Burmese Subtitle

Crime

Romeo Must Die (2000) 6.1
Romeo Must Die (2000) တော်တော်များများကြည့်ဖူးပြီးသားဖြစ်မယ်ထင်ပါတယ်... တရုတ်Action ဇာတ်လမ်းပေါင်းများစွာ ရှိပါတယ်...သူတို့အားသန်ရာ ကိုယ်ခံပညာတွေနဲ့ သရုပ်ဖော်ကြပေမဲ့ ဂျက်လီကားတွေကိုပိုနှစ်သက်မိတယ်... သူ့အက်ရှင်ခန်းတွေက လှတယ် သေသပ်တယ်..သတ်ဖြတ်ခန်းတွေဆိုရင်တောင်မှ ရက်စက်ကြမ်းကြုတ်တဲ့ဟာမျိုးပါတာရှားတယ်...ဂျက်လီတတ်တဲ့ကိုယ်ခံပညာတွေလေ့လာကြည့်တော့ Wushu, Chinese Martial Artနဲ့Baguazhangဖြစ်ပါတယ်...Wushuနဲ့ Martial Artကို ကြားဖူးပေမဲ့ Baguazhangကိုတော့ နည်းနည်းစိမ်းနေတယ် U tube မှာ Baguazhang fight techniques လို့ရိုက်ရှာကြည့်တော့ videoလေးတွေတင်ထားတယ်....ဒါကိုကြည့်လိုက်မှ ဂျက်လီရဲ့အက်ရှင်ခန်းတွေဒါ့ကြောင့်လန်းတာကိုးလို့ မှတ်ချက်ချမိတယ်...Bagua ကိုယ်ခံပညာကအရမ်းကိုလှတယ် တုန့်ပြန်တိုက်ခိုက်ပုံတွေက ကကြိုးကကွက်တွေဆင်နေသလားထင်ရလောက်အောင်လှနေပေမဲ့ ရန်သူကိုမြေပြင်ပေါ် အသာလေးလှဲသိပ်နိုင်လောက်အောင်စွမ်းအားကြီးတာသွားတွေ့ရတယ်...တိပ်ခွေခေတ်တုန်းက ကြည့်ခဲ့ရပြီး ကျွန်တော့လို အကြည်လေးနဲ့ခံစားချင်သူတွေအတွက်တင်ပေးလိုက်ပါတယ် ပိုစတာကြည့်ရုံနဲ့ဇာတ်လမ်းကိုသိကြမှာဖြစ်လို့ အညွှန်းမရေးတော့ပါဘူး မကြည့်ကြသေးဘူးဆိုရင်လည်း နီးစပ်ရာမေးပြီး ကောင်းမယ်ထင်ရင်ဒေါင်းကြည့်ကြပေါ့ဗျာ Review Credit to Channel Myanmar
6.1
IMDB: 6.1/10 62,997 votes
movie

Romeo Must Die (2000)

