Burmese Subtitle

Fantasy

Justice League vs. the Fatal Five (2019) 6.5
Justice League vs. the Fatal Five (2019) Match လ ၃၀ရက်နေ့နောက်ဆုံးထွက်ထားတဲ့ Justice Leagueနောက်ဆုံး Animationလေးကိုတင်ဆက်လိုက်ပါတယ်။ DC ရဲ့ ထုံစံအတိုင်းပဲ Animation ဟာအရမ်းကို ကောင်းမွန်တဲဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအညွန်းလေးကတော့ .. ၃၁ရာစုသောင်းကျန်းနေတဲ့ Fatal Five လို့ခေါ်တဲ့ Villain များဟာ ၂၁ရာစုကိုရောက်လာပြီး သူတို့ထဲက အဖမ်းခံထားရတဲ့ခေါင်းဆောင်ကို ဂရင်းလန်တန်များလက်ထဲကလွတ်မြောက်ရန်ကြိုးစားကြတာပါ။ ထို၃၁ရာစုကနေ ဟီးရိုးတစ်ယောက် Star Boy ပါလာပြီးတော့ Fatal Five နဲ့ဘယ်လိုရင်ဆိုင်မလဲ…. စိတ်ဓာတ်ပျက်ပြားနေတဲ့ ဂရင်းလန်တန် တစ်ယောက် Fatal Five နဲ့ ရင်ဆိုင်ရတဲ့အခါ.. Justice League တောင် Fatal Fiveကို မယှဉ်နိုင်တဲ့အခါ…. Credit Review
6.5
IMDB: 6.5/10 2,542 votes
movie

Justice League vs. the Fatal Five (2019)

2019
BluRay 1080p 6CH
Maze Runner: The Death Cure (2018) 6.3
Maze Runner: The Death Cure (2018) အမေရိကန်စာရေးဆရာ James Dashner ရဲ့The Maze Runner series မှတတိယမြောက်စာအုပ်ဖြစ်တဲ့ The Death Cure ကိုအရင်ဇာတ်ကားတွေကို ရိုက်ကူးတဲ့ဒါရိုက်တာ Wes Ball ပဲရိုက်ကူးထားပြီး Dylan O’Brien, Thomas Bordie-Sangster,Rosa Salazar, Ki Hong Lee, Kaya Soladiaro,Dexter Darden, Aiden Gillen, Barry Pepper,Patricia Clarkson, Will Poulter,Gnaicalo Esposito, Walton Gogginsတို့ပါ ဝင်ထားပါတယ်။2017 February 17 မှာ ရုံတင်ဖို့စီစဉ်ထားခဲ့သော်လည်း Dylan O’Brien ရိုက်ကွင်းမှာထိ ခိုက်မှုဖြစ်ပွားပြီး ရုံတင်ရက်ကိုတစ်နှစ်နီးပါးနောက်ဆုတ်ခဲ့ရပါတယ်။အခုဒီကားထဲမှာ​တော့​ပထမ၂ကားထဲက လွတ်​​မြောက်​လာကြတဲ့​​ကောင်​​လေး ​တွေထဲကThomas က လွတ်​​မြောက်​လူသူ​တွေကို စုစည်းပြီး Glader ဆိုတဲ့အဖွဲ့ကိုတည်​​ထောင်​ထားပြီး အဓိကရည်​ရွယ်​ချက်​ကသူ့သူငယ်​ချင်း​တွေကို ကယ်​ဆယ်​ဖို့ပါ ဒီလိုနဲ့ တစ်​ရက်​မှာ မလွတ်​​သေးပဲ ကျန်​​နေခဲ့​သေးတဲ့သူ့သူငယ်​ချင်း​တွေကိုတင်​​ဆောင်​လာတဲ့ ရထားကိုဖြတ်​ တိုက်​ပြီး​တော့ ကယ်​ဖို့ကြိုးစားရင်း မ​အောင်​မြင်​ပဲThomas ,Newt နဲ့Frypanတို့ Cranks(Zombie)​တွေရှိနေ တဲ့ ...
6.3
IMDB: 6.3/10 69,051 votes
movie

Maze Runner: The Death Cure (2018)

