Burmese Subtitle

Horror

Inhuman Kiss (2019) 7.4
Inhuman Kiss (2019) BS Fan တွေ မကြာသေးခင်က မြန်မာနိုင်ငံမှာ ရုံတင်သွားတဲ့ ထိုင်းသရဲကားလေး တင်ပေးလိုက်ပါတယ် ဇတ်လမ်းလေးကတော့ ဒီလိုပါတဲ့... ရွာလေး တစ်ရွာမှာပေါ့ ဆိုင် ၊ နွိုင် ၊ ဂျက် ၊ ထင်း ဆိုတဲ့ သူငယ်ချင်း ၄ ယောက် ရှိကြတယ် အဲ့ဒီထဲကမှ သရဲ မကြောက်တက်တဲ့ ဂျက် နဲ့ ဆိုင် တို့က ဦးဆောင်ပြီး သရဲ ခြောက်လှပါတယ်ဆိုတဲ့ ရွာအပြင်က အိမ်ပျက်ကြီးမှာ တူတူပုန်းတမ်း သွားဆော့ကြတယ် အဲ့ဒီအိမ်ပျက်ကြီးက ရာဇ၀င် နဲ့ လူတွေ ဝေးဝေးကရှောင်ကြတယ် ကရာစီ လို့ ခေါ်တဲ့ ခေါင်းပြတ်သရဲမ ကျတ်စားတဲ့နေရာလို့ လူတွေက ပြောကြတာပါပဲ... အဲ့ဒီအိမ်ထဲက အခန်းတစ်ခုမှာ ကရာစီ(ခေါင်းပြတ်သရဲမ) ကို သေတ္တာတစ်ခု နဲ့ ချူပ်နှောင်ထားတယ်လို့ ပုံပြင်တွေ ရှိခဲ့တယ်... တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုင် ဆိုတဲ့ ကောင်မလေးက အဲ့ဒီ သေတ္တာကို မထင်မှတ်ပဲ ရှာတွေ့သွားခဲ့တယ်.... ဒါပေမဲ့ ကရာစီ ကတော့ ရှိမနေပါဘူး... ဒီလို နဲ့ ဆိုင် အပျိုပေါက် အရွယ်ဖြစ်လာတဲ့အခါ ရွာမှာ ဂျက် ၊ ထင်း ...
7.4
IMDB: 7.4/10 221 votes
movie

Inhuman Kiss (2019)

2019
Web-DL 1080p 6CH
Happy Death Day 2U (2019) 6.3
Happy Death Day 2U (2019) Happy Death Day 2U ကတော့ ၂၀၁၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ Happy Death Day ရဲ့အဆက်ပဲဖြစ်ပါတယ်။ Groundhog Day လို၊ Naked လို တစ်ရက်တည်းမှာပဲ Looping ပတ်နေတဲ့ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ ပထမဇာတ်ကားတုန်းက ဇာတ်ကောင်ဖြစ်တဲ့ Tree Gelbman ဟာအသတ်ခံရပြီးတိုင်းအဲ့ဒီနေ့မှာပဲပြန်ပြန်နိုးထလာခဲ့ပါတယ်။ ဒီလိုနဲ့သူ့ကိုဘယ်သူသတ်တယ်ဆိုတာအဖြေရှာရပါတော့တယ်။ ဒါပေမယ့် Happy Death Day 2U မှာတော့ Multiverse Theory တွေပါပါလာတော့ ပထမဇာတ်ကားလောက်စိတ်ဝင်စားဖို့မကောင်းတော့တာအမှန်ပဲဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Paranormal Activity ဇာတ်ကားတွေကိုဇာတ်ညွှန်းရေးခဲ့တဲ့ Christopher Landon ပဲဖြစ်ပါတယ်။ ပထမဇာတ်ကားတုန်းကဘာ့ကြောင့် တစ်ရက်တည်းမှာပဲထပ်ခါထပ်ခါလည်နေလဲဆိုတဲ့အဖြေကို ဒီဇာတ်ကားမှာဖြေရှင်းသွားခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ Tree တစ်ယောက် သာမန်တစ်ရက်တည်းမှာနိုးထတာမျိုးမဟုတ်တော့ပဲ တခြားသော Dimension တစ်ခုကိုပါရောက်သွားမှာဖြစ်ပါတယ်။ သူ့ရဲ့ပုံမှန်ဖြစ်ပျက်နေကျဖြစ်ရပ်အားလုံးဟာလဲပြောင်းလဲလို့သွားတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကြည့်ဖို့အကောင်းဆုံးအကြောင်းပြချက်ကိုပြောပါဆိုရင် Jessica Rothe ကြောင့်ပါပဲ။ ဇာတ်လမ်းက Thriller/Comedy ပုံစံဖြစ်တာနဲ့အညီ ပေါ့ပေါ့ပါးပါးပဲရိုက်ပြထားတာဖြစ်ပါတယ်။ ဟာသဖောက်တဲ့တချို့အခန်းတွေကတော့ ကလိထိုးရယ်ရသလိုပါပဲ။ နောက်မျက်ရည်ချူတဲ့အခန်းတွေလဲပါဝင်ပြန်ပါသေးတယ်။ ပထမဇာတ်ကားကဇာတ်ဆောင်တွေပဲပြန်ပါဝင်တာဖြစ်ပြီး ပထမဇာတ်ကားက ...
6.3
IMDB: 6.3/10 27,297 votes
movie

Happy Death Day 2U (2019)

