Burmese Subtitle

BluRay 1080p

Ocean Waves (1993) 6.9
Ocean Waves (1993) Ocean Waves(1993) Taku နဲ့ သူ့ အချစ်​ဆုံး သူငယ်​ချင်း Yutaka တို့ဟာ အခါတိုင်း ထူးမခြားနားစာသင်​နှစ်​အတိုင်း ကျောင်းပြန်​တက်​ခဲ့ရတယ်​။ ဒါပေမယ့်​ မကြာခင်​မှာ တိုကျိုမှ ပြောင်းလာတဲ့ ကျောင်းသူချောလေး Rikako ကို သူငယ်​ချင်းနှစ်​ယောက်​စလုံးက စိတ်​ဝင်းစားမိသွားကြတယ်​။ မထင်​မှတ်​တဲ့ အဖြစ်​အပျက်​လေးတစ်​ခုကြောင့်​ Taku နဲ့ Rikako တို့ဟာ တိုကျိုကို အတူသွားခဲ့ရပြီးနောက်​ Rikako က သာမန်​ ကျောင်းသားလေး Taku ကိုပဲ စိတ်​ဝင်​စားသွားလား၊ ဒါမှမဟုတ်​ ပျိုတိုင်​ကြိုက်​တဲ့ ကျောင်းသားချောလေး Yutaka ကိုပဲ စိတ်​ဝင်​စားမလားဆိုတဲ့ ပြောင်းလဲလာမယ့်​ သူငယ်​ချင်းသုံးယောက်​ရဲ့ အချစ်​ဇာတ်​လမ်းလေးကို စိတ်​ဝင်​စားဖွယ်​ကောင်း အောင်​ Studio Ghibli ရဲ့ ဇာတ်​ကားကောင်းလေးမို့ လက်​လွတ်​မခံဘဲ ကြည့်​သင့်​ပါတယ်​နော်​။ (အညွှန်းနဲ့ ဘာသာပြန်သူကတော့ Ko Nay Zaw Oo ဘဲဖြစ်ပါတယ်) File Size – 691.62MB Quality – Blu-Ray 1080P Running Time – ...
6.9
IMDB: 6.9/10 7,073 votes
movie

Ocean Waves (1993)

1993
BluRay 1080p
The Lady (2011) 7.1
The Lady (2011) IMDB Rating 7.1 ရရှိထားတဲ့ မြန်မာသမိုင်းကြောင်းဇာတ်လမ်းကို ဒါရိုက်တာ Luc Besson ကစိတ်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း -------------------- ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဂဠုန်ဦးစော ကလုပ်ကြံ သတ်ဖြတ်တဲ့ နေရာကနေစပြီးတော့ အခြေတည်ထားပါတယ်။ ထိုစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်မှာ ၂နှစ်အရွယ် သမီးလေးအဖြစ်သာရှိနေပါသေးတယ်။ အသက်အရွယ်ရလာတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အင်္ဂလန်မှာ ဘဲအခြေကျပြီးတော့ အင်္ဂလန်မှာဘဲ Michael Aris (Oxford ကဆရာ) နဲ့ အိမ်ထောင်ကျပါတယ်။ သား၂ယောက်ထွန်းကားပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဒေါ်စု အမေ ဒေါ်ခင်ကြည်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ဒေါ်စု ပြန်လာတဲ့အခိုက် မှာ၁၉၈၈ အရေးအခင်းနဲ့ကြုံရပြီးတော့..... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဘဲဆက်လက်ရှု စားပေးပါခင်ဗျာ။ File Size – 2.29GB Quality – Blu-Ray 1080P Running Time – 2h 12min Format – mkv Genre – Biography, Drama, History Translator – Htet Aung Moe Encoded By – Htet Aung Moe
7.1
IMDB: 7.1/10 9,347 votes
movie

The Lady (2011)

