Burmese Subtitle

BluRay 1080p 8CH

Toy Story 3 (2010) 8.3
Toy Story 3 (2010) Toy Story ဟာ ကျနော်တို့ မျိုးဆက်အတွက် တော့ ငယ်ဘဝဖြစ်ခဲ့ပါတယ်။ တစ်သက်လုံးလည်း Andy Woody Buzzlight Year တို့ကို မေ့ရနိုင်မယ် မထင်ပါဘူး။ ထွက်ခဲ့တဲ့ သုံးကားလုံးဟာ စိတ်ကြည်နူးဖွယ် ကောင်းပေမယ့် နောက်ဆုံးထွက်ခဲ့တဲ့ Toy Story 3 ကတော့ ရင်ထဲအထိဆုံးပါပဲ။ ဒီကားမှာ Andy ဟာလည်း တော်တော်လေး ကြီးနေပြီဖြစ်ပြီး သူရဲ့ အရုပ်တွေကို မှားပြီးတော့ Day Care centre တစ်ခုကို ပေးခဲ့ပါတယ်။ အဲ့မှာ တော်တော်လေး ဆိုးတဲ့ အရုပ်တွေလက်ကနေရုံးထွက်ခဲ့ရပြီးနောက် နောက်ဆုံးခန်းမှာ Andy ဟာ သူရဲ့အရုပ်တွေကို ကောင်မလေးတစ်ယောက်ကို ပေးခဲ့ပါတယ်။ ပေးပြီးတော့ အဲ့ကောင်မလေးနဲ့ အတူတူ အရုပ်တွေနဲ့ ကစားလိုက်ပါသေးတယ်။ ဒီလိုကစားတာဟာ Andy အတွက် Woody Buzz တို့နဲ့နောက်ဆုံးကစားတာဖြစ်တဲ့ အပြင် ကျနော်ကလေးဘဝရဲ့ ...
8.3
IMDB: 8.3/10 655,166 votes
movie

Toy Story 3 (2010)

2010
BluRay 1080p 8CH
Guardians of the Galaxy Vol. 2 (2017) 7.7
Guardians of the Galaxy Vol. 2 (2017) ၂၀၁၄တုန်းက ပီတာကွင်းလ်၊ဂါမိုရာ၊ ဒရက်၊ ရော့ကက်နဲ့ ဘေ ဘီဂရုတ်ထ်တို့ဟာ ဂလက်ဆီကိုကာကွယ်စောင့်ရှောက်သူတွေအဖြစ် လူသိများပါတယ်။ပီတာကွီးလ် ခေါင်းဆောင်တဲ့ စူပါဟီးရိုးအဖွဲ့ ကို စွမ်းအားမြင့်ဂြိုဟ်သားမျိုးနွယ် စုဖြစ်တဲ့ ဆိုဗာရိန်းတွေကအဖိုး တန်ဘက်ထရီတွေကို လူဆိုးတွေ ရန်က ကာကွယ်ဖို့အတွက် ငှား ရမ်းခဲ့ပါတယ်။အဲဒါတွေထဲက တချို့ကို ရော့ကက်က ခိုးယူလာခဲ့တဲ့အ တွက် ဆိုဗာရိန်းတွေက သူတို့အ ဖွဲ့ရဲ့ယာဉ်ပျံကိုဒရုန်းတွေနဲ့ လိုက်လံတိုက်ခိုက်ပြီး အဲဒီဒရုန်းတွေ ကို ထူးဆန်းတဲ့အရာတစ်ခုက ဖျက်ဆီးပေးပေမယ့်လည်းဂါးဒီး ယန်းအဖွဲ့ဟာ သူတို့ရဲ့ယာဉ်ပျံကို နီးစပ်ရာဂြိုဟ်တစ်ခုမှာ ဆင်းသက်ခဲ့ရပါတယ်။ အဲဒီထူးဆန်းတဲ့အ ရာက သူ့ကိုယ်သူ ကွီးလ်ရဲ့ဖခင် အီဂိုဖြစ်ကြောင်း ထုတ်ဖော်ပြော ကြားပြီး သူနေတဲ့နေရာကို ခေါ် သွားခဲ့ပါတယ်။ကွီးလ်ရဲ့ အဖေအီဂိုက သူ ဟာ နတ်ဘုရားကဲ့သို့သော သူ တစ်ယောက်ဖြစ်ပြီး လူသားအ သွင်ဖန်တီးပြီး အာကာသထဲကို သွားလာရင်းကွီးလ်ရဲ့အမေမယ် ရီဒစ်နဲ့ ဆုံခဲ့တာဖြစ်ကြောင်း ပြော ပြခဲ့ပါတယ်။ ...
7.7
IMDB: 7.7/10 422,969 votes
movie

Guardians of the Galaxy Vol. 2 (2017)

2017
BluRay 1080p 8CH
Adrift (2018) 6.6
Adrift (2018) ဖြစ်ရပ်မှန်အချစ်ကားလေးနဲ့ BS ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်ရှင့် ဒီကားလေးဟာဆိုရင်ဖြင့် ချစ်သူနှစ်ဦး..ပင်လယ်အပျော်ခရီးထွက်ကြရင်း မုန်တိုင်းတစ်ခုနဲ့ ကြုံတွေ့ကာ ဒဏ်ရာရကြပြီး ပင်လယ်ထဲမှာ ၄၁ ရက်လောက်ကြာအောင်... စီးမျော်နေကြရပါတယ်.... ပင်လယ်ထဲမှာ အသက်ရှင်အောင် ဘယ်လိုကြိုးစားပြီးနေထိုင်ကြမလဲ လာကယ်မယ့်သူတွေကို စောင့်စားရင်း ၄၁ ရက်လောက်ကြာအောင် အသက်ရှင်အောင်ဘယ်လိုရုန်းကန်ရမလဲ ဆက်လက်ကြည့်ရှပေးပါဦးရှင်...   ဘာသာပြန်ပေးထားတာကတော့ သမီးတို့ရဲ့ အတိုကြီး ကိုအောင်မြင့်ဦးဖြစ်ပြီး သမီး လမင်းအေး က တင်ဆက်ပေးထားပါတယ်ရှင့်    
6.6
IMDB: 6.6/10 30,675 votes
movie

