Burmese Subtitle

War

Paths of Glory (1957) 8.4
Paths of Glory (1957) ပထမကမ္ဘာစစ် နောက်ခံဇာတ်ကားလေး ဖြစ်ပါတယ်။ ဒါရိုက်တာ စတန်လေကူးဘရစ်ရဲ့လက်ရာဖြစ်ပြီး Humphrey Cobb ရဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားတာပါ။ ၁၉၅၇ခုနှစ်က ရိုက်ကူးထားတာဖြစ်တဲ့ ဒီအဖြူအမည်းဇာတ်ကားလေးဟာ စစ်ကားတွေထဲမှာတော့ Rating ခပ်မြင့်မြင့်ထဲကဖြစ်ပြီး Imdb Rating 8.4/10 နဲ့ Rotten Tomatoes 95% အထိ ရထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်ကားအကျဉ်းအနေနဲ့ ပထမကမ္ဘာစစ်အတွင်း ဂျာမန်တွေနဲ့ စစ်ဆိုင်နေတဲ့ ပြင်သစ်တပ်မတစ်ခုဟာ ရန်သူဂျာမန်တွေ အခိုင်အမာ တပ်စွဲထားတဲ့ တောင်ကုန်းတစ်ကုန်းကို သိမ်းဖို့ တာဝန်ကျလာပါတယ်။ ပထမကမ္ဘာစစ်ရဲ့ တိုက်ပွဲပုံစံအရ မြေနေရာတစ်ခုကို သိမ်းပိုက်နိုင်ဖို့ဆိုတာ လူအင်အားအတော်များများ အဆုံးရှုံးခံနိုင်မှ ရမယ့်အနေအထားပါ။ တပ်မမှူးအနေနဲ့ ဒီအမိန့်ကိုရချိန်မှာ မဖြစ်နိုင်မှန်းသိတဲ့အတွက် ငြင်းဖို့ကြိုးစားပေမယ့် အောင်မြင်ရင် ရာထူးတစ်ဆင့်တိုးပေးမယ်ဆိုတဲ့မက်လုံးကို ကြားရတဲ့အခါ မရရအောင် တိုက်ပေးမယ်ဆိုပြီး ဖြစ်သွားပါတယ်။ ဒီအမိန့်ဟာ အောက်ကဗျူဟာမှူးဆီ ရောက်သွားတဲ့အခါ ရည်မှန်းချက်အနေနဲ့ မဖြစ်နိုင်တဲ့အပြင် စစ်သည်တွေ ...
8.4
IMDB: 8.4/10 153,915 votes
movie

Paths of Glory (1957)

1957
BluRay 1080p 6CH
Full Metal Jacket (2018) 8.3
Full Metal Jacket (2018) Full Metal Jacket ****************** Full Metal Jacket ဆိုတာကတော့ လက်နက်ငယ်တွေမှာ အသုံးပြုတဲ့ ကျည်အမျိုးအစားဖြစ်ပြီး ကျည်မ (Ball) လို့ ဆိုနိုင်မှာပါ။ Full Metal Jacket ဆိုတာကို တိုက်ရိုက်ဘာသာပြန်ရင်တော့ သတ္တုသားအပြည့် ဖုံးအုပ်ထားသောလို့ အဓိပ္ပါယ်ရမယ် ထင်ပါတယ်။ ဘာလို့ သတ္တုသားအပြည့် ဖုံးအုပ်ရတာလဲ။ အစောပိုင်းကာလတွေတုန်းက ကျည်ဆံထိဖူးအနေနဲ့ ခဲသတ္တုကို အသုံးပြုခဲ့ကြပါတယ်။ နောက်ပိုင်း ပြောင်းရစ်ပါတဲ့ ရိုင်ဖယ်တွေကို အသုံးပြုလာကြတဲ့အခါ ခဲသီးသန့်ကို အသုံးပြုဖို့ အဆင်မပြေတော့ပါဘူး။ ခဲသီးသန့်ကျည်ထိပ်ဖူးတွေဟာ ပစ်ခတ်တဲ့အခါ ပြောင်းတွင်းပိုင်းနဲ့ ပြောင်းရစ်ပိုင်းတွေကို ထိခိုက်စေတဲ့အပြင် ပစ်ခတ်နိုင်မှု အကွာအဝေးပိုင်းမှာလဲ လိုသလောက်မရတာကို တွေ့လာရပါတယ်။ ဒီအတွက် ခဲသားကို ကြေး ဒါမှမဟုတ် သံအလွှာတစ်ခုနဲ့ ဖုံးအုပ်ပြီး ထုတ်လုပ်အသုံးပြုခဲ့ကြပါတယ်။ Full Metal Jacket လို့ခေါ်တဲ့ ဒီကျည်အမျိုးအစားတွေဟာ ပစ်ခတ်ချိန်မှာ အပေါ်က ဖုံးအုပ်ထားတဲ့ ...
8.3
IMDB: 8.3/10 601,361 votes
movie

Full Metal Jacket (2018)

