Burmese Subtitle

1961

Judgment at Nuremberg (1961) 8.2
Judgment at Nuremberg (1961) ကဲဒီတစ်ခါတော့ အော်စကာဆုနှစ်ဆုအပြင် တစ်ခြားသော ဆုတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့တဲ့ ၁၉၆၁ ခုနှစ်က ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်မိပါတယ်...Top Rated Movies #137 ကိုချိတ်နိုင်ခဲ့ပါတယ်.... အညွှန်း ****** အချိန်ကာလက ဒုတိယကမ္ဘာစစ်ကြီးပြီး၍ သုံးနှစ်အကြာ ၁၉၄၈ခုနှစ်။ စစ်ရှုံးဂျာမနီနိုင်ငံတွင် နာဇီခေါင်းဆောင်ပိုင်းအား နုရင်ဘတ်စစ်ခုံရုံးတွင် စစ်ဆေးကာ ပြစ်ဒဏ်ချမှတ်ပြီးဖြစ်သော်လည်း စစ်နိုင်သူအမေရိကန်တို့မှ ကျေနပ်အားရခြင်း မရှိသေး၍ နာဇီအစိုးရ၏ တရားသူကြီးဟောင်းများကိုပါ တရားစီရင်ရေးမဏ္ဍိုင် ယိုင်နဲ့စေခဲ့မှုဖြင့် ခုံရုံးတင်စစ်ဆေးချိန်။ တရားလိုရှေ့နေအဖြစ် နာဇီမုန်းတီးစိတ်အပြည့်ရှိတဲ့ အမေရိကန်ဗိုလ်မှူးကြီးတစ်ဦးက ဆောင်ရွက်သွားမယ့် ဒီအမှုမှာ နာဇီတရားသူကြီးဟောင်းတွေကို နိုင်ငံရေးအညှိုးနဲ့ မျိုးသုန်းစေမှု၊ လူမဆန်မှု၊ တရားစီရင်ရေးမဏ္ဍိုင်ကို ပါတီတစ်ရပ် အဖွဲ့အစည်းတစ်ရပ်ရဲ့ လက်ကိုင်တုတ်အနေနဲ့ အသုံးချခဲ့မှုတွေနဲ့ စွဲချက်တင်သွားမှာဖြစ်ပြီး ခုံသမာဓိအဖွဲ့အနေနဲ့တော့ အမေရိကန်နိုင်ငံတရားသူကြီးတွေက ဆောင်ရွက်ကြမှာပါ။ တစ်ဖက်မှာတော့ တစ်ချိန်က နာဇီတရားသူကြီးဟောင်းတွေဟာ အရင်ကာလတွေနဲ့ ပြောင်းပြန်လို့ဆိုရမယ့် အခြေအနေအဖြစ် တရားခံခုံတန်းမှာထိုင်ရင်း စီရင်ချက်ချခံရတော့မှာပါ။ သူတို့ဘက်က ကာကွယ်ခုခံပေးမှာက ပါးရည်နပ်ရည်ရှိတဲ့ ဂျာမန်ရှေ့နေတစ်ဦး ဖြစ်ပါတယ်။ ဟစ်တလာရဲ့ နာဇီပါတီဟာ ...
8.2
IMDB: 8.2/10 60,748 votes
movie

Judgment at Nuremberg (1961)

1961
BluRay 1080p 6CH