Burmese Subtitle

Documentary

The Bomb (2015) 7.7
The Bomb (2015) နျူးကလီးယားဗုံးကို အမေရိကန်တွေက ဂျပန်တွေကို စစ်အောင်နိုင်ဖို့အတွက် ၁၉၄၅ ခုနစ် ဩဂုတ်လ ၆ ရက်နေ့ ၈ နာရီ ၁၅ မိနစ်တိတိမှာ ဟီရိုရှီးမားမြို့ပေါ်ကို ပထမဆုံးအကြိမ် ကြဲချခဲ့ပါတယ်။ နာမည်က Little Boy ဖြစ်ပြီး plutonium အမျိုးအစားဗုံးပါ။ လူပေါင်း ၈ သောင်းနီးပါး သေဆုံးခဲ့ပါတယ်။ ဩဂုတ်လ ၉ ရက်နေ့မှာ Nagasaki မြို့ပေါ် ထပ်မံ ကြဲချခဲ့ပါတယ်။ နာမည်က Fat Man ဖြစ်ပြီး Uranium Gun Type ဗုံးအမျိုးအစားဖြစ်ပါတယ်။ လူပေါင်း ၁ သိန်း ၇ သောင်းထိ သေဆုံးစေခဲ့ပါတယ်။ တစ်ခြားသောဗုံးနဲ့ ကွာခြားချက်ကို ရိုးရိုး ရှင်းရှင်းပြောရရင်တော့ ပြင်းအားပဲ ဖြစ်ပါတယ်။ လောင်စာနည်းနည်းနဲ့ ပြင်းအား အလွန်များတာကို လိုချင်ရင်တော့ နျူကလီးယားလောင်စာကို ပြောင်းလဲအသုံးပြုဖို့လိုပါတယ်။ ဒါကြောင့်မလို့ ...
7.7
IMDB: 7.7/10 250 votes
movie

The Bomb (2015)

2015
720 HDTV
Zero Days (2016) 7.8
Zero Days (2016) အညွန်း ငါတို့လုပ်ခဲ့တဲ့ လူသိမခံဝံတဲ့ ကိစ္စရပ်တိုင်းမှာ အကောင်းနဲ့အဆိုးက အမြဲတွဲနေခဲ့တာပါပဲ။ ဒါကိုက လောကရဲ့သဘာဝ မဟုတ်ဘူးလား ငါတို့ဟာ နည်းစနစ်အတိုင်းလိုက်နာတတ်တဲ့ ဒီမိုကရေစီ ဘက်တော်သားတွေရယ်၊ ဒီမိုကရေစီကို ဟာသတစ်ခုလို့ ထင်နေတဲ့သူတွေရယ်ကြားမှာ မညီမျှမှုနဲ့ မမျှတမှုကို ရင်ဆိုင်နေရတယ်။ မင်းက ဆန်းကြယ်မှုတွေကို "ဟေး အမုန်းတွေရပ်လိုက် အချစ်တွေရောက်လာဆိုပြီး လက်ခံခိုင်းလို့ မရပါဘူး" ငါတို့ပါဝင်ခဲ့တဲ့ပွဲတွေကတော့ စည်းမျဉ်းအမျိုးမျိုးနဲ့ပါပဲ။ ဒီနေ့မှာတော့ အီရန်ရဲ့ထိပ်တန်း နယူကလိယားသိပ္ပံပညာရှင်နှစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းခံရပါတယ်။ မြို့တော် တီဟီရန်မှာ တိုက်ခိုက်မှုနဲ့ပက်သက်ပြီး နောက်ဆုံးရသတင်းတွေကတော့ ဒီနေ့တိုက်ခိုက်မှုမှာ စနစ်တကျ ဗျူဟာမြောက်လုပ်ကြံတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ အီရန်ဟာ ချက်ချင်းဆိုသလို ဒါဟာ အမေရိကန်နဲ့ အစ္စရေးတို့က သူ့ရဲ့နယူးကလီယားအစီအစဉ်ကို ထိခိုက်စေဖို့ ကြိုးစားတာဖြစ်တယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ မိုဟာမက် အမာနီဂျက် ကံမကောင်းစွာနဲ့ပဲ ဒီနေ့ဖြစ်ပွားခဲ့တဲ့လုပ်ကြံမှုဟာ အနောက်နိုင်ငံတွေနဲ့ ဇီရွန်အုပ်ချုပ်ရေးပိုင်းက ပါဝင်နေတယ်ဆိုတာ အသေအချာပါပဲ။ အီရန်မှာဖြစ်ပွားတဲ့ ဘယ်လိုမျိုးအကြမ်းဖက်မှုမျိုးမှာမဆို အမေရိကန်အနေနဲ့ ပါဝင်ပက်သက်မှုရှိတယ်လို့ပြောနေကြတာကို ငြင်းဆိုချင်ပါတယ်။ ပြောင်းလဲဆောင်ရွက်မှုတွေဟာ အကူအညီပေးနိုင်တယ်၊ အထောက်အပံ့ဖြစ်စေတယ်။ သူတို့ကိုလိုအပ်ပေမယ့် အမြဲတမ်းအရေးပါနေတာမျိုးတော့ မဟုတ်ဘူး။ ပြီးတော့ သူတို့ကို နိုင်ငံရေးဥာဏ်နဲ့အစားထိုးနိုင်တယ်။ Alex Gibney: အီရန်မှာဖြစ်ခဲ့တဲ့ ...
7.8
IMDB: 7.8/10 7,177 votes
movie

Zero Days (2016)

2016
BluRay 1080p