Burmese Subtitle

1998

Small Soldiers (1998) 6.1
Small Soldiers (1998) Small Soldier (1998) ============== သင်ဟာ ငယ်ငယ်လေးကတည်းက ရုပ်ရှင်တွေနဲ့ကြီးပြင်းလာခဲ့သူတစ်ယောက်ဆိုရင် ဒီဇတ်ကားလေးကို နှလုံးသားထဲမှာရှိနေမယ်ဆိုတာ အသေအချာပါဘဲ (movies lover) အခုတင်ဆက်ပေးမယ့်ရုပ်ရှင်ကားကတော့ ကျွန်တော်တို့ 90 born တွေ ငယ်ဘဝက အတော့်ကိုစွဲစွဲလမ်းလမ်းကြည့်ခဲ့ဖူးတဲ့ small soldier (1998) ဆိုတဲ့ ကစားစရာစက်ရုပ်ကားလေးပဲဖြစ်ပါတယ် မှတ်မှတ်ရရ တိတ်ခွေအထူကြီးတွေ အောက်စက်အထူကြီးတွေ နဲ့ ဘာစာတန်းထိုးမှမပါဘဲ နားမလည်ပါးမလည်ကြည့်ခဲ့ရတာတောင် တော်တော့်ကို ကြည့်လို့ကောင်းလွန်းလို့ တိတ်သားတွေပျက်တဲ့ထိ ထပ်ခါထပ်ခါကြည့်ခဲ့ဖူးပါတယ် ဒါကြောင့် ကြည့်ဖူးပြီးသားသူတွေလည်း ငယ်ဘဝလေးတွေပြန်သတိရပြီး မကြည့်ရသေးတဲ့သူတွေလည်း တော်တော်လေးကိုကောင်းတဲ့ကားလေးမို့ ကြည့်စေချင်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ ဇာတ်လမ်းအကျဉ်းလေးကတော့ အယ်လန်ဆိုတဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာပြဿနာရှာတတ်လွန်းလို့မိဘတွေရဲ့စောင့်ကြည့်ခြင်းခံနေရတဲ့သူပါ တစ်ရက်တော့ အဖေလုပ်တဲ့သူခရီးထွက်ရမှာမို့ သူ့အဖေဖွင့်ထားတဲ့အရုပ်ဆိုင်လေးကို တာဝန်ယူပေးဖို့ဖြစ်လာပါတော့တယ် တစ်ချိန်ထဲမှာပဲ လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုကစီးပွားရေးတိုးချဲ့တဲ့အနေနဲ့ အရုပ်စက်ရုံတစ်ခုကို ဝယ်လိုက်ရင်း ဝယ်ယူသူတွေသဘောကျလောက်မယ့် အရုပ်အသစ်အဆန်းတစ်ခုကို ထုတ်လုပ်ဖို့စီစဉ်လိုက်ပါတယ် ပြဿဿ နာကတာ့ အဲ့ဒီမှာစပါပြီ ဆော့ဝဲအင်ဂျင်နီယာတစ်ယောက်ဟာ တိုက်ခိုက်ရေးနယ်ပယ်မှာ အသုံးပြုရမယ့် ချပ်စ်ပြားတွေကို အရုပ်ထဲမှာထည့်ကာထုတ်လုပ်မိပါတော့တယ် အဲ့ဒီအရုပ်တွေက အယ်လန်ရဲ့ဆိုင်ကိုရောက်သွားပြီး သူတို့မိသားစုကိုဘယ်လိုဒုက္ခပေးမလဲဆိုတာတော့ ရုပ်ရှင်ထဲဆက်ကြည့်ကြပါစို့လားဗျာ Credit ...
6.1
IMDB: 6.1/10 85,770 votes
movie

Small Soldiers (1998)