2018
BluRay 1080p 6CH
I, Frankenstein (2014) 5.1
I, Frankenstein (2014) ဇာတ်လမ်းလေးကတော့သိပ္ပံပညာရှင် ဖရန်ကင်စတိန်းဟာ အလောင်းကောင်အစိတ်အပိုင်းတွေကိုစုစည်းပြီး လူသတ္တ၀ါတစ်ကောင်ကို ဖန်တီးခဲ့တယ်။ သူ့ဖန်တီးမှုကို မှားယွင်းမှုတစ်ခုလိုကြောက်လန့်လာတာကြောင့် အဲ့ဒီသတ္တ၀ါကို ဖျက်ဆီးဖို့ကြိုးစားခဲ့တယ် ဒါကြောင့် အဲ့ဒီသတ္တ၀ါဟာဖရန်ကင်စတိန်းရဲ့မိန်းမကို သတ်ပြီး ကလဲ့စားချေခဲ့ပါတယ်။ ဖရန်ကင်စတိန်းဟာ အဲ့ဒီသတ္တ၀ါကို ကလဲ့စားချေဖို့ ပြန်လိုက်ရှာခဲ့ပေမယ့် လူသားတို့ထုံးစံအတိုင်း အချိန်ကြာမြင့်စွာအသက်မရှည်ပဲ သေဆုံးခဲ့ပါတယ်။ သူဖန်တီးခဲ့တဲ့ သတ္တ၀ါကတော့ မသေဆုံးခဲ့ပါဘူး။ သတ္တ၀ါနဲ့အတူ ဖရန်ကင်စတိန်းရဲ့ မှတ်တမ်းစာအုပ်ကျန်ရှိခဲ့ပါတယ်။ တစ်နေ့မှာ အဲ့ဒီသတ္တ၀ါကို နတ်ဆိုးအရှင် နာဘေးရီးရက်စ် ရဲ့အဖွဲ့က နတ်ဆိုးတွေက တိုက်ခိုက်ပြီး ဖမ်းဆီးဖို့ကြိုးစားခဲ့တယ်။ နတ်ဆိုးတွေလက်ကနေ အဲ့ဒီသတ္တ၀ါကို ဂါဂေါ်ရယ်အဖွဲ့က ပြန်လည်ကယ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီသတ္တ၀ါနောက်ကို နတ်ဆိုးတွေက အဆက်မပြတ်လိုက်ပြီး ဖမ်းဆီးဖို့ အခါခါကြိုးစားခဲ့ပါတယ်။ နာဘေးရီးရက်စ်အရှင်နဲ့ နတ်ဆိုးတွေက အဲ့ဒီသတ္တ၀ါကို ဘာကြောင့်လိုက်ဖမ်းတာလဲ? ဘယ်လို အကြံအစည်တွေ ရှိနေတာလဲ? ဂါဂေါ်ရယ် အဖွဲ့ကရော အဲ့ဒီသတ္တ၀ါ နတ်ဆိုးတွေလက်ထဲမရောက်အောင် ဘာကြောင့်လိုက်ကာကွယ်ပေးတာလဲ? အဲ့ဒီသတ္တ၀ါကရော လူလား ၀ိညာဉ်မရှိတဲ့ သာမန်လူပုံစံအခွံတစ်ခုလား? ဖရန်ကင်စတိန်းရဲ့မှတ်တမ်းကို နာဘေးရီးရက်စ် ရသွားတဲ့အခါ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ပြီး ခံစားပေးပါ ။ Review Credit to CM
5.1
IMDB: 5.1/10 74,444 votes
movie

I, Frankenstein (2014)