2019
BluRay 1080p 6CH
Truth or Dare (2018) 5.2
Truth or Dare (2018) Truth or Dare (2018) IMDb Ratings: 4.7/10 Genre: Horror, Thriller Run Time: 1h 40min Release Date: 13 April 2018 (USA) အမှန်ပြောမလား စိန်ခေါ်မလား…. ဒီကစားနည်းက အနောက်နိုင်ငံမှာ ကလေးတွေအပျော်ဆော့တဲ့ ကစားနည်းတစ်ခုပါ။ ဝိုင်းဖွဲ့ပြီးကစားရတဲ့ ဂိမ်းပါ။ ပါဆယ်ဂိမ်းကစားတာနဲ့ဆင်ပါတယ်။ ဒါပေမဲ့ သူ့မှာထူးခြားတာက အမြဲတမ်းခိုင်းတာကို လုပ်စရာမလိုပါဘူး။ အလှည့်ကျတဲ့လူကို အမှန်ပြောမလား စိန်ခေါ်မလားလို့မေးရပါတယ်။ အမှန်ပြောမယ်ဆိုရင် တကယ့်အမှန်ကိုပြောရပါတယ်။ စိန်ခေါ်မယ်ဆိုရင် ခိုင်းတာကို တကယ်လုပ်ရပါတယ်။ ပျော်စရာကောင်းတဲ့ကစားနည်းပါ။ ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ အဲဒီကစားနည်းကို ကေလက်စ်ဆိုတဲ့ မကောင်းဆိုးဝါးတစ်ကောင်က ဝင်စီးပြီးတော့ ကစားခိုင်းတဲ့အခါမှာတော့…. ဂိမ်းကလူတွေ သေဆုံးတဲ့အထိဖြစ်လာတယ်…အချစ်ဆုံးသူငယ်ချင်းတွေ သွေးကွဲပြီး တစ်ယောက်ကိုတစ်ယောက် မယုံသင်ကာတွေဖြစ်လာပါတော့တယ်။ ဇာတ်လမ်းအကျဉ်းကတော့…ဆေးကျောင်းသားသူငယ်ချင်းတစ်သိုက်က နွေရာသီကျောင်းပိတ်ရက်မှာ အားလပ်ရပ်ရတာနဲ့ အပျော်ခရီးထွက်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူငယ်ချင်းတွေစုပြီးတော့ မက်စီကိုနိုင်ငံကိုခရီးထွက်ကြတာပါ။ အားလုံးမက်ဆီကိုမှာ ပျော်ပါးကြရင်းနဲ့ဘားမှာ သူစိမ်းတစ်ယောက်နဲ့ဆုံပြီး သူက အားလုံးကို ချက်ကျောင်းအဟောင်းကြီးတစ်ခုကို ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာသူက ကေလက်စ်ဝင်စီးထားတဲ့ဂိမ်းနဲ့ အားလုံးကိုမိတ်ဆက်ပေးလိုက်တဲ့အခါ…. ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်းနဲ့ပဲခံစားပါလို့ ခက်ကြမ်းကြမ်းကြိုက်တဲ့ပရိသတ်ကြီးအတွက် ...
5.2
IMDB: 5.2/10 33,938 votes
movie

Truth or Dare (2018)

2018
BluRay 1080p 6CH
Underworld: Awakening (2012) 6.4
Underworld: Awakening (2012) တတိယကားထွက်ရှိပြီး နောက်ထပ် ၃နှစ်အကြာမှာပဲ သူ့ရဲ့ စတ္ထုမြောက်ကား ထပ်မံထွက်ရှိလာခဲ့ပြန်ပါတယ် ဒီကားမှာတော့ လူသားတွေဟာ သဘာဝလွန်တည်ရှိနေကြတဲ့ ဗန်ပိုင်းယားတွေနဲ့ လိုင်ကန်တွေကို ချေမှုန်းဖို့ကြိုးစားလာကြပါတယ် ဆယ်လီနဲ့ သူ့ချစ်သူ မိုက်ကယ်တို့ဟာ ဆိပ်ကမ်းတစ်ခုမှာဆုံတွေ့နေတုန်းမှာ လက်ပစ်ဗုံးထိမှန်ပြီး ဆယ်လီဟာ လွင့်စင်ထွက်သွားပြီး မေ့မြောသွားခဲ့ပါတယ် ဒီလိုနဲ့ ၁၂ ကြာပြီးတဲ့ အခါမှာတော့ ဆယ်လီဟာ မေ့မြောနေရာမှ သတိရလာခဲ့ပြီး ဗန်ပိုင်းယား ဖြစ်သူ ဒေးဗစ် နဲ့ ဆုံတွေ့ခဲ့ပါတယ် သိပ္ပံပညာရှင်ဖြစ်သူ ဒေါက်တာ ဂျက်ကော့ဖ် လိန်း ဟာ ဗန်ပိုင်းယားတွေနဲ့ လိုင်ကန်တွေကြားက ဆက်စပ်မှုတွေကို သုသေသနလုပ်နေပြီး ဆယ်လီဟာလဲ သူနဲ့ မိုက်ကယ်ဟာ အမြင်ခြင်းဆက်စပ်မှုရှိနေတယ်ဆိုတာကိုသိရှိလိုက်ရပါတယ် ဒီလိုနဲ့ ဆယ်လီနဲ့ မိုက်ကယ်တို့ဟာ အချစ်နယ် ကျွံခဲ့ကြပြီး ဆယ်လီဟာ အိဗ်ဆိုတဲ့ ကောင်မလေးကိုမွေးဖွားခဲ့ပါတယ် Credit Review: ဇာတ်ကားအညွှန်းအား CM မှ ကူးယူဖော်ပြထားပါသည်
6.4
IMDB: 6.4/10 138,478 votes
movie