1987
BluRay 1080p 6CH
T-34 (2018) 6.6
T-34 (2018) စစ်ကားကောင်းတွေ မျှော်လင့်နေတဲ့ ပရိတ်သတ်တွေအတွက် မျှော်လင့်ရကျိုးနပ်တဲ့ကားတစ်ကားလာပါပြီဗျား.... ဒီကားက ဒုတိယ ကမ္ဘာစစ်အတွင်း ရုရှားနဲ့ ဂျာမန်စစ်ဖြစ်တဲ့အချိန် စီးချင်းထိုးခဲ့တဲ့ တင့်ကားတွေအကြောင်းကို အဓိက ထားရိုက်ကူးပြထားတာပါ.... ပြသချိန် ၂နာရီကျော်ရှိခဲ့ပေမယ့် T-34 အမြောက်သံတစ်ဂျိန်းဂျိန်း ကျည်ဆံသံတစ်ဝီ၀ီနဲ့ အပြန်အလှန်တိုက်ခိုက်မှုကြားမှာ ခင်ဗျားဟာ စိတ်ဝင်စားလွန်းတော့ တောင့်တောင့်ကြီးကြည့်မိပြီး ၂နာရီကျော်ဆိုတာဆိုတာ ဘာမှန်းမသိဖြစ်သွားလိမ့်မယ်....ဇာတ်လမ်းအစမှ အဆုံးထိ ခပ်သွက်သွက် ခပ်ရှင်းရှင်းနဲ့ကို Tempo ချချိန်ဆိုတာတောင်မရှိသလောက်ပဲ.....ရိုက်ချက်တွေနဲ့ ခပ်ပါးပါးနောက်ခံတေးကလည်း တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်အတိပဲ.... ရုရှားဘက်ကတိုက်ရည်ခိုက်ရည်ကောင်းတဲ့ တင့်ကွန်မန်ဒါတစ်ယောက်ဖြစ်တဲ့ Nikolay Ivushkinဟာ ဂျာမန်တင့်ကားခြောက်စီးကို သူ့ရဲ့ T-34တင့်ကားတစ်စီးတည်းနဲ့အကုန်အပြတ်ချေမှုန်းနိုင်ခဲ့တယ်.... ၆စီးကို တစ်စီးထဲနဲ့ချေမှုန်းသွားနိုင်တာကြည့်ရင် သူ့ရဲ့အရည်အချင်းကိုခန့်မှန်းမိနိုင်ကောင်းပါရဲ့... သို့ပေမယ့် နောက်ဆုံးတစ်စီးတစ်စီးကိုချေမှုန်းနိုင်ခဲ့ပေမယ့် သူအဖမ်းခံလိုက်ရတယ်... ဒီလိုနဲ့ ဂျာမန်စစ်သုံပန်းဘ၀ကိုရောက်ရှိသွားတယ်... ဒီအချိန်မှာ ဂျာမန်တွေအတွက်ရုရှားတွေရဲ့ တင့်စစ်ကစားဟန်က ထိတ်လန့်စရာအဖြစ်သိရှိခဲ့ပြီးတဲ့နောက်မှာ သူတို့အစီအစဉ်တစ်ခုဆွဲခဲ့တယ်... ဂျာမန်တွေဟာ နောက်ဖြစ်လာမယ့်ရုရှားတပ်နီနဲ့ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့ အထူးသဖြင့်ရုရှားတင့်တွေကိုဘယ်လိုအနိုင်ရမလဲဆိုတာကို ဂျာမန်မျိုးဆက်သစ်ဗိုလ်လောင်းတွေကို လက်တွေ့ကျကျလေ့လာနိုင်အောင်လို့ တစ်ကယ့်ရုရှားတင့်တစ်စီးနဲ့တိုက်ခိုက်ပေးဖို့စီစဉ်လိုက်တယ်.... အဲ့အချိန်မှာ Nikolay Ivushkinနဲ့တိုက်ခိုက်ဖူးတဲ့ဂျာမန်ခေါင်းဆောင်ဟာ Nikolay Ivushkin ရဲ့အရည်အချင်းကိုသိတဲ့အတွက် Ivushkin ကိုလူအချို့ပေးရွေးပြီးတော့ စုတ်ပြတ်သတ်နေတဲ့ရုရှားတင့်တစ်စီးကိုပေးလိုက်တယ်...အမြောက်ကျည်ဆန်မပါဘဲနဲ့ ဂျာမန်ဗိုလ်လောင်းတွေနဲ့တိုက်ခိုင်းတယ်... Ivushkinဟာအဲ့ဒီစုတ်ပြတ်သပ်နေတဲ့တင့်ကားအတွင်းပိုင်းကိုဝင်ကြည့်တဲ့အခါမှာ ပုပ်ပွနေတဲ့အလောင်းတွေအပြင် မထင်မှတ်ဘဲပြောင်လက်နေတဲ့အရာတစ်ခုခုကိုမြင်တွေ့လိုက်တဲ့အချိန်မှာတော့... Review Credit to CM
6.6
IMDB: 6.6/10 2,333 votes
movie

T-34 (2018)

2018
BluRay 1080p 6CH
Shadow (2018) 7.1
Shadow (2018) ဒီဇာတ်ကားဟာ Venice ရုပ်ရှင်ပွဲတော် နှင့် Toronto ရုပ်ရှင်ပွဲတော်တွေမှာ ပြသခဲ့ပြီး နိုင်ငံတော်တော်များများမှာ ပြသခဲ့တဲ့ တရုတ်နန်းတွင်း ဇာတ်လမ်းလေးပါ။ တရုတ်ပြည် စစ်ပွဲကာလတုန်းက နန်းတွင်း အာဏာလုပွဲတွေကြောင့် ဘုရင်တွေ အမတ်တွေဟာ တိတ်တဆိတ် လုပ်ကြံခံရမှုတွေ များလာပါတယ်။ ဒါကြောင့်မို့ နန်းတွင်း အမတ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သူတို့နဲ့ တူတဲ့ လူတစ်ယောက်ကို လေ့ကျင့်ပေးပြီး သူတို့ကိုယ်စား အသေခံဖို့ Shadow တွေ ငှါးရမ်း အသုံးပြုကြပါတယ်။ ဒီဇာတ်လမ်းက ရှဲဒိုး တစ်ယောက်ရဲ့ဇာတ်လမ်းပါ။ ပေနိုင်ငံကနေ ခွဲထွက်ပြီး ရန်မိသားစု အုပ်ချုပ်နေတဲ့ ကျင်းမြို့ .... ကျင်းမြို့ကို ပြန်လည်သိမ်းယူချင်နေတဲ့ မှူးမတ်များနှင့် ပြည်သူများ ... မှူးမတ်တွေ စစ်သည်တွေ ချစ်ခင်လေးစားရတဲ့ စစ်သူကြီး .. ကျင်းမြို့ကို ပြန်လည်သိမ်းယူဖို့ စစ်သူကြီး ဖန်တီးလေ့ကျင့်ထားတဲ့ ရှဲဒိုးတစ်ယောက် ... ခင်ပွန်းစစ်သူကြီး လိုအပ်သမျှ လိုက်ဖြည့်ဆည်းပေးခဲ့တဲ့ ဉာဏ်ရည်ထက်မြက်တဲ့ စစ်သူကြီးရဲ့ဇနီး သခင်မ ... ကျင်းမြို့ကိုသိမ်းယူဖို့အရေးထက် ...
7.1
IMDB: 7.1/10 1,682 votes
movie

Shadow (2018)

