Burmese Subtitle

Web-DL 1080p 6CH

Badla (2019) 8.0
Badla (2019) [Unicode] Amitabh Bachchan နဲ့ Mulk ကားထဲက မင်းသမီးချော Taapsee Pannuတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ IMDb ratings 8.5/10 ရထားတဲ့ Drama,Thrillor ဇာတ်ကားကြီး ဖြစ်ပါတယ်။ စင်စစ် ဒီကားဟာ 2016 ခုနှစ်က ထွက်ရှိခဲ့တဲ့ စပိန်ရုပ်ရှင် The Invincible Guest ကားရဲ့ Adaptation ဖြစ်ပါတယ်။ Production budget ₹10 crore အသုံးပြုရိုက်ကူးခဲ့ရာမှာ Box Office မှာ ₹137 crore ပြန်ရခဲ့တာမို့ Positive Review ပေါင်းများစွာကို ရရှိခဲ့ပါတယ်။ တွဲဖက်ထုတ်လုပ်သူအနေနဲ့ ရှားရွတ်ခမ်းလည်း ပါပါသေးတယ်။ ဇာတ်လမ်းက ရိုးရှင်းပါတယ်။ နိုင်နာဆိုတဲ့ ငယ်ငယ်ချောချောနဲ့ အောင်မြင်နေတဲ့ စီးပွားရေးသမတစ်ယောက် ဟော်တယ်အခန်းတစ်ခုထဲမှာ သတိလစ်မေ့မြောနေရာကနေ သတိပြန်ရလာချိန်မှာ သူ ့ချစ်သူ အာဂျွန်း သေဆုံးနေတာကို တွေ ့လိုက်ရတယ်။ အခန်းကို သော့ခတ်ထားတာတွေ၊ အခင်းဖြစ်နေရာမှာ တွေ ့ရတဲ့ လက်ဗွေတွေကြောင့် သူမရဲ့ တိတ်တိတ်ပုန်း ချစ်သူ အာဂျွန်းကို သတ်တဲ့အမှုနဲ့ စွဲချက်အတင် ခံရပါတယ်။ ဒါပေမယ့် နိုင်နာကတော့ ဒါဟာ အမည်မသိ ငွေညှစ်သူတစ်ယောက်ရဲ့ လက်ချက်ဖြစ်ကြောင်း ၊ အာဂျွန်းကို သူမသတ်ခဲ့ကြောင်း တွင်တွင်ငြင်းပါတယ်။ ဒီကြားထဲမှာ ဆန်နီဆိုတဲ့ ချာတိတ်တစ်ယောက် ပျောက်ဆုံးနေတဲ့ ...
8.0
IMDB: 8.0/10 13,659 votes
movie

Badla (2019)

2019
Web-DL 1080p 6CH
2.0 (2018) 6.4
2.0 (2018) [Unicode] ၂၀၁၈ ခုနှစ်မှာ ထွက်ထားတဲ့ ဟင်ဒီစတားနဲ့တမီးလ်စတားတို့ အားပြိုင်ထားတဲ့ ၂၀၁၈ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားဟာ ၂၀၁ဝမှာ ထွက်ခဲ့တဲ့ Enthiranရဲ့ အဆက်ဆိုလည်း မမှားပါဘူး။ ပထမဇာတ်ကားထဲမှာတော့ ချက်တီးစက်ရုပ်ကိုမသမာသူတွေရဲ့ လက်ချက်ကြောင့် သိမ်းဆည်းခံခဲ့ရတာ အားလုံးသိမယ်ထင်တယ်။ ဇာတ်လမ်းအကျဉ်းကို ချပြရမယ်ဆိုရင်လူတိုင်းလည်းသိပြီးထားလောက်ပါပြီ။ မြို့ထဲမှာ ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ပျက်ပုံကို စတင်တွေ့မြင်ရမှာပါ။ ရှိရှိသမျှ မိုဘိုင်းဖုန်းတွေဟာ ဘာရယ်ကြောင့်မှန်းမသိaလထဲ လွင့်ထွက်ပျံသန်းသွားခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ တခြားမိုဘိုင်းဖုန်းအရောင်းကိုယ်စားလှယ်တွေနဲ့ဆက်သွယ်ရေးဝန်ကြီးတွေပါ အသတ်ခံရပါသေးတယ်။ ဖုန်းတွေ ဘယ်ရောက်သွားကြတာလဲ။ ဘယ်သူ့လက်ချက်လဲ ဆိုတာ အားလုံး ပဟေဠိဖြစ်နေကြချိန်မှာ ဒါကို အဖြေရှာဖို့ ဒေါက်တာဗာစီကရန်ဟာ ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ စစ်တပ်ကတောင် မနိုင်တဲ့ ထိုအရာကြီးကိုချေမှုန်းဖို့… ချက်တီးစက်ရုပ်ကို ပြန်လည်အသက်သွင်းဖို့ အကြောင်းဖန်လာပါပြီ။ ကဲ ချက်တီးနဲ့အတူ မိုက်ခရိုဘော့လေးတွေလည်းပါဝင်ခံစားလိုက်ပါဦးဗျာ။ Original Translator - Myint Thu Kay Kay & Nyi Nyi Koe Review Credit to CM . [Zawgyi] ၂၀၁၈ ခုနှစ်မှာ ထွက်ထားတဲ့ ဟင်ဒီစတားနဲ့တမီးလ်စတားတို့ အားပြိုင်ထားတဲ့ ၂၀၁၈ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားဟာ ၂၀၁ဝမှာ ...
6.4
IMDB: 6.4/10 18,492 votes
movie