1998
BluRay 1080p 6CH
Deep Impact 6.2
Deep Impact Deep Impact (1998) ======================== ဒါရိုက်တာ Mimi Leder ရိုက်ကူးထားတဲ့ဂြိုလ်သိမ် တစ်လုံး လမ်းကြောင်းလွဲပြီး ကမ္ဘာ့ပါတ်လမ်း ထဲကို ၀င်လာတဲ့ပုံ ကို Leo Biederman ဆိုတဲ့ကျောင်းသားတစ်ယောက်က တွေ့ရှိခဲ့ပြီး NASA ကိုပေးပို့လိုက်တဲ့ အချိန်မှာအမေရိကန်အစိုးရက အရေးပေါ် Plan နှစ်ခုပါဝင်တဲ့ အရေးပေါ်အစီစဉ်တစ်ခု ရေးဆွဲရပါတော့တယ် ပထမ Plan က ရရှားနဲ့ပေါင်းပြီး တည်ဆောက်ထားတဲ့ အာကာသယဉ်မှာနူကလီးယား လက်နက်တွေတင်ပြီး ဖောက်ခွဲမယ် အဲ့ဒါမအောင်မြင်ရင် Nora အစဉ်ဖြစ်တဲ့ လူတစ်သန်းလောက် ဆန့်တဲ့ လှိုင်ဂူတစ်ခု ထဲမှာ နှစ်နှစ်လောက် လူသားတွေကို အမှောင် ထဲမှာ နေစေပြီး ကယ်တင်မယ့်အစီစဉ်ကို ဘယ်လိုအောင်မြင်အောင် လုပ်ခဲ့သလဲဆိုတာ ကို Drama ဆန်ဆန်လေးရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ထူးခြားတာက ဒီကားက Amageddon ကားနဲ့ တော်တော်လေးစင်ပြီး တော့ ဇတ်လမ်းရဲ့ Plot တွေကို မျက်ရေကျလောက်အောင် ထူးထူးခြားခြားတင်ဆက်ထားတာကိုတွေ့ရတယ်။အားလုံးပဲ ဒီဇာတ်ကားလေးကိုကြည့်ပြီး ဘ၀မှာ တန်ဖိုးအကြီးဆုံးအရာ ကို ...
6.2
IMDB: 6.2/10 151,181 votes
movie

Deep Impact

1998
BluRay 1080p 6CH
The Lion King 2: Simba’s Pride (1998) 6.5
The Lion King 2: Simba’s Pride (1998) The Lion King ဇာတ်ကားကနောက်လဆိုလာတော့မယ်...အဲဒါမထွက်ခင်ဒါလေးတွေဖတ်ထားတော့သူတို့ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာကိုသိတာပေါ့Live Action ထွက်ရင်လဲတင်ပေးပါဦးမယ် See First ထား....1994 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Lion King I ကို မှတ်မိကြဦးမယ်ထင်ပါတယ် မှတ်မိဆို မကြာသေးခင်ကမှ The Lion King ရဲ့ live action ထွက်လာတာကိုး ဆိုတော့ . . . The Lion King ကို တစ်ခေါက်လောက် ပြန်တွေးတောကြည့်ရအောင်ဗျာ .."NA A A HHH ZABENYA A A A BAGITHI BABA" ဆိုတဲ့ The Circle of Life ဆိုတဲ့သီချင်းသံနဲ့အတူ စတင်မြင်ယောင်ကြည့်ပါမယ်နေထွက်လာတဲ့ ဇာတ်ဝင်ခန်းနဲ့အတူ မြင်းကျား သမင် ဆင် စတဲ့တောထဲမှရှိတဲ့ တိရစ္ဆာန်အကုန် အရောင်အသွေးစုံလင်စွာ ထွက်လာတဲ့အချိန် ...
6.5
IMDB: 6.5/10 50,530 votes
movie

The Lion King 2: Simba’s Pride (1998)