2018
BluRay 1080p 6CH
Black Hawk Down (2011) 7.7
Black Hawk Down (2011) ဒီဇာတ်ကားဟာ 1993 ခုနှစ် ဆိုမာလီယာ နိုင်ငံရဲ့ ပြည်တွင်းအစိုးရမငြိမ်သက်မှုနဲ့ ငတ်မွတ်နေတဲ့ပြည်သူတွေအတွက် အမေရိကန်စစ်တပ်ကနေပြီး အစာရေစာတွေကို Black Hawk ရဟတ်ယာဉ်များနဲ့အသုံးပြုပြီးစောင့်ကြည့်နေခဲ့ရာကနေပြီးစတင်ထားပါတယ် ။ ဆိုမာလီယာ အစိုးရ ဝန်ကြီးတွေကို ရှောင်တခင်ဝင်ဖမ်းဖို့ စစ်ဆင်ရေးတစ်ခုမှာ Black Hawk ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး စစ်ဆင်ရေးအချိန်ကြာမြင့်ရာက နေပြီးတော့ ဆိုမာလီယာ ရဲ့ပြည်တွင်းစစ်ထဲမှာ ကြားညှပ်နေပါတော့တယ်။ ဒီဇာတ်ကားဟာ စစ်ကားကြိုက်တတ်တဲ့သူတွေအတွက် သိပြီးသားဇာတ်ကား ဖြစ်မှာပါ၊ Burmese Subtitle ကနေပြီး ရုပ်သံအကြည်လင်ဆုံးကြည့်ရှုနိုင် အောင် 1080P Blu-Ray 5.1CH ဖြင့်တင်ဆက်ထားပြီး 720P မိုဘိုင်းဖုန်းတွေ အတွက်ပါအဆင်ပြေအောင်ပြုလုပ်ပေးထားပါတယ်။   File Size – 2.29 GB Quality – Blu-Ray 1080P 6CH Running Time – 2h 24min Format – mkv Genre – Drama, History, War Translator – KOYE
7.7
IMDB: 7.7/10 326,984 votes
movie

Black Hawk Down (2011)

2001
BluRay 1080p 6CH
Platoon (1986) 8.1
Platoon (1986) ကမ္ဘာကျော် အမေရိကန် ဗီယက်နမ် ဖြစ်ရပ်မှန်စစ်ပွဲကြီး ကိုအခြေပြုပြီး ရိုက်ကူးထားတဲ့ ပလက်တွန် ဇာတ်ကားကို အားလုံးဘဲ မှတ်မိကြမယ်ထင်ပါတယ်။ ဒါရိုက်တာ oliver stone လက်စွမ်းပြရိုက်ကူးထားပြီး ကာရစ်ဘီယံ ပင်လယ်ဓါးမြ မင်းသားကြီး ဂျွန်နီဒက်ဖ်နဲ့အတူ နာမည်ကျော်မင်းသားများစွာ ပါဝင် သရုပ်ဆောင်ထားသလို အော်စကာ ရုပ်ရှင်ဆု (၄) ဆု အပါအ၀င် တခြားဆု အမျိုးအစားပေါင်း (22) မျိုးကို တစ်ကားတည်းနဲ့ ရယူထားတဲ့ imdb rating 8.1 အဆင့်ရှိ ဇာတ်ကားတစ်ကားဖြစ်ပြီး။ imdb ရဲ့ အကောင်းဆုံး ဇတ်ကား 250 စာရင်းထဲမှာ အဆင့် 192 ရရှိထားပါတယ်။ Review Credit to Original စစ်ကားကြိုက်နှစ်သက်သူများအဖို့ BS ကနေပြီး ကွာလတီအလန်းကြည်တောက်ရှင်းနဲ့တင်ဆက်ပေးထားပါတယ်။
8.1
IMDB: 8.1/10 347,068 votes
movie

Platoon (1986)

1986
BluRay 1080p 6CH
Baahubali: The Beginning (2015) 8.2
Baahubali: The Beginning (2015) IMDb Rating (8.8/10) ထိရရှိထားတဲ့ Action, Adventure, History အမျိုးအစား Bollywood ရာဇဝင်ဇာတ်ကားပါ။ရှေးခေတ်အိန္ဒိယတိုင်းပြည် က အင်အားကြီးဘုရင်တွေနဲ့ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်းတွေကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။  ရှီဗာဆိုတဲ့ မွေး ကင်းစကလေးငယ်လေးနဲ့ သူ့ရဲ့ အထိန်းတော်ဖြစ်သူတို့ကို ဘုရင့် မှူးမတ်တွေက လိုက်ပြီးတော့ သုတ်သင်ပါတယ်။ ထွက်ပြေးရင်း လမ်းခုလတ်အရောက်မှာ သူ့ရဲ့ အထိန်းတော်ဖြစ်သူက ကွယ်လွန် သွားခဲ့ပြီး ရှီဗာဆိုတဲ့ ကလေးလေးကို ဒေသခံရွာသားတွေက စောင့်ရှောက်ခဲ့ပါတယ်။ ရှီဗာ တဖြည်းဖြည်းကြီးလာ တဲ့အခါ တခြားလူငယ်တွေနဲ့မတူ ဘဲ သန်မာပြီးရဲရင့်တဲ့လူငယ်တစ် ယောက်ဖြစ်လာတယ်။ သူကြီး ပြင်းခဲ့တဲ့ရွာနဲ့ မနီးမဝေး တောင် ပေါ်မှာ ရှေးဟောင်းဘုရင့် တိုင်း ပြည်တစ်ခုရှိပြီး အဲဒီတိုင်းပြည်မှာ အကျဉ်းကျနေတဲ့ ဘုရင်မတစ် ပါးရှိတယ်။ တစ်ရက်မှာ ရှီဗာက တောင်ပေါ်တက်ဖို့ ကြိုးစားရင်း အရမ်းလှတဲ့ အမျိုးသမီး တစ် ယောက်ကို ...
8.2
IMDB: 8.2/10 87,391 votes
movie

Baahubali: The Beginning (2015)