Underworld: Awakening (2012)

2012
BluRay 1080p 6CH
The Cabin in the Woods (2011) 7.0
The Cabin in the Woods (2011) The Cabin In The Woods (2012)   ဆယ်ကျော်သက်လူငယ် ငါးယောက်ရဲ့ အားလပ်ရက်အပန်းဖြေခရီးက တောထဲက သစ်လုံးအိမ်လေးဆီကို ဦးတည်နေပါတယ်။ အသေးစားပါတီလေးလုပ်ပြီး သောက်စားပျော်ပါးကြမယ်ပေါ့။ ဒါပေမယ့် သူတို့သေချာမသိထားတာက သူတို့သွားမယ့် သစ်လုံးအိမ်လေးအကြောင်း။ အရွယ်အစားသေးငယ်လှတဲ့ အဆိုပါသစ်လုံးအိမ်လေးမှာ စိတ်ဝင်စားဖွယ်ကြီးမားလှတဲ့ လျို့ဝှက်ချက်တွေရှိနေတယ်။ အစီအစဉ်တကျဖန်တီးယူထားတဲ့ အစိုးရစီမံကိန်းတစ်ခုအောက်မှာရှိနေတဲ့ ဒီသစ်လုံးအိမ်လေးကို သူတို့တွေသွားဖို့ဖြစ်လာတာ အကြောင်းမဲ့မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်နေတဲ့ ဖြစ်ရပ်ကြီးတစ်ခုဖြစ်မလာဖို့ကို တစ်နှစ်တစ်ကြိမ် နိုင်ငံအသီးသီးက ကာကွယ်ကြရတယ်။ အဲလိုကာကွယ်ရတဲ့ အခါမှာ နိုင်ငံတိုင်းအောင်မြင်ဖို့မလိုဘူး။ တစ်နိုင်ငံအောင်မြင်ရင်ရပြီ။ ဒီနှစ်မှာတော့ သူတို့ငါးယောက်ကို အသုံးချပြီး ဒီစီမံကိန်းအောင်မြင်နိုင်မလား။ ဒီသစ်လုံးအိမ်လေးကို ထိန်းချုပ်နေတဲ့ အဖွဲ့အစည်းက ဒီအိမ်လေးရဲ့ မြေအောက်တစ်နေရာမှာတင် စခန်းချနေရာယူထားတယ်။ သူတို့ရဲ့ အစီအစဉ်ကတော့ ဒီအိမ်ကိုရောက်လာတဲ့ လူရွယ်ငါးယောက်ထဲက အပျိုစင်မိန်းကလေးကလွဲပြီး ကျန်တဲ့သူတွေအားလုံးကိုသေအောင် သတ်ဖို့ကြိုးစားရမှာပါ။ သတ်တယ်ဆိုတဲ့နေရာမှလည်း ကိုယ်တိုင်ကိုယ်ထိလက်ရောက်သတ်တာမျိုး မဟုတ်ပဲ ဒီငါးယောက်က ရွေးချယ်တဲ့ အခြေအနေတစ်ခုပေါ်မူတည်နေပါတယ်။ ဒီစီမံကိန်းမှာ စုဆောင်းဖန်တီးထားတဲ့ သရဲတစ္ဆေမိစ္ဆာမကောင်းဆိုးဝါး သတ္တ၀ါမျိုးစုံရှိပါတယ်။ ...
7.0
IMDB: 7.0/10 336,463 votes
movie

The Cabin in the Woods (2011)

2011
4K HDR 6CH
Flatliners (2017) 5.2
Flatliners (2017) Flatliners (2017) =========== လက်တည့်စမ်းကြတဲ့ ဆေးကျောင်းသား ၅ယောက်အကြောင်းကို သည်းထိတ်ရင်ဖိုရိုက်ကူးထားတာဖြစ်ပါတယ် ဘယ်လိုလက်တည့်စမ်းကြလဲဆိုတော့ ကိုယ့်ကိုကိုယ်နှလုံးခုန်ခဏရပ်အောင်လုပ်ပြီး သေခါနီးဖြစ်နေတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို လေ့လာကြတာပါ အဲ့ဒီအခိုက်အတန့်လေးမှာ ကြုံရတဲ့ ငယ်ဘဝအိပ်မက်ဆိုးတွေနဲ့ သူတို့ကျူးလွန်ခဲ့တဲ့အပြစ်တွေက လက်ရှိဘဝကို ရောင်ပြန်ဟပ်လာတဲ့အခါ ဒါကိုဖြေရှင်းဖို့ ဒီထက်ပိုပြီး စွန့်စားလေ့လာကြမဲ့ Flatliner ၅ယောက်ကို ကြည့်ရှုရမှာဖြစ်ပါတယ် ဆေးပညာအသုံးအနှုန်းတွေအများကြီးနဲ့ ဗဟုသုတရစေမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်The Vampire Diaries ရဲ့ မင်းသမီးချောလေး Nina Dobrev ရဲ့ အလှအပတွေကိုခံစားရင်း လက်တည့်စမ်းကြသူများကိုကြည့်လိုက်ရအောင်  
5.2
IMDB: 5.2/10 33,538 votes
movie

Flatliners (2017)