2011
BluRay 1080p
Hannibal Rising (2007) 6.2
Hannibal Rising (2007) အညွှန်း ကျွန်တော်တို့မှာ အရမ်းချစ်ရတဲ့သူတစ်ယောက်ဆိုတာရှိကြပါတယ် သင်အရမ်းချစ်တဲ့သူတစ်ယောက်ကို သင့်အနားကနေ ခွဲခွာခံလိုက်ရရင် သင့်အနေနဲ့ ဘယ်လိုလုပ်မလဲ Hannibal ဆိုတဲ့ကလေးလေးရယ် သူအရမ်းချစ်ရတဲ့ညီမလေး Micha ဆိုတဲ့ညီမလေးရှိတယ် သူတို့ မောင်နှစ်မ နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အလွန်ချစ်ကြတယ် စစ်ဖြစ်နေတဲ့ကာလမို့လို့ဘယ်အချိန်မှ ငြိမ်ငြိမ်မနေရဘူး လွတ်ရာကိုပြေးလွှားနေကြရတယ် လူတိုင်း အဲ့အချိန်မှာ စစ်သားအချို့က သူတို့အိမ်ကိုလာပြီးတော့ ရေလာတောင်းကြရင်း ရန်သူတွေနဲ့တော့ သေနတ်တွေနဲ့ပစ်ခတ်ကြတယ်... ပစ်နေရင်း ခတ်နေရင်း Hannibal ရဲ့မိဘတွေက သေနတ်မှန်ပြီး သေဆုံးသွားတယ် နောက်ဆုံး အိမ်လေးထဲမှာ Hannibal ရယ် Micha ရယ်ပဲကျန်ခဲ့တယ် သူ့ညီမလေးကို သူအရမ်းချစ်တော့ သူ့ညီမလေးကို တအားဂရုစိုက်တယ် အဲ့အချိန်မှာ စစ်ပြေးတစ်ချို့နဲ့တွေ့ပြီး သူ့ညီမလေးကို ချက်စားကြတယ် ပြောရမယ်ဆိုရင် ငတ်လာတော့ လူသားလည်း ချက်စားကြပါတယ် အဲ့အချိန်မှာ Hannibal အနေနဲ့ ကလေးတစ်ယောက်ဆိုတော့ အော်ပြီး ငိုနေရုံကလွှဲပြီးဘာမှမတတ်နိုင်ခဲ့ဘူး ဒါပေမယ့် သူ့ခေါင်းထဲမှာ သူ့ညီမလေးကို စားသွားတဲ့သူတွေရဲ့နာမည်နဲ့ မျက်နှာတွေကို ရေးရေးလေးမှတ်မိနေခဲ့တယ် သူလည်း ကြီးလာရော် တစ်ယောက်ချင်းစီကိုလိုက်ရှာပြီးတော့..................... ထပ်ပြီးတော့ အကြံပေးရရင် ဒီဇာတ်ကားလေးကို ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ သင့်အတွက် မနစ်နာစေရပါဘူးလို့ BS ...
6.2
IMDB: 6.2/10 94,900 votes
movie

Hannibal Rising (2007)

2007
BluRay 1080p
Pelé: Birth of a Legend (2016) 7.2
Pelé: Birth of a Legend (2016) Pele ဆိုရင် ဘောလုံးဝါသနာပါသူတိုင်း သိကြတယ် အခုဒီကားလေးကတော့ Peleရဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ Pele ရဲ့ဘဝရုံးကန်မူတွေ စတာတွေကိုတွေ့မြင်ရပါမယ် သင်ဟာဘောလုံးကစားတာ ဝါသနာပါတယ်ဆိုရင် မသေခင်ကြည့်သွားသင့်တဲ့ဇာတ်ကားပါ အညွှန်း ............ ၁၉၅၀ ကမ္ဘာ့ဖလား ဘရာဇီးတို့ရဲ့ အိပ်မက်ဖလားကြီး ဗိုလ်လုပွဲရောက်တော့ တစ်နိုင်ငံလုံးတိတ်ဆိတ်ပြီး ပွဲကိုကြည့်နေကြတယ် ပွဲပြီးရလဒ်က မကောင်းခဲ့တော့ အိပ်မက်ကြီး လွဲခဲ့ကြတယ် တစ်နိုင်ငံလုံးရဲ့ အိပ်မက်ပေါ့ Pele ရဲ့အဖေက ငိုပြီးပြန်ထွက်လာခဲ့တယ် အဲ့အချိန်မှာ Pele ကသူ့အဖေကို ကတိပေးခဲ့တယ် အဲဒီနောက်မှာတော့.... File Size – 1.63GB Quality – Blu-Ray 1080P Running Time – 1h 47min Format – mp4 Genre – Biography, Drama, Sport Translator – Sai Wunna Encoded By – Burmese Subtitle Team
7.2
IMDB: 7.2/10 12,612 votes
movie

Pelé: Birth of a Legend (2016)