Adrift (2018)

2018
BluRay 1080p 8CH
Despicable Me 3 (2017) 6.3
Despicable Me 3 (2017) ဒီတစ်ခါတော့ရုပ်ရှင်ချစ်ပရိသတ် အတွက် သရီးဒီအန်နီမေးရှင်းဟာ သဇာတ်ကားလေးဖြစ်တဲ့ Des-picable Me 3 အကြောင်း ညွှန်းချင်ပါတယ်။ Illumination En-tertainment ကနေ ထုတ်လုပ်ပြီး ယူနီဗာဆယ် စတူဒီယိုကနေ ဖြန့်ချိတဲ့ Despicable Me ဇာတ်ကားကို ပရိသတ်တွေအနေနဲ့ ၂၀၁၃ ကတည်းက ရင်းနှီးပြီးသားဖြစ်ကာ အခု ဇာတ်လမ်းကတော့ တတိယမြောက်အဖြစ် ထွက်ရှိလာတာပါ။ အရင် ဇာတ်လမ်းတွေကို ပြန်ဆက်ရရင် ဂရူနဲ့သူ့ဇနီးလူစီတို့ ဟာ ဗီလိန်တွေကို ရှင်းလင်းသုတ် သင်တဲ့အဖွဲ့ (AVL)က အေးဂျင့် တွေဖြစ်ပြီး တစ်ရက်မှာတော့ ဘာလ်သာဖာဘရတ်ဆိုတဲ့ စူပါ ဗီလိန်တစ်ယောက်ကို ရှင်းလင်းဖို့ စေခိုင်းခံရပါတယ်။ ဘရတ်ဟာ အရင်တုန်းက ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး နာမည်ကျော် စူပါဗီလိန်ရုပ်သံစီးရီးက သရုပ်ဆောင် တစ်ယောက်ဖြစ်ကာ နောက်ပိုင်းမှာတော့ လူပျိုပေါက်အရွယ် ရောက်လာတဲ့အတွက် သရုပ်ဆောင်လောကကနေ ရပ်နားခံလိုက်ရတာပါ။ အဲဒီနောက် သူဟာအပြင်မှာလည်း စူပါဗီလိန် တစ်ယောက်ဖြစ်သွားခဲ့ပြီး အဖိုးတန်စိန်တစ်လုံးကို ခိုးယူသွားတဲ့ ...
6.3
IMDB: 6.3/10 85,541 votes
movie

Despicable Me 3 (2017)

2017
BluRay 1080p 8CH
The Secret Life of Pets (2016) 6.5
The Secret Life of Pets (2016) Max ဆိုတာ New York မှာနေတဲ့ ဇိမ်ကျကျနဲ့အေးဆေးရိုးရှင်းတဲ့ဘဝကို ခုံမင်နေတဲ့ တယ်ရီယာခွေးတစ်ကောင်ပါ။ သို့ပေမဲ့ တစ်ရက် သူ့သခင်ဟာ Duke ဆိုတဲ့ ခွေးကြီးတစ်ကောင်ကို အိမ်ခေါ်လာပါတယ်။ မတည့်အတူနေ Max နဲ့ Duke တို့ဟာ အပြင်ထွက်လမ်းလျှောက်ရင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် လမ်းပျောက်သွားတဲ့အတွက် လမ်းမှာတွေ့တဲ့ အိမ်မွေးနဲ့ အလေအလွင့်တိရစ္ဆာန်တွေနဲ့ ရင်ဆိုင်ရင်း အိမ်ပြန်ဖို့ကြိုးပမ်းကြရပါတော့တယ်။ . နာမည်ကျော် Minion တို့ကိုဖန်တီးခဲ့တဲ့ Illumination က ဖန်တီးထားတဲ့ animation အသစ်ဖြစ်ပြီး Universal က ဖြန့်ချိတာဖြစ်ပါတယ်။ Chris Renaud နဲ့ Yarrow Cheney တို့ကရိုက်ကူးထားပြီး Louis C.K, Kevin Hart, Steve Coogan စတဲ့ သရုပ်ဆောင်တွေက အသံနဲ့ ပါဝင်ထားပါတယ်။ ပြသချိန် 98 Minutes ရှိပါတယ်။ဒီဇာတ်ကားလေးကို June လထဲမှာ ...
6.5
IMDB: 6.5/10 155,113 votes
movie

The Secret Life of Pets (2016)