2015
BluRay 1080p 6CH
The Hurt Locker (2008) 7.6
The Hurt Locker (2008) Hurt Locker ဆိုတာ ဗန်းစကားတစ်ခုဖြစ်ပြီးတော့ a place of deep pain and discomfort လို့အဓိပ္ပါယ်ရပါတယ်။ မြန်မာလိုဆိုရင်တော့ နာကျင်မှုတို့စုဝေးရာ လို့ပြောရမယ် ထင်ပါတယ်။ အခုရေးမယ့် Hurt Locker ဆိုတဲ့ဇာတ်ကားကတော့ US Army ရဲ့ EOD အဖွဲ့လေးတစ်ခုရဲ့အကြောင်း ရိုက်ကူးထားတာပါ။ EOD ဆိုတာကတော့ Explosive Ordnance Disposal ကိုဆိုလိုတာဖြစ်ပြီး မြန်မာလိုဆို ဗုံးရှင်းအဖွဲ့လို့အဓိပ္ပါယ်ရမှာပါ။ EOD အဖွဲ့တွေရဲ့တာဝန်ကတော့ ဗုံး ဒါမှမဟုတ် လက်လုပ်မိုင်းတွေကို အန္တရာယ်မရှိအောင် ရှင်းလင်းဖို့ ဖြစ်ပါတယ်။ ဒီဇာတ်ကားအရ ဆိုရင်တော့ US ရဲ့ EOD အဖွဲ့ကို တပ်ကြပ်ကြီးအဆင့်ဦးစီး နောက်ပါနှစ်ယောက်နဲ့ ဖွဲ့စည်းတာကို တွေ့ရပြီး ဗျုဟာအဆင့်လို့ ခန့်မှန်းမိပါတယ်။ (မှားနိုင်ပါတယ်) EOD အဖွဲ့ဟာ သီးခြားဟမ်းဗီးယာဉ်နဲ့ လှုပ်ရှားပြီး ယာဉ်ပေါ်မှာ လိုအပ်တဲ့ ...
7.6
IMDB: 7.6/10 386,920 votes
movie

The Hurt Locker (2008)

2008
BluRay 1080p 6CH
Judgment at Nuremberg (1961) 8.2
Judgment at Nuremberg (1961) ကဲဒီတစ်ခါတော့ အော်စကာဆုနှစ်ဆုအပြင် တစ်ခြားသော ဆုတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့တဲ့ ၁၉၆၁ ခုနှစ်က ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်မိပါတယ်...Top Rated Movies #137 ကိုချိတ်နိုင်ခဲ့ပါတယ်.... အညွှန်း ****** အချိန်ကာလက ဒုတိယကမ္ဘာစစ်ကြီးပြီး၍ သုံးနှစ်အကြာ ၁၉၄၈ခုနှစ်။ စစ်ရှုံးဂျာမနီနိုင်ငံတွင် နာဇီခေါင်းဆောင်ပိုင်းအား နုရင်ဘတ်စစ်ခုံရုံးတွင် စစ်ဆေးကာ ပြစ်ဒဏ်ချမှတ်ပြီးဖြစ်သော်လည်း စစ်နိုင်သူအမေရိကန်တို့မှ ကျေနပ်အားရခြင်း မရှိသေး၍ နာဇီအစိုးရ၏ တရားသူကြီးဟောင်းများကိုပါ တရားစီရင်ရေးမဏ္ဍိုင် ယိုင်နဲ့စေခဲ့မှုဖြင့် ခုံရုံးတင်စစ်ဆေးချိန်။ တရားလိုရှေ့နေအဖြစ် နာဇီမုန်းတီးစိတ်အပြည့်ရှိတဲ့ အမေရိကန်ဗိုလ်မှူးကြီးတစ်ဦးက ဆောင်ရွက်သွားမယ့် ဒီအမှုမှာ နာဇီတရားသူကြီးဟောင်းတွေကို နိုင်ငံရေးအညှိုးနဲ့ မျိုးသုန်းစေမှု၊ လူမဆန်မှု၊ တရားစီရင်ရေးမဏ္ဍိုင်ကို ပါတီတစ်ရပ် အဖွဲ့အစည်းတစ်ရပ်ရဲ့ လက်ကိုင်တုတ်အနေနဲ့ အသုံးချခဲ့မှုတွေနဲ့ စွဲချက်တင်သွားမှာဖြစ်ပြီး ခုံသမာဓိအဖွဲ့အနေနဲ့တော့ အမေရိကန်နိုင်ငံတရားသူကြီးတွေက ဆောင်ရွက်ကြမှာပါ။ တစ်ဖက်မှာတော့ တစ်ချိန်က နာဇီတရားသူကြီးဟောင်းတွေဟာ အရင်ကာလတွေနဲ့ ပြောင်းပြန်လို့ဆိုရမယ့် အခြေအနေအဖြစ် တရားခံခုံတန်းမှာထိုင်ရင်း စီရင်ချက်ချခံရတော့မှာပါ။ သူတို့ဘက်က ကာကွယ်ခုခံပေးမှာက ပါးရည်နပ်ရည်ရှိတဲ့ ဂျာမန်ရှေ့နေတစ်ဦး ဖြစ်ပါတယ်။ ဟစ်တလာရဲ့ နာဇီပါတီဟာ ...
8.2
IMDB: 8.2/10 60,748 votes
movie

Judgment at Nuremberg (1961)