1998
BluRay 1080p 6CH
Step Mom (1998) 6.7
Step Mom (1998) လောကကြီးမှာ မိဘရဲ့ မေတ္တာတရားဟာ အလွန်ကြီးမားကြောင်း ဒီကားလေးနဲ့ သက်သေပြသွားခဲ့တယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်...   လူတိုင်းဟာ...သာယာတဲ့ မိသားစုလေးတစ်ခုကို လိုချင်ကြပါတယ်... မိသားစုတွေ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ပျော်ရွင်ရွင်နဲ့နေချင်ကြတယ်... ကံကြမ္မာရဲ့ အလှည့်အပြောင်းမှာ မုန်တိုင်းမထန်ဖို့ အရေးကြီးတယ်.... ဘယ်သူမှတော့ ပထွေး မိထွေးကို လိုချင်ကြမှာ မဟုတ်ဘူး တကယ်လို့များ ဖြစ်လာခဲ့ကြရင်ရော်.... ဒီဇာတ်ကားလေးဟာ... မိသားစုအိမ်ထောင်ရေးပြသာနာကို ဘယ်လိုဖြေရှင်းသွားလဲ...ဆိုတာနဲ့ ကိုယ်ချစ်တဲ့ ယောကျာ်းက နောက်မိန်းမယူတာကို မယားကြီးက သားသမီးတွေ မိထွေးကို လက်ခံနိုင်အောင် ဘယ်လိုသင်ပေးသလဲ အဖေကိုလည်း မမုန်းအောင်...မိထွေးကိုလည်း အမေတစ်ယောက်လို ဖြစ်အောင် ဘယ်လိုသင်ပေးသလဲ...ဆိုတာတွေကို အနှစ်သာရ အပြည့်နဲ့ကြည့်ရှုရမှာပါ... ဘာလို့ မယားကြီးက မယားငယ်ကို သားသမီးတွေ မမုန်းအောင် သင်ပေးလဲဆိုတော့ မယားကြီးကိုယ်တိုင်က လောကကြီးမှာ  နေရမယ့်အချိန်ဟာ ကြာကြာမနေရတော့ဘူးဆိုတာကို သိလိုက်ရလို့ပါ...   မှတ်ချက်... >>> ဒီဇာတ်ကားကြည့်ရင် မျက်ရည် အလိုလိုကျမိသည်နှင့် မိသားစုတွေ စုပြီးကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ...   အညွန်း   ******   Step Mom ဆိုတဲ့ဇာတ်ကားလေးကတော့ အစ္စဘယ် အမျိုးသမီး လုခ်ရဲ့ ဘဝထဲဝင်လာတဲ့အခါ   လုခ်ရဲ့ ကလေးနှစ်ယောက်နဲ့ အဆင်ပြေအောင်ဘယ်လိုပဲကြိုးစားကြိုးစား ...
6.7
IMDB: 6.7/10 54,536 votes
movie

Step Mom (1998)

1998
Web-Rip 1080p 6CH
Blade (1998) 7.1
Blade (1998) Blade က 1998 ကရိုက်ကူးတင်ဆက်ထားတဲ့အမေရိကန် စူပါဟီးရိုးဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Stephen Norrington ကစီစဉ်ထားပါတယ်။ IMDB 7.1 ရရှိထားတဲ့ဇာတ်ကားကောင်း ဖြစ်ပြီးတော့ ယနေ့အချိန်ထိလူကြိုက်များတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ------------------- 1967 ခုနှစ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ သွေးစုပ်ဖုတ်ကောင်တွေရဲ့တိုက်ခိုက်ခြင်းခံခဲ့ ရပြီး ဆရာဝန်တွေကတော့ ကလေးကိုယ်သာ ကယ်ထုတ်နိုင်ခဲ့ပြီးတော့ ကိုယ်ဝန်ဆောင်အမျိုးသမီး ကိုတော့ မကယ်တင်နိုင်လိုက်ပါဘူး... နှစ်ပေါင်း ၃၀ ကြာမြင့်ပြီးနောက် 1997 ခုနှစ်မှာ ဆရာဝန်တွေ ကယ်တင်နိုင်ခဲ့တဲ့ ကလေးဟာ Blade ဆိုပြီးဖြစ်လာခဲ့ပါတယ်... ထို့နောက်မှာ သွေးစုပ်ဖုတ်ကောင်တွေနဲ့ဘယ်လိုဆက်လက်ပြီးရင်ဆိုင်မလဲ ဆိုတာကိုတော့ဆက်လက်ရှုစားအားပေးကြပါခင်ဗျာ... File Size – 1.88 GB Quality- Blu-Ray 1080p 6CH Running Time – 2hr Format – mkv Genre – Action, Horror, Sci-Fi Subtitle – Myanmar (Hard Sub) Translator – Bhone Myat Encoded By – Htet Aung Moe
7.1
IMDB: 7.1/10 219,829 votes
movie

