Burmese Subtitle

1999

Fight Club (1999) 8.8
Fight Club (1999) IMDB.....8.8 ဒီကားက တော်တော်များများ ညွှန်းဆိုကြတယ် ကြည့်သင့်တဲ့ကားဘာညာပေါ့လေ IMDb...ကလည်း..8.8 ရထားတယ်,,,,, ဒီကားရဲ့အဓိကဇာတ်ဆောင်မင်းသား ၂ ဦးဖြစ်တဲ့ Brad Pitt, Edward Norton ကိုတော့ အတော်များများရင်းနှီးကြပါတယ်.....သူတို့ ၂ယောက်ပဲ ဒီဇာတ်ကားတစ်ကားလုံးဆွဲခေါ်သွားတာ....ကျွန်တော့်မိတ်ဆွေကိုမေးမိတယ် ဒီကားမကြည့်ခင်နည်းနည်းတော့ဇာတ် ကြောင်းလေးပြေပြပါ့လား ဆိုတော့ သူက ရယ်မောရင်းနဲ့ပြန်ပြောတယ် "ဒီကားက လေးနက်တဲ့ပုစ္ဆာတစ်ပုဒ်နဲ့တူတယ် ကိုယ်တိုင်စီးမျောရင်းအဖြေရှာနေရတာ ဇာတ်ကြောင်းပြောတယ်ဆိုတာက ငါအပြောမတတ်ရင် ဒီကားရဲ့ပေးချင်တဲ့ရသက လုံးဝပျောက်သွားလိမ့်မယ် တစ်ခုတော့ရှိတယ် ဒီကား ကြည့်ပြီးတော့ မင်းနဲ့ငါဆွေးနွေးလို့ရတယ်"တဲ့ ကျွန်တော်လည်း ဒီကားကိုမညွှန်းရဲဘူး ပြောပြလို့ရတာတွေတော့ရှိတယ် ဇာတ်လမ်းတင်မဟုတ်ဘူး ဒိုင်ယာလော့တွေကပါ လက်ဖျားခါလောက်တယ် ပြီးတော့ လူကြိုက်နည်းလိမ့်မယ်ထင်တယ် မိန်းကလေးလှလှတွေ၊ရှုခင်းလှလှတွေ အချစ်အကြောင်းညွှန်းဆိုဖွဲ့စကားတွေ မပါဘူးဗျ Review Credit to CM
8.8
IMDB: 8.8/10 1,655,941 votes
movie

Fight Club (1999)

1999
BluRay 1080p 6CH
The Green Mile (1999) 8.5
The Green Mile (1999) BS ကနေပြီးတော့ Old But Gold တွေကိုBlu-Ray 1080p 6CH နဲ့တင်ဆက်လျှက်ရှိရာမှအခု တစ်ခါလည်း ဒါရိုက်တာ Frank Darabont ရိုက်ကူးပြီး မင်းသားကြီး Tom Hanks ပါဝင်ရိုက်ကူးခဲ့တဲ့ The Green Mile ဇာတ်ကားဟာ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အော်စကာ လေးဆု ရရှိခဲ့ပါတယ်..IMDb Rating ကလည်း 8.5 ရရှိထားခဲ့ပြီး Rotten Tomatoes 80% ရရှိခဲ့ပါတယ်..ကြည့်မိတာနဲ့ထိုင်ရာက မထပဲနဲ့ တောက်လျှောက်ကြည့်ချင်နေမယ့်ကားမျိုးဖြစ်ပါတယ်..Movie အညွှန်းလေးကိုဆက်သွားကြရအောင် အကျဉ်းထောင်အရာရှိ ပေါလ်အဖြစ် တွမ်ဟင့်က သရုပ်ဆောင်ထားပြီး သူက သေမိန့်ချခံရတဲ့ အကျဉ်းသားတွေ ထားရှိရာ ထောင်ရဲ့ အရာရှိ တစ်ဦး ဖြစ်ပါတယ်။ John Coffey အဖြစ် Michael Clarke Duncan က သရုပ်ဆောင်ထားပြီး သူက လူမမည် မိန်းကလေး နှစ်ယောက်ကို မုဒိန်းကျင့် သတ်ဖြတ်လို့ သေမိန့်ကျဖို့ အကျဉ်းထောင်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အဲလိုအမှုနဲ့ ရောက်လာပေမယ့်လည်း ...
8.5
IMDB: 8.5/10 960,473 votes
movie