2014
BluRay 1080p 6CH
I Kill Giants (2017) 6.2
I Kill Giants (2017) အခုရက်ပိုင်းကြည့်သမျှရုပ်ရှင်တွေထဲမှာတော့ အကြိုက်တွေ့မိဆုံး ရုပ်ရှင်ကိုပြောရမယ်ဆိုရင်တော့ I Kill Giants လို့ပြောရမှာပဲ။ နာမည်ကြီး ဝါရင့်မင်းသမီး တွေဖြစ်တဲ့ Zoe Saldana နဲ့ Imogen Poots တို့ပါတယ်ဆိုလို့လည်းပိုစိတ်ဝင်စားမိတယ်။ အဓိကမင်းသမီးဖြစ်တဲ့ Madison Wolfe ကိုလည်း Conjuring 2 ကတည်းက အကြိုက်တွေ့မိတာဆိုတော့ ဒီပိတ်ရက်မှာ I Kill Giants ကို ကြည့်ဖြစ်ခဲ့တယ်။ Harry Potter ရဲ့ Producers တွေ Produce လုပ်တဲ့ရုပ်ရှင်ဆိုတော့ အသကုန်ချပီလို့လည်းထင်ခဲ့မိတာရယ်၊ ပိုစတာကလည်း အသားကုန်ချမဲ့ပုံဆိုတော့ စိတ်ဝင်တစားကြည့်ခဲ့မိတယ်။ အဲ့မှာ သူတို့ဖမ်းချင်တဲ့ အကွက်ထဲကိုတန်းနေအောင်ဝင်သွားတာပဲ။ ကဲဇာတ်လမ်းအပိုင်းကိုသွားကြတာပေါ့။ ဇာတ်လမ်းအစမှာထဲက Giants တွေကိုလိုက်ဖမ်းနေတဲ့ Medison Wolfe လေးကိုစတွေ့ရမှာပါ။ သူပာာ သမိုင်းပေးတာဝန်အရ Giants တွေကိုလိုက်သတ်ပီးသူနေထိုင်နေတဲ့ မြို့ကိုကာကွယ်ပေးနေရတာပါ။ ဒါပေမဲ့လို့သူတက်တဲ့ကျောင်း၊ သူနေထိုင်တဲ့မြို့ကလူတွေကတော့သူ့ကို ပလပ်လွတ်နေတဲ့လူတစ်ယောက်လိုဆက်ဆံကြပါတယ်။ အဲ့လိုဆက်ဆံလို့ သူမပာာ အားငယ်စိတ်ပျက်နေမှာတော့ မပာုတ်ပါဘူး။ ...
6.2
IMDB: 6.2/10 22,240 votes
movie

I Kill Giants (2017)

2017
BluRay 1080p 6CH
Pacific Rim: Uprising (2018) 5.7
Pacific Rim: Uprising (2018) ပစိဖိတ်ရွင်းရဲ့ဒုတိယမြှောက်ကားလေးဖြစ်ပြီး 2018 ခုနှစ်မှာထုတ်လုပ်ထားတာဖြစ်ပါတယ်။ ပထမဆုံးဇတ်ကားကိုတော့ 2013 ခုနှစ်မှာရိုက်ကူးခဲ့တာဖြစ်ပြီး ယခုပရိတ်သတ်ရှေ့ကိုငါးနှစ်ကြာပြီးမှဒုတိယဇတ်လမ်းကိုတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ ရေဂါလို့ခေါ်တဲ့စက်ရုပ်ကြီးတွေပူးပေါင်းတိုက်ခိုက်မှုကြောင့် ဂြိုလ်သားတွေဝင်ရောက်တဲ့တွင်းပေါက်ကြီးကိုပိတ်နိုင်ခဲ့တာ ၁၀နှစ်ကျော်အနေအထားနဲ့ဇာတ်အိမ်ကို စတင်ထားပါတယ်။ တွင်းပေါက်ကြီးပိတ်သွားခဲ့ပေမယ့်အပျက်အစီးတွေကတော့ပြုပြင်ဆဲဖြစ်တဲ့ အနေအထားမှာပစိဖိတ်ကမ်းခြေစောင့်တပ်ဖွဲ့ကနေပြီးရေဂါတွေတိုက်ခိုက်ထားတဲ့စွန့်ပစ်နေရာကို ကာကွယ်ယူထားရပါတယ်။အကြောင်းအရင်းကတော့ရေဂါထဲကအစိတ်အပိုင်းတွေကိုခိုးယူရောင်းချ မှုတွေဆက်တိုက်ဖြစ်နေတာကြောင့်ပါ.တစ်ချို့ကလည်းကိုယ်ပိုင်ရေဂါတွေပြန်လည်တည်ဆောက် နေကြလို့အခုလိုလုံခြုံရေးတွေယူထားတဲ့အနေအထားဖြစ်ပါတယ်။တစ်ဖက်မှာလည်းရေဂါမောင်းနှင် သူပိုင်းလောဒ့်တွေက နှစ်ဦးမောင်းနှင်ရတဲ့စနစ်ကိုလည်းဆက်လက်ပြီးပြသနာတစ်ခုအဖြစ်ရှိနေဆဲပါ ဒီလိုပြသနာတွေကိုဖြေရှင်းဖို့အတွက်တရုတ်ပြည်မှာရှိတဲ့ရှောင်စက်မှုလုပ်ငန်းကနေပြီးတော့ ပိုင်းလော့ဒ်တစ်ယောက်တည်းမောင်းနှင်နိုင်တဲ့အဝေးထိန်းဒရုန်းတွေကိုအစားထိုးဖို့လုပ်ဆောင် လာပါတယ်။ဒီလိုအစားထိုးဖို့လုပ်ဆောင်နေစဉ်အချိန်မှာဘဲမမျှော်လင့်တဲ့ပြသနာတစ်ချို့ပေါ်ပေါက်လာတယ်။ ဒီလိုမမျှော်လင့်ဘဲဖြစ်လာတဲ့ပြသနာတွေကိုတော့ ......ဇာတ်ကားလေးကိုကြည့်ရှုရင်းဆက်လက်အားပေးပါ ခင်ဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ Burmese Subtitle Team မှပြန်ထားတာဖြစ်ပါတယ်) Blu-ray Quality လေးရလို့ Update လုပ်ပေးလိုက်ပါတယ် ပေးပါ့မယ် File Size          :  1.76 GB Quality            :  Blu-Ray 1080p 6CH Running Time : 1hr 50 minute Format             : Mkv Genre              : Action, Adventure, Sci-Fi
5.7
IMDB: 5.7/10 66,378 votes
movie