2.0 (2018)

2018
Web-DL 1080p 6CH
Friend Zone (2019) 7.6
Friend Zone (2019) သင်ဟာ Friendzone ထဲ ထည့်ခံထားရတဲ့သူလား ဒါဆို ဒီစာကို ဖတ်မနေတော့ပဲ တစ်ခါတည်း crush နဲ့ တူတူ ဒီကားကို သွားကြည့်ပါတော့ Friendzone ထဲလည်းမဟုတ် တခြားဇုန်နဲ့ ဘာဇုန်မှန်းကို မသိတဲ့သူတွေအတွက်ပြောပြပေးမယ်နော်... ခုရုံတင်တဲ့ ထိုင်းကား နှစ်ကားဖြစ်တဲ့ London Sweeties နဲ့ Friendzone ကတော့ ကြည့်သင့်တဲ့ထဲကိုပါ ပါတယ် နှစ်ကားလုံးကြည့်ပြီးတဲ့သူတွေကတော့ London Sweeties ကို ကြိုက်ကြတာ များပါတယ် ဒါပေမယ့် Friendzone ကိုတော့ မေ့ထားလို့မရပါဘူး အာရှနိုင်ငံတော်တော်များများပါ ရိုက်ထားပြီး ဝင်ငွေများများရအောင် ရိုက်ထားတဲ့ ကားဆိုပေမယ့် လျှော့တော့ တွက်လို့မရပါဘူး မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံတွေရဲ့ အလှတရား ဟာသလည်းနှောထားပြီး ဇာတ်လမ်း ဇာတ်ညွှန်းခိုင်ခိုင်မာမာနဲ့ မင်းသား မင်းသမီးချောချောလေးတွေနဲ့ဆို လက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ခုပါ ဒါ့အပြင် တို့ရဲ့ ဖြူဖြူ လေးတောင်ပါသေးတယ်လေ မင်းသားရဲ့ ဆယ်နှစ်ကျော် ဖရန့်ဇုန်ထဲက ပိတ်မိနေမှု မင်းသမီးရဲ့ သဝန်တိုမှု ...
7.6
IMDB: 7.6/10 590 votes
movie

Friend Zone (2019)