2017
BluRay 1080p 6CH
Don’t Breathe 7.1
Don’t Breathe Don't Breathe (2016) မြန်မာစာတန်းထိုး ရော့ကီ၊ အဲလက်စ်နဲ့ မန်နီတို့ဟာ အိမ်တွေကို ဖောက်ထွင်းဝင်ရောက်ပြီး ပစ္စည်းခိုးတဲ့ ဆိုးသွမ်းလူငယ်လေးတွေဖြစ်ပြီး ခိုးရာပါပစ္စည်းတွေကို ပြန်ရောင်းပြီး ငွေရှာကြတာပါ။ ခိုးရာပါပစ္စည်းတွေဖြစ်တဲ့အလျောက် ဈေးနှိမ်ခံရပြီး ငွေကြေးလောက်လောက်လားလားမရတာကြောင့် ကယ်လီဖိုးနီးယားကို ညီမလေးနဲ့ ပြောင်းရွှေ့ချင်တဲ့ ရော့ကီရဲ့ စိတ်ကူးတွေ အကောင်အထည်မဖော်နိုင်သေးဘူးဖြစ်နေပါတယ်။ တစ်ရက်မှာတော့ မန်နီဟာ မိတ်ဆွေတစ်ယောက်ရဲ့ သတင်းပေးမှုနဲ့ ပွပေါက်တိုးမယ့်နေရာအကြောင်း သိလာခဲ့ပါတယ်။ အဲဒါကတော့ မြို့စွန်က နော်မန်နော့ဒ် စတောမ်ဆိုတဲ့ စစ်မှုထမ်းဟောင်းကြီးရဲ့အိမ်မှာ ဒေါ်လာသုံးသိန်း လောက်ရှိတယ်ဆိုတဲ့ သတင်းပါ။ မန်နီတို့သုံးယောက်ဟာ ညဘက်ခိုးမဝင်ခင် နေ့ခင်းဘက်မှာ အိမ်ကို သွားလေ့လာတဲ့အခါ စစ်ပြန်ကြီးက မျက်စိမမြင်သူဖြစ်ကြောင်း သိခဲ့ကြပါတယ်။ အဲဒီညမှာတော့ သူတို့ရဲ့ အစီအစဉ်စခဲ့ပြီး အရင်ဆုံးအစောင့်ခွေးကို ဆေးကျွေးပြီး အိမ်ထဲဝင်ခဲ့ပါတယ်။ ဝင်ပေါက်တွေ ပိတ်ထားတဲ့အတွက် ပြတင်းပေါက်ကနေ ဝင်သွားကြကာ ပိုက်ဆံတွေကို ရှာကြပေမယ့် မတွေ့ခဲ့ပါဘူး။ အခန်းတံခါးတစ်ခု ဖွင့်မရတဲ့အတွက် မန်နီက သေနတ်နဲ့ ပစ်ပြီး ...
7.1
IMDB: 7.1/10 184,898 votes
movie

Don’t Breathe

2016
BluRay 1080p 6CH
The Prodigy (2019) 5.9
The Prodigy (2019) မွေးကတည်းက ဉာဏ်ရည်ထက်မြက်ပြီး ရိုးအေးတဲ့ ကလေးတစ်ယောက် ဖြစ်တဲ့ Miles ဆိုတဲ့ ကောင်လေး၊ မွေးရာပါ မျက်လုံးတွေကလည်း တဖက်ကို တရောင်စီနဲ့ ဖြစ်နေခဲ့တဲ့ Miles ဟာ အရွယ်ရောက်လာပြီး မူမမှန်တဲ့ ဆိုးသွမ်းရက်စက်တဲ့ အပြုအမူတွေ ပြု မူလာပါတယ်။ စိတ်ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာအာသာကတော့ Miles ဟာ တယောက်ယောက်က လူဝင်စားအနေနဲ့ ဝင်စားတာဖြစ်ပြီး ကိုယ့်ရဲ့အတိတ်ဘ၀ကိုမှတ်မိနေရခြင်းက အရင်ဘ၀တုန်းက မပြီးပြတ်သေးတဲ့ကိစ္စတွေကို ဒီဘ၀မှာအဆုံးသတ်ချင်လို့ဖြစ်ကြောင်းရှင်းပြပါတယ်။ ဒါပေမယ့် Miles ကိုဝင်စားတဲ့သူက သာမန်လူမဟုတ်ပဲ လူသတ်သမားတစ်ဦးဖြစ်နေတဲ့အခါမှာတော့........ အဲဒီလူရဲ့ ရက်စက်တဲ့ အကျင့်စရိုက်တွေ၊ ဆိုးဝါးတဲ့ လက္ခဏာတွေ ပြလာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ၊ မိခင်ဖြစ်တဲ့သူကရော ထိန်းချုပ်နိုင်ပါ့မလား၊ ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted ...
5.9
IMDB: 5.9/10 5,650 votes
movie

The Prodigy (2019)