Pacific Rim: Uprising (2018)

2018
BluRay 1080p 6CH
Fantastic Beasts and Where to Find Them (2016) 7.4
Fantastic Beasts and Where to Find Them (2016) ဒီဇာတ်လမ်းဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွေရဲ့ မှော်လောကထဲမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေပါပဲ။ ဒါပေမယ် ဖြစ်ပျက်နေတဲ့ကာလဟာ ၁၉၂၆ ဖြစ်ပြီး ကျောင်းအုပ်ဆရာကြီး အဲဘတ်စ် ဒန်ဘယ်လ်ဒိုးရဲ့လူငယ်ကာလဖြစ်ပါတယ်။ Fantastic Beasts ဟာ Harry Potter မမွေးခင် နှစ်ပေါင်း ၆၀ လောက်မှာ ဇာတ်အိမ်တည်ထားတယ်လို့ယူစရပါတယ်။ Harry ပထမဆုံးနှစ် Hogwarts စတက်တော့(1991) ဝယ်ရမယ့်ကျောင်းသုံးပြဌာန်း စာအုပ်စာရင်းမှာ မှော်ဝင်သတ္တဝါ ဘာသာရပ်အတွက် Fantastic Beasts and where to find them ဆိုတဲ့စာအုပ်ပါပါတယ်။ စာအုပ်ရေးသားပြုစုသူနာမည်က Newt Scamander ပါ။ ယခု Fantastic Beasts movie က Newt Scamander အကြောင်းကိုရိုက်ပြထားတာပါ။(Newt အဖြစ် Theory of everything, Danish girl တို့မှာအကောင်းဆုံးသရုပ်ဆောင်ပြခဲ့တဲ့ Eddie Redmayne ကသရုပ်ဆောင်ထားပါတယ်) Fantastic Beasts character ...
7.4
IMDB: 7.4/10 313,927 votes
movie

Fantastic Beasts and Where to Find Them (2016)

