Burmese Subtitle

Web-Rip 1080p 6CH

A.I. Rising (2018) 6.2
A.I. Rising (2018) နည်းပညာတွေ တိုးတက်လာခဲ့တဲ့ခေတ်မှာ AI လို့ ခေါ်တဲ့ Artificial Intelligence (အသိဥာဏ်အတု) ဟာလည်း တိုးတက်လာခဲ့ပြီ ဖြစ်ပါတယ်။ AI ကို စက်ရုပ်တွေမှာ အများစု အသုံးချလာကြပါတယ်။ ဒီတော့ တိုးတက်လာတဲ့ အသိဥာဏ်အတုဟာ မှတ်ဥာဏ်တင်မဟုတ်ဘဲနဲ့ ခံစားတတ်တဲ့နှလုံးသားပါ ရှိလာခဲ့မယ်ဆိုရင်.... အဲ့လိုမျိုး စဉ်းစားဖူးပါရဲ့လား????? စက်ရုပ်နဲ့လူနဲ့ ချစ်ကြတဲ့ ဇာတ်လမ်းတွေ အရင် ရှိခဲ့ဖူးပါတယ်။ ဒီဇာတ်လမ်းကလည်း စက်ရုပ်မလေးနဲ့ အာကာသယာဉ်မှူးကြီးရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ အချစ်ဆိုတာ ချစ်နေရုံနဲ့ မပြီးပါဘူး။ ရမ္မက်ကလေးကည်း ပါပါသေးတယ်။ လူနှစ်ယောက် တွယ်တာနှောင်ငြိတာဟာ မထူးဆန်းပေမယ့် စက်ရုပ်နဲ့လူနဲ့ ငြိတွယ်ခဲ့တဲ့အခါ..... စက်ရုပ်ကို လူသားထင်ပြီး ချစ်ခင်စုံမက်လာခဲ့တဲ့အခါ..... တိုးတက်လာတဲ့ စက်ရုပ်ရဲ့ အသိဥာဏ်ဟာ မှတ်သားတတ်ရုံတင်မဟုတ်ဘဲ ခံစားတတ်လာတယ်ဆိုတာ ဟုတ်ပါ့မလား? အာကာသယာဉ်မှူးကြီး စက်ရုပ်မလေးကို လူအဖြစ် ဖန်တီးအသက်သွင်းချင်လာခဲ့တဲ့အခါ..... သူတို့နှစ်ယောက်ရဲ့ အချစ်လမ်းခရီးဟာ သာယာဖြောင့်ဖြူးပါ့မလား????? ဒီဇာတ်လမ်းမှာ ကျွန်တော်သဘောကျတာတစ်ခု ရှိပါတယ်။ ယောက်ျားနဲ့မိန်းမကြားက အချစ်၊ သံယောဇဉ် နဲ့ ရမ္မက်ကို တွေးစရာဖြစ်အောင် ရိုက်ပြသွားနိုင်တဲ့ ဇာတ်ကွက်တချို့ပါပါတယ်။ ကြည့်ကြည့်ပါဗျာ။ သိပ္ပံအချစ်ဇာတ်လမ်းလေးဆိုတော့ မရိုးရပါဘူး။ IMDB 6.4 ရထားပြီးတော့ ဆုပေါင်း (၈)ဆုတိတိ ရရှိထားပါတယ်။ တစ်ခုတော့ သတိပေးထားပါရစေဦး။ တချို့ဇာတ်ကွက်တွေကိုတော့ ၁၈ ယောက် ပြည့်မှ ကြည့်ကြပါလို့။ Review Credit to Channel Myanmar
6.2
IMDB: 6.2/10 6,626 votes
movie

A.I. Rising (2018)