1961
BluRay 1080p 6CH
Megan Leavey (2017) 7.1
Megan Leavey (2017) မီဂန်တစ်ယောက် ဆေးခြောက်တွေ အတူသုံးစွဲတဲ့သူငယ်ချင်းဆုံးပါးသွားပြီးကတည်းက ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေခဲ့ပါတယ် အဲ့အချိန်မှာ ငါသာ ဒါတွေဆက်လုပ်နေရင် သေဖို့ပဲရှိတော့တယ်ဆိုပြီး စစ်ထဲဝင်ဖို့ ရည်ရွယ်လိုက်ပါတော့တယ်.. စစ်တပ်ထဲရောက်သွားပြီး သင်တန်းတွေဘာတွေဆင်းပြီးတဲ့အချိန် သောက်စားပျော်ပါးကြရင်း သတိလက်လွတ်ဖြစ်ပြီး စစ်ရုံးမှူးရဲ့ အဆောင်ကို သေးနဲ့ပန်းမိသွားတယ် မနက်ခင်းရောက်တော့ ဒဏ်ပေးခံရပြီး မရိန်းခွေးတွေကို လေ့ကျင့်ပေးတဲ့ နေရာဆီရောက်သွားတယ်... မီဂန် လီဗီတစ်ယောက် မရိန်းခွေး ထိန်းသိမ်းတဲ့နေရာကို သန့်ရှင်းရေးလုပ်နေရပြီး ကြာလာတော့ မရိန်းခွေးတစ်ကောင်လိုချင်မိကြောင်း တပ်ကြပ်ကြီးကိုပြောလိုက်တယ်.... တပ်ကြပ်ကြီးက မပေးဘဲ သံပုံးကို ခွေးပုံစံထားပြီး လေ့ကျင့်ခိုင်းတဲ့တယ်..နည်းနည်းတော့ ရယ်စရာဖြစ်သွားခဲ့တာပေါ့ မကြာဘူး... မီဂန်ကို ခွေးတစ်ကောင်ပေးခဲ့တယ်... အဲ့ခွေးက သူ့အရင်သခင်ကို ကိုက်ခဲ့လို့ တပ်ကြပ်ကြီးက ခွေးထိန်းဒဏ်ရာရနေလို့ မီဂန်ကို ပေးလိုက်တယ်.. အဲ့နောက်ပိုင်းမှာ မီဂန်တစ်ယောက် မရိန်းခွေးတစ်ကောင်ကို လေ့ကျင့်ပေးပါတော့တယ်... ဒါကြောင့် ဒီဇာတ်ကားထဲမှာ အယ်ဇေးရှင်းခွေးတစ်ကောင်ကို စစ်ထွက်ဖို့အတွက် ဘယ်လိုလေ့ကျင့်ပေးရတယ်..တကယ့်စစ်ပွဲမှ ဘယ်လိုရင်ဆိုင်သလဲနဲ့ စစ်အက်ရှင်ဇာတ်ကားကော်းတစ်ကားဆိုတာကို ဆက်လက်ကြည့်ရှုပေးပါဦးခင်ဗျာ တကယ်တော့ စစ်သားဘ၀ဆိုတာ မလွယ်ကူပါဘူး တိုင်းပြည်အတွက် အသက်ပေးထားရတယ်... ဒီလိုပဲ မရိန်းခွေး(စစ်ခွေး) တွေဆိုလည်းအတူတူပဲ စစ်သားတွေ ဗုံးမထိအောင် သူတို့ရဲ့အသက်ကို ရင်းပြီး ဗုံးလိုက်ရှာပေးရတာ.... လေ့ကျင့်မှု အားကောင်းမှ ရမှာဖြစ်သလို လေ့ကျင့်ပေးတဲ့သူကလည်း နည်းစနစ်ကျဖို့လိုပါတယ်...ဒါကြောင့် ဒီဇာတ်ကားလေးဟာ ဖြစ်ရပ်မှန်ကို ...
7.1
IMDB: 7.1/10 18,070 votes
movie

Megan Leavey (2017)

2017
BluRay 1080p 6CH
The Captain (2017) 7.4
The Captain (2017) The Captain (2017) ဒီဂျာမန်ကားလေးကတော့ 2017 ကထွက်ရှိလာတဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ Rating တွေအနေနဲ့လဲ Imdb Rating 7.4/10 Rotten Tomatoes 86 တောင်ရရှိထားတာပါ။ ဂျာမနီရုပ်ရှင်လောကမှာ Best Feature Film, Best Supporting Actor, Best Score, Best Editing စတဲ့ဆုလေးဆုလောက် ဆန်ကာတင်ဝင်ထားတဲ့ကားလေးပါ။ အဖြူအမည်းနဲ့ရိုက်ထားတဲ့ ဒီကားလေးဟာ ဒုတိယကမ္ဘာစစ်က ပုံရိပ်တစ်ခုကိုပီပီပြင်ပြင်သရုပ်ဖော်ထားသလိုပါပဲ။ စစ်ကားကြိုက်တဲ့ ပရိသတ်ကြီးအဖို့တော့ တော်တော်လေးအကြိုက်တွေ့မှာပါလို့ပြောချင်ပါတယ်။ ဇာတ်လမ်းလေးရဲ့ အကျဉ်းကိုလဲ တင်ပြပါဦးမယ်။ စစ်ပွဲကြီးပြီးကာနီး နှစ်ပတ်အလိုမှာစစ်ပွဲကနေ စစ်သားတွေအများအပြားထွက်ပြေးကြပါတယ်။ နောက်ကလိုက်ဖမ်းသူတွေ ထွက်ပြေးသူတွေ သုတ်သင်ပစ်သူတွေနဲ့ ငရဲပွက်နေချိန်မှာ တပ်သားလေးတစ်ဦးဟာ ဗိုလ်ကြီး ယူနီဖောင်းတစ်စုံကိုရှာဖွေတွေ့ရှိသွားပါတော့တယ်။ အဲဒီမှာ ဇာတ်လမ်းကစပါတော့တယ်။ဗိုလ်ကြီး ဟာရိုးဆိုတဲ့ နာမည်နဲ့ဗိုလ်ကြီးအယောင်ဆောင်ထားတဲ့ တပ်သားလေးဟာ ဘယ်လိုဆက်ရှင်သန်မလဲ? တပ်ပြေးမှန်းသိရင် ခြွင်းချက်မရှိ သတ်ပစ်မယ့်အခြေအနေတစ်ခုမှာ သူဘာဆက်လုပ်မလဲ? စတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်စားစွာကြည့်ရှူရမယ့်ကားကောင်းလေးပါ။ စိတ်လှုပ်ရှားစရာ ဖြစ်ရပ်မှန်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီး အတွက် The Captain (2017)ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းကိုတော့ Channel Myanmar မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။) File Size – 1.91 GB Quality- Blu Ray 1080p 6CH Running Time ...
7.4
IMDB: 7.4/10 3,850 votes
movie

The Captain (2017)