2016
BluRay 1080p
Zero Days (2016) 7.8
Zero Days (2016) အညွန်း ငါတို့လုပ်ခဲ့တဲ့ လူသိမခံဝံတဲ့ ကိစ္စရပ်တိုင်းမှာ အကောင်းနဲ့အဆိုးက အမြဲတွဲနေခဲ့တာပါပဲ။ ဒါကိုက လောကရဲ့သဘာဝ မဟုတ်ဘူးလား ငါတို့ဟာ နည်းစနစ်အတိုင်းလိုက်နာတတ်တဲ့ ဒီမိုကရေစီ ဘက်တော်သားတွေရယ်၊ ဒီမိုကရေစီကို ဟာသတစ်ခုလို့ ထင်နေတဲ့သူတွေရယ်ကြားမှာ မညီမျှမှုနဲ့ မမျှတမှုကို ရင်ဆိုင်နေရတယ်။ မင်းက ဆန်းကြယ်မှုတွေကို "ဟေး အမုန်းတွေရပ်လိုက် အချစ်တွေရောက်လာဆိုပြီး လက်ခံခိုင်းလို့ မရပါဘူး" ငါတို့ပါဝင်ခဲ့တဲ့ပွဲတွေကတော့ စည်းမျဉ်းအမျိုးမျိုးနဲ့ပါပဲ။ ဒီနေ့မှာတော့ အီရန်ရဲ့ထိပ်တန်း နယူကလိယားသိပ္ပံပညာရှင်နှစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းခံရပါတယ်။ မြို့တော် တီဟီရန်မှာ တိုက်ခိုက်မှုနဲ့ပက်သက်ပြီး နောက်ဆုံးရသတင်းတွေကတော့ ဒီနေ့တိုက်ခိုက်မှုမှာ စနစ်တကျ ဗျူဟာမြောက်လုပ်ကြံတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ အီရန်ဟာ ချက်ချင်းဆိုသလို ဒါဟာ အမေရိကန်နဲ့ အစ္စရေးတို့က သူ့ရဲ့နယူးကလီယားအစီအစဉ်ကို ထိခိုက်စေဖို့ ကြိုးစားတာဖြစ်တယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ မိုဟာမက် အမာနီဂျက် ကံမကောင်းစွာနဲ့ပဲ ဒီနေ့ဖြစ်ပွားခဲ့တဲ့လုပ်ကြံမှုဟာ အနောက်နိုင်ငံတွေနဲ့ ဇီရွန်အုပ်ချုပ်ရေးပိုင်းက ပါဝင်နေတယ်ဆိုတာ အသေအချာပါပဲ။ အီရန်မှာဖြစ်ပွားတဲ့ ဘယ်လိုမျိုးအကြမ်းဖက်မှုမျိုးမှာမဆို အမေရိကန်အနေနဲ့ ပါဝင်ပက်သက်မှုရှိတယ်လို့ပြောနေကြတာကို ငြင်းဆိုချင်ပါတယ်။ ပြောင်းလဲဆောင်ရွက်မှုတွေဟာ အကူအညီပေးနိုင်တယ်၊ အထောက်အပံ့ဖြစ်စေတယ်။ သူတို့ကိုလိုအပ်ပေမယ့် အမြဲတမ်းအရေးပါနေတာမျိုးတော့ မဟုတ်ဘူး။ ပြီးတော့ သူတို့ကို နိုင်ငံရေးဥာဏ်နဲ့အစားထိုးနိုင်တယ်။ Alex Gibney: အီရန်မှာဖြစ်ခဲ့တဲ့ ...
7.8
IMDB: 7.8/10 7,177 votes
movie

Zero Days (2016)