2018
Web-Rip 1080p 6CH
The Highwaymen (2019) 7.0
The Highwaymen (2019) တောအုပ်တစ်ခုရဲ့ နေရာတစ်ခုတွင် ထောင်သားတွေအလုပ်လုပ်နေကြသည်…. မြင်းကိုယ်စီ ဖြင့် လက်နက်ကိုင် ထောင်စောင့်အဖွဲ့တွေလည်း အသီးသီးစောင့်ကြတ်နေကြသည်… သို့ပေမယ့် ကြိုတင်စီစဉ်မှုတွေကြောင့် ထောင်သားတစ်ချို့ဟာ ၀ှက်ထားတဲ့ လက်နက်များဖြင့် ထောင်စောင့်များကို သတ်ဖြတ်ကာ သူတို့အား လာခေါ်သည့် ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားကြသည်… ပြေးနိုင်သည့် လမ်းများကိုလိုက်လံပိတ်ဆို့ထားသော်လည်း အစအနပင်ရှာမရချေ…. ဒါတွေအားလုံးရဲ့အဓိက တရားခံက ၀ရမ်းပြေးလင်မယား(၂)ယောက်ဖြစ်သည်.. တကယ်တော့ သူတို့ကိုဖမ်းမမိသည်မှာ (၂)နှစ်ခန့်ပင်ရှိနေသည့်အပြင် ယ္ခုအခါ တခြားရာဇ၀တ်သား အပေါင်းအပါတွေပါ ထောင်ကလာခေါ်ထုတ်သည့်အတွက် သတင်းစာခေါင်းကြီးပိုင်းမှာ ခမ်းခမ်းနားနားကြီးကိုပါလာခဲ့လေသည်.. ဒီ့အတွက်ကြောင့် အုပ်ချုပ်ရေးပိုင်းက လူကြီးတွေ ခေါင်းမီးတောက်နေသည်… နောက်ဆုံးတော့ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ယခင်ကဖျက်သိမ်းခဲ့သည့် ရန်းဂျားတပ်ဖွဲ့ဝင်(၂) ဦးကို ပြန်လည်တာဝန်ပေးအပ်ဖို့ဖြစ်သည်…ရှေးယခင်က ရိန်းဂျိန်းတွေဟာ ဖမ်းမမိတဲ့သူတွေကို တရားဝင်သတ်ဖြတ်ပိုင်ခွင့်ရှိသည်..အုပ်ချုပ်ရခက်သည့် ရိန်းဂျားတွေဟု ယူဆက အဖွဲ့ကိုဖျက်သိမ်းခဲ့ခြင်းဖြစ်သည်.. ယ္ခုအခြေအနေမှာတော့ ကျန်ရှိနေသေးသည့် အတော်ဆုံး(၂)ယောက်ကိုခေါ်သုံးဖို့ဖြစ်လာသည်… ကိုင်း သူတို့ ဖမ်းမိနိုင်မလား….ဒီရာဇ၀တ်သားတွေကရော ဘယ်လိုမကောင်းမှုတွေဆက်ကျူးလွန်ဦးမလဲ… ခံစားကြည့်လိုက်ပါဦး…မင်းသားကြီး Kevin Costnerနဲ့ Woody Harrelsonတို့အဓိကပါဝင်ထားသည့် အပြင် IMDbလည်းအကောင်းဆုံးအနေအထားမှာရှိနေသည့် မှုခင်းဇာတ်ကားမို့ ကားကောင်းတစ်ကားဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေ… Review Credit to Channel Myanmar
7.0
IMDB: 7.0/10 36,292 votes
movie

The Highwaymen (2019)

2019
Web-Rip 1080p 6CH
Roma (2018) 7.8
Roma (2018) ဇာတ်လမ်းအညွန်း ============== 2018 ရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကား အခုလိုပြောလို့ ကျွန်တော် မလွန်ဘူးလို့ထင်တယ်။ Roma ဆိုတာဟာ Mexico နိုင်ငံမြို့တော်ဖြစ်တဲ့ Mexico City မှာရှိတဲ့ Colonia Roma လို့ ခေါ်တဲ့ ရပ်ကွက်နာမည်ကို ဆိုလိုတာပါ။ Cleo ဟာ Colonia Roma ရပ်ကွက်ထဲမှာရှိတဲ့ Sofia တို့ အိမ်မှာ အလုပ်လုပ်နေတဲ့ အိမ်အကူတစ်ယောက်ပေါ့။ Sofia တို့ အိမ်မှာ သူ့ယောင်္ကျားဖြစ်တဲ့သူရယ်၊ ကလေး ၄ ယောက်ရယ်၊ အဖွားရယ်၊ နောက်အိမ်အကူတစ်ယောက်ရယ် တူတူနေကြတယ်။ ဇာတ်လမ်းဟာ ဒီဇာတ်ကောင်တွေကြားမှာ ဖြစ်နေတဲ့အဖြစ်အပျက်တွေကို ၁၉၇၀ ခုနစ် မက္ကဆီကိုမှာဖြစ်နေတဲ့ လူနေမှုအခြေအနေ၊ နိုင်ငံရေးအခြေအနေတွေနဲ့ ရောယှက်တင်ပြထားတယ်။ ဇာတ်လမ်းဟာ Cleo ကို အခြေတည်ထားတာပါ။ ပထမတစ်နာရီလောက်ဟာ Cleo ရဲ့ နိစ္စဓူဝအလုပ်တွေကို ပြရင်းနဲ့ပဲ ပြီးသွားတယ်။ အဲ့လိုပြရာကနေ Cleo နဲ့ ကလေးတွေရဲ့ ဆက်ဆံမှုတွေ၊ သူ့ရဲ့ချစ်သူနဲ့ ...
7.8
IMDB: 7.8/10 99,342 votes
movie