2019
Web-DL 1080p 6CH
Parasite (2019) 8.6
Parasite (2019) အရမ်းဆင်းရဲကျပ်တည်းနေတဲ့ မိသားစုတစ်စုရှိပါတယ်။ ဘယ်လောက်မွဲနေလဲဆို မိသားစု လေးယောက်လုံး အလုပ်အကိုင်မရှိ။ ဖုန်းဘေမရှိ။ အင်တာနက်တောင် ဘေးအိမ်က password မထည့်ထားတာတွေ လိုက်ရှာပြီး လိုင်းမိတဲ့ အိမ်သာဘေးမှာ ဝင်ထိုင်ပြီးသုံးနေရလောက်အောင် မွဲတယ်။ ဒါပေမဲ့ တစ်ရက်မှာ ကံကြမ္မာအလှည့်အပြောင်းတစ်ခုဖြစ်လာပါတယ်။ သားဖြစ်သူရဲ့ သူငယ်ချင်းက သူနိုင်ငံခြားမထွက်ခင် သူလုပ်နေတဲ့ စာသင်ပေးတဲ့ guide အလုပ်ကို ကိုယ်စားဝင်လုပ်ပေးပါတဲ့။ ကျောင်းမပြီးလည်း ပြီးတယ်ဆိုပြီး လိမ်ပြီးလုပ်တဲ့။ ဒါနဲ့ပဲ အဲကောင်လေးက ကျောင်းပြီးကြောင်း စာရွက်စာတမ်းအတုတွေလုပ်ပြီး အင်မတန်မှ ချမ်းသာလှတဲ့ သူဌေးမိသားစုဆီမှာ သွားပြီး guide လုပ်ပေးဖြစ်ခဲ့တယ်။ ဒါပေမဲ့ တစ်ခေါက် လိမ်ပြီးသွားတဲ့အတွက် ထပ်လုပ်ချင်လာတာနဲ့အမျှ ဒီဆင်းရဲသား မိသားစုဟာ ဒီချမ်းသာပြီး သဘောကောင်းတဲ့ မိသားစုအပေါ်မှာ တဖြည်းဖြည်း လိမ်လည်လာရင်း ကပ်ပါးကောင်တွေလို ဖြစ်လာခဲ့ပါတော့တယ်။ Review Credit to Datshin FB Page
8.6
IMDB: 8.6/10 8,143 votes
movie

Parasite (2019)

2019
Web-DL 1080p 6CH
The Third Way of Love (2015) 5.5
The Third Way of Love (2015) ဒီနေ့အဖို့ ကိုရီးယားချစ်သူတွေအတွက် 2015 မှာထွက်ရှိ ထားတဲ့ အချစ် Drama ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါမယ် ဒီဇာတ်ကားမှာ အားလုံးသိကြတဲ့ မင်းသားချော ဂျွန်စော ( Song Seung Heon ) နဲ့ မင်းသမီးချော ဂူဂူး ( Liu Yifei ) တို့ ပါဝင်ထားပါတယ် တကယ့်လက်တွေ့ဘဝမှာ သူတို့တွေ ချစ်သူဖြစ်လာဖို့ ရာ ဒီဇာတ်ကားလေးကပဲ အကြောင်းဖန်ခဲ့တာ ဖြစ်ပါတယ် ဒါကြောင့်လည်း ဒီဇာတ်ကားလေးက ပိုပြီး လူအများရဲ့ စိတ်ဝင်စားမှုကို မြင့်လာစေခဲ့ပါတယ် . . . ဇာတ်လမ်းထဲမှာတော့ ဂျွန်စောက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် သဌေးတစ်ယောက် ဂူဂူးကတော့ လှပနုပျိုပြီး အလုပ်ကြိုးစားတဲ့ ရှေ့နေတစ်ယောက် ဒီလို မတူညီတဲ့ ဘဝတွေက ကွာဝေးလှပေမဲ့ မထင်မှတ်တဲ့ ဆုံစည်းမှုကနေ အချစ်တစ်ခု ပေါက်ဖွားလာပါတယ် ...
5.5
IMDB: 5.5/10 224 votes
movie

The Third Way of Love (2015)