2016
BluRay 1080p
Child Eater (2016) 4.6
Child Eater (2016) ကဲ ဒီတစ်ခါတော့ မိုးလေးကလည်း အေးအေးနဲ့ဆိုတော့ အိမ်ထဲမှာ တစ်ယောက်တည်း ဒါမှမဟုတ် မိသားစု အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ သရဲကားထိုင်ကြည့်ဖို့ အကောင်းဆုံးအချိန်ပါပဲ Related imageImage result for Child Eater ဇာတ်လမ်းအညွှန်း *********** ဇာတ်လမ်းအစမှာ သားအဖနှစ်ယောက်က အခုမှ ဒီရပ်ကွက်ထဲကို ပြောင်းလာကြတယ် အိမ်ဝယ်ဖို့ ပိုက်ဆံတအားကြီးမတတ်နိုင်ခဲ့ဘူး ဒီလိုနဲ့ ဈေးတန်တန်နဲ့ ရတဲ့ အိမ်ကို ၀ယ်ခဲ့တယ် ဒီအိမ်ရဲ့ အကြောင်းတွေကို ဘာမှန်းမသိခဲ့ဘူး အခုမှအိမ်ပြောင်းလာတဲ့သူတို့သားအဖက သူ့သားလေးကို သူအပြင်သွားတုန်း အိမ်မှာကလေးထိန်းပေးဖို့ လူတစ်ယောက်လိုနေတာနဲ့ ရဲမှူးကြီးကို အကူညီတောင်းလိုက်တယ် ရဲမှူးကြီးကလည်း သူ့သမီး Helen ကို ခဏသွားကြည့်ပေးဖို့ ပြောလိုက်တယ် Helen ကမလိုက်ချင်ပေမယ့် ဖခင်ရဲ့ စကားဆိုတော့ ငြင်းလို့မရခဲ့ ဒီလိုနဲ့ တစ်ညမှာ ကလေးလေးရယ် သူရယ် နှစ်ယောက်တည်းရှိတဲ့အချိန်မှာ ကလေးလေးက သူတောထဲမှာ လူကြီးတစ်ယောက်ကိုမြင်ခဲ့တဲ့အကြောင်းပြောပြတယ် အရင်ကလည်း ဒီအိမ်ကြီးမှာ တစ်ခုခု ဖြစ်ပျက်ဖူးတယ်ဆိုတဲ့အကြောင်းကို သူတို့မေ့နေခဲ့တယ် ပုံပြင်လို့ပဲ ယူဆကြတယ် ဒီလိုနဲ့ နောက်ပိုင်း ကောင်လေးက တောထဲမှာ ပျောက်သွားတယ် လိုက်ရှာကြရင်း ဘယ်သူတွေ ဘာဖြစ်မယ် ကောင်လေးတွေ့ခဲ့တဲ့ ...
4.6
IMDB: 4.6/10 539 votes
movie

Child Eater (2016)

2016
BluRay 1080p
Hotarubi no Mori e (2011) 8.0
Hotarubi no Mori e (2011) Burmese Subtitle ကနေပြီးတော့ Japan Animation ကားလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်ဗျာ ဇာတ်ကားလေးရဲ့အင်္ဂလိပ်လိုနာမည်လေးကတော့ "To the Forest of Firefly Lights" ဖြစ်ပါတယ် တစ်ခုတော့ ကြိုပြောထားပါရစေဗျာ မျက်ရည်မခိုင်ရင် မကြည့်ပါနဲ့ ? CB ကနေ ကောင်မလေးတစ်ယောက်နဲ့ စကားပြောဖြစ်ပြီးတော့ သူက ဒီကားကို ကြည့်ခိုင်းလို့ ကြည့်ဖြစ်သွားတာကနေပြီးတော့ အရမ်းကောင်းလို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ဗျာ IMDB-8.0/10 rating ရရှိထားတဲ့ဂျပန်ကာတွန်းကားကောင်းလေးတစ်ကားပါ။. Related image ဇာတ်လမ်းအညွှန်း --------------------- Hotaru က ကလေးဘ၀တုန်းက တောထဲမှာ လမ်းပျောက်နေတဲ့အချိန်မှာ ၀ိဥာဉ်ဖြစ်တဲ့ကောင်လေးက လာကယ်ခဲ့တယ် အဲ့ဒီလိုနဲ့ အဲ့ဝိဥာဉ်ကောင်လေးနဲ့ သူငယ်ချင်းတွေဖြစ်သွားကြတယ် ကောင်လေးက လူသားတွေနဲ့ထိမိ ပွေ့ဖက်မိလို့ရှိရင် ပျောက်ကွယ်သွားလေ့မယ်လို့ ၀ိဥာဉ်တွေက ကောင်လေးကိုပြောထားတယ် တကယ်ပဲ ထိမိရင် ပျောက်ကွယ်သွားမှာလား.................... ကောင်မလေးကရော် နောက်ပိုင်းသူ့အပေါ်ကို အချစ်တွေရှိလာနိုင်မလားဆိုတာကိုတော့ ဇာတ်ကားလေးကိုကြည့်ပြီးတော့ အပန်းဖြေလိုက်ကြပါဦး ဒီဇာတ်ကားလေးကနေပြီးတော့ ရသတစ်ခုကိုတော့ ခံစားရမှာပါခင်ဗျာ (အညွှန်းနဲ့ဘာသာပြန်သူကတော့ Sai Wunna ဖြစ်ပါတယ်) Image result for Hotarubi no Mori e File Size : 371MB (1080p) Quality : Blu-Ray ...
8.0
IMDB: 8.0/10 7,985 votes
movie