2016
BluRay 1080p 8CH
Power Rangers (2017) 6.0
Power Rangers (2017) Mighty Morphin Power Rangers 2017 Reboot Movie နာမည်ကြားရုံနဲ့ ခင်ဗျားတို့တွေကြက်သီးတဖျန်းဖျန်းထရုံမကပဲ အသားတွေပါတဆတ်ဆတ်တုန်သွားမယ်ဆိုတာ ကောင်းကောင်းကြီးအာမခံပါတယ်…. တကယ်တော့ဒီရုပ်ရှင်ကို အညွှန်းတောင်တကူးတကရေးပြီးတော့ ညွှန်းနေစရာမလိုလောက်ပါဘူး… ဘာကြောင့်လဲဆိုတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့အပြင် ကျွန်တော်တို့နဲ့အတူတကွကြီးပြင်းလာတဲ့ ငယ်ဘ၀ဇာတ်ကောင်လူစွမ်းကောင်းများဖြစ်တဲ့ Power Rangers တွေဖြစ်တာကြောင့် အားလုံးလည်း ရင်းနှီးပြီးသားဖြစ်ကြပါလိမ့်မယ်….. ဒါပေမယ့် တစ်ခုပြောစရာရှိတာက ဒီရုပ်ရှင်ထဲကအဓိကဇာတ်ကောင်တွေ Power Rangers တွေဖြစ်လာမယ့် Angel Groove မြို့ရဲ့အထက်တန်းကျောင်းသားတွေဖြစ်ကြတဲ့  Power Rangers တွေဖြစ်လာကြမယ့် အထက်တန်းကျောင်းသားလေးတွေဖြစ်တဲ့ Jason,Kimberley,Billy,Zack,Trini တို့ဟာ ကျွန်တော်တို့ငယ်ငယ်ကရင်းနှီးခဲ့ကြတဲ့အတိုင်း လူတော်လူကောင်း အများအကျိုးသယ်ပိုးကြတဲ့ လူငယ်လေးတွေမဟုတ်ကြဘဲ ကျောင်းရဲ့ လူပေလူတေလေးများဖြစ်နေတာကို အံ့အားသင့်ဖွယ် မြင်ရမှာပဲဖြစ်ပါတယ်…. ဒါ့အပြင် ဒီရုပ်ရှင်ဟာလှည့်ကွက် မြှပ်ကွက်များစွာနဲ့ တင်ဆက်ထားတဲ့အပြင်ကို ဇာတ်လမ်းအစမှာကိုပဲ ကြည့်ရှု့သူပရိတ်သတ်တွေအားလုံးကို  ”ဟာ ဒါကဒီလိုပါလား” ဆိုပြီး အံ့အားသင့်ရေရွတ်ရလောက်အောင်ကို  တင်ဆက်ထားတာကိုလည်း ကြည့်ရှု့ရဦးမှာဖြစ်ပါတယ်…. ဇာတ်လမ်းအကျဉ်းလေးကိုတော့ အခုပြောပြတာထက် ကိုယ်တိုင်ခံစားကြည့်ရှု့လိုက်တာက ပိုပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားမှု့တွေပေးစွမ်းနိုင်မှာမို့ အခုပဲ  ဒေါင်းကြည့်ကြဖို့အတွက် တိုက်တွန်းချင်ပါတယ်… နောက်ပြီး Original Power Rangers ရဲ့ Theme Song ကိုထပ်မံမွန်းမံထားပြီးတော့ နောက်အသစ်ထည့်ထားတဲ့ နောက်ခံတီးလုံးတွေက ဇာတ်ကိုလုံးဝအထွတ်ထိပ်ရောက်စေပြီး ကောင်းမွန်လှပစေခဲ့ပါတယ်… ကျွန်တော်တို့တွေ ဒီရုပ်ရှင်မထွက်လာခင်ကတည်းက Ranger တွေရဲ့ Suit တွေ Morpher တွေ Zord တွေကိုကြည့်ပြီးစိတ်ပျက်ခဲ့ရတာတွေက ဒီရုပ်ရှင်ကိုတကယ်တမ်းကြည့်လိုက်ရတဲ့အခါမှာတော့  အကုန်ပျောက်သွားမယ်ဆိုတာ လုံးဝအာမခံပါတယ်…. နောက်ပြီးတော့ Mid-Credits Scene ကိုလည်း ...
6.0
IMDB: 6.0/10 88,153 votes
movie

Power Rangers (2017)

2017
BluRay 1080p 8CH
Deepwater Horizon (2016) 7.1
Deepwater Horizon (2016) သမားရိုးကျနိုင်လွန်းတဲ့ သို့ ပုံစံခွက်ထဲအများစုဝင်တဲ့ ဇာတ်လမ်းအမျိုးအစားထဲမှာ disaster/survival ရုပ်ရှင်များလည်း ပါပါတယ်။ Titanic, The day after tomorrow တို့လိုကားတွေ လူကြိုက်များခဲ့၊ အောင်မြင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဒါမျိုးကားတွေ သိပ်အလုပ်မဖြစ်ခဲ့ကြတာကိုတွေ့ရပါတယ်။ ဥပမာ World Trade Centre, Poseidon တို့လိုကားတွေ။ ဒီလိုဇာတ်ကားများမှာ ဖော်မျူလာကျ ဇာတ်ကြောင်းပြောတဲ့ပုံက ကျွန်တော်တို့နဲ့အတော်ကျွမ်းဝင်နေခဲ့ပြီ။ အစပိုင်းမှာ Victims ဖြစ်လာကြမယ့်သူတွေရဲ့ မိသားစုဘဝတွေကိုပြမယ်။ ဒါဟာ နောက်ပိုင်းမှာ ဇာတ်ကောင်ကိုပိုမိုကရုဏာသက်စေဖို့အထောက်အကူပြုတယ်။ ဇာတ်ကားအလယ်လောက်မှာ ဘေးဆိုးကြီးနဲ့မိတ်ဆက်ပေးမယ်။ သေကြ၊ ကြေကြ၊ ပျက်ဆီးကြမယ်။ ကိုယ်ကျိုးစွန့်အနစ်နာခံကြမယ့် သူရဲကောင်းတွေပါမှာဖြစ်သလို တစ်ဘို့သမား ဗီလိန်များလည်းပါရလိမ့်မယ်။ ဒီလို ပုံစံကျရှိနေတဲ့ ဇာတ်လမ်းအမျိုးအစားမို့လို့ ပရိသတ်တွေရိုးအီလာတာရှိမှာဖြစ်သလို ဒီပုံစံမှာ ဆက်လက် ရင်ခုန်ခံစားချင်၊ စီးမျောချင်တဲ့ပရိသတ်လည်းရှိဦးမှာပါပဲ။ အဲလိုဇာတ်ကားအများစုက ဖြစ်ရပ်မှန်တွေဖြစ်နေတတ်တာကတော့ ပရိသတ်ကိုစွဲငြိစေတဲ့အချက်တစ်ချက်လို့ထင်မိပါတယ်။ Deepwater Horizon ဟာလည်း 2010 ကဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါတယ်။ Deepwater Horizon ဆိုတဲ့ ပင်လယ်ရေနံတူး Rig ကြီးဟာ မက္ကဆီကိုပင်လယ်ကွေ့မှာ မတော်တဆ မီးလောင်ပေါက်ကွဲခဲ့ပြီး အမေရိကန်ရဲ့ အဆိုးရွားဆုံး လောင်စာဆီဖိတ်စင်မှုကြီးဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြီးအပေါ် သေချာလေ့လာရေးသားထားတဲ့ New York Times ကဆောင်းပါးကိုအခြေခံကာ ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့တာပါ။ ဒါကြောင့်မို့လို့လည်း အချက်အလက်ပိုင်းဆိုင်ရာ တိကျတယ်လို့ ...
7.1
IMDB: 7.1/10 127,835 votes
movie