2015
Web-DL 1080p 6CH
Furie (2019) 6.6
Furie (2019) Furie (2019) "….တိတ်စမ်း! ငါ မင်းကို ပြောဦးမယ် မိသားစုကောင်းတစ်ခု မင်း မလိုချင်ခဲ့ဘူး မင်း ထွက်သွားတယ် ဂန်စတားမ တစ်ယောက် ဖြစ်နေတယ် အိမ်ကို လာပြီး အကူအညီတောင်းရဲသေးတယ်လား! မိုင်က မင်းကြောင့် ပြန်ပေးဆွဲခံရတာ မင်းလို လူမျိုးက သေရမှာ ငရဲဆိုတာ မင်းလို လူတွေအတွက်ပဲ ဟုတ်တယ် ကျမက ကျေးဇူးမသိတတ်သူပါ ဟုတ်တယ် ဒီတော့ ဘာဖြစ်လဲ? ကျမ ထွက်ပြေးခဲ့တယ် အမေ နဲ့ အဖေ့ စကားကို နားမထောင်ခဲ့ဘူး သူတို့ သေတော့ ကျမ အိမ်ကို ပြန်မလာခဲ့ဘူး ကျမက လမ်းပေါ်က မိန်းမ လူမိုက် ဂန်းစတားမ အမှိုက်မ အမေဆိုး ကျမမှ ဘာဂုဏ်မှ မရှိဘူး ဒါကြောင့် အစ်ကို့ကို လာတွေ့တာ ကျမလို့လူက သေရမှာ အဲ့ဒီလို ဖြစ်ချင်တာ မဟုတ်လား? ဟုတ်တယ် ကျမ မှားခဲ့တယ် ကျမ မျက်လုံးမပိတ်ခင် ညတိုင်း အားလုံးကို နောင်တရတယ် လုပ်မိတာတွေကို ကျမ မွေးလာခဲ့တာကိုတောင်မှပဲ ဒါပေမယ့် ကျမ ဒါကို ပြောရမယ် မိုင်ကို မွေးပြီး သူ့အမေ ဖြစ်လာတာဟာ ကျမ လုပ်ခဲ့သမျှထဲ အကောင်းဆုံးပဲ…." Furie (2019) ...
6.6
IMDB: 6.6/10 1,416 votes
movie

Furie (2019)

2019
Web-DL 1080p 6CH
Inhuman Kiss (2019) 7.4
Inhuman Kiss (2019) BS Fan တွေ မကြာသေးခင်က မြန်မာနိုင်ငံမှာ ရုံတင်သွားတဲ့ ထိုင်းသရဲကားလေး တင်ပေးလိုက်ပါတယ် ဇတ်လမ်းလေးကတော့ ဒီလိုပါတဲ့... ရွာလေး တစ်ရွာမှာပေါ့ ဆိုင် ၊ နွိုင် ၊ ဂျက် ၊ ထင်း ဆိုတဲ့ သူငယ်ချင်း ၄ ယောက် ရှိကြတယ် အဲ့ဒီထဲကမှ သရဲ မကြောက်တက်တဲ့ ဂျက် နဲ့ ဆိုင် တို့က ဦးဆောင်ပြီး သရဲ ခြောက်လှပါတယ်ဆိုတဲ့ ရွာအပြင်က အိမ်ပျက်ကြီးမှာ တူတူပုန်းတမ်း သွားဆော့ကြတယ် အဲ့ဒီအိမ်ပျက်ကြီးက ရာဇ၀င် နဲ့ လူတွေ ဝေးဝေးကရှောင်ကြတယ် ကရာစီ လို့ ခေါ်တဲ့ ခေါင်းပြတ်သရဲမ ကျတ်စားတဲ့နေရာလို့ လူတွေက ပြောကြတာပါပဲ... အဲ့ဒီအိမ်ထဲက အခန်းတစ်ခုမှာ ကရာစီ(ခေါင်းပြတ်သရဲမ) ကို သေတ္တာတစ်ခု နဲ့ ချူပ်နှောင်ထားတယ်လို့ ပုံပြင်တွေ ရှိခဲ့တယ်... တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုင် ဆိုတဲ့ ကောင်မလေးက အဲ့ဒီ သေတ္တာကို မထင်မှတ်ပဲ ရှာတွေ့သွားခဲ့တယ်.... ဒါပေမဲ့ ကရာစီ ကတော့ ရှိမနေပါဘူး... ဒီလို နဲ့ ဆိုင် အပျိုပေါက် အရွယ်ဖြစ်လာတဲ့အခါ ရွာမှာ ဂျက် ၊ ထင်း ...
7.4
IMDB: 7.4/10 221 votes
movie

Inhuman Kiss (2019)