2000
BluRay 1080p 6CH
The Highwaymen (2019) 7.0
The Highwaymen (2019) တောအုပ်တစ်ခုရဲ့ နေရာတစ်ခုတွင် ထောင်သားတွေအလုပ်လုပ်နေကြသည်…. မြင်းကိုယ်စီ ဖြင့် လက်နက်ကိုင် ထောင်စောင့်အဖွဲ့တွေလည်း အသီးသီးစောင့်ကြတ်နေကြသည်… သို့ပေမယ့် ကြိုတင်စီစဉ်မှုတွေကြောင့် ထောင်သားတစ်ချို့ဟာ ၀ှက်ထားတဲ့ လက်နက်များဖြင့် ထောင်စောင့်များကို သတ်ဖြတ်ကာ သူတို့အား လာခေါ်သည့် ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားကြသည်… ပြေးနိုင်သည့် လမ်းများကိုလိုက်လံပိတ်ဆို့ထားသော်လည်း အစအနပင်ရှာမရချေ…. ဒါတွေအားလုံးရဲ့အဓိက တရားခံက ၀ရမ်းပြေးလင်မယား(၂)ယောက်ဖြစ်သည်.. တကယ်တော့ သူတို့ကိုဖမ်းမမိသည်မှာ (၂)နှစ်ခန့်ပင်ရှိနေသည့်အပြင် ယ္ခုအခါ တခြားရာဇ၀တ်သား အပေါင်းအပါတွေပါ ထောင်ကလာခေါ်ထုတ်သည့်အတွက် သတင်းစာခေါင်းကြီးပိုင်းမှာ ခမ်းခမ်းနားနားကြီးကိုပါလာခဲ့လေသည်.. ဒီ့အတွက်ကြောင့် အုပ်ချုပ်ရေးပိုင်းက လူကြီးတွေ ခေါင်းမီးတောက်နေသည်… နောက်ဆုံးတော့ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ယခင်ကဖျက်သိမ်းခဲ့သည့် ရန်းဂျားတပ်ဖွဲ့ဝင်(၂) ဦးကို ပြန်လည်တာဝန်ပေးအပ်ဖို့ဖြစ်သည်…ရှေးယခင်က ရိန်းဂျိန်းတွေဟာ ဖမ်းမမိတဲ့သူတွေကို တရားဝင်သတ်ဖြတ်ပိုင်ခွင့်ရှိသည်..အုပ်ချုပ်ရခက်သည့် ရိန်းဂျားတွေဟု ယူဆက အဖွဲ့ကိုဖျက်သိမ်းခဲ့ခြင်းဖြစ်သည်.. ယ္ခုအခြေအနေမှာတော့ ကျန်ရှိနေသေးသည့် အတော်ဆုံး(၂)ယောက်ကိုခေါ်သုံးဖို့ဖြစ်လာသည်… ကိုင်း သူတို့ ဖမ်းမိနိုင်မလား….ဒီရာဇ၀တ်သားတွေကရော ဘယ်လိုမကောင်းမှုတွေဆက်ကျူးလွန်ဦးမလဲ… ခံစားကြည့်လိုက်ပါဦး…မင်းသားကြီး Kevin Costnerနဲ့ Woody Harrelsonတို့အဓိကပါဝင်ထားသည့် အပြင် IMDbလည်းအကောင်းဆုံးအနေအထားမှာရှိနေသည့် မှုခင်းဇာတ်ကားမို့ ကားကောင်းတစ်ကားဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေ… Review Credit to Channel Myanmar
7.0
IMDB: 7.0/10 36,292 votes
movie

The Highwaymen (2019)

2019
Web-Rip 1080p 6CH
Death Wish (2018) 6.4
Death Wish (2018) 2018 ခုနှစ်ထွက် အက်ရှင်ဇာတ်ကားသစ် Death Wish ကိုတော့အထူးတလည်မိတ်ဆက်ပေးနေစရာ မလိုဘူးလို့ထင်ပါတယ်။ ဒီဇာတ်ကားကို1972 ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာရေးဆရာ Brian Garfield ရဲ့စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Eli Roth ဖြစ်ပြီး၊Die Hard Franchise မှာဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး အက်ရှင်မင်းသားတစ်ဦးအဖြစ် လူအများသိကြတဲ့ မင်းသားကြီး Bruce Willis က ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ Box Office မှာ ထင်သလောက် မအောင်မြင်ခဲ့ပေမယ့်လည်း IMDb rating 6.5 ရှိတာကြောင့် တော်တော်ကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတစ်ကားလို့ဆိုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ========== ပေါလ်ကာစီဟာ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူ လူစီသမီးဖြစ်သူ ဂျော်ဒန်တို့နဲ့အတူ မိသားစုဘ၀လေးကိုပျော်ရွှင်စွာဖြတ်သန်းနေတဲ့လူအေးကြီးတစ်ယောက်လည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူတို့မိသားစုအပေါ်ကံဆိုးမိုးမှောင်ကျရောက်ခဲ့ရပါတော့တယ်။ ဓားပြတွေရဲ့လက်ချက်နဲ့ ဇနီးဖြစ်သူ လူစီသေဆုံးပြီး သမီးဖြစ်သူဂျော်ဒန်ဟာမသေရုံတမယ်ဘ၀မျိုးကိုရောက်ရှိသွားပါတော့တယ်။ အဆိုပါမှုခင်းဖြစ်ပြီး ရက်အတော်ကြာတဲ့အထိ ဘာသတင်းမှမထူးတာကြောင့် ရဲတွေကို အားကိုးလို့မရဘူးဆိုတာကို ဒေါက်တာကာစီတစ်ယောက် သဘောပေါက်သွားပြီး သူ့မိသားစုအတွက် တရားမျှတမှုကို သူကိုယ်တိုင်ဆောင်ကြဉ်းဖို့ ကြိုးစားပါတော့တယ်……..။ မင်းသားကြီး ဘရုစ်ဝီလီရဲ့အက်ရှင်ဇာတ်ကားကောင်းဖြစ်တဲ့အတွက် လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ Review Credit ...
6.4
IMDB: 6.4/10 48,290 votes
movie