2016
BluRay 1080p 6CH
Mary Poppins Returns (2018) 7.2
Mary Poppins Returns (2018) Mary Poppins ဆိုတဲ့ ဇာတ်လမ်းလေးဟာ ကလေးကြိုက်ကားလေးဖြစ်ပါတယ် မိသားစုဝင်တွေတူတူကြည့်လို့ အဆင်ပြေတဲ့ ဇာတ်လမ်းလေးဖြစ်ပြီးတော့ ကလေးတွေရဲ့ စိတ်ကူးယဉ် ဖန်တီးနိုင်မှုတွေကို Mary Poppins ဆိုတဲ့ မှော်ဆန်ဆန် ကလေးထိန်းတယောက်ကို ဖန်တီးပြီးတော့ တင်ဆက်ထားတာဖြစ်ပါတယ် မိုက်ကယ်ဘန့်မှာ ကလေးလေး၃ယောက်ရှိနေပြီးတော့ မိတဆိုးလေးတွေကတော့ သူတို့အမေရဲ့နေရာကို ဖြည့်ပေးဖို့ အမြဲတွေးထားပြီး လိမ္မာတဲ့ကလေးလေးတွေပေါ့ မိဘတွေအနေ နဲ့လည်း ဒါမျိုးကားလေးတွေ များများကြည့်ပေးသင့်ပါတယ် နမူနာကောင်းလေးတွေကို ကလေးတွေ အနေနဲ့ သိနိုင်ပြီးတော့ မိဘတွေအနေနဲ့လည်း ကလေးလေးတွေရဲ့ စိတ်ကူးယဉ်မှုတွေ ကို ဘေးဖယ်မထားသင့်ဘူးဆိုတာလေးကို ပိုသိနိုင်ပါတယ် ဒီဇာတ်လမ်းမှာတော့ Mary Poppins က ကလေးလေးတွေကို ဘယ်လိုကူညီမလဲ မှော်ဆန်ဆန် ဘယ်လိုလေး ရောက်လာမလဲ သူ့အကူအညီတွေကရော ထိရောက်မှာလားဆိုတာတွေကို တွေ့ရပြီးတော့ သီချင်းသံမြူးမြူးလေးတွေနဲ့ တင်ဆက်ထားပါတယ် Review Credit - GC Movies
7.2
IMDB: 7.2/10 34,140 votes
movie

Mary Poppins Returns (2018)

2018
BluRay 1080p 6CH
Between Worlds (2018) 5.1
Between Worlds (2018) ဒီကားလေးက အဆန်းလေးဗျ ပရလောကနဲ့ ဆက်စပ်တဲ့ပုံစံလေး ရိုက်ပြသွားတယ်.....စော်လေးကတော့ တော်တော်ချောတယ် Nicolas Cage က မိန်းမနဲ့ ကလေးသေသွားလို့ ဘဝပျက်နေတဲ့သူတစ်ယောက်.... သူ့မိန်းမနဲ့ ကလေးကိုတော်တော်ချစ်ခဲ့တာ အဲ့အချိန်မှာ သမီးဖြစ်တဲ့သူက ဆိုင်ကယ် အက်စီးဒင့်ဖြစ်နေလို့ ဆေးရုံတင်ထားခဲ့ရတယ်.. အမေဖြစ်သူက..သူ့သမီးအသက်ရှင်ဖို့ စိတ်စောနေတယ်.. ဒီလိုနဲ့ ပရလောကနဲ့ သက်ဆိုင်တာလေးကို စမ်းမိသွားတယ်ထင်ပါတယ်... အဲ့အချိန်မှာ အက်ဆီးဒင့်ဖြစ်တဲ့ သမီးဖြစ်သူရဲ့ ခန္ဓာကိုယ်ထဲကို နီကိုးလက်ကေ့ရဲ့ မိန်းမ ဝိဥာဉ်က ဝင်ပူးလိုက်တယ်... အဲ့အချိန်မှာ ကိစ္စတစ်ခုလုံးက ဗြောင်းဆန်ပြီး မမှားသင့်တာတွေ မှားကုန်တော့တာပဲဗျာ... ဒီဇာတ်ကားမှာ လိင်ပိုင်းဆိုင်ရာတွေ ပါဝင်တာဖြစ်လို့ မိသားစုနဲ့ ကြည့်ရှလို့မသင့်တော်ပါဘူးခင်ဗျာ...   Translator -- Aung Myint Oo Encoder -- Sai Wunna    
5.1
IMDB: 5.1/10 3,420 votes
movie

Between Worlds (2018)