2019
Web-DL 1080p 6CH
The Wandering Earth (2019) 6.1
The Wandering Earth (2019) The Wandering Earth (2019) ဒီတစ်ခေါက်ကျတော့ ဒီနှစ်မှ ထွက်ရှိလာတဲ့ သိပ္ပံကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် လူသားတွေနေထိုင်ရာ ကမ္ဘာပေါ်ကို နေလုံးကြီး လွှမ်းမိုးနိုင်မယ့် အန္တရာယ်ကနေ ရှောင်ရှားဖို့ ကမ္ဘာအနှံ့ လူသားတွေက စကြာဝဠာ အဖွဲ့အစည်းကနေ ထွက်ခွာပြီး ကြီးမားတဲ့ ကမ္ဘာ့အင်ဂျင်တွေကို တည်ဆောက်ကြပါတယ်။ နှစ်ပေါင်း ၂၅၀၀ အတွင်း မထင်မှတ်ထားတဲ့ အန္တရာယ်တွေရောက်လာတဲ့အချိန်မှာတော့ ကယ်ဆယ်ရေးအဖွဲ့တစ်စု လူသားတွေ ရှင်သန်ဖို့အတွက် ကယ်တင်ခဲ့ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ အရမ်းမ spoilတော့ဘဲ မြန်မြန်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် မှတ်ချက် ကြာချိန် ၄ နာကြော်ပါတယ် ဒါကြောင့် ဖိုင်ဆိုဒ် ကြီးပါမယ် Movie Review ကို GC မှကူးထားပါတယ်
6.1
IMDB: 6.1/10 17,945 votes
movie

The Wandering Earth (2019)

2019
Web-DL 1080p 6CH
Hope (2013) 8.3
Hope (2013) "The Loneliest person is the kindest. The Saddest person smiles the Brightest Because.... They don't want others to feel the same pain" - Anonymous - . "အထီးကျန်ဆုံးလူဟာ အကြင်နာတက်ဆုံးပါ ဝမ်းနည်းတက်ဆုံးလူရဲ့ အပြုံးဟာ အတောက်ပဆုံးပါ ဘာကြောင့်လည်းဆိုတော့.... သူတို့ ခံစားခဲ့ရတဲ့ နာကျင်မှုမျိုး တခြားသူတွေကို မခံစားစေချင်လို့ဖြစ်တယ်" . . ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ သမီးရင်သွေးလေးမှာ ဒီရုပ်ရှင်ထဲက So-won လို အဖြစ်ဆိုးမျိုးကြုံတွေခဲ့ရင်... တွေးကြည့်ပါ.... လူမဆန်တဲ့ စိတ်ဓာတ်နဲ့လူတွေ၊ မှန်ကန်မှုမရှိတဲ့ တရားစီရင်ရေး အဲ့လို ပျက်စီးယိုယွင်းနေတဲ့ အရာတွေကြောင့် အမှန်တရားတစ်ခု ကွယ်ပျောက်သွားမှာကို စိုးရိမ်မိပါတယ်.... . "ကျွန်တော်တို့အားလုံး တရားဥပဒေစိုးမိုးရေးနဲ့ အမှန်တရားကို လိုချင်ပါတယ်"  
8.3
IMDB: 8.3/10 4,066 votes
movie

Hope (2013)

2013
Web-DL 1080p 6CH
Bharat Ane Nenu (2018) 8.0
Bharat Ane Nenu (2018) Bharat Ane Nenu (2018) မြန်မာစာတန်းထိုး Bharat Ane Nenu (2018) ဇာတ်​ကားဟာဆိုရင်​ အိန္ဒိယနိုင်​ငံရဲ့ အကျင့်​ပျက်​ ခြစားတဲ့ နိုင်​ငံ​ရေးစနစ်​ကို မီး​မောင်းထိုးပြ ရိုက်​ကူးထားတဲ့ အသိပညာ​ပေး ဇာတ်​ကား​လေးတစ်​ကား ဖြစ်​ပါတယ်​... ဇာတ်​ကားထဲမှာ.Bharat ဆိုတဲ့ ​ကောင်​​လေးက မိခင်​ကို ​ပေးထားတဲ့ကတိအတိုင်း သမာသမတ်​ကျတဲ့ နိုင်​ငံ​ရေး အကြီးအကဲတစ်​​ယောက်​ ဖြစ်​လာခဲ့ပါတယ်​ တစ်​ဖက်​မှာ Damu ဆိုတဲ့ လူက နိုင်​ငံအကြီးအကဲ​တွေကို ဖားပြီး ​ကျေးရွာ​တွေမှာ ရမ်းကားချင်​တိုင်း ရမ်းကားတယ်​ ဖြစ်​ချင်​​တော့ သူ့သားက MLA​ရွေး​ကောက်​ပွဲမှာ ​ရွေး​ကောက်​ပွဲ ကိုယ်​စားလှယ်​ဖြစ်​သွား​တော့ ပိုဆိုးသွားတာ​ပေါ့ သူတို့ရဲ့ နှိပ်​စက်​မှုဒဏ်​ကို မခံနိုင်​တဲ့ ရွာသား​တွေက ဝန်​ကြီးချုပ်​ Bharat ကို အကူအညီ​တောင်းရင်းက.... (ဘာ​တွေ ဆက်​ဖြစ်​မလဲဆိုတာ ဇာတ်​ကားသာ ကြည့်​လိုက်​​တော့) ပြီး​တော့ ဝန်​ကြီးချုပ်​ Bharat ကလဲ အိန္ဒိယနိုင်​ငံရဲ့ တစ်​ဖက်​ပိတ်​နိုင်​ငံ​ရေးဝါဒကို ​ခေါင်း​ဆောင်​​ကောင်း ပီသစွာ ...
8.0
IMDB: 8.0/10 13,019 votes
movie