2017
BluRay 1080p 6CH
Land of Mine (2015) 7.8
Land of Mine (2015) BS ဖန်တွေအတွက် စစ်ကားကောင်းကောင်းကြိုက်တဲ့သူတွေအတွက် တင်ဆက်ပေးထားပါတယ် ဘာသာပြန်ကတော့ ကိုဥက္ကာကျော်ဖြစ်ပါတယ်.... မိုင်းဆိုတာ စစ်မြေပြင်မှာ ဗျူဟာမြောက်အသုံးဝင်တဲ့ ပစ္စည်းဖြစ်ပါတယ်… သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ စစ်ကြောင်းတစ်ခုကို ရပ်တန့်နှောင့်နှေးစေချင်လို့ပါ.. ဥပမာ မိုင်းကွဲတယ် ခြေထောက်ပြတ်တယ် ဒီအခါမှာ သူ့ကို သယ်ဖို့ စစ်သည် (၂)ယောက် လိုမယ်… ဗျူဟာမြောက်သုံးကြတယ်…သေဆုံးနိုင်ခြေနည်းတယ်ဆိုပေမယ့် တစ်သက်လုံး လူဖြစ်ရှုံးသွား နိုင်ပါတယ်.. မိုင်းဖော်တဲ့သူအတွက်လည်းအရမ်းကို အန္တရယ်များပါတယ်.. ဒီတွေဘာကြောင့်ပြောပြနေလဲဆိုတော့ ဒီကားထဲမှာ ဂျာမန်တွေဟာ ဒိန်းမတ်ကိုသိမ်းထားတုန်းမှာ မိုင်းအလုံး (၂) သန်းကျော်ကိုထောင်ထားခဲ့တယ်… ဂျာမန်တွေစစ်ရှုံးသွားလို့ ဒိန်းမတ်မြေက ဆုတ်ခွာ သွားပေမယ့် မိုင်းအလုံးရေ (၂)သန်းကျော်ရှိတဲ့ကွင်းကြီးတော့ကျန်ခဲ့ပါတယ်… ဒီမိုင်းကွင်းကြီးကိုရှင်းဖို့တာဝန်ကြတဲ့သူက ဒိန်းမတ်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦး… ဒီမိုင်းတွေကိုရှင်းဖို့ဆိုပြီ ဂျာမန်စစ်သုံပန်း(၁၄)ယောက်တိတိကို တပ်ကြပ်ကြီးဆီပို့ပေးကြတယ်… မိုင်းရှင်းတုန်း သေသွားလည်း နှမြောစရာမရှိတဲ့သူမျိုးတွေပေါ့.. ဂျာမန်တွေသိမ်းပိုက်စဉ်တုန်းက ဒိန်းမိတ်တွေကို ရက်စက်စွာသတ်ဖြတ် မိန်းမတွေဆိုလည်း မုဒိန်းကျင့် ဆိုးယုတ်မှုမှန်သမျှ ဒိန်းမတ်တွေခံစားခဲ့ရတယ်… ခုမိုင်းဖော်ရမယ့်အချိန်မှာ ဂျာမန်ကလေးတွေနဲ့ဖော်ရမယ်ဆိုတော့ ဒိန်းမတ်တပ်ကြပ်ကြီးအတွက် နာကျဉ်းသမျှတွေ ပုံချပါတော့တယ်.. ကလေးတွေလို့မမြင်ဘူး .. ဒိန်းမတ်တွေအပေါ်ရက်စက် ခဲ့တဲ့ ဂျာမန်တွေလို့ပဲမြင်တယ်… အသက်ငယ်ရွယ်သေးတဲ့ လူငယ်လေးတွေကို ရက်ရက်စက်စက် ပြောဆိုဆက်ဆံတယ် အငတ်ထားတယ် ထမင်းမကျွေး ရေမတိုက် သောက်ချင် ပင်လယ်ကြီး တစ်ခုလုံးရှိတယ်ဆိုတာမျိုး ဂျာမန်တွေ ရက်စက်ခဲ့သမျှ အတိုးချတော့တာပါပဲ ပြီးတော့ ဒီကလေးတွေကို ...
7.8
IMDB: 7.8/10 26,178 votes
movie

Land of Mine (2015)

2015
BluRay 1080p 6CH
The Bridge on the River Kwai (1957) 8.2
The Bridge on the River Kwai (1957) ယခုတစ်ခါထပ်မံတင်ဆက်ပေးမှာကတော့ IMDB Rating မှာ Top 140 ကိုစာရင်းချိတ်ခဲ့ပြီး အော်စကာဆုပေါင်း ၇ ခုအပြင် အခြားသောဆုများစွာကိုလည်း ရယူပေးနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်... လုံးဝကို Old but Gold ပါခင်ဗျာ.... ကွေမြစ်ပေါ်ကတံတား ********************* ၁၉၅၇ ခုနှစ်က ရိုက်ကူးထားတဲ့ ဇာတ်ကားဟောင်း ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ခံဇာတ်ကားဖြစ်ပြီး မြန်မာ-ယိုးဒယားနယ်စပ်အနီးက ကွေ ဆိုတဲ့ မြစ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်လို့ တော်တော်များများလဲ ကြည့်ဖူးကြမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင် ဒုတိယကမ္ဘာစစ်အစောပိုင်းကာလ ဂျပန်တို့စစ်ဦးဘီလူးဖြစ်ခဲ့ချိန် စင်ကာပူခံတပ်ကို အောင်နိုင်ချိန်မှာ စစ်သုံ့ပန်းဖြစ်ခဲ့ရတဲ့ ဗြိတိန်တပ်ရင်းတစ်ရင်းဟာ ယိုးဒယား-မြန်မာနယ်စပ်က ကွေ ဆိုတဲ့ မြစ်အနီးက ဂျပန်ချွေးတပ်စခန်းတစ်ခုကို အပို့ခံရတာနဲ့ စပါတယ်။ ဒီစခန်းရဲ့ ရည်ရွယ်ချက်က မြစ်ကိုဆက်သွယ်ပေးမယ့် တံတားတစ်စင်းဆောက်ဖို့ဖြစ်ပြီး ကြီးကြပ်နေသူကတော့ စစ်သုံ့ပန်းတွေကို ခိုင်းတဲ့နေရာမှာတော့ နာမည်ဆိုးနဲ့ နာမည်ကျော်သူ ဂျပန်ဗိုလ်မှူးကြီးတစ်ဦးပါ။ ဗြိတိန်တပ်ရင်းကို ဦးဆောင်လာသူကတော့ စည်းကမ်းတွေ၊ ဥပဒေတွေကို တန်ဖိုးထားတဲ့၊ ...
8.2
IMDB: 8.2/10 182,378 votes
movie

The Bridge on the River Kwai (1957)