Roma (2018)

2018
Web-Rip 1080p 6CH
Spectral (2016) 6.3
Spectral (2016) How you can stop if you can’t see the enemies are coming? “ရန်သူတွေ လာနေတာ မမြင်ရရင် မင်းဘယ်လို တားဆီးမလဲတဲ့”။ ခုတလော သည်းထိတ်ရင်ဖိုအက်ရှင်ကားတွေကို တင်ဆက်တဲ့နေရာမှာ အလွန်ကျော်ကြားနေတဲ့ Netflix ရဲ့ Scifi-Thriller ဟာ နာမည်ကြီး အက်ရှင်ဂိမ်းတစ်ခုဖြစ်တဲ့ Gears of War ကို ဂြိုလ်သားတွေနဲ့ ပေးတွေ့လိုက်ပါပြီ။ Pacific Rim တို့ Battleship တို့လိုပဲ သဘာဝလွန်စွမ်းအားတွေရှိတဲ့ တခြားကမ္ဘာက ဂြိုလ်သားတွေနဲ့ အသေအကြေ တိုက်ခိုက်ရတဲ့ အကြောင်းရိုက်ကူးထားတဲ့ Spectral ကို သိပ္ပံကား၊ စစ်ကားဝါသနာအိုးတွေသာမက သည်းထိတ်ရင်ဖိုကြိုက်တဲ့ ပရိတ်သတ်များကပါ ချီးကျူးကြပါတယ်။ ဂိမ်းဝါသနာအိုးတွေအတွက်တော့ မကြည့်မိရင် သူများနောက်ကျန်ခဲ့နိုင်ပါတယ်။ ဇာတ်လမ်းကတော့ ကမ္ဘာမြေကို ကျူးကျော်ဝင်ရောက်လာတဲ့ ဂြိုလ်သားတွေကို သူသေကိုယ်သေပြန်တိုက်ပေးရတဲ့ special operation ...
6.3
IMDB: 6.3/10 42,673 votes
movie

Spectral (2016)

2016
Web-Rip 1080p 6CH
Triple Frontier (2019) 8.9
Triple Frontier (2019) ၂၀၁၉ ရဲ့ အကြမ်းစား အက်ရှင်ကားကောင်းတစ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်... အငြိမ်းယူထားတဲ့သူတွေဟာ...ကိုယ်ပိုင်လိုအပ်ချက်အတွက် ငွေလိုအပ်လာတဲ့အချိန်မှာ အရင်အလုပ်ကိုပြန်မလုပ်ချင်ပေမယ့် ငွေတအားကြီးရမယ့် အချိန်မှာတော့ ငြင်းပယ်လို့မရတော့ပါဘူး...   ဒီတော့ အရင်အလုပ်လုပ်ဖူးတဲ့သူတွေကို လူလိုက်စုတယ်.... ပြီးတော့ တောထဲမှာ ခိုအောင်းနေတဲ့ သူဌေးတစ်ယောက်ဖြစ်တဲ့ မှောင်ခို ဘိန်းရာဇာတစ်ယောက်က သူ့ငွေတွေကို ဘဏ်ကိုမယုံတော့လို့ တောထဲက အိမ်ထဲမှာ အိမ်အပြည့် ငွေတွေသိမ်းထားပြီး သူကိုယ်တိုင်တောထဲမှာ အစောင့်အရှောက်တွေနဲ့နေနေတယ်... မကြာခင်မှာပဲ အဲ့ဒီငွေကိုတွေ ဓားမြတိုက်မယ်...အတွေ့အကြုံရှိတဲ့ လူတစ်စုက အစီအစဉ်တွေစဆွဲပါတော့တယ်....   Translator -- Aung Myint Oo Encoder -- Sai Wunaa  
8.9
IMDB: 8.9/10 44 votes
movie

Triple Frontier (2019)