Bharat Ane Nenu (2018)

2018
Web-DL 1080p 6CH
Detective K: Secret of the Living Dead (2018) 6.1
Detective K: Secret of the Living Dead (2018) BS ပရိတ်သတ်တွေအတွက် ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ “Detective K: Secret of the living dead”ဆိုတဲ့ ကိုးရီးယား adventure comedy ဇာတ်လမ်းလေးဖြစ်ပါတယ်.. starring အနေနဲ့တော့ “Descendants of the Sun” “Fight for my way”စတဲ့ဇာတ်လမ်းတွေနဲ့ နာမည်ရလာတဲ့ မင်းသမီးချောလေး Kim Ji Won ဖြစ်ပါတယ်.. ဇာတ်အိမ်က သရဲသွေးစုပ်ဖုတ်ကောင်အကြောင်းတည်ထားပြီး လူသတ်မှုသဲလွန်စကို စုံစမ်းရတဲ့ Crime အမျိုးအစားဆိုတော့ ပရိတ်သတ်စိတ်ဝင်စားမယ်လို့ အာမခံပါတယ်..အညွှန်းဖတ်ရှူကြပါဦး… အညွှန်း- မှောင်မိုက်တဲ့ညတစ်ည လူတစ်ယောက် စာအုပ်တစ်အုပ်ကိုင်ပြီး တောနက်ထဲ ထွက်ပြေးလာပါတယ်… သူ့နောက်လိုက်လာတဲ့ လူတွေကလဲ အများကြီးရယ်… ဒီလူကမြေတူးပြီး အလောင်းတစ်လောင်းဖော်လိုက်တယ်.. ဒီအလောင်းက နှစ်ပေါင်းများစွာကြာပြီမို့ ဆွေးမြေ့ပြီး အရိုးခြောက်ဖြစ်နေပါပြီ..အဲ့လူက သူ့လက်ကို သူကိုယ်တိုင်ဓားနဲ့လှီးပြီး သွေးတွေကို အရိုးခြောက်အလောင်းပေါ်မှာ စီးစေတယ်…ဒီအချိန်မှာပဲ သူ့နောက်ကလိုက်တဲ့သူတွေသူ့ကို ...
6.1
IMDB: 6.1/10 259 votes
movie

Detective K: Secret of the Living Dead (2018)