1957
BluRay 1080p 6CH
300: Rise of an Empire (2014) 6.2
300: Rise of an Empire (2014) #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ 2006 ခုနှစ် တုန်းက ထွက်ခဲ့တဲ့ 300 ဇာတ်ကားရဲ့အဆက် အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားက 300 လောက်သိပ်မကောင်းပါဘူး။ အထူးသဖြင့် ဒီကားမှာ စစ် ပွဲကောင်းကောင်းတွေ တွေ့ရမယ်လို့ မျှော်လင့်ထားတဲ့ ကျွန်တော်အတွက်တော့ စိတ်ပျက်စရာဖြစ် ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ Themistokles ဆိုတဲ့ အေသင် မြို့က စစ်သူကြီး က ပထမဆုံးအကြိမ် Persian တွေ စစ်ချီလာကတည်းက ရင်ဆိုင်တွေ့ခဲ့ဖူးသလို၊ Xerxes ရဲ့ အဖေဖြစ်တဲ့ (အဲ့ဒီအချိန်တုန်းက စစ်ချီလာတဲ့ Persian ဘုရင်) Darius ကို ပါ မြှားနဲ့ပစ်ခွင်းပြီး သတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက ဘုရင့်သားတော် Xerxes ကိုတော့ မသတ်ပဲ လွှတ်ပေးမိရာကနေ Xerxes က နောက်တစ်ကြိမ် ပြန်ပြီး စစ်ချီလာတာဖြစ်ပါတယ်။ ၃၀၀ မှာတုန်းက Sparta ကို Messenger လွှတ်ပြီး အညံ့ခံဖို့ပြောသလိုပဲ Athens မြို့ကိုလည်း အညံ့ခံဖို့ ပြောပါတယ်။ အဲ့ဒါကြောင့် Themistokles က Sparta ကို ...
6.2
IMDB: 6.2/10 256,193 votes
movie

300: Rise of an Empire (2014)

2014
BluRay 1080p 6CH
Operation Red Sea (2018) 7.0
Operation Red Sea (2018) ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာထွက်ရှိထားတဲ့ တရုတ်စစ်ကားလေးတကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီစစ်ကားလေးကာ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Operation Mekong လိုမျိုး Action ကားကောင်းလေးတစ်ကားဘဲဖြစ်ပါတယ်။ IMDB Rating 7.2 ထိရရှိထားတဲ့ကားကောင်းလေးတစ်ကားဖြစ်ပြီး Action, Drama, Thiriller အမျိုးအစားဖြစ်ပါတယ်။ Yutian Wang in Hong hai xing dong (2018) အညွှန်း ---------------------- တရုတ်ပင်လယ်နယ်နိမိတ်တစ်ထဲမှာ တရုတ်ရေတပ်ကင်းလှည့်နေစဉ် ဆိုမာလီယာ ဓားပြတွေ တရုတ်ကုန်သင်္ဘောဂွမ်ဒေါင်းကိုလုသူသိမ်းပိုက်တယ်ဆိုတဲ့ အကြောင်းကြားတာရတဲ့အတွက် အထူးတပ်ဖွဲ့ရင် ကျင်းလုံဆိုတဲ့တပ်ဖွဲ့ကိုစေလွှတ်ရာ ကနေပြီးဇာတ်လမ်းစတင်ထားပါတယ်။ နောက်ပိုင်းမှာတော့ရီဝေနိုင်ငံရဲ့ပြည်တွင်းစစ်ဖြစ်ပွားမှုမတည်ငြိမ်မှုတွေကြောင့် တရုတ်ရေတပ်ဟာအထက်ကအမိန့်ပေးမှုနဲ့ရီဝေနိုင်ငံမှာရှိနေတဲ့တရုတ်ပြည်သူ တွေနဲ့တရုတ်သံအမတ်ကိုကယ်ဆယ်ဖို့သွားရပါတယ်။ Hong hai xing dong (2018) ထိုစဉ် ပြည်တွင်းဂျာနယ်သမားတစ်ယောက်က ရီဝေနိုင်ငံမှာရှိနေတဲ့အဝါရောင် ဆေးရေတွေအကြောင်းကိုသိလို့ရီဝေနိုင်ငံကိုရောက်ရှိနေခဲ့ပါတယ်။ ပြည်တွင်းစစ်ပွဲအခြေအနေကနေပြီး တရုတ်သံအမတ်လည်းလုပ်ကြံခံရပါတယ်။ ဒါပေမယ့် တရုတ်သံအမတ်ကလွတ်မြှောက်နေသဖြင့် တရုတ်ရေတပ်ကိုအကူအညီ တောင်းခံခဲ့ပါတယ်။တရုတ်ရေတပ်ကနေပြီး ကျင်းလုံ အထူးတပ်ဖွဲ့တွေစေလွှတ်ရာ မှာတော့.....ဇာတ်လမ်းလေးကိုဆက်လက်ရှုစားအားပေးကြပါခင်ဗျာ။ သတိပေးချက် ------------------------------------------------ ဇာတ်လမ်းကအကြမ်းဆုံးအခန်းတွေသွေးထွက်သံယိုအခန်းတွေပါသောကြောင့် စိတ်နှလုံးမခိုင်သူတွေ၊ ကြောက်တတ်သူတွေ၊ ကလေးငယ်တွေအတွက်ကြည့်ဖို့မသင့်ပါဘူး ဒီဇာတ်ကားဟာအဖြစ်မှန်ကိုအခြေခံရိုက်ကူးထားတာဖြစ်တဲ့အတွက်အချို့ဇာတ်ဝင်ခန်း တွေဟာအလွန်ကိုဆိုးဆိုးဝါးဝါးတွေရိုက်ပြထားပါတယ်။ စာဖိုင်အနေနဲ့လိုအပ်ချက်တွေရှိခဲ့ရင်လည်းသည်းခံပေးကြပါခင်ဗျာ။ Update ထပ်ထွက်တာနဲ့တင်ပေးနိုင်အောင်ကြိုးစားပါ့မယ် ------------------------------------------------- Blu-Ray Version ကို ပြန်လည် Update ပြုလုပ်ပေးထားပါတယ်ခင်ဗျ (အညွှန်းရေးသူကတော့ Htet Aung Moe ဘဲဖြစ်ပါတယ်) File Size – 2.21 GB Quality- Blu-Ray 1080p 8CH Running Time – 2hr ...
7.0
IMDB: 7.0/10 2,617 votes
movie

