Burmese Subtitle

1981

Das Boot (1981) 8.4
Das Boot (1981) Das Boot ********** ဒုတိယကမ္ဘာစစ်နောက်ခံ ရေငုပ်သင်္ဘောဇာတ်ကား ဖြစ်ပါတယ် ၁၉၈၁ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ထူးခြားတာက ဒီကားကို ဂျာမနီဘက်က ရိုက်ကူးတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်ယူဘုတ်တစ်စီးရဲ့ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းက နေ့စဉ်ဖြတ်သန်းမှုနဲ့ တိုက်ပွဲတွင်းအခြေအနေတွေကို ကြည့်ရူခံစားရမှာပါ။ ရေငုပ်သင်္ဘောအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တော်တော်များများ ရှိပါတယ်။ ကျွန်တော်ကြည့်ဖူးသလောက်ဆိုရင် မနှစ်ကထွက်တဲ့ Hunter Killer လိုကားကနေ အိန္ဒိယဘက်ကရိုက်တဲ့ Ghazi Attack ၊ အမေရိကန်ဘက်ကရိုက်တဲ့ U-571 ကားတွေက လူသိများတဲ့ကားတွေ ဖြစ်မှာပါ။ Hunter Killer ကိုကြည့်ရင် အမေရိကန်နံ့သင်းတဲ့ ခေတ်သစ်ရေငုပ်သင်္ဘော စစ်ဆင်ရေးအကြောင်း မြင်ရမယ်၊ U-571 ကိုကြည့်ရင် အင်နစ်ဂမာကုတ်ကို ချိုးဖောက်နိုင်ဖို့ စွန့်စားခဲ့ကြတဲ့ အမေရိကန်ရေတပ်သားတွေ အကြောင်း မြင်ရမယ်။ Ghazi Attack ကားကိုကြည့်ရင် အိန္ဒိယရေတပ်သားတွေရဲ့ သူရဲကောင်းဆန်ဆန် စွန့်စားမှုတွေကို မြင်ရပါမယ်။ ဒီဇာတ်ကားသုံးကားကိုကြည့်မိရင် ခံစားရမှာက တိုင်းပြည်နဲ့တပ်မတော်ဆိုတာ ...
8.4
IMDB: 8.4/10 208,930 votes
movie

Das Boot (1981)

1981
BluRay 1080p 6CH