2019
BluRay 1080p 6CH
Split (2016) 7.3
Split (2016) X-Men ကားတွေမှာ ပရော်ဖက်ဆာ X အဖြစ်သရုပ်ဆောင်ပြီး wanted ရုပ်ရှင်ဇာတ်ကားမှာကတည်းက မြန်မာပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ မင်းသား James McAvoy ဦးဆောင်ပါဝင်ထားတဲ့ရုပ်ရှင်ဇာတ်ကားသစ်ပါ။ ဒီဇာတ်ကားဟာ psychological horror thriller အမျိုးအစားလို့ဆိုရအောင် ရသပေါင်းစုံနဲ့ခံစားရမယ့်ရုပ်ရှင်ဖြစ်ပါတယ်။ လူတစ်ဦးတည်းမှာ လူနှစ်ယောက်စရိုက်ပါဝင်နေတာတို့၊ ဗီဇနှစ်မျိုးနဲ့အသက်ရှင်နေတဲ့လူဆိုတာမျိုးတို့ကို တခြား thriller ရုပ်ရှင်တွေမှာ ကျွန်တော်တို့ကြည့်ဖူးနေပါပြီ။ ဒါပေမယ့် ဒီရုပ်ရှင်မှာတော့ နှစ်ဦးမကပဲ လူပေါင်းများစွာအနေနဲ့ လူတစ်ယောက်တည်းကိုယ်ထဲမှာ အသွင်တွေကွဲနေတဲ့စိတ်ရောဂါမျိုး ခံစားနေရတဲ့ သူကိုမြင်တွေ့ရမှာပါ။ ဇာတ်လမ်းကို အကြမ်းအရမ်းကြီးဖြစ်အောင် ဖန်တီးထားတာမျိုးမဟုတ်ပေမယ့် ဇာတ်လမ်းအစကတည်းက ပရိသတ်ကို သို့လောသို့လောဖြစ်အောင်ဆွဲဆောင်ခေါ်ယူသွားနိုင်တာကိုတွေ့ရပါတယ်။ ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်က မိန်းကလေးသုံးယောက်ကို ဖမ်းခေါ်သွားပြီး အဲဒီလူက ဘာလဲ၊ သူ့ရည်ရွယ်ချက်ကဘာများလဲဆိုတာကို အဖမ်းခံရတဲ့ မိန်းကလေးတွေသာမက ကြည့်နေတဲ့သူကပါ မရိုးမရွဖြစ်လာအောင် တင်ဆက်ထားပါတယ်။ တဖြည်းဖြည်း ဇာတ်လမ်းဇာတ်ရည်လည်လာတဲ့အခါကျပြန်တော့လည်း လူတစ်ယောက်ရဲ့ငယ်ဘ၀မှတ်ဥာဏ်တွေ child abuse လိုကိစ္စမျိုးတွေခံစားခဲ့ရသူတွေရဲ့ဘ၀ကိုပါ စာနာနားလည်လာအောင် ရိုက်ကူးပြသထားပြန်ပါတယ်။ ကျွန်တော်ကတော့ wanted ကားမှာကတည်းက James McAvoy ကြီး မျက်နှာကြောနဖူးကြောကြီးထောင်လာအောင် စိတ်ဆိုးပြတာကို သဘောကျခဲ့တာမို့ အခုရုပ်ရှင်မှာလည်း လူ့စရိုက်ပေါင်းစုံကိုတစ်ယောက်တည်းအနေနဲ့ သရုပ်ဆောင်ထားတဲ့ဇာတ်ရုပ်ကိုသဘောကျမိပါတယ်။ ...
7.3
IMDB: 7.3/10 346,272 votes
movie

Split (2016)

2016
BluRay 1080p 6CH
I, Frankenstein (2014) 5.1
I, Frankenstein (2014) ဇာတ်လမ်းလေးကတော့သိပ္ပံပညာရှင် ဖရန်ကင်စတိန်းဟာ အလောင်းကောင်အစိတ်အပိုင်းတွေကိုစုစည်းပြီး လူသတ္တ၀ါတစ်ကောင်ကို ဖန်တီးခဲ့တယ်။ သူ့ဖန်တီးမှုကို မှားယွင်းမှုတစ်ခုလိုကြောက်လန့်လာတာကြောင့် အဲ့ဒီသတ္တ၀ါကို ဖျက်ဆီးဖို့ကြိုးစားခဲ့တယ် ဒါကြောင့် အဲ့ဒီသတ္တ၀ါဟာဖရန်ကင်စတိန်းရဲ့မိန်းမကို သတ်ပြီး ကလဲ့စားချေခဲ့ပါတယ်။ ဖရန်ကင်စတိန်းဟာ အဲ့ဒီသတ္တ၀ါကို ကလဲ့စားချေဖို့ ပြန်လိုက်ရှာခဲ့ပေမယ့် လူသားတို့ထုံးစံအတိုင်း အချိန်ကြာမြင့်စွာအသက်မရှည်ပဲ သေဆုံးခဲ့ပါတယ်။ သူဖန်တီးခဲ့တဲ့ သတ္တ၀ါကတော့ မသေဆုံးခဲ့ပါဘူး။ သတ္တ၀ါနဲ့အတူ ဖရန်ကင်စတိန်းရဲ့ မှတ်တမ်းစာအုပ်ကျန်ရှိခဲ့ပါတယ်။ တစ်နေ့မှာ အဲ့ဒီသတ္တ၀ါကို နတ်ဆိုးအရှင် နာဘေးရီးရက်စ် ရဲ့အဖွဲ့က နတ်ဆိုးတွေက တိုက်ခိုက်ပြီး ဖမ်းဆီးဖို့ကြိုးစားခဲ့တယ်။ နတ်ဆိုးတွေလက်ကနေ အဲ့ဒီသတ္တ၀ါကို ဂါဂေါ်ရယ်အဖွဲ့က ပြန်လည်ကယ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီသတ္တ၀ါနောက်ကို နတ်ဆိုးတွေက အဆက်မပြတ်လိုက်ပြီး ဖမ်းဆီးဖို့ အခါခါကြိုးစားခဲ့ပါတယ်။ နာဘေးရီးရက်စ်အရှင်နဲ့ နတ်ဆိုးတွေက အဲ့ဒီသတ္တ၀ါကို ဘာကြောင့်လိုက်ဖမ်းတာလဲ? ဘယ်လို အကြံအစည်တွေ ရှိနေတာလဲ? ဂါဂေါ်ရယ် အဖွဲ့ကရော အဲ့ဒီသတ္တ၀ါ နတ်ဆိုးတွေလက်ထဲမရောက်အောင် ဘာကြောင့်လိုက်ကာကွယ်ပေးတာလဲ? အဲ့ဒီသတ္တ၀ါကရော လူလား ၀ိညာဉ်မရှိတဲ့ သာမန်လူပုံစံအခွံတစ်ခုလား? ဖရန်ကင်စတိန်းရဲ့မှတ်တမ်းကို နာဘေးရီးရက်စ် ရသွားတဲ့အခါ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ပြီး ခံစားပေးပါ ။ Review Credit to CM
5.1
IMDB: 5.1/10 74,444 votes
movie