Deepwater Horizon (2016)

2016
BluRay 1080p 8CH
Real Steel (2011) 7.1
Real Steel (2011) ဇာတ်လမ်းအကျဉ်း ၂၀၂၀ ခုနှစ်မှာ စက်ရုပ်တွေကို လူတွေအစား boxing ကစားခိုင်းပြီး လောင်းကစားလုပ်ကြတာ ခေတ်စားလာခဲ့ပါတယ်… ချားလီး(စ်) ဟာ ယခင်က လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး ခုအခါမှာတော့ တရားမ၀င် စက်ရုပ်လက်ဝှေ့ပွဲမှာ ယှဉ်ပြိုင်ရင်း အရှုံးတွေများကာ အကြွေးတွေဝိုင်းဝိုင်းလည်နေသူ တစ်ဦးဖြစ်ပါတယ်… သူပိုင်တဲ့ Ambush ဆိုတဲ့ စက်ရုပ်ကြီးဟာ Ricky ဆိုတဲ့လူပိုင်တဲ့ Black Thunder ကျွဲနဲ့ ပြိုင်တိုက်ခိုက်ရင် ရှုံးခဲ့လို့ အကြွေးတွေတင်တဲ့ အချိန်အတွင်းမှာပဲ သူ့ဆီကို သူ့ အရင် ရည်းစား ဆုံးပါးသွားကြောင်း အကြောင်းကြားခြင်းခံရတဲ့အပြင် သူ့မှာ သူမထားခဲ့တဲ့ ၁၁နှစ်အရွယ် သားတစ်ယောက်အတွက် အုပ်ထိန်းခွင့်ရှိနေတယ်လို့ သိရပါတယ်… ထိုကလေးငယ်ကို သူ့အရင်ရည်းစားရဲ့ အစ်မဖြစ်သူ (ကလေးရဲ့ အဒေါ်ဖြစ်သူ)က မွေးစားချင်သဖြင့် အုပ်ထိန်းခွင့်ကို စွန့်လွှတ်ဖို့ လာရောက် အကြောင်းကြားတာဖြစ်ပါတယ်… ရေဆာတုန်း ရေတွင်းထဲကျသလိုဖြစ်သွားတဲ့ ချားလီး(စ်)ဟာ… သူ့ သားကို ကြည့်တောင် မကြည့်ပဲ ...
7.1
IMDB: 7.1/10 279,370 votes
movie

Real Steel (2011)

2011
BluRay 1080p 8CH
Alice Through the Looking Glass (2016) 6.2
Alice Through the Looking Glass (2016) Alice Through the Looking Glass ဆိုတဲ့ဇာတ်ကားလေးကတော့ ၂၀၁၀ တုန်းက အောင်မြင်ခဲ့တဲ့ ဒါရိုက်တာ Tim Burton ရဲ့ Alice in Wonderland ဆိုတဲ့ fantasy ဇာတ်ကားရဲ့ နောက်ဆက်တွဲပါ။ Mia Wasikowska, Johnny Depp, Anne Hathaway နဲ့ Helena Bohnam Carter တို့ကသူတို့ရဲ့ အရင်ဇာတ်ရုပ်တွေအတိုင်း ဆက်ပြီးသရုပ်ဆောင်သွားမှာဖြစ်ပြီး ဇာတ်ကောင်သစ်တွေအနေနဲ့ Rhys Ifans ကို Mad Hatter ရဲ့အဖေဇာတ်ကောင် နဲ့ Sacha Baron Cohen ကိုလူတစ်ပိုင်းနာရီတစ်ပိုင်းဇာတ်ကောင်တို့အဖြစ် တွေ့ရမှာပါ။ Effect တွေ၊ Costume တွေ၊ ဆက်တင်တွေကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေကို ဆွဲဆောင်နိုင်ဦးမယ်ဆိုတာကိုတော့ တွေးကြည့်ယုံနဲ့တင် သိသာပါတယ်။ ဒီဇာတ်ကားမှာ အရင်ဒါရိုက်တာ Tim Burton က producer အဖြစ်ဘဲတာဝန်ယူတော့မှာဖြစ်ပြီး ...
6.2
IMDB: 6.2/10 75,557 votes
movie

Alice Through the Looking Glass (2016)

2016
BluRay 1080p 8CH
John Wick (2014) 7.3
John Wick (2014) The Matrix ဇာတ်ကားနဲ့ ကမ္ဘာကျော်မင်းသားဖြစ်လာခဲ့တဲ့ Keanu ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇတ်လမ်းအစမှာတော့ John Wick ရဲ့မိန်းမဟာကင်ဆာရောဂါနဲ့သေသွားခဲ့ပြီးမှာသူ့မိန်းကသူ့အတွက်သူမ မသေ ခင်မှာ John Wick အတွက်အဖော်အဖြစ်ခွေးလေးတစ်ကောင်ကိုလက်ဆောင်ပေးခဲ့ပါတယ်။တစ်ရက်မှာတော့ ရုရှားဂိုဏ်းခေါင်းဆောင်ရဲ့သားက John Wick နဲ့အမှတ်မထင်တွေ့ဆုံပြီးသူ့ရဲ့စီးတော်ယာဉ်ကိုသဘောကျရာ John Wick ကရောင်းဖို့ငြင်းဆန်ခဲ့တဲ့အတွက်၊ John Wick ရဲ့အိမ်ကိုဝင်ရောက်ခိုးယူပြီးသူ့မိန်းမနောက်ဆုံးပေး ခဲ့တဲ့ခွေးလေးကိုပါသတ်ပြစ်လိုက်ပါတယ်။ထိုလူငယ်လေးတွေခိုးသွားတဲ့ကားနဲ့ခွေးလေးကိုသတ်သွားတဲ့အတွက်သူတို့ကိုပြန်ပြီးလက်စားချေဖို့အတွက် John Wick စတင်ပြင်ဆင်ပါတော့တယ်။စိတ်ဒဏ်ရာရနေတဲ့ John Wick တစ်ယောက်သူ့ကားနဲ့သူ့မိန်းမနောက်ဆုံးပေးခဲ့တဲ့ခွေးလေးအတွက်လက်စားချေနိုင်မလား..?ဒါမှမဟုတ်ဘယ်လိုဆက် ဖြစ်မလဲဆိုတာ.....ဇတ်လမ်းလေးကိုဆက်လက်ရှုစားကြည့်ပါ။ File Size – 1.6 GB Quality- Blu-Ray 1080p 8CH Running Time – 1hr 41min Format – mkv Genre – Action, Crime, Thriller Subtitle – Myanmar (Hard Sub) Translator – Aung Myint Oo Encoded By – Htet Aung Moe
7.3
IMDB: 7.3/10 396,427 votes
movie

John Wick (2014)

2014
BluRay 1080p 8CH
Sui Dhaaga (2018) 6.8
Sui Dhaaga (2018) "အားလုံး အဆင်ပြေပါတယ်၊ ဘဝမှာ စိတ်တိုင်းမကျစရာတွေ၊ညည်းညူ အော်ဟစ်ပစ်ချင်တာတွေ ရှိနေပေမယ့် အရာအားလုံး အဆင်ပြေပါတယ်" မော်ဂျီ့အိမ်မှာ မော်ဂျီရယ် သူ့မိန်းမရယ် သူ့အဖေနဲ့ သူ့မေတို့ လေးယောက် အတူနေကြတယ်။ အမေနဲ့ သူ့မိန်းမ မာမတာတို့က အိမ်မှာပဲ နေပြီး အိမ်မှုကိစ္စဝိစ္စတွေလုပ်ပြီး မော်ဂျီက အပ်ချုပ်စက်တွေ ရောင်းတဲ့ဆိုင်မှာ လက်တိုလက်တောင်းနဲ့ အထွေထွေလုပ်သားအဖြစ် နေတယ်။ လုပ်ခလစာလေးက ထောင်ဂဏန်း ကျော်ကျော်ဆိုပေမယ့် ဖင်ပေါ့တဲ့ မော်ဂျီ့ကို သူဌေးနဲ့ သူဌေးသားတို့က သဘောကျကြလို့ မော်ဂျီကျေနပ်တယ်။ သူဌေးသားအဖ နဲ့ ဖောက်သည်တွေ ပျော်ဖို့အတွက် မော်ဂျီဟာ သူ့ကိုယ်သူ ခွေး နွား ဝက်ဝံ စတဲ့ ပုံစံမျိုးတွေ သရုပ်ဆောင် ပြတတ်သေး။ ရွာကနေတက်လာကြတဲ့ သူတို့တစ်တွေအတွက်တော့ လက်လုပ်လက်စားဘဝမှာ နေပျော်သလိုလိုပါပဲ။ သူတို့နေတဲ့ ပတ်ဝန်းကျင်မှာက လက်မှုပညာသည်၊လက်မှုပညာရှင်တွေချည်း ရှိတယ်။ မော်ဂျိ့အဘိုးကိုယ်တိုင်က အပ်ချုပ်သမားဘဝနဲ့ အရိုးထုတ်သွားတဲ့သူဆိုတော့ မော်ဂျီ့မှာလည်း အပ်ချုပ်တဲ့အတတ်ကို ပါရမီပါတယ် ပြောရမယ်။အိမ်သားတွေရဲ့ အဝတ်တွေ စုတ်တာ ပြဲတာ ပေါက်တာ ကျယ်သွားတာ စသဖြင့် ပြသနာတစ်စုံတစ်ခု တက်လာရင် ...
6.8
IMDB: 6.8/10 3,200 votes
movie

Sui Dhaaga (2018)

2018
BluRay 1080p 8CH
Aces Go Places (1982) 6.8
Aces Go Places (1982) Aces Go Places (1982) မြန်မာစာတန်းထိုး ပထမဦးစွာ စာဖိုင်ကူညီပေးထားပါသော ဦးဖြိုးညီညီအား ကျေးဇူးတင်ပါတယ်ခင်ဗျာ ဒီဇာတ်ကားလေးဟာ လုံးဝကို Old But Gold လို့ပြောလို့ရပြီး ကျွန်တော်တို့ ငယ်ငယ်ကလေးတုန်းက ဒီလိုဇာတ်ကားလေးတွေနဲ့ရှင်သန်ခဲ့ရတယ်ဆိုရင်လည်း မမှားပါဘူး အက်ရှင်နဲ့ ဟာသပုံစံလေးကို ရောနှောပေးထားပြီး ၁၉၈၂ ခုနှစ်ဆိုတဲ့အတိုင်း အရင်ခေတ်က အငွေ့အသက်လေးတွေကို ပြန်ရစေမှာပါ လက်ရှိကားသစ်တွေကို မခံစားတတ်လို့ဆိုပြီး တောင်းဆိုထားတဲ့သူတစ်ယောက်အတွက် တင်ပေးလိုက်ပါပြီ အညွန်းကိုတော့ အများကြီးမညွန်းတော့ပါဘူး ပေါ့ပျက်ပျက်ဖြစ်သွားမှာစိုးလို့ပါ   File Size – 1.49 GB Quality- Blu-Ray 1080p 8CH Running Time – 1:33:37 Format – mkv Genre – Action, Comedy Subtitle – Myanmar (Hard Sub) Translator – Aung Myint Oo Encoded By – Sai Wunna[Nokime Kugachichiki]
6.8
IMDB: 6.8/10 1,164 votes
movie

Aces Go Places (1982)

1982
BluRay 1080p 8CH
Operation Red Sea (2018) 7.0
Operation Red Sea (2018) ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာထွက်ရှိထားတဲ့ တရုတ်စစ်ကားလေးတကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီစစ်ကားလေးကာ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Operation Mekong လိုမျိုး Action ကားကောင်းလေးတစ်ကားဘဲဖြစ်ပါတယ်။ IMDB Rating 7.2 ထိရရှိထားတဲ့ကားကောင်းလေးတစ်ကားဖြစ်ပြီး Action, Drama, Thiriller အမျိုးအစားဖြစ်ပါတယ်။ Yutian Wang in Hong hai xing dong (2018) အညွှန်း ---------------------- တရုတ်ပင်လယ်နယ်နိမိတ်တစ်ထဲမှာ တရုတ်ရေတပ်ကင်းလှည့်နေစဉ် ဆိုမာလီယာ ဓားပြတွေ တရုတ်ကုန်သင်္ဘောဂွမ်ဒေါင်းကိုလုသူသိမ်းပိုက်တယ်ဆိုတဲ့ အကြောင်းကြားတာရတဲ့အတွက် အထူးတပ်ဖွဲ့ရင် ကျင်းလုံဆိုတဲ့တပ်ဖွဲ့ကိုစေလွှတ်ရာ ကနေပြီးဇာတ်လမ်းစတင်ထားပါတယ်။ နောက်ပိုင်းမှာတော့ရီဝေနိုင်ငံရဲ့ပြည်တွင်းစစ်ဖြစ်ပွားမှုမတည်ငြိမ်မှုတွေကြောင့် တရုတ်ရေတပ်ဟာအထက်ကအမိန့်ပေးမှုနဲ့ရီဝေနိုင်ငံမှာရှိနေတဲ့တရုတ်ပြည်သူ တွေနဲ့တရုတ်သံအမတ်ကိုကယ်ဆယ်ဖို့သွားရပါတယ်။ Hong hai xing dong (2018) ထိုစဉ် ပြည်တွင်းဂျာနယ်သမားတစ်ယောက်က ရီဝေနိုင်ငံမှာရှိနေတဲ့အဝါရောင် ဆေးရေတွေအကြောင်းကိုသိလို့ရီဝေနိုင်ငံကိုရောက်ရှိနေခဲ့ပါတယ်။ ပြည်တွင်းစစ်ပွဲအခြေအနေကနေပြီး တရုတ်သံအမတ်လည်းလုပ်ကြံခံရပါတယ်။ ဒါပေမယ့် တရုတ်သံအမတ်ကလွတ်မြှောက်နေသဖြင့် တရုတ်ရေတပ်ကိုအကူအညီ တောင်းခံခဲ့ပါတယ်။တရုတ်ရေတပ်ကနေပြီး ကျင်းလုံ အထူးတပ်ဖွဲ့တွေစေလွှတ်ရာ မှာတော့.....ဇာတ်လမ်းလေးကိုဆက်လက်ရှုစားအားပေးကြပါခင်ဗျာ။ သတိပေးချက် ------------------------------------------------ ဇာတ်လမ်းကအကြမ်းဆုံးအခန်းတွေသွေးထွက်သံယိုအခန်းတွေပါသောကြောင့် စိတ်နှလုံးမခိုင်သူတွေ၊ ကြောက်တတ်သူတွေ၊ ကလေးငယ်တွေအတွက်ကြည့်ဖို့မသင့်ပါဘူး ဒီဇာတ်ကားဟာအဖြစ်မှန်ကိုအခြေခံရိုက်ကူးထားတာဖြစ်တဲ့အတွက်အချို့ဇာတ်ဝင်ခန်း တွေဟာအလွန်ကိုဆိုးဆိုးဝါးဝါးတွေရိုက်ပြထားပါတယ်။ စာဖိုင်အနေနဲ့လိုအပ်ချက်တွေရှိခဲ့ရင်လည်းသည်းခံပေးကြပါခင်ဗျာ။ Update ထပ်ထွက်တာနဲ့တင်ပေးနိုင်အောင်ကြိုးစားပါ့မယ် ------------------------------------------------- Blu-Ray Version ကို ပြန်လည် Update ပြုလုပ်ပေးထားပါတယ်ခင်ဗျ (အညွှန်းရေးသူကတော့ Htet Aung Moe ဘဲဖြစ်ပါတယ်) File Size – 2.21 GB Quality- Blu-Ray 1080p 8CH Running Time – 2hr ...
7.0
IMDB: 7.0/10 2,617 votes
movie

Operation Red Sea (2018)

2018
BluRay 1080p 8CH
Peppermint (2018) 6.5
Peppermint (2018) Rating 6.5 ရရှိထားတဲ့ အက်ရှင်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်…. မိသားစု​အ​ပေါ်မှာ ​မေတ္တာတရားကြီးမားတဲ့ မိန်းမသားတစ်​ဦး၊ မူးယစ်​ရာဇာတစ်ဦး၏ ​​​​စေခိုင်းမှု​ကြောင့်​ သူမချစ်​တဲ့ ခင်​ပွန်းသည်​နဲ့ သမီးငယ်​တို့ သူမမျက်​စိ​ရှေ့မှာတင်​ ရက်​ရက်​စက်​စက်​ သတ်​ဖြတ်​ခံရ​တဲ့အပြင်​ သူမကိုယ်​တိုင်​လည်း ​သေနတ်​ဒဏ်​ရာများဖြင့်​ ​ဆေးရုံ​ပေါ်​ရောက်​​ခဲ့ရပါတယ်​။ ဒါတင်​မက​သေးပဲ ​ဆေးရုံဆင်းဆင်းချင်းမှာပဲ တရားစွဲဆိုမှုက အကျင့်​ပျက်​ခြစား​တဲ့ ဥပ​ဒေဘက်​​တော်​သားများ​ကြောင့်​ အရှုံးကိုသာ ရင်​ဆိုင်​ခဲ့ရ​သောအခါ တရားမျှတမှုဆိုတာကို ရှာ​ဖွေဖို့အတွက်​ နူးညံ့မှုကို​ဖျောက်​ပြီး သူမကိုယ်​သူမ ​ပြောင်းလဲခဲ့ရပါတယ်​။ ငါးနှစ်​တာကာလကို ​ကျော်​လွန်​ပြီးခဲ့ချိန်​မှာ​တော့ ဘယ်​လိုအရာ​တွေနဲ့ တစ်​​ကျော့ပြန်​လာမလဲဆိုတာ စိတ်​ဝင်​တစား​ကြည့်​ရှုရမယ့်​ အက်​ရှင်​ကား​ကောင်းတစ်​ကားပဲ ဖြစ်​ပါတယ်​။ (အညွှန်းကိုတော့ Channel Myanmar မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။) File Size – 1.58 GB Quality- Blu-Ray 1080p 8CH Running Time – 1hr 42min Format – mkv Genre – Action, Drama, Thriller Subtitle – Myanmar (Hard Sub) Translator – Aung Myint Oo Encoded By – Htet Aung Moe
6.5
IMDB: 6.5/10 14,873 votes
movie