Hotarubi no Mori e (2011)

2011
BluRay 1080p
Fury (2014) 7.6
Fury (2014) ၁၉၄၅ ခုနှစ်၊ ဧပြီလ။  ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။  အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့  နာဇီ ဂျာမနီနိုင်ငံအား အမေရိကန်မှ နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။ အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ ဖျူရီ (fury)  လို့ခေါ်တဲ့ တင့်ကား ကိုဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့  သေနတ်သမား ဘိုင်ဘယ် (Bible) ၊ လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် (Coon-Ass) ၊ တင့်ကားမောင်းသူ ဂေါ်ဒို (Gordo) တို့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ၀ါရင့်စစ်သားတွေပဲဖြစ်ပါတယ်။ ဖျူရီ ရဲ့လက်ထောက်ကားမောင်းသမား ကျဆုံးသွားတဲ့အချိန်မှာတော့ လူစားထိုးအနေနဲ့  တပ်လက်နှိပ်စက်စာရေး နော်မန် ( Norman ) ရောက်လာပါတယ်။ ဖျူရီ ရဲ့ အဖွဲ့သားတွေက အတွေ့အကြုံမရှိ ...
7.6
IMDB: 7.6/10 363,261 votes
movie

Fury (2014)

2014
BluRay 1080p
Lucy (2014) 6.4
Lucy (2014) လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။ သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားက လူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်း အသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကို သယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊ CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။ သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီး ဗိုက်ကို အကန်ခံရတာကြောင့် CPH4 အိတ်ပေါက်သွားပြီး ခန္ဓာကိုယ်ထဲကို CPH4 တွေ တိုက်ရိုက်ဝင်ကုန်ပါတယ်။ပရော်ဖက်ဆာ ဆမ်မြူရယ် နော်မန်ဟာ သက်ရှိတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောတွေ တိုးတက်ပြောင်းလဲလာမှုကို သုတေသနပြု စာတမ်းရေးသားနေသူဖြစ်ပြီး သူ့ရဲ့ သီအိုရီအရ လူသားတွေဟာ သူတို့ဦးနှောက်ရဲ့ ၁၀%ကိုသာ ...
6.4
IMDB: 6.4/10 384,684 votes
movie

Lucy (2014)

2014
BluRay 1080p
Minuscule: Valley of the Lost Ants (2013) 7.1
Minuscule: Valley of the Lost Ants (2013) ပုရွက်ဆိတ် animation ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ IMDB Ration - 7.1/10 ရရှိထားတဲ့ဇာတ်ကားကောင်းလေးဘဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့ လင်မယား၂ယောက်ဟာပျော်ပွဲစားထွက်လာရင်း မိန်းမဖြစ်သူကမီးဖွားခါနီးဖြစ်လို့အသဲအသန်ပြန်ရာကနေစပါတယ်။ ထိုစဉ်မှာချေးပိုးထိုးအကောင်လေးကလည်းမွေးဖွားလာပါတယ်။ အဲဒီနောက်မှာပျော်ပွဲစားထွက်တဲ့အစားအစာအချို့ကျန်ရှိနေပါတော့တယ်။ ဒီအစားအစာတွေကိုသတ္တဝါပေါင်းစုံအကောင်ပေါင်းစုံကနေပြီးလာယောက် စားသုံးကြပါတော့တယ်။အဲဒီအထဲကမှပုရွက်ဆိတ်အနက်တွေလည်းပါပါတယ်။ ပုရွက်ဆိတ်အနက်တွေက သံဘူးထဲမှသကြားခဲတွေကိုရွှေတွေ့ငွေတွေ့တွေ့ပြီး အပြန်မှာ ....ဘာာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာဘဲဆက်လက်ရှုစားပေးပါ။ အညွှန်းကိုတော့ Burmese Subtitle Team မှပြန်ဆိုထားတာဖြစ်ပါတယ်။ Animation ကားကောင်းလေးတစ်ကားဖြစ်လို့ မိသားစုနဲ့အတူမျှဝေခံစားကြည့်ရှုနိုင်ပါတယ်။ File Size            : 1.23GB (1080p) Quality               : Blu-Ray 1080p Running Time    : 1hr 29 minute Format               : Mp4 Genre                : Animation, Adventure, Family Subtitle By  ...
7.1
IMDB: 7.1/10 6,068 votes
movie