2018
BluRay 1080p 6CH
Air Doll (2009) 6.9
Air Doll (2009) "I'm an air doll. A substitute for handling sexual desire." အမျိုးသားတွေ လိင်စိတ်ဖြေဖျောက်လိုတဲ့အခါ အသုံးပြုဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ လေမှုတ်အရုပ်ကလေးတစ်ရုပ်ရဲ့ ဖြစ်တည်မှုတစ်ခုလုံးကို ဒီစာသားနှစ်ကြောင်းတည်းနဲ့ ဖော်ပြမယ်ဆိုရင် ဒါဟာ ပြည့်စုံလုံလောက်တဲ့ ဖော်ပြချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံသား ဒါရိုက်တာ Hirokazu Koreeda ရဲ့ Air Doll (2009) ရုပ်ရှင်ထဲက လေမှုတ်အရုပ်မလေး Nozomi အတွက်တော့ ဒီဖော်ပြချက်ဟာ မလုံလောက်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက I found a heart လို့ ဆက်ပြောသွားခဲ့လို့ပဲ။ ဒီတော့ ကျနော်တို့ ရုပ်ရှင်ထဲ နည်းနည်း တိုးဝင်ကြည့်ကြတာပေါ့။ တီဗွီဖန်သားပြင်ပေါ် ပုံရိပ်တွေ စတင်ချိန်မှာပဲ လူတစ်ယောက်ဟာ အလုပ်ကနေ အိမ်ကို ပြန်လာနေခဲ့တာကို စမြင်ရပါတယ်။ သူ အိမ်ပြန်ရောက်တော့ သာမန်အတိုင်းပဲ ညစာထမင်းဝိုင်း ...
6.9
IMDB: 6.9/10 5,278 votes
movie

Air Doll (2009)

2009
Blu-Ray 6CH Unrated
The House with a Clock in Its Walls (2018) 6.1
The House with a Clock in Its Walls (2018) ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာ တော့ အမေရိကန်လျှို့ဝှက်ဆန်း ကြယ် စိတ်ကူးယဉ် ဟာသဇာတ် ကားလေး ဖော်ပြလိုက်ပါတယ်။ ၁၉၅၅ ကာလမြင်ကွင်းနဲ့ အတူ (၁၀)နှစ်အရွယ် လူငယ် လေး လူးဝစ္စဘာနာဗဲ့တ်ဟာ မိဘ တွေဆုံးပါးကုန်တဲ့နောက် မီချီဂန် မှာရှိတဲ့ သူ့ဦးလေးဂျိုနသန်နဲ့အတူ နေထိုင်ဖို့ ရောက်လာခဲ့ပါတယ်။ သူ့ဦးလေး ဂျိုနသန်ဟာ နှစ်ပေါင်း များစွာ သက်တမ်းရှိတဲ့ အိမ်အို ကြီးမှာ နေထိုင်တာဖြစ်ပြီး နာရီ စက် တချက်ချက်မြည်သံတွေ ထူးဆန်းစွာ ကြားရတဲ့ အိမ်ကြီး ဖြစ်ပါတယ်။ ဂျိုနသန်ဟာ မှော်အတက် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး အိမ်နီးနားချင်းလည်းဖြစ်၊ အခင် ဆုံးမိတ်ဆွေလည်းဖြစ်တဲ့ ဖလော် ရင့်ဆိုတဲ့ အစွမ်းထက်စုန်းမနဲ့ အတူ အိမ်ကြီးထဲက ထူးဆန်းတဲ့ မှော်စွမ်းအင်တွေကို အတူဖော် ထုတ်နေတာ ဖြစ်ပါတယ်။ နာရီသံ တချက်ချက်ကြား နေရတဲ့ အိမ်ကြီးကို ဟိုးအရင် တုန်းက အိုက်ဇက်ဆိုတဲ့ မှော် ဆရာနဲ့ ...
6.1
IMDB: 6.1/10 29,390 votes
movie

The House with a Clock in Its Walls (2018)

