ်။ ဘ၀ရပ်တည်ဖို့အတွက် ဂျာမန်စစ်သားတွေကို ဖျော်ဖြေပေးရတဲ့အထိပေါ့ဗျာ။ စစ်ပြီးလို့ဂျာမန်တွေစစ်ရှုံးသွားတဲ့အခါ အကွက်ဝင်သွားတဲ့အတွက် Malèna ကို မြို့ထဲကမိန်းမတွေက အပျက်မဆိုပြီး ၀ိုင်းဝန်းရိုက်ပုတ်အရှက်ခွဲကြတာမျိုး ... Malèna ဒီမြို့ကနေတိတ်တဆိတ်ထွက်သွားတယ်။ အဲဒီအချိန်မှာ ရှေ့တန်းမှာကျဆုံးသွားတယ်ဆိုတဲ့ Malèna ရဲ့ လင်ယောင်္ကျားပြန်ရောက်လာတယ်။ ...
7.5
IMDB: 7.5/10 77,139 votes
movie

Malena (2000)

2000
BluRay 1080p 6CH