2019
Web-Rip 1080p 6CH
Close (2019) 5.6
Close (2019) ဆမ် ကစစ်ပြန် သက်တော်စောင့်တစ်ဦးပေါ့။ သူမရဲ့အတွေ့အကြုံတွေအတော်ကိုများ ပေမယ့်လည်း Rambo လောက်တော့ဘယ်များမတုန်းပေါ့နော်။ သူ့ကကောင်းကောင်း လေ့ကျင့်ပေးထားတဲ့သက်တော်စောင့်တစ်ဦးဖြစ်ပြီး အန္တရာယ်နဲ့ကြုံနိုင်တဲ့အနေအထား တွေကိုကာကွယ်ပေးတဲ့နေရာမှာအထူးကျွမ်းကျင်ပြီးတော့။ သက်တော်စောင့်တစ်ယောက် ရဲ့ကိစ္စတွေကိုကောင်းကောင်းလုပ်ဆောင်နိုင်တဲ့သူလည်းဖြစ်ပါတယ်။တစ်ရက်မှာတော့ လူချမ်းသာကြီးတစ်ယောက်ရဲ့သမီးဖြစ်တဲ့ အသက်၁၉အရွယ် ဇိုဝီဆိုတဲ့ ကလေးမလေးကို သက်တော်စောင့်အနေနဲ့ လုပ်ရမယ်ဆိုတဲ့အခါမှာ ဘယ်လိုတွေဖြစ်မယ်ဆိုတာကို BS ပရိတ်သတ်ကြီးအားပေးလိုက်ကြပါကုန်။ File Size – 1.5 GB Quality- WEB-Rip 1080p 6CH Running Time – 1hr 35min Format – mkv Genre – Action, Thriller Subtitle – Myanmar (Hard Sub) Translator – Aung Myint Oo Encoded By – Boogeyman
5.6
IMDB: 5.6/10 4616 votes
movie

Close (2019)

2019
Web-Rip 1080p 6CH
Unstoppable (2018) 6.3
Unstoppable (2018) ကိုရီးယား ဝတုတ်မင်းသားကြီး ဦးဆောင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားကောင်းလေးတစ်ကားပါ။ ကိုရီးယား ဂျွန်ဝတ်ခ်လို့တောင် တင်စားခေါ်ဝေါ်ရမလားဘဲ... ဇာတ်လမ်းအကျဉ်း ဂျီဆိုး နဲ့ ဒုန်ချု တို့ကအကြင်လင်မယားပေါ့၊ လင်လုပ်သူက အသားငါးတွေပို့ပေးတဲ့သူပေါ့ သူ့မိန်းမအတွက် ကြိုးစားနေသူတစ်ယောက်ပေါ့... ၊ ဒါပေမယ့်တစ်နေ့မှာတော့ မမျှော်လင့် ဘဲ ယဉ်တိုက်မှုတစ်ခုဖြစ်သွားပါတယ်။ တိုက်တဲ့ယဉ်က လူမိုက်တစ်သိုက်ဖြစ်နေတာကို ဒုန်ချုတစ်ယောက် မသိဘူး။ ဒါ့အပြင် ဒုစရိုက်ပေါင်းစုံ လူကုန်ကူးမှုတွေပါလုပ်တဲ့လူဆိုတာ သူမသိရှာဘူး။ဒီလိုနဲ့နေလာခဲ့ပြီး တစ်နေ့မှာတော့ သူ့မိန်းမကို တစ်ယောက်ယောက်က ပြန်ပေးဆွဲသွားခဲ့ပါတယ်။ ဒုန်ချုတစ်ယောက် မိန်းမပျောက်ရှာပုံတော်ဖွင့်ပြီးတော့ လက်လံ စုံစမ်းတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မယ်ဆိုတာဆက်လက်ကြည့်ရှုအား ပေးကြပါဦး။ ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ ရဲသန့်ဦးဖြစ်ပြီးအညွှန်းလည်းကိုယ်တိုင်ရေးသား ထားခြင်းဖြစ်ပါတယ်။ File Size – 1.86 GB Quality- WEB-Rip 1080p 6CH Running Time – 1hr 57min Format – mkv Genre – Action, Crime Subtitle – Myanmar (Hard Sub) Translator – Ye Thant Oo Encoded By – Htet Aung Moe  
6.3
IMDB: 6.3/10 254 votes
movie

Unstoppable (2018)