Death Wish (2018)

2018
BluRay 1080p 6CH
The Godfather: Part III (1990) 7.6
The Godfather: Part III (1990) ဇာတ်လမ်းအညွှန်း ------------------------------------------------------------------------ The Godfather ရုပ်ရှင်ကို ယနေ့ ဥရောပ နိုင်ငံတချို့ရဲ့ စာသင် ကျောင်းတွေမှာ ၉-တန်း၊ ၁၀-တန်း ကျောင်းသားတွေအတွက် နိုင်ငံ ရေးသိပ္ပံ သင်ခန်းစာအတွင်း ထည့်သွင်း ဆွေးနွေးနေကြပါတယ်။ မြန်မာ ရုပ်ရှင်ကြည့် ပရိတ်သတ်အတွက်တော့ ဒီရုပ်ရှင်ကားဟာ မားဖီးယား ဒုစရိုက်ဂိုဏ်းကို မိသားစု အဆက်ဆက် လက်ဆင့်ကမ်း အာဏာယူတယ်လို့ အကြမ်းဖျဉ်း သတ်မှတ်တဲ့သူ များပါတယ်။ ညီအကို အရင်းအခြာ အချင်းချင်း၊ မိတ်ဆွေ အပေါင်းအသင်း အချင်းချင်း သတ်ဖြတ်မှုတွေ ရုပ်ရှင် ဇာတ်လမ်းအတွင်း ပါဝင်လို့ ဘာသာတရား ကိုးကွယ်ယုံကြည်သူများကတော့ သဘော မကျ ဘူးလို့ ဆိုကြပါတယ်။ တကယ်တော့ ဒီရုပ်ရှင်ကားဟာ The Godfather Part I – 1972 The Godfather Part II – 1974 The Godfather Part III – 1990 တို့မှာ အမေရိကန် ရုပ်ရှင်လောက က ရိုက်ကူးခဲ့ပြီး ကမ္ဘာအရပ်ရပ် က ရုပ်ရှင်ကြည့် ပရိတ်သတ်တွေရဲ့ ...
7.6
IMDB: 7.6/10 323,747 votes
movie

The Godfather: Part III (1990)

1990
BluRay 1080p 6CH
The Godfather: Part II (1974) 9.0
The Godfather: Part II (1974) ဇာတ်လမ်းအညွှန်း ------------------------------------------------------------------------ The Godfather ရုပ်ရှင်ကို ယနေ့ ဥရောပ နိုင်ငံတချို့ရဲ့ စာသင် ကျောင်းတွေမှာ ၉-တန်း၊ ၁၀-တန်း ကျောင်းသားတွေအတွက် နိုင်ငံ ရေးသိပ္ပံ သင်ခန်းစာအတွင်း ထည့်သွင်း ဆွေးနွေးနေကြပါတယ်။ မြန်မာ ရုပ်ရှင်ကြည့် ပရိတ်သတ်အတွက်တော့ ဒီရုပ်ရှင်ကားဟာ မားဖီးယား ဒုစရိုက်ဂိုဏ်းကို မိသားစု အဆက်ဆက် လက်ဆင့်ကမ်း အာဏာယူတယ်လို့ အကြမ်းဖျဉ်း သတ်မှတ်တဲ့သူ များပါတယ်။ ညီအကို အရင်းအခြာ အချင်းချင်း၊ မိတ်ဆွေ အပေါင်းအသင်း အချင်းချင်း သတ်ဖြတ်မှုတွေ ရုပ်ရှင် ဇာတ်လမ်းအတွင်း ပါဝင်လို့ ဘာသာတရား ကိုးကွယ်ယုံကြည်သူများကတော့ သဘော မကျ ဘူးလို့ ဆိုကြပါတယ်။ တကယ်တော့ ဒီရုပ်ရှင်ကားဟာ The Godfather Part I – 1972 The Godfather Part II – 1974 The Godfather Part III – 1990 တို့မှာ အမေရိကန် ရုပ်ရှင်လောက က ရိုက်ကူးခဲ့ပြီး ကမ္ဘာအရပ်ရပ် က ရုပ်ရှင်ကြည့် ပရိတ်သတ်တွေရဲ့ ...
9.0
IMDB: 9.0/10 986,459 votes
movie

