Burmese Subtitle

1939

Gone with the Wind (1939) 8.2
Gone with the Wind (1939) Gone With The Wind (1939) ပရိသတ်တွေ ဒီနာမည်ကြားဖူးကြလိမ့်မှာပါ ခင်ဗျားတို့ အဖေအမေတွေ အဘိုးအဘွားတွေကတော့ ဒီနာမည်အစား " လေရူးသုန်သုန် " ဆိုတဲ့နာမည်ဆိုရင်ပိုပြီးသိကြလိမ့်မယ်ဗျ ဆရာမြသန်းတင့်ဘာသာပြန်ခဲ့ပြီး မြန်မာ့ဘာသာပြန်စာပေလောက တစ်ခေတ်ဆန်းစေခဲ့တဲ့ ကမ္ဘာကျော်စစ်နောက်ခံအချစ်ဝတ္ထုကြီး အေဗရာဟင်လင်ကွန်းခေတ် ပြည်တွင်းစစ်အတွင်း ပေါက်ဖွားလာခဲ့တဲ့ အချစ်ဇာတ်လမ်း နောက်ဆုံး ဒီဇာတ်လမ်းကို ပိတ်ကားပေါ်တင်လိုက်တဲ့အခါ အော်စကာဆု ၁၅ဆု အတွက်လျာထားခံရပြီး ၈ဆု ရခဲ့တဲ့ဇာတ်ကား ဒီခေတ်အနေနဲ့ ပြန်ကြည့်ရင်တောင် Rotten Tomato မှာ 94% နဲ့ imdb မှာ 8.2ရထားတဲ့ကား မသေခင်ကြည့်သင့်တဲ့ ဇာတ်ကား ၁၀၀၁ကားထဲမှာ ထိပ်ဆုံး list ကနေပါတဲ့ကား စပြီးရုံတင်တဲ့အချိန်ကစပြီး ၂၅နှစ်ထိကြာအောင် ဇယားထိပ်မှာ ရပ်တည်ခဲ့တဲ့ သူ့ရဲ့စံချိန်ကိုခုထိဘယ်ဇာတ်ကားမှ မချိုးနိုင်ခဲ့တဲ့ကား ဒီလိုမျိုး ပြည့်စုံနေတဲ့ကားက ထုံးစံအတိုင်း ကြာချိန်က ၃နာရီ နဲ့ မိနစ်၄၀ နီးပါးကြာတယ် စကားလက်အိုဟာရာ ရဲ့ တစ်ဖက်သတ်အချစ်ဇာတ်လမ်း စစ်ဖြစ်တဲ့ အချိန်မှာ ကြုံရတဲ့ လောကဓံအပြောင်းအလဲတွေ ကိုယ့်ကို မချစ်တဲ့ယောက်ျားတစ်ယောက်အတွက် အရွဲ့တိုက်ချင်တဲ့စိတ် ဒီစိတ်ကြောင့် ကြုံခဲ့ရတဲ့ အခက်အခဲဒုက္ခတွေ နောက်ဆုံး ကိုယ်အမုန်းဆုံးလူက ကိုယ်တစ်ကယ်ချစ်တဲ့လူမှန်း သိလာရချိန်မှာလဲ လောကဓံတရားက ထပ်ပြီး နိုပ်စက်လိုက်ပြန်တဲ့အခါ . . . အကောင်းဆုံး ...
8.2
IMDB: 8.2/10 263,797 votes
movie

Gone with the Wind (1939)

1939
BluRay 1080p 6CH