Minuscule: Valley of the Lost Ants (2013)

2013
BluRay 1080p
Abraham Lincoln: Vampire Hunter (2012) 5.9
Abraham Lincoln: Vampire Hunter (2012) အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ကျုပ်တို့ အင်အားချိနဲ့ ပြီး လွတ်လပ်မှုတွေ ဆုံးရှူံး ရပြီဆိုရင် ဒါဟာကျုပ်တို့ ကိုယ်တိုင် ဖျက်ဆီးပစ်တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း) သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေး မဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာက ဖျက်ဆီးနိုင်ဖို့ ၊ ရန်သတ္တရုပြုဖို့ ဆိုတာ မလွယ်လှသလို၊ ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ ကြုံတွေ့ ရမှာ မြေကြီးလက်ခတ်မလွဲပါပဲ။ ‘သွေးထွက်သံယိုမှုမရှိဘဲနိုင်ငံတစ်ခုကို မတည်ဆောက်နိုင်’ ဆိုတဲ့အတိုင်း လင်ကွန်းကိုယ်တိုင်ထိတ်လန့် ခြောက်ခြားဖွယ်ရာ သွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကို ရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လို အမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာ နိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။ အေဘရာဟမ်လင်ကွန်း လို့ ဆိုလိုက်တာနဲ့ အမေရိကရဲ့၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ် ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက်တွေကိုသာ သတိရကြစမြဲပါ။ ...
5.9
IMDB: 5.9/10 139,302 votes
movie

Abraham Lincoln: Vampire Hunter (2012)

2012
BluRay 1080p
White House Down (2013) 6.4
White House Down (2013) 2013 ခုနှစ်ကထွက်ရှိထားတဲ့ အိမ်ဖြူတော်ကျဆုံးခန်းအကြောင်းကိုရိုက်ထားတဲ့ဇတ်ကားလေးဖြစ်ပါတယ်။ သမ္မတအိမ်တော်ကိုပြန်ပေးဆွဲတဲ့ Action ဇတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ IMDB Rating 6.4 ရရှိထားတဲ့ရုပ်ရှင်ဇတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Olympus Has Fallen လိုမျိုးသမ္မတကိုပြန်ပေးဆွဲတာခြင်းဇတ်လမ်းဆင်တူပေမယ့် ဒီဇတ်ကားထဲမှာ သမ္မတကနည်းနည်းလန်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ :P သမ္မတသက်တော်စောင့်အဖြစ်သွားရောက်လျှောက်ထားရာမှာငြင်းပယ်ခံခဲ့ရပါတယ်။ ဒါ့ကြောင့်သူ့သမီးလေးနှင့်အိမ်ဖြူတော်ထဲမှာအလည်အပတ်သွားရောက်နေစဉ်မှာ မသမာသူတစ်ချို့ကအိမ်ဖြူတော်ကိုဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးတော့... ဇတ်လမ်းလေးကိုဆက်လက်ကြည့်ရှုရင်းခံစားပေးပါခင်ဗျာ ;) File Size            : 1.76GB (1080p) Quality               : BLU-RAY 1080p Running Time    : 2hr 11 minute Format               : Mp4 Genre                : Action, Drama, Thriller Subtitle By      ...
6.4
IMDB: 6.4/10 184,304 votes
movie

White House Down (2013)