Blade (1998)

1998
BluRay 1080p 6CH
The Pentagon Wars (1998) 7.3
The Pentagon Wars (1998) Old But Gold တွေကြည့်တင်ဆက်ပေးနေပါတယ်နော် အယ့်လယ် အညွန်းကိုတစ်ချက်ရှိုးလိုက်ပါဦး ********************* ဇာတ်ကားလေးတစ်ကားအကြောင်း ပြောချင်ပါတယ်။ ကားဟောင်းတစ်ကားဖြစ်ပြီး ၁၉၈၈ခုနှစ်က ထွက်ရှိတဲ့ဇာတ်ကား ဖြစ်ပါတယ်။ Pentagon Wars လို့အမည်ရပြီး ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးတယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားလေးကို Sky Net ကနေလဲ ရံဖန်ရံခါ ပြသလေ့ရှိပါတယ်။ စစ်လက်နက်ဂရုတွေမှာ ပြန်ရှာကြည့်တော့ တစ်ယောက်စ၊ နှစ်ယောက်စပဲ ရေးထားတာတွေ့လို့ အခုထပ်ရေးလိုက်တာဖြစ်ပါတယ်။ ဇာတ်ကားကတော့ အမေရိကန်တပ်မတော်သုံး Bradley IFV တိုက်ခိုက်ရေးယာဉ်ထုတ်လုပ်မှုအပေါ် ကျောရိုးယူတည်ဆောက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအဖွင့်မှာ 2 Stars ဗိုလ်ချုပ်တစ်ယောက်ကို ခုံရုံးတစ်ခုမှာ စစ်ဆေးမေးမြန်းနေတာနဲ့ ဖွင့်ထားပြီး နောက်ကြောင်းပြန်ပြောတဲ့ပုံစံနဲ့ အစပြုပါတယ်။ အမေရိကန်ကြည်းတပ်မတော်အနေနဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ အသုံးပြုဖို့ ယာဉ်တစ်မျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေတာ (၁၆)နှစ်ကျော်ကျော်လောက်ရှိပြီဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းတည်ငြိမ်ပြီး ထုတ်လုပ်ဖို့ အစပျိုးတော့မယ့်အချိန်မှာ လေတပ်က ဒုဗိုလ်မှူးကြီး Burton ဟာစစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ပေးခြင်းခံရပါတယ်။ သူ့အနေနဲ့ ကွန်ဂရက်ကိုကိုယ်စားပြုစစ်ဆေးရတာဖြစ်ပေမယ့် ဒီ Project ကိုကိုင်ထားတဲ့ ...
7.3
IMDB: 7.3/10 2,906 votes
movie

The Pentagon Wars (1998)