2018
Web-DL 1080p 6CH
Puzzle (2018) 6.7
Puzzle (2018) Blockbuster ရုပ်ရှင်တွေရဲ့ missing piece လို့တောင် ပြောလို့ရတဲ့ ဒီဇာတ်ကားလေးက အမေ့ခံဘ၀တစ်ခုအကြောင်း ပြောပြပါလိမ့်မယ်။ BS ပရိသတ်တွေထဲမှာ မိသားစု စားရေးသောက်ရေး၊ အိမ်သန့်ရှင်းရေး၊ လျှော်ရေးဖွတ်ရေး အိမ်မှုကိစ္စအရေးပေါ်များစွာကို ဒိုင်ခံတာဝန်ယူထားရတဲ့ အိမ်ရှင်မ ဘယ်နှယောက်ပါပါသလဲ။ သင်ကိုယ်တိုင်က အိမ်ရှင်မမဟုတ်ရင်တောင် သင့်မိသားစုထဲမှာ မိုးလင်းမိုးချုပ် အိမ်ထဲကအိမ်ပြင်မထွက်နိုင်ဘဲ အလုပ်နဲ့လက်နဲ့မပြတ်အောင် တာဝန်ယူထားရသူ တစ်ယောက်တော့ ရှိမှာသေချာပါတယ်။ အိမ်ထောင်တစ်ခု၊ မိသားစုတစ်စုမှာ အိမ်ရှင်မတစ်ယောက်ရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါတယ်ဆိုတာ အထူးတလည်ပြောနေဖို့တောင် လိုမယ်မထင်ပါဘူး။ ဒါပေမယ့် ၀မ်းနည်းစရာကောင်းတဲ့အချက်က ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေမှာ အိမ်ရှင်မတွေက အမေ့လျော့ခံလူတန်းစားတစ်ရပ် ဖြစ်မှန်းမသိ ဖြစ်နေခဲ့တာပါပဲ။ အိမ်ထောင်သာယာဖို့အတွက် သူတို့ရင်းနှီးလိုက်ရတဲ့ အချိန်တွေ၊ ပျိုရွယ်မှုတွေ၊ စိတ်ကူးအိပ်မက်တွေဟာ ထိုက်သင့်သလောက် အသိအမှတ်အပြုမခံကြရပါဘူး။ Puzzle လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားလေးက ကျွန်တော်တို့ လျစ်လျူရှုထားတဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ ကိုယ်ပိုင်ဘ၀ကို လက်တွေ့ကျကျ ထင်ဟပ်ပုံဖော်ထားတဲ့ အမေရိကန်ဒရာမာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာကတော့ တကယ့်ကို ရိုးရိုးလေးမှ ရိုးရိုးလေးပါပဲ။ မိသားစုအတွက် ဘ၀ကို ရာနှုန်းပြည့်ရင်းနှီးမြုပ်နှံထားတဲ့ အိမ်ရှင်မတစ်ယောက်ဟာ jigsaw puzzle တစ်ခု မွေးနေ့လက်ဆောင်ရခဲ့ပြီး သူဘယ်တုန်းကမှမသိခဲ့တဲ့ ပင်ကိုယ်အစွမ်းအစတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီ့ jigsaw ကောင်းမှု အကြောင်းပြုလို့ မိသားစုဝင်တွေမသိအောင် သူနေထိုင်ရာ ဆင်ခြေဖုံးမြို့လေးကနေ နယူးယော့ခ်မြို့ဆီ တိတ်တဆိတ်ထွက်ခွာလာတဲ့လမ်းမှာ jigsaw ၀ါသနာပါတဲ့ အမျိုးသားတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး အတ္တလန်တစ်စီးတီးမှာ ကျင်းပမယ့် jigsaw ပြိုင်ပွဲကို ၀င်ပြိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ အိမ်တွင်းပုန်း ...
6.7
IMDB: 6.7/10 3,404 votes
movie

Puzzle (2018)

2018
Web-DL 1080p 6CH
Taylor Swift: Reputation Stadium Tour (2018) 8.3
Taylor Swift: Reputation Stadium Tour (2018) အခုလိုပိတ်ရက်မှာ Show ပွဲတစ်ခုခုကို ကြည့်ရင်း အပန်းဖြေချင်ရင်တော့ Taylor Swift ရဲ့ reputation Stadium Tour Movie ကို လမ်းညွှန်ပါရစေ.. ဒီဇာတ်ကားဟာ 2016 တုန်းက Cyber Bully လုပ်ခံခဲ့ရတဲ့အကြောင်းနဲ့ သူမချစ်​ရတဲ့ ချစ်သူကောင်လေးအကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်.. Taylor Swift က Cyber Bully လုပ်ခံရတာက​နေ တစ်​ဆင့်​ စိတ်ဓာတ်ခွန်အားတွေရနိုင်တယ်ဆိုတာကို Repution Album & Reputation Stadium Tour နဲ့ သက်သေပြခဲ့ပါတယ်.. Stage အပြင်အဆင်ပိုင်းမှာ Giant Cobra မြွေကြီးတွေ.. ခပ်လန်းလန်း Visual တွေအပြင် Stage ရဲ့ Floor ကိုပါ Screen အဖြစ် ဖန်းတီးထားပါတယ်.. Production ပိုင်းမှာ ဘယ်လောက်ကြီးလဲဆိုရင် Stage တစ်ခုလုံးက လေယာဉ်တစ်စီးထက်တောင် ကြီးပါသေးတယ်.. Taylor Swift ရဲ့ အလန်းစားဖျော်ဖြေမှုတွေ Dancer တွေရဲ့ လှပတဲ့ က,ကွက်တွေက ကြည့်ရှုသူတိုင်းကို ဆွဲဆောင်နိုင်တဲ့ ...
8.3
IMDB: 8.3/10 1,944 votes
movie