Operation Red Sea (2018)

2018
BluRay 1080p 8CH
Rambo (2008) 7.0
Rambo (2008) ဒီကားလေးကတော့၂၀၀၈ခုနှစ်ကထွက်ရှိခဲ့ပြီးထူးခြား တဲ့ဇတ်ကားလေးတစ်ကားပါမြန်မာပြည်မှာအပိတ်ခံထားရတဲ့ဇတ်ကားတစ်ကားပါပဲကန္တရစစ်ဆင်ရေးပြီး ဆုံးသွားတော့ရမ်ဘိုတစ်ယောက်ထိုင်းနိုင်ငံကတောရွာ လေးတစ်ရွာမှာအေးချမ်းစွာနေနေခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့အေးချမ်းမှုကကြာရှည်မခံခဲ့ပါဘူးအမေရိကန်သ တင်းထောက်တွေကိုမြန်မာ့တပ်မတော်ကဖမ်းဆီးထား တဲ့အခါမှာရမ်ဘိုနဲ့မြန်မာတပ်မတော်ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်ဒီကားကိုဇတ်ကားအနေနဲ့ပဲကြည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်ကဲဗမာ့တပ်မတော်နဲ့ရမ်ဘိုဘယ်လိုတိုက်ခိုက်ကြမလဲစောင့်ကြည့်လိုက်ကြပါအုံး Reviewed Credit to SH File Size – 1.57 GB Quality- Blu-Ray 1080p 6CH Running Time – 1hr 39min Format – mkv Genre – Action, Thriller, War Subtitle – Myanmar (Hard Sub) Translator – Myo Min Encoded By – Htet Aung Moe
7.0
IMDB: 7.0/10 197,402 votes
movie

Rambo (2008)

2008
BluRay 1080p 6CH
Windtalkers (2002) 6.0
Windtalkers (2002) ၁၉၄၁ ဒုတိယကမ္ဘာစစ်အတွင်းမှာ အမေရိကန်နိုင်ငံရဲ့ နာဗားဟိုး လူမျိုးများဟာ သူတို့ရဲ့မိခင်ဘာသာစကားနှင့်အတူ ဆက်သွယ်ရေးသမားများအဖြစ် လေ့ကျင့်ခြင်းခံခဲ့ရပါတယ် ။ ဆော်လမွန်ကျွန်းတိုက်ပွဲအတွင်း အမိန့်ကို ဦးထိပ်ထားခဲ့တဲ့အတွက်ကြောင့် မိမိရဲ့ လက်အောက်ငယ်သား အားလုံးဆုံးရှုံးခဲ့ရကာ မိမိကိုယ်မိမိ အပြစ်မကင်းသလို ခံစားနေရတာကတော့ လက်ပစ်ဗုံးကြောင့် နားတစ်ဘက် ကန်းသွားတဲ့ တပ်ကြပ်ကြီး ဂျိုးအန်ဒါ (Necolas Cage) ပဲဖြစ်ပါတယ် ။ တပ်ကြပ်ကြီး ဂျိုးအန်ဒါ ကို ဆိုက်ဘာသမား ဘန်ရာဇီ (Adam Beach) ရဲ့ လုံခြုံရေးအတွက် တာဝန်ပေးအပ်လာတဲ့အခါ ခံစားချက်ကို ရှေ့တန်းမထားပဲ တာဝန်ကို ဘယ်လိုထမ်းဆောင်ခဲ့တယ် ၊ ဘယ်လိုတိုက်ပွဲဝင်ခဲ့တယ်ဆိုတာ ဒီကားမှာ တွေ့မြင်ရမှာပဲဖြစ်ပါတယ် ။ Reviewed Credit to Wai Linn Kyaw File Size – 2.13 GB Quality – Blu-Ray 1080p 6CH Running Time – 2hr ...
6.0
IMDB: 6.0/10 61,029 votes
movie

Windtalkers (2002)

2002
BluRay 1080p 6CH
Rules of Engagement (2000) 6.4
Rules of Engagement (2000) ဒီရက်ပိုင်း ပျင်းပျင်းနဲ့ ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း အသိအစ်ကိုတစ်ယောက် ထည့်ပေးထားတဲ့ ထဲက ဇာတ်ကား တစ်ကား ကြည့်ဖြစ်လိုက်တယ် ကောင်းနိုး ကောင်းနိုးနဲ့  ဇာတ်ကားတွေ လိုက်ရှာကြည့်ရင်း ကြည့်မိလိုက်တာက rules of engagement ဆိုတဲ့ကား ဇာတ်လမ်းက စစချင်း အမေရိကန် ဗီယက်နမ် စစ်ပွဲထဲက တိုက်ပွဲတစ်ခုကနေ စတည်ထားတယ် စိတ်ထဲထင်လိုက်တာက စစ်ကားတစ်ကားပေါ့ စစ်ကားတွေလည်း မကြည့်ဖြစ်တာလည်း ကြာ နောက်ပြီး Marvel heroes ဇာတ်ကားတွေက မျက်စိတစ်ဖက်လပ်နဲ့ ခပ်ကြမ်းကြမ်းဘဲကြီး Agents of shield ဒါရိုက်တာ Nick Fury အနေနဲ့ လူသိများတဲ့ မင်းသား ကြီး Samuel L. Jackson တစ်ယောက် ဘယ်လိုပွဲထွက်လာမလဲ သိချင်လို့ ဆက်ကြည့်ဖြစ်လိုက်တယ် ကြည့်နေရင်း ကြည့်နေရင်းနဲ့ ဇာတ်ကားက အသွင်ပြောင်းလာတယ် သေနတ်သံတွေ တစ်ဒိုင်းဒိုင်းပစ်တာ မမြင်ရတော့ဘဲ စကားသံတွေပဲ အဆက်မပြတ်ကြားလာရတယ် ရုပ်ဆိုးဆိုး အဘိုးကြီး နှစ်ယောက်ဦးဆောင်ထားတဲ့ ကား စကားတွေချည်းပဲ ပြောနေလို ...
6.4
IMDB: 6.4/10 40,850 votes
movie

Rules of Engagement (2000)

2000
BluRay 1080p 6CH