2018
BluRay 1080p 6CH
Lara Croft: Tomb Raider – The Cradle of Life (2003) 5.5
Lara Croft: Tomb Raider – The Cradle of Life (2003) သတ္တိရှိတဲ့ ဗြိတိသျှလူမျိုး အမျိုးသမီးဘူမိဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ လာရာခရော့ဖ်ဆိုသူက  တကယ့်ကိုအရေးကြီးတဲ့ ရှာဖွေမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ဒဏ္ဏာရီထဲက ပန်ဒိုယာမင်းသမီးလေးရဲ့ သေတ္တာကိုရှာဖွေဖို့အတွက် လမ်းညွှန်ထားတဲ့ ကျောက်ဘောလုံးကိုရှာဖွေခဲ့ခြင်းပါပဲ။ ကံမကောင်းစွာနဲ့ပဲ လူကိုသေစေတဲ့ ဗိုင်းရပ်စ်တွေ လက်နက်တွေပြုလုပ်သူ ဂျော်နသန်ရီးစစ်ဆိုတဲ့ သိပ္ပံပညာရှင်တစ်ဦး လက်ထဲကို ကျောက်ဘောလုံးက ရောက်သွားခဲ့ပါတယ်။ အဲ့ဒါနဲ့ လာရာလဲ စစ်မှုထမ်းဟောင်းတဦးဖြစ်ပြီး သူ့ရဲ့ အရင်ရည်းစားဟောင်းတဦးဖြစ်သူ တယ်ရီ ရှရီဒန်ဆိုတဲ့ လူကို အကူအညီတောင်းပြီး ရီးစစ်ဆီက ကျောက်ဘောလုံးကို ပြန်ရယူဖို့ ကြိုးစားခဲ့ရပြန်တယ်။ သူတို့၂ယောက် ကျောက်ဘောလုံးကညွှန်ပြတဲ့ ပန်ဒိုယာသေတ္တာရှိတဲ့နေရာကို ဘယ်လို စွန့်စားခန်းတွေဖွင့်ပြီးသွားကြမယ်.. ရီးစစ်လက်ထဲကနေ ကျောက်ဘောလုံးကို ပြန်ယူနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းလေးကိုကြည့်ရင်း ဆက်လက်ရှုစားကြပါဦးလို့ပြောရင်း ခံစားပေးကြပါဦးလို့…. အညွှန်း Credit Translator -- Kyaw Lwin Htun Encoder -- K#/4nt_M1nn_K0  
5.5
IMDB: 5.5/10 120,580 votes
movie

Lara Croft: Tomb Raider – The Cradle of Life (2003)

2003
BluRay 1080p 6CH
Aquaman (2018) 7.4
Aquaman (2018) ကျွန်တော်တို့ အားလုံး စောင့်ရကျိုးနပ်တဲ့ အကွာမန်းကြီး ရောက်ရှိလို့လာပါပြီခင်ဗျာ Bluray ထွက်လာလို့ တင်ပေးလိုက်ပါပြီခင်ဗျာ...... ရေဘုရင်ကြီးရဲ့ အက်ရှင်တွေနဲ့ မမရဲ့ ဖျင်...အဲလေ..မမရဲ့ မျက်နှာလေးကို........ကြည်လင်စွာဖြင့်ကြည့်ရှုလို့ရပါပြီခင်ဗျာ.......... ဇာတ်လမ်းအကျဉ်း ============= ပင်လယ်ရေအောက်က ပြည်ထောင်စု Atlantis ရဲ့မင်းသမီး Atlanna ဟာမိဘတွေ စီစဉ်တဲ့ အိမ်ထောင်ဘက်ကို သဘောမကျတာကြောင့် လူ့ပြည်ကို ထွက်ပြေးလာခဲ့တယ် ။ အဲ့ဒီမှာ မီးပြတိုက်အစောင့် Thomas Curry နဲ့တွေ့ပြီးချစ်ကျွမ်းဝင်ခဲ့တယ် ။ သူတို့နှစ်ယောက်ဟာ Aquaman ဖြစ်လာမယ့် Arthur Curry ကို မွေးဖွားခဲ့တယ် ။ Arthur မှာ ရေသတ္တ၀ါတွေနဲ့ စိတ်ချင်းဆက်သွယ်နိုင်တဲ့ စွမ်းရည်ရှိတယ် ။ တနေ့မှာတော့ Atlantis စစ်သည်တော်တွေ ရောက်လာပြီး Atlanna ကို အတင်းအကျပ် ပြန်ခေါ်သွားခဲ့တယ် ။ မပြန်ခင်မှာ Atlanna ဟာ သူ့လူယုံတော် Vulko ထံ သားဖြစ်သူ Arthur ကို ...
7.4
IMDB: 7.4/10 169,327 votes
movie

Aquaman (2018)

2018
BluRay 1080p 6CH