The Godfather: Part II (1974)

1974
BluRay 1080p 6CH
The Godfather (1972) 9.2
The Godfather (1972) ဇာတ်လမ်းအညွှန်း ------------------------------------------------------------------------ The Godfather ရုပ်ရှင်ကို ယနေ့ ဥရောပ နိုင်ငံတချို့ရဲ့ စာသင် ကျောင်းတွေမှာ ၉-တန်း၊ ၁၀-တန်း ကျောင်းသားတွေအတွက် နိုင်ငံ ရေးသိပ္ပံ သင်ခန်းစာအတွင်း ထည့်သွင်း ဆွေးနွေးနေကြပါတယ်။ မြန်မာ ရုပ်ရှင်ကြည့် ပရိတ်သတ်အတွက်တော့ ဒီရုပ်ရှင်ကားဟာ မားဖီးယား ဒုစရိုက်ဂိုဏ်းကို မိသားစု အဆက်ဆက် လက်ဆင့်ကမ်း အာဏာယူတယ်လို့ အကြမ်းဖျဉ်း သတ်မှတ်တဲ့သူ များပါတယ်။ ညီအကို အရင်းအခြာ အချင်းချင်း၊ မိတ်ဆွေ အပေါင်းအသင်း အချင်းချင်း သတ်ဖြတ်မှုတွေ ရုပ်ရှင် ဇာတ်လမ်းအတွင်း ပါဝင်လို့ ဘာသာတရား ကိုးကွယ်ယုံကြည်သူများကတော့ သဘော မကျ ဘူးလို့ ဆိုကြပါတယ်။ တကယ်တော့ ဒီရုပ်ရှင်ကားဟာ The Godfather Part I – 1972 The Godfather Part II – 1974 The Godfather Part III – 1990 တို့မှာ အမေရိကန် ရုပ်ရှင်လောက က ရိုက်ကူးခဲ့ပြီး ကမ္ဘာအရပ်ရပ် က ရုပ်ရှင်ကြည့် ပရိတ်သတ်တွေရဲ့ ...
9.2
IMDB: 9.2/10 1,417,421 votes
movie

The Godfather (1972)

1972
BluRay 1080p 6CH
Loving Pablo (2017) 6.3
Loving Pablo (2017) ၁၉၈၀ ကာလ ကိုလံဘီယာနိုင်ငံမှာ ပြိုင်ဖက်ကင်း နာမည်ကြီး မူးယစ်ရာဇာတစ်ယောက် ပေါ်ထွက်လာတယ်။ မူးယစ်ဆေးဝါး အရောင်းအဝယ်ဈေးကွက်မှာ အချိန်တိုအတွင်း ဘုရင်တစ်ဆူ ဖြစ်လာတဲ့ Pablo Escobar ဟာ ညဏ်များပြီး ပြိုင်ဖက်၊ ရန်သူတွေကိုလည်း ရက်ရက်စက်စက် အပျောက်ရှင်းတယ်။ လူအများရဲ့ လေးစားမှုကို ရချင်ရင် အကြောက်တရားကို အသုံးပြုရတယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ထားတယ်။ သူ့နယ်မှာ လှပခမ်းနားတဲ့ စံအိမ်၊ကိုယ်ပိုင်လေယာဉ်ကွင်း၊ အပန်းဖြေ တိရိစ္ဆာန်ဥယျာဉ် စတဲ့ အဆောင်အယောင်တွေနဲ့ တခမ်းတနား ဘုရင်တစ်ပါးလို နေတယ်။ ပညာမတတ်တဲ့ ဆင်းရဲသားတွေကို အထောက်အပံ့ပေးပြီး မွေးထားတယ်။ ကျောင်းမနေတဲ့ လူငယ်တွေဟာ Escobar ဖွင့်ထားတဲ့ ဆိုင်ကယ်စီးလုပ်ကြံချေမှုန်းရေးသင်တန်းကျောင်းကို တက် ကြတယ်။ နေ့ခင်းကြောင်တောင် လမ်းမပေါ် ကားထဲက ပစ်မှတ်ကို သေနတ်နဲ့ အမြန်ပစ်သတ်ပြီးပြေးတဲ့ ပညာရပ်ကို ကျွမ်းကျင်အောင် သင်ယူကြတယ်။ သေနတ်၊ လက်ပစ်ဗုံး၊ မိုင်း ကိုင်တွယ်အသုံးပြုