Burmese Subtitle

4K HDR 8CH

First Man (2018) 7.4
First Man (2018) Synopsis အချိန်​ကာလကတော့ ၁၉၆၉ ခုနှစ်​ ….. ဇူလိုင်​လ ၁၆ရက်​ ၁၃:၃၂နာရီ ခန့်​ပေါ့………… စိတ်​ကူးယဉ်​ခဲ့ရတဲ့ လမင်းကြီးဆီကို သမိုင်းရဲ့ ပထမဆုံးအနေနဲ့ ကျွန်​တော်​ ထွက်​ခွာသွားရတော့မှာ …. အောင်​မြင်​မှာလား ကျရှုံးမှာလား.. …ကျွန်​တော်​ ဆက်​မတွေးတော့ပါဘူး……. ဆုံးသွားတဲ့ ကျွန်​တော့်​ရဲ့သမီးလေးကို ဝမ်းနည်းစွာ သတိရနေတာလား…. ….ကျွန်​တော့်​ထက်​အရင်​ လကမ္ဘာကိုသွားရောက်​ဖို့ ကြိုးစားခဲ့တဲ့ သူငယ်​ချင်းတွေရော.. .ကောင်းမွန်​တဲ့ဘုံဘဝမှာ ပျော်​ရွှင်​ကျေနပ်​နေပြီလား….. ဒါမှမဟုတ်​ ကျွန်​တော်​ပဲ ဒီအခန်းကျဉ်းလေးထဲမှာ စက်​နှိုးမဲ့အချိန်​ကို စောင့်​စားရင်း ခြောက်​ခြားနေမိတာလား … .ကျွန်​တော်​တို့ရဲ့ အမြင်​အာရုံကလဲ အကန့်​အသတ်​နဲ့ပဲမြင်​နေရတယ်​ လက်​တစ်​ဝါးသာသာလောက်​ မှန်​ပြတင်းလေးကနေ ကောင်းကင်​ကြီးကို မျှော်​ကြည့်​ရင်း ကမ္ဘာလောကကြီးကို နှုတ်​ဆက်​ထွက်​ခွာရတော့မယ်​ ကျွန်​တော်​ချစ်​ခင်​တဲ့ မိသားစုလေးကတော့ ကမ္ဘာမြေပေါ်က အိမ်​လေးထဲမှာ ကျန်​နေခဲ့မှာလေ ဘယ်​သူမှ မရှိတဲ့ လကမ္ဘာပေါ်မှာ ကျွန်​တော်​တို့ အထီးကျန်​နေမှာလား ပြီးတော့ ကမ္ဘာမြေပေါ် ပြန်​မရောက်​လာနိုင်​ခဲ့ရင်​ရော……. အဲ့လိုတွေးနေရင်းနဲ့ပဲ……ခရီးစဉ်​ထွက်​ခွာဖို့အတွက်​ တဆယ်​…..ကိုး….ရှစ်​……ဆိုပြီး… .အချိန်​မှတ်​နေတဲ့အသံကို ...
7.4
IMDB: 7.4/10 100,721 votes
movie

First Man (2018)

2018
4K HDR 8CH