I, Frankenstein (2014)

2014
BluRay 1080p 6CH
A Quiet Place (2018) 7.7
A Quiet Place (2018) အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။ လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင်စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက်တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။ အီဗလင်းတို့မှာ သမီးတစ် ယောက်၊ သားနှစ်ယောက်ရှိပြီး သမီးကြီးရီဂန်က နားမကြားသူ လေးမို့ တခြားအိမ်သားတွေ အ ကုန်လုံးက လက်ဟန်ခြေဟန် အချက်ပြစကားနဲ့ပဲ ...
7.7
IMDB: 7.7/10 196,643 votes
movie

A Quiet Place (2018)

2018
BluRay 1080p 6CH
Happy Death Day (2017) 6.5
Happy Death Day (2017) ကဲ ပရိတ်သတ်ကြီးအတွက်...၂၀၁၇ခုနှစ်က ထွက်ထားတဲ့ Happy Death Day နဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ   ဒီဇာတ်ကားလေးဟာ..Horror, Thriller, Mystery အမျိုးအစားဖြစ်ပါတယ်.... Happy Death Day (2017) -------------------------- သေနေ့ မင်္ဂလာပါ ……… ။ လူတိုင်းဟာ ကိုယ်မွေးနေ့ ဒါမှမဟုတ် တစုံတခု ကြည်နူးစရာ အကြောင်းတခုဖြစ်ပေါ်ခဲ့တဲ့ နေ့မျိုးကိုဘဲ အကြိမ်ကြိမ်အခါခါ ခံစားစံစားချင်ကြတာပါ။ ဘယ်သူကများ ကိုယ်ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့နေ့ကို အကြိမ်ကြိမ်ခံစားချင်ပါ့မလဲ ? Tree ဆိုတဲ့ ကောလိပ်ကျောင်းသူ ချာတိတ်မလေးတစ်ယောက်ဟာ တကယ့် အရှုပ်အထုပ်မလေးတစ်ယောက်ပါဘဲ။ ဘယ်သူ့ကိုမှ တန်ဖိုးမထား ဘယ်သူ့ကိုမှလည်း အရေးမလုပ်တဲ့ IDGAF မျိုးလေးပါ။ တစ်မနက်မှာတော့ Tree တစ်ယောက် မူးပြီးတော့ အိပ်ယာကနိုးလာခဲ့တယ်။ ညက ကိစ္စတွေ ဘာမှမမှတ်မိတော့ဘဲ Carter ဆိုတဲ့ ကောင်လေးရဲ့ အိပ်ယာပေါ်မှာ နိုးလာခဲ့တယ်။ အဲ့ဒိနေ့က မှတ်မှတ်ရရ စက်တင်ဘာလ ၁၈ ရက်နေ့ …… သူ့မွေးနေ့ပါ။ Tree တစ်ယောက် သူ့မှတ်ညဏ်ထဲက နေ့တစ်နေ့ကထုတ်ခွင့်ရမယ်ဆို အဲ့ဒိနေ့ဟာ သူမရဲ့မွေးနေ့ဘဲဖြစ်ပါလိမ့်မယ်။ ဒီလိုနဲ့ ...
6.5
IMDB: 6.5/10 80,330 votes
movie

Happy Death Day (2017)