Peppermint (2018)

2018
BluRay 1080p 8CH
Gladiator (2000) 8.5
Gladiator (2000) သူရဲကောင်းဆိုတဲ့ အဓိပ္ပါယ်နောက်ကွယ်မှာ နာကျင်မှုတွေ၊ ၀မ်းနည်းမှုတွေ၊ ခါးသီးတဲ့ လောကဒဏ်တွေ ရင်းခဲ့ရတာ ဘယ်သူသိမှာလဲ။ လူဆိုတာ သိပ်ကို ကြီးကျယ်မြင့်မြတ်ချင်တဲ့ သတ္တ၀ါတွေပဲ။ ကိုယ့်ကို တစ်လောကလုံးက လေးစားကိုးကွယ်ဖို့ ဘာမဆို ရင်းရဲတာလည်း လူပါပဲ။ ယုတ်စွအဆုံး ကိုယ့်ဖခင်ကိုတောင် ပြန်သတ်ပြီးမှလေ။ မားကတ်အော်ရဲလိယက်စ် ဆိုတာ ရောမမှာ ကြီးကျယ်မြင့်မြတ်တဲ့ ဘုရင်ကြီးတစ်ပါးပဲ။ သူ့ရဲ့ အတွေးအခေါ်တွေ တိုင်းသူပြည်သားတွေ အပေါ်ထားတဲ့ ကရုဏာတွေကြောင့် ရောမတစ်ပြည်လုံး လေးစားကိုးကွယ်ကြတဲ့ သူရဲကောင်းကြီးပေါ့။ သူ့ရဲ့ လက်ရုံးတော် ရဲရင့်တဲ့ စစ်သူကြီး မက်ဇီမက်ဇ်ဆိုတာလည်း တိုက်ပွဲတိုင်း အောင်နိုင်ပေမယ့် မာန်မာနမရှိဘဲ သူ့မိသားစုနဲ့ အေးချမ်းစွာ နေချင်တဲ့ လူရိုးကြီးပါ။ တစ်တိုင်းပြည်လုံးဟာ ဒီလို လက်ရုံးရည် နှလုံးရည်ပြည့်စုံတဲ့ သူရဲကောင်းများနဲ့ ဂုဏ်ယူဝင့်ကြွားနိုင်ပေမယ့် ဘုရင်ကြီး အသက်ကြီးလာတဲ့အခါ နောင်ဆက်ခံမယ့် ဘုရင်ကိုလည်း မက်ဇီမက်ဇ်ကိုသာ မဲပေးချင်ကြပါတယ်။ အေးချမ်းစွာ နေလိုတဲ့ ...
8.5
IMDB: 8.5/10 1,174,472 votes
movie

Gladiator (2000)

2000
BluRay 1080p 8CH
Saw II (2005) 6.6
Saw II (2005) Saw II (2005) မြန်မာစာတန်းထိုး *****************************   Saw ဆိုရင် လူတော်တော်များများလည်းသိဖူး ကြည့်ဖူးသလို လူကြိုက်အများဆုံးလည်းဖြစ်ခဲ့ဖူးပါတယ်.... သွေးထွက်သံယို များစွာနဲ့ တစ်ဦးနဲ့တစ်ဦးကို ဂိမ်းကစားပြီးသတ်ခိုင်း ဖျတ်ခိုင်း ခုတ်ခိုင်းနဲ့ ကြည့်ရှုသူအဖို့မှာ ရင်တထိတ်ထိတ်နဲ့ စိုင်းစိုင်းခမ်းလှိုင်သီချင်းလို ဖုတ်လိုက်..ဖုတ်လိုက် ဖြစ်နေကြတယ်ဆိုတာ မညာချင်စမ်းပါနဲ့ ကဲကဲ...ထားလိုက်ပါတော့.... ဒီဇာတ်ကားဟာစုစုပေါင်း ၇ ကားရှိပြီးတော့ ၇ကားလုံးဟာ ကြောက်ဖုတ်ကောင်းပါတယ်...ဆောရီး..ကြောက်ဖို့ကောင်းပါတယ်ပြောတာ............. ဒီလိုအေးချမ်းတဲ့ညလေး...အိမ်ထဲကနေ အိမ်ပြင်မထွက်ချင်တဲ့သူတွေ... အခန်းလေးထဲမှာ စောင်လေးကွေးပြီးတော့ ကော်ဖီလေးတစ်ခွက်ရယ်... BS ကတင်တဲ့ Saw ဇာတ်ကားလေးတွေကိုကြည့်ပြီးတော့.... တူတူကြောက်လိုက်ရအောင်.... အညွန်းကိုတော့ အများကြီးရေးပေးမနေတော့ဘူးဗျ လူတိုင်းလည်းသိကြတာကိုးး ဒီဇာတ်ကား ၇ ကားလုံးကိုဘာသာပြန်ပေးထားသူကတော့ ညီမလေး အိန်ဂျယ်စွာတေးလန် ဖြစ်ပြီး Sai Wunna[Nokime Kugachichiki] မှ 1080p ဖြင့် တင်ဆက်ပေးထားပါတယ်နော်   File Size – 1.50 GB Quality-BluRay 1080p 8CH Running Time – 1:34:32 Format – mkv Genre –   Horror, Mystery Subtitle – Myanmar (Hard Sub) Translator – Angel Swar Tae Encoded By – Sai Wunna [Nokime Kugachichiki]
6.6
IMDB: 6.6/10 213,183 votes
movie