2018
Web-Rip 1080p 6CH
Step Mom (1998) 6.7
Step Mom (1998) လောကကြီးမှာ မိဘရဲ့ မေတ္တာတရားဟာ အလွန်ကြီးမားကြောင်း ဒီကားလေးနဲ့ သက်သေပြသွားခဲ့တယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်...   လူတိုင်းဟာ...သာယာတဲ့ မိသားစုလေးတစ်ခုကို လိုချင်ကြပါတယ်... မိသားစုတွေ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ပျော်ရွင်ရွင်နဲ့နေချင်ကြတယ်... ကံကြမ္မာရဲ့ အလှည့်အပြောင်းမှာ မုန်တိုင်းမထန်ဖို့ အရေးကြီးတယ်.... ဘယ်သူမှတော့ ပထွေး မိထွေးကို လိုချင်ကြမှာ မဟုတ်ဘူး တကယ်လို့များ ဖြစ်လာခဲ့ကြရင်ရော်.... ဒီဇာတ်ကားလေးဟာ... မိသားစုအိမ်ထောင်ရေးပြသာနာကို ဘယ်လိုဖြေရှင်းသွားလဲ...ဆိုတာနဲ့ ကိုယ်ချစ်တဲ့ ယောကျာ်းက နောက်မိန်းမယူတာကို မယားကြီးက သားသမီးတွေ မိထွေးကို လက်ခံနိုင်အောင် ဘယ်လိုသင်ပေးသလဲ အဖေကိုလည်း မမုန်းအောင်...မိထွေးကိုလည်း အမေတစ်ယောက်လို ဖြစ်အောင် ဘယ်လိုသင်ပေးသလဲ...ဆိုတာတွေကို အနှစ်သာရ အပြည့်နဲ့ကြည့်ရှုရမှာပါ... ဘာလို့ မယားကြီးက မယားငယ်ကို သားသမီးတွေ မမုန်းအောင် သင်ပေးလဲဆိုတော့ မယားကြီးကိုယ်တိုင်က လောကကြီးမှာ  နေရမယ့်အချိန်ဟာ ကြာကြာမနေရတော့ဘူးဆိုတာကို သိလိုက်ရလို့ပါ...   မှတ်ချက်... >>> ဒီဇာတ်ကားကြည့်ရင် မျက်ရည် အလိုလိုကျမိသည်နှင့် မိသားစုတွေ စုပြီးကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ...   အညွန်း   ******   Step Mom ဆိုတဲ့ဇာတ်ကားလေးကတော့ အစ္စဘယ် အမျိုးသမီး လုခ်ရဲ့ ဘဝထဲဝင်လာတဲ့အခါ   လုခ်ရဲ့ ကလေးနှစ်ယောက်နဲ့ အဆင်ပြေအောင်ဘယ်လိုပဲကြိုးစားကြိုးစား ...
6.7
IMDB: 6.7/10 54,536 votes
movie

Step Mom (1998)

1998
Web-Rip 1080p 6CH
Bird Box (2018) 6.4
Bird Box (2018) Netflix ရဲ့ Bird Box ဟာ A Quiet Place နဲ့ ဆင်ပါတယ်။ A Quiet Place မှာ လူတွေက အသံထွက်လို့မရသလို Bird Box မှာ မြင်မိလို့မရပါဘူး။ အဲဒီ ဘာမှန်းမသိရတဲ့ အကောင်ကြီးတွေကို မြင်မိလိုက်တာနဲ့ လူတွေဟာ ချက်ချင်း ကိုယ့်ကိုယ်ကို နည်းမျိုးစုံနဲ့ သတ်သေကြပါတယ်။ မကြည့်ခင်ကတော့ တော်တော်လေး မိုက်လောက်မဲ့ အနေအထားလို့ ထင်ခဲ့ရပေမဲ့ တကယ်တမ်းတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ အဲဒီ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတဲ့ concept က အသစ်အဆန်းကြီးမဟုတ်ပါဘူး။ 2008 က ထွက်ခဲ့တဲ့ မင်းသား Mark Wahlberg ပါဝင်သရုပ်ဆောင်ခဲ့တဲ့ "The Happening" မှာ ရှိခဲ့ဖူးတယ်။ အဲကားမှာတော့ လေတိုက်လို့ ရှူမိသွားတဲ့လူတွေ အကုန်လုံး ကွကိုယ်သတ်သေကုန်ကြလို့ လေမရှူမိအောင် အလုံပိတ်နေပြီး ထွက်ပြေးကြရတဲ့ ...
6.4
IMDB: 6.4/10 773 votes
movie

Bird Box (2018)

2018
Web-Rip 1080p 6CH