2017
BluRay 1080p 6CH
Bhaagamathie (2018) 7.0
Bhaagamathie (2018) ဘက်မာသီ.. ဘက်မာသီဆိုတာ ကာလန်ဂီနယ်မြေမှာ ဘုရင်မပဲ သူ့ဆီလာတဲ့သူတွေ သူ့ကိုပုန်ကန်ဖို့လာတဲ့သူတွေကို ဘန်ဂလိုထဲမှာ ထောင်ချပြီး လပြည့်နေ့တွေရောက်ရင် နတ်ဘုရားမကို ယဇ်ပူဇော်လေ့ရှိတယ် သူ့ကို မကျေနပ်တဲ့သူတွေ ယုံကြည်သက်ဝင်မှုမရှိတဲ့သူတွေက သူ့ကိုရက်ရက်စက်စက် သတ်ဖြတ်ခဲ့အပြီးမှာတော့ အဲ့ဒီဘန်ဂလိုထဲမှာ တစ္ဆေအဖြစ်နဲ့ ဆက်လက်တည်ရှိနေခဲ့တယ် သူ့နာမည်ကိုကြားတာနဲ့ ကလေးအစ လူကြီးအဆုံး သေးပါထွက်ကျတဲ့အဆင့်ဖြစ်ကြတယ်... ဘုရားဆင်းတုတော်ခိုးတဲ့ ဂိုဏ်းနဲ့ပတ်သတ်ပြီး ပြည်သူတွေက တော်တော်လေး စိုးရိမ်နေကြတယ်.. ဒီလိုနဲ့ တာဝန်ရှိ လူကြီးတေါ ဝန်ကြီးတွေကိုပြောတယ်...ဘယ်သူမှ ပြန်မဖြေကြဘူး  ဝန်ကြီး အိစ်ဝါပရာဆက်က ဒီနေရာမှာ တာဝန်ရှိသူဆိုပေမယ့် အသံမထွက်ခဲ့ဘူး... သူတို့ကိုယ်တိုင်ကပဲ လာဘ်ပေးလာဘ်ယူရှိလို့လား.... အဲ့ဒီအချိန်မှာ ရဲစုံထောက် တစ်ယောက်ဖြစ်တဲ့ ဝန်ကြီး အိစ်ဝါပရာဆက်ကို ထောင်ချလို့ရမယ့်....သက်သေ..ဥပမာပြောရရင် လာဘ်ပေးလာဘ်ယူနဲ့ထောင်ချလို့ရအောင်...ဘယ်လိုသက်သေမျိုးရှိလဲဆိုတာကို စုံစမ်းကြတယ်..... ဝန်ကြီး အိစ်ဝါပရာဆက်ရဲ့ အတွင်းရေးမှူး လုပ်ခဲ့ဖူးတဲ့ ချန်ချလာဆိုတဲ့ မိန်းကလေးဟာ...အခုလက်ရှိမှာ လူသတ်မှုနဲ့ ထောင်ကျနေတာ ၃ လရှိသွားပြီ...ဒီတော့ ဝန်ကြီး အိစ်ဝါပရာဆက် နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို ချန်ချလာကို မေးမှဖြစ်မယ်ဆိုပြီး ထောင်ထဲကနေ ဘယ်သူမှ မသိအောင် မသိမသာလေးထုတ်ပြီး...တောထဲက သရဲအလွန်ခြောက်လွန်းလို့ ဘယ်သူမှ မသွားရဲ မလာရဲတဲ့ အိမ်ပျက်ကြီးထဲမှာ...ချန်ချလာကို ခေါ်မေးခဲ့တယ်... ဒီနေရာမှာ ဝန်ကြီး အိစ်ဝါပရာဆက်ဆိုတာက ကျောင်းသားခေါင်းဆောင်ပြီး နိုင်ငံရေးထဲကို ...
7.0
IMDB: 7.0/10 1,901 votes
movie

Bhaagamathie (2018)

2018
WEB HD 1080p 6CH
Life (2017) 6.6
Life (2017) သိပံရုပ်ရှင်တွေကြိုက်တဲ့ပရိတ်သတ်တွေအတွက်တော့ခံစားမှုအသစ်ပေးမယ့်ဇာတ်ကားကောင်းလေးပါ။ ယခုနှစ်၂၀၁၇မတ်၂၄ကမှထုတ်လိုက်တဲ့ကားသစ်လေးဖြစ်ပါတယ်။ အမြင်တမျိုးနဲ့ကြည့်ရတာကောင်းတဲ့ကားလေးတကားဖြစ်ပါတယ်။ နိုင်ငံပေါင်းစုံကအာကာသပညာရှင်တစုဟာနိုင်ငံတကအာကာသစခန်းမှာ အတူတူအင်္ဂါဂြိုလ်ကိုလေ့လာရင်းအလုပ်လုပ်နေကြတာပါ။ သမိုင်းမှာအရေးကြီးတဲ့ရှာဖွေမှုဖြစ်တဲ့ကမ္ဘာအပြင်တခြား ဘယ်နေရာတွေမှာသက်ရှိတွေရှိလဲဆိုတာကိုရှာဖွေလေ့လာနေကြတာပါ။ ကံကောင်းစွာပဲအင်္ဂါဂြိုလ်ကယူလာတဲ့မြေနမူနာတွေကိုစမ်းသပ်လိုက်တဲ့အခါ သက်ရှိဖြစ်လာမယ့်ကလပ်စည်းလေးကိုတွေ့ရှိသွားပါတယ် တွေ့ရှိမှုအတွက်အားလုံးဝမ်းသာဝမ်းမြောက်ဖြစ်ကြရပြီးနိုင်ငံတကာကပါအားပေးခဲ့ကြပါတယ်။ ဒါပေမယ့်ရုတ်တရတ်ပဲမတော်တဆအမှားတခုဖြစ်သွားပြီးတဲ့နောက်မှာတော့ အဲဒီသက်ရှိမျိုးစိတ်လေးကလှုပ်ရှားမှုမရှိတော့ပါဘူး။ ဒါပေမယ့်လူသားပေပဲ။ မဖြစ်နိုင်ဘူးဆိုတာကိုဖြစ်အောင်လုပ်တတ်တာလဲလူသားတွေပါပဲ။ အဲဒီဖြစ်လာတဲ့အကျိုးဆက်ကိုခံစားရတာလဲလူပါပဲ။ အဲလိုပဲကယ်ဗင်လို့သူတို့နာမည်ပေးထာတဲ့အင်္ဂါဂြိုလ်ကသက်ရှိလေးကိုပြန်လည် အသက်သွင်းပြီးမူလအခြေအနေနဲ့မတူပဲထူးဆန်းစွာပြုမှုနေတဲ့အခါမှာတော့ အာကာသပညာရှင်ကြီးတွေဘယ်လိုလုပ်ကြမလဲ။ အဲဒီကယ်ဗင်လေးကရောဘယ်လိုတွေကံမကောင်းမှုတွေယူလာမလဲ။ သူ့ရန်ကနေအာကာသပညာရှင်တွေကာကွယ်နိုင်မှာလား။ ကမ္ဘာကြီးကိုကယ်တင်မယ်ဆိုတဲ့သူတို့ဆန္ဒတွေပြည့်ဝမလားဆိုတာတော့ ဇာတ်ကားလေးမှာဆက်ကြည့်လိုက်ပါဦးဗျာ။ စိတ်လှုပ်ရှားမှုတွေပေးမှာဖြစ်ပြီးတကယ်ကြည့်ကောင်းစေမယ့်ကားလေးပါ။ ဇာတ်ကားနောက်ပိုင်းရောက်လေပိုပြီးစိတ်လှုပ်ရှားရလေပါပဲ။ ရုံဝင်ငွေ၉၃.၅သန်းထိဝင်ခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။ အားလပ်ချိန်ကိုစိတ်အပန်းပြေစေ၊စိတ်ကျေနပ်စေမယ့်ကားလေးဖြစ်ပါတယ်။   Credit Review
6.6
IMDB: 6.6/10 177,314 votes
movie

Life (2017)

2017
BluRay 1080p 6CH
The Possession of Hannah Grace (2018) 5.2
The Possession of Hannah Grace (2018) အပမှီခံရတဲ့ Hannah Grace ဆိုတဲ့ မိန်းကလေးတစ်ယောက်။ လူသာ သေသွားတယ် အတွင်းမှာ ကိန်းအောင်းနေတဲ့ မကောင်းဆိုးဝါးက မသေသေးတဲ့သူ။ သေပြီး ၃ လအကြာ၊ ဆေးရုံ ရေခဲတိုက်ရောက်လာတဲ့အခါမှာတော့ အခုမှ အလုပ်ဝင်လာတဲ့ ရေခဲတိုက်က assistant နဲ့တကွ ဆေးရုံက ဝန်ထမ်းတွေကို ရန်ပြန်ပြုပါတော့တယ်။ Review (Spoiler Alert) … ဒီရုပ်ရှင်မှာ plot က ဘာမှကို မရှိပါဘူး။ ဟိုးတလောက ထွက်ခဲ့တဲ့ The Autopsy of Jane Doe နဲ့ ခပ်ဆင်ဆင်ပါပဲ။ လူသေကောင် တစ်ယောက်နဲ့ ရင်ခွဲရုံကလူတွေ တိုင်ပတ်တဲ့ ပုံစံ။ ဒီကားကတော့ ဆေးရုံမှာဆိုတော့ နည်းနည်းပိုခြောက်လို့ ကောင်းတာပေါ့။ ဇာတ်လမ်းပိုင်းကိုကြည့်မယ်ဆိုရင် ရုပ်ရှင်ဟာ တော်တော်လေးကို အလွယ်တည်ဆောက်ထားတယ်လို့ ပြောရမှာပါ။ သရဲပူးတဲ့ ကလေးမ သေတယ်၊ ရေခဲတိုက်ရောက်တယ်၊ ရေခဲတိုက်ကလူတွေကို ခြောက်တယ်။ ဒါပဲ။ ခြောက်တဲ့ ...
5.2
IMDB: 5.2/10 8,635 votes
movie

The Possession of Hannah Grace (2018)

2018
BluRay 1080p 6CH
The Shining (1980) 8.4
The Shining (1980) ( ကမ္ဘာ့ကြောက်ဖို့ အကောင်းဆုံးသရဲကား ၁၄ ကားထဲမှ top ten စာရင်းဝင်ကားတစ်ကားဖြစ်ပါတယ်။) သည်းထိတ်ရင်ဖို ၀တ္ထုလောကရဲ့ ဘုရင်တစ်ဆူဖြစ်တဲ့ Stephen King ရဲ့ Best seller စာအုပ်ကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ မြို့နဲ့အလှမ်းဝေးလှတဲ့ ဟိုတယ်တစ်ခုထဲက ကြောက်လန့်ဖွယ်ရာ အဖြစ်အပျက်တွေကိုပြသထားပါတယ်။ အဲဒီဟိုတယ်မှာအရင်တုန်းက လူတစ်ယောက်ဟာ စိတ္တဇလိုဖြစ်ပြီး သူ့ဇနီးနဲ့ ကလေးတွေကိုသတ်ဖြတ်ခဲပြီး ကိုယ်တိုင်လည်း သတ်သေသွားခဲ့ပါတယ်။ ဟိုတယ်မန်နေဂျာဟာ အသစ်ရောက်လာတဲ့ ဂျက် ကို ဒီအကြောင်းတွေ ပြောပြသတိပေးခဲ့ပေမယ့်လည်း သိပ်ဂရုမထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့သားကလေးဟာ ဟိုတယ် ဓာတ်လှေကားတွေက သွေးတွေ.. အရိပ်တွေ... တစ္ဆေတွေကို စတင်မြင်တွေ့လာရပြီးတဲ့နောက်တော့ စာရေးဖို့ရောက်ရှိလာတဲ့ ဂျက်သာမက တစ်မိသားစုလုံး အန္တရာယ်တွေ ကြုံတွေ့လာရတာကို ကြည့်ရှုခံစားရမှာပါ။ ဒီကားဟာ ထွက်ထွက်ပြီးချင်းမှာ သိပ်မကျော်ကြားခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ လူစိတ်ဝင်စားမှု ထူးခံလာရပြီးအဲဒီခေတ်အခါက အအောင်မြင်ဆုံး ဇာတ်ကားတွေထဲက ဇာတ်ကားတစ်ကားပါ။ ခုခေတ် jump scareတွေပဲ များနေပြီး တကယ်အသည်းတယားယားနဲ့ ကြောက်ရတဲ့သရဲကားတွေ ရှားပါးနေချိန်မှာ Rotten tomatoes 89% ရရှိထားတဲ့ ဒီဂန္ထ၀င် ...
8.4
IMDB: 8.4/10 764,335 votes
movie

The Shining (1980)

1980
BluRay 1080p 6CH