Burmese Subtitle

Western

The Magnificent Seven (2016) 6.9
The Magnificent Seven (2016) ဒီခေါင်းစဉ်မြင်လိုက်ရုံနှင့် Western Films တွေကို ကြည့်နေကျ ပရိတ်သတ်တွေ သိပြီးသားဖြစ်မည်ဟု ယုံကြည်မိပါသည်။ဟောလိဝုဒ်ရဲ့ အစဉ်အလာကြီးမားလွန်းတဲ့ ကောင်းဘွို င်ရုပ်ရှင်ကားတွေထဲမှာ ယခု ရုပ်ရှင်ကားကလည်း ထိပ်တန်းစာရင်းမှာ အမြဲလိုပင် နေရယူထားပါသည်။ယခုဇာတ်ကားရဲ့ အရှိန်အဝါကို ယူပြီး ကောင်းဘွို င်ရုပ်ရှင်တွေ တစ်သီကြီးထွက်လာခဲ့သည်။ အမှန်တကယ်ဆိုရလျှင် ယခုရုပ်ရှင်ကားရဲ့မူလဖန်တီးရာသည် 1954ခုနှစ်ထွက် ဂျပန်ရုပ်ရှင် Seven Samurai ရုပ်ရှင်ကားဖြစ်ပြီး ယင်းရုပ်ရှင်ကားမှ ဇာတ်လမ်းဇာတ်ကွက်တွေကို အနောက်တိုင်းစတိုင်လ် ပြု ပြင်ဖန်တီးပြီး ပြန်လည်ရိုက်ကူးခြင်းဖြစ်သည်။1960ခုနှစ်တွင် ဟောလိဝုဒ် ဒါရိုက်တာ John sturgesက ထိုခေတ်က အကျော်အမော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ကတုံးမင်းသားကြီး Yul Brynner |Steve McQueenစတဲ့ ဇာတ်ဆောင်တွေနှင့် ခမ်းခမ်းနားနား ရိုက်ကူးခဲ့သည်။အောင်မြင်မှု များစွာလည်း ရရှိခဲ့ပါသည်။နောင်ကာလများတွင်လည်း မီနီစီးရီး အသွင်မျိုး တင်ဆက်ခဲ့သေးသည်။ ယခု 2016ကာလတွင်မူ ဟောလိဝုဒ်ကနေ လက်ရှိနည်းပညာများ လက်ရှိခေတ်နာမည်ကြီးသရုပ်ဆောင်များဖြင့် ပြန်လည်တင်ဆက်လိုက်ပြန်ပါပြီ။မင်းသားကြီး Denzel Washingtonအား ...
6.9
IMDB: 6.9/10 160,064 votes
movie

The Magnificent Seven (2016)

2016
BluRay 1080p 6CH