The Green Mile (1999)

1999
BluRay 1080p 6CH
American Beauty (1999) 8.4
American Beauty (1999) ၁၉၉၉ ခုနှစ်ထုတ် American Beauty ဆိုတဲ့ဇာတ်ကားကို မြည်းစမ်းကြည့်ကြပီလား လူတိုင်းလှို့ဝှက်ချက်ကိုယ်စီရှိကြတယ် ကျနော်တို့အထင် အပွင့်လင်းဆုံးဆိုတဲ့ အမေရိကန်တွေ တောင်မှ လှို့ဝှက်ချက်ရှိတယ် ( သူတို့ကပိုများမယ်ထင်တယ် ) ဒီဇာတ်လမ်းရဲ့ဇာတ်ကောင်တွေမှာလည်းတူတူပဲ အမေရိကန်ယဉ်ကျေးမှုဆိုတာ ဒါမျိုးတွေဖြစ်ဖို့တွန်းအားပေး တယ်..ဆိုတဲ့ အမြင်ကို မီးမောင်းထိုးပြလိုက်တာပဲ ပြသချိန် ၂ နာရီအတွင်း ဇတ်ကွက်တခုမှ အချိတ်အဆက်မမိတာမရှိဘူး။ ကြည့်နေရင်း တစ်ချို့အခန်းတွေက မမျှော်ထားတော့ ရှော့ရသွားတယ်😂 ဇာတ်ကောင်တစ်ယောက်ချင်းရဲ့ ဇရိုက် သရိုပ်မှန်ကို နောက်ဆုံးပိုင်း ၁၀ မိနစ်အလိုကျမှသိရတယ် မထင်မှတ်တဲ့ အလှည့်အပြောင်းတွေနဲ့ ရုပ်ရှင်ကြည့်သူကို ဆွဲခေါ်သွားလိုက်တာ ဇတ်လမ်းဆုံးမှ အော်..ဒီလိုပါလားဆိုပီး တစ်ပွဲလုံးကို ခြုံငုံ သုံးသတ်မိတော့တယ်။ ဇာတ်လမ်းကို Spoil လိုက်လို့ အရသာပျက်သွားမှာစိုးတယ်။ ဒီဇာတ်ကားကို ၁ ရှေးရိုးစွဲသမားတွေ မကြည့်သင့်ဘူး ၂ နားရှက်တတ်သူတွေမကြည့်သင့်ဘူး ဘာသာပြန်တဲ့နေရာ အတတ်နိုင်ဆုံး ယဉ်ကျေးထားပါတယ် လွဲမှားတာရှိရင် ခွင့်လွှတ်ကြပါကုန် ကျနော်တယောက်တည်းရဲ့အမြင်ဖြစ်လို့ မှန်တယ်မှားတယ် မပြောလိုပါဘူး ကိုယ်တိုင်ကြည့်ပီး ဆုံးဖြတ်ကြပါ။ ကျနော့်ကို ဒီဇာတ်ကားကြည့်ဖို့ တိုက်တွန်းတဲ့မိတ်ဆွေကိုလည်း အထူးကျေးဇူးတင်ပါတယ်ဗျ၊ (အညွန်းကိုတော့ Ko Phyo Nyi Nyi ရဲ့ Facebook Account မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်) File Size ...
8.4
IMDB: 8.4/10 960,001 votes
movie

American Beauty (1999)

1999
BluRay 1080p 6CH