1998
Web-DL 720p
Saving Private Ryan (1998) 8.6
Saving Private Ryan (1998) တပ်သားရိုင်ယန်ကိုကယ်တင်ခြင်း ဆိုတဲ့ ဒါရိုက်တာစတီဗင်စပီးဘတ်ရဲ့လက်ရာဖြစ်တဲ့ ဒီဇာတ်ကားက ဒုတိယကမ္ဘာစစ်ကို အခြေပြုပြီးရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့အလှည့်အပြောင်းဖြစ်တဲ့ Normandy ကမ်းခြေ တိုက်ပွဲကို အခြေပြုရိုက်ကူးထားပြီး Normandy ကမ်းခြေကို အမေရိကန်စစ်တပ်တွေ ၀င်သိမ်းတဲ့ ရိုက်ကွက်ကိုလည်း ပီပီပြင်ပြင်ခံစားရမှာပါ..။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်စစ်တပ်မှာ အမှုထမ်းကြတဲ့ ရိုင်ယန်ညီအကိုလေးယောက်မှာ သုံးယောက်တိုက်ပွဲကျသွားတယ်။ အမေရိကန် ကာကွယ်ရေးဦးစီးချုပ်ဟာ သားသုံးယောက်ဆုံးပါးရရှာတဲ့ မိခင်မုဆိုးမကြီးကို သနားဂရုဏာသက်လွန်းလို့ တပ်ဖွဲ့ဝင်ရှစ်ယောက်ပါတဲ့အထူးတပ်ဖွဲ့တဖွဲ့၊ နော်မန်ဒီစစ်မြေပြင်ကိုစေလွှတ်ပြီး၊ဘရိုင်ယန်ညီအကိုတွေထဲကနောက်ဆုံးကျန်ခဲ့တဲ့ ဘရိုင် ယန်ကို မဖြစ်မနေပြန်ကယ်တင်ခိုင်းခဲ့တဲ့ဇာတ်လမ်းပါ..။ စစ်ပွဲတွေရဲ့သဘာဝ၊အမေရိကန်စစ်သားတွေရဲ့ခံယူချက်နဲ့ဘဝ၊ အမေရိကန်စစ်တပ်ရဲ့ သာမန်အဆင့် အကြပ်တပ်သားတွေအပေါ်တန်ဖိုးထားမှု၊စစ်ပွဲအတွင်းလူသားစရိုက်၊ ဒါရိုက်တာစတီဗင်စပီးဘတ်ရဲ့ ပါရမီမြောက် ရိုက်ချက်နဲ့ အတူ ဗိုလ်ကြီး မီလာအဖြစ်သရုပ်ဆောင်တဲ့ အော်စကာမင်းသားတွမ်ဟင့်ရဲ့ အရည်အသွေး... အော်စကာ ဆုနဲ့ နိုင်ငံတကာ ရုပ်ရှင်ဆုပေါင်း ၇၅ ဆုကျော်ရရှိထားတဲ့ စစ်ကားကောင်း တစ်ကားအဖြစ် ကြည့်ရှုနိုင်သလို ဗဟုသုတရစရာ ၊ အမှတ်ရစရာ ၊ လေ့လာစရာတွေပါ ရောပြွန်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ~Review Credit File Size – 3.59GB Quality – Blu-Ray 1080p 5.1CH Running Time – 2h 49min Format – mkv Genre –  Drama, War Translator ...
8.6
IMDB: 8.6/10 1,047,551 votes
movie

Saving Private Ryan (1998)

1998
BluRay 1080p 6CH
Rush Hour (1998) 7.0
Rush Hour (1998) IMDB Rating - 7.0 ရရှိထားတဲ့ Jackie Chan ရဲ့ ဇာတ်ကားကောင်းလေးဘဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း -------------------- ဟောင်ကောင် စုံထောက် လီဟာ အမေရိကန် ပြည်နယ်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်သမီး ပြန်ပေးဆွဲတဲ့အမှုနဲ့ပတ်သတ်ပြီးတော့ အမေရီကန်ကို တရုတ်ကောင်စစ်ဝန်ကဆင့်ခေါ်လို့ ရောက်တော့မယ့်အချိန်မှာ၊ FBI က တရုတ်က စုံထောက်ကိုအသုံးမပြုချင်တဲ့အတွက် လော့အိန်ဂျယ်လိ ရဲဌာနက အကြီးအကဲစီအကူအညီတောင်းပြီးတော့ ရဲဝန်ထမ်းတစ်ယောက်ကို ပို့ခိုင်းပြီး တရုတ်စုံထောက်ကို လှည့်ပတ်ခေါ်သွားပြီး အမှုကို ဝေ့ဝိုက်အောင်ပြုလုပ်ခိုင်းတာ ဖြစ်ပါတယ်။ဖြစ်ချင်တော့ လော့အိန်ဂျယ်လိ ရဲဌာန ရဲ့အရှုပ်ထုတ် ကာတာကိုလွှတ်လိုက် တဲ့အခါမှာတော့..... ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ဇာတ်ကားထဲမှာဘဲဆက်လက် ကြည့်ရှုပေးပါခင်ဗျာ။ File Size – 1.84 GB , 643.93MB Quality – Blu-Ray 1080p 5.1CH Running Time – 1h 38min Format – mp4 Genre –  Action, Comedy, Crime Translator – Burmese Subtitle Team Encoded By – Burmese Subtitle Team
7.0
IMDB: 7.0/10 210,742 votes
movie

Rush Hour (1998)

1998
BluRay 1080p 6CH