Saw II (2005)

2005
BluRay 1080p 8CH
Saw III (2006) 6.2
Saw III (2006) Saw III (2006) မြန်မာစာတန်းထိုး ******************************   Saw ဆိုရင် လူတော်တော်များများလည်းသိဖူး ကြည့်ဖူးသလို လူကြိုက်အများဆုံးလည်းဖြစ်ခဲ့ဖူးပါတယ်.... သွေးထွက်သံယို များစွာနဲ့ တစ်ဦးနဲ့တစ်ဦးကို ဂိမ်းကစားပြီးသတ်ခိုင်း ဖျတ်ခိုင်း ခုတ်ခိုင်းနဲ့ ကြည့်ရှုသူအဖို့မှာ ရင်တထိတ်ထိတ်နဲ့ စိုင်းစိုင်းခမ်းလှိုင်သီချင်းလို ဖုတ်လိုက်..ဖုတ်လိုက် ဖြစ်နေကြတယ်ဆိုတာ မညာချင်စမ်းပါနဲ့ ကဲကဲ...ထားလိုက်ပါတော့.... ဒီဇာတ်ကားဟာစုစုပေါင်း ၇ ကားရှိပြီးတော့ ၇ကားလုံးဟာ ကြောက်ဖုတ်ကောင်းပါတယ်...ဆောရီး..ကြောက်ဖို့ကောင်းပါတယ်ပြောတာ............. ဒီလိုအေးချမ်းတဲ့ညလေး...အိမ်ထဲကနေ အိမ်ပြင်မထွက်ချင်တဲ့သူတွေ... အခန်းလေးထဲမှာ စောင်လေးကွေးပြီးတော့ ကော်ဖီလေးတစ်ခွက်ရယ်... BS ကတင်တဲ့ Saw ဇာတ်ကားလေးတွေကိုကြည့်ပြီးတော့.... တူတူကြောက်လိုက်ရအောင်.... အညွန်းကိုတော့ အများကြီးရေးပေးမနေတော့ဘူးဗျ လူတိုင်းလည်းသိကြတာကိုးး ဒီဇာတ်ကား ၇ ကားလုံးကိုဘာသာပြန်ပေးထားသူကတော့ ညီမလေး အိန်ဂျယ်စွာတေးလန် ဖြစ်ပြီး Sai Wunna[Nokime Kugachichiki] မှ 1080p ဖြင့် တင်ဆက်ပေးထားပါတယ်နော်   File Size – 1.81 GB Quality-BluRay 1080p  8CH Running Time – 1:53:45 Format – mkv Genre –   Horror, Mystery Subtitle – Myanmar (Hard Sub) Translator – Angel Swar Tae Encoded By – Sai Wunna [Nokime Kugachichiki]
6.2
IMDB: 6.2/10 163,008 votes
movie

Saw III (2006)

2006
BluRay 1080p 8CH
Mamma Mia! Here We Go Again (2018) 6.9
Mamma Mia! Here We Go Again (2018) "Mamma Mia! Here We Go Again (2018)" ============================ 🎼🎼🎼 I have a dream ... a song to sing 🎼🎼🎼 လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းကပေါ့ ကျနော် ဇာတ်ကားလေးတစ်ကားကြည့်ခဲ့ဖူးတယ် ... Musical ရုပ်ရှင်အမျိုးအစားကို အနှစ်သက်ဆုံးဖြစ်ခဲ့ရတဲ့ အကြောင်းရင်းတွေထဲမှာ အဲဒီဇာတ်ကားလေးက အဓိကတစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့ရတယ်။ ခုချိန်ထိ ကျနော်ဟာ အဲဒီဇာတ်ကားလေးကို အခေါက်ပေါင်းများစွာကြည့်နေမိသလို ... ကြည့်မိတိုင်းလည်း ဇာတ်ဝင်ခန်းတိုင်းက ကျနော့်ကို ပျော်ရွှင်ကြည်နူးနှစ်သက်နေစေနိုင်တုန်းပဲ ... ကျနော်တို့မမွေးဖွားခင် ဟိုးတစ်ချိန်တုန်းက ကမ္ဘာကျော်ခဲ့တဲ့ ဆွီဒင်ပေါ့ပ်ဂီတအဖွဲ့ "ABBA" ကို ဒီဇာတ်ကားလေးကြောင့် သိခွင့်ရခဲ့တယ် နိုင်ငံခြားဇာတ်ကားဆိုမကြည့်တတ်တဲ့ ကျနော့်ရဲ့အမေကတောင် ကျနော်ကြည့်တိုင်း သူတို့ခေတ်က L ခွန်းရီတို့ ဘာတို့ဆိုခဲ့တဲ့သီချင်းလေးတွေဆိုပြီး အတူထိုင်ကြည့်ခဲ့တာကလည်း အမှတ်တရတစ်ခုပါပဲ ... "Mamma Mia" ဇာတ်ကားရိုက်ကူးခဲ့တဲ့ ဂရိနိုင်ငံက Skopelos ကျွန်းတွေကလည်း ကျနော့်ရဲ့ခရီးသွားအိပ်မက်ဖြစ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ "Mamma Mia" ကို နောက်ဆက်တွဲဇာတ်လမ်းကြည့်ခွင့်ရရင် ကောင်းမှာပဲလို့ ...
6.9
IMDB: 6.9/10 47,478 votes
movie

Mamma Mia! Here We Go Again (2018)

2018
BluRay 1080p 8CH