Taylor Swift: Reputation Stadium Tour (2018)

2018
Web-DL 1080p 6CH
K.G.F: Chapter 1 (2018) 8.7
K.G.F: Chapter 1 (2018) အညွှန်းတွေအများကြီးရေးဖို့လိုမယ်တောင်မထင်တော့ဘူးဗျာ။ imdb 8.5 ရရှိထားတဲ့ နာမည်ကြီး Bollywood ကားကောင်းတစ်ကားဆိုလည်းမမှားပါဘူး။ ဒီဇာတ်ကားကိုမူရင်း Kannada ဘာသာစကားအတိုင်း BS က အက်မင်တွေကလည်း Kannada ဘာသာစကားနဲ့ဘဲရအောင်သေချာလေးပြုလုပ်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း —————— K.G.F ဆိုတာ အမှန်တော့ Kolar Gold Fields လို့အမည်ရပါတယ်။ Kolar မြို့ရဲ့ 30 ကီလိုမီတာအကွာမှာတည်ရှိနေတဲ့ ဒီရွှေတွင်းကြီးရဲ့ ဇာတ်ကြောင်းကို 1951 ကဇာတ်အိမ်ကိုအခြေတည်ပြီးရိုက်ပြထားတာပါ။ ကိုလာမြို့ရဲ့ လူတွေထဲကလူတစ်ယောက်ဖြစ်တဲ့ ရော့ကီ တစ်ယောက်ကတော့အများနဲ့မတူဘဲ ဘယ်လိုထူးခြားတဲ့လူဖြစ်မလဲ ဆိုတာကိုအက်မင်နဲ့အတူစောင့်မျှော်အားပေးလိုက်ကြရအောင် File Size – 2.47 GB Quality- WEB-DL 1080p 6CH Running Time – 2hr 35min Format – mkv Genre – Action, Drama Translator – Yan Naung Oo Encoder – Sai Wunna
8.7
IMDB: 8.7/10 16,811 votes
movie

K.G.F: Chapter 1 (2018)

2018
Web-DL 1080p 6CH
The Legend of Secret Pass (2019) 5.0
The Legend of Secret Pass (2019) ချက်စတာ၊ အိုင်ဝါ၊ ကီကီနဲ့ ရှယ်ဘီတို့ဟာ ဆုံးရှုံးမှုတွေရှိပြီး လမ်းပျောက်နေတဲ့ တိရိစ္ဆာန်ငယ်လေးတွေပါ။ သူတို့ဟာ သူတို့အတွက် လုံခြုံစိတ်ချရတဲ့ နာတိုချူးဆိုတဲ့ ဒဏ္ဍရီလာနေရာတစ်ခုကို သွားရောက်ဖို့ကြိုးစားကြတဲ့အချိန်မှာ ဘယ်လိုခက်ခဲမှုတွေ တွေ့ကြုံရတယ်၊ ဘယ်လိုအနှောက်အယှက်တွေနဲ့ ကြုံရပြီး နောက်ဆုံးမှာ သူတို့ကြားဖူးတဲ့ နာတိုချူးဆိုတဲ့နေရာက တကယ်ပဲရှိတာလား၊ သူတို့ရောက်သွားနိုင်မလားဆိုတာကို The Legend of the Secre Pass ဆိုတဲ့ ကာတွန်းကားလေးမှာ ကြည့်ရှုလိုက်ကြပါဦး။ စကားမစပ် ကာတွန်းကားတွေရဲ့ထုံစံအတိုင်း ချစ်ဖို့ကောင်းတဲ့ တိရိစ္ဆာန်လေးတစ်ကောင်အမြဲပါသလို အခုဇာတ်ကားမှာလည်း ချစ်စရာပုတ်သင်ညိုလေးတစ်ကောင်ကို မြင်တွေ့ကြရမှာနော် Credit to Original File Size – 1.47 GB Quality- WEB-DL 1080p 6CH Running Time – 1hr 32min Format – mkv Genre –  Animation, Family, Fantasy Subtitle – Myanmar (Hard Sub) Translator – Thura Maung ...
5.0
IMDB: 5.0/10 264 votes
movie

The Legend of Secret Pass (2019)

2019
Web-DL 1080p 6CH