2013
BluRay 1080p
Dear John (2010) 6.3
Dear John (2010) ပထမဦးဆုံးပြောချင်တာက IMDB - 6.3 ရထားတဲ့ဒရမ်မာကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီကားလေးက ထွက်တာကြာနေပါပြီ ဒါပေမယ့် Old but Gold ဆိုတဲ့အတိုင်း အဟောင်းထဲက အကောင်းလေးလို့ပြောပါရစေ ကျွန်တော်အကြိုက် Romance ကားထဲက တစ်ကားပါ John လို့ခေါ်တဲ့ကောင်လေးက သူအလုပ်ကနေခွင့်ရလို့ သူ့ဇာတိကို ပြန်လာတဲ့အချိန်မှာ သက္ကသိုလ်ကျောင်းသူလေးတစ်ယောက်နဲ့တွေ့ပြီး နောက်ပိုင်းကြာလာတော့ တစ်ယောက်နဲ့ တစ်ယောက်စာလေးတွေရေးပို့ပြီးတော့ သံယောဇဉ်တစ်ခုကို တည်ဆောက်ကြတယ်.... ဆရာ တက္ကသိုလ်ဘုန်းနိုင် ရေးထားတဲ့ စာလေးမှာ "လောကမှာ ဖြစ်နိုင်တာရှိတယ် မဖြစ်နိုင်တာရှိတယ် ဖြစ်ချင်တာရှိတယ် မဖြစ်ချင်တာရှိတယ်.. ဖြစ်သင့်တာရှိတယ် မဖြစ်သင့်တာရှိတယ်.. မဖြစ်နိုင်တာတွေကို လျှောက်မလုပ်ထိုက်သလို ကိုယ်ဖြစ်ချင်တာတွေချည်းပဲ လျှောက်လုပ်နေလို့မကောင်းဘူး" ဆိုတဲ့အပိုင်းလေးကို သတိရမိတယ်.. သူတို့ရဲ့ချစ်ခြင်းတွေ သံယောဇဉ်တွေက နောက်ဆုံးတိုင်အထိ တည်မြဲသွားမလား ကြံကမ္မာအလှည့်အပြောင်းမှာ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့...... အညွှန်းနဲ့ဘာသာပြန်သူကတော့ Sai Wunna ဘဲဖြစ်ပါတယ် File Size          :  1.39GB ...
6.3
IMDB: 6.3/10 121,929 votes
movie

Dear John (2010)

2010
BluRay 1080p
The Angry Birds Movie (2016) 6.3
The Angry Birds Movie (2016) ကမ္ဘာကျော်ဂိမ်းကို ရုပ်ရှင်အဖြစ် ပြန်ပြီး အသက်သွင်းတဲ့ The Angry Birds Movie ဖြစ်ပါတယ် .. Animation ပရိတ်သတ်တို့ မျှော်လင့်ခဲ့ရတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး .. ဇာတ်လမ်းအရဆိုရင် Angry Bird တွေ ဖြစ်ပေါ်လာပုံကို အစပျိုး မိတ်ဆက်ပေးထားပါတယ် ဂိမ်းထဲမှာ ဘာကြောင့် ဝက်တွေနဲ့ ရန်ဖြစ်ရလဲ ဆိုတဲ့အကြောင်းကို သိရမှာပါ .. ဂိမ်းထဲက အတိုင်း ငှက်တစ်ကောင်စီရဲ့ စွမ်းရည်တစ်မျိုးစီကိုလည်း ကောင်းကောင်းမွန်မွန် ကြည့်ရှူခံစားရပါမယ်.. ဇာတ်လမ်းကြီးကြီးမားမားမရှိပေမယ့် တင်ဆက်ပြသပုံ မဆိုးတဲ့အတွက် ကြည့်ရှုမယ့် ပရိတ်သတ်တွေ သဘောကျ စိတ်ကျေနပ်စေမှာပါ … ရုပ်ရှင်ကပေးတဲ့ message တွေကလည်း ကောင်းမွန်တဲ့အတွက် ကြည့်ရကျိုးနပ်ပါလိမ့်မယ် .. အထူးသဖြင့် ဇာတ်ကောင်လေးတွေကို မိတ်ဆက်တဲ့နေရာမှာ သဘောကျစရာလေးတွေပါဝင်ပြီး ချစ်စရာပုံစံလေးတွေလည်း အများကြီးတွေ့ရပါဦးမယ် ခင်ဗျ .. ပြောရရင် animation cartoon ချစ်သူတို့ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ကားတစ်ကားဖြစ်ပါကြောင်း။ အားပေးကြည့်ရှုခံစားကြပါဦး (ဩော် မေ့တော့မလို့ စာတန်းထိုးပြီးတဲ့အထိကြည့်ကြပါလို့ ) review ကတော့ channelmyanmar မှကူးယူတင်ဆက်ထားတာဖြစ်ပါတယ်။ File ...
6.3
IMDB: 6.3/10 65,754 votes
movie

The Angry Birds Movie (2016)

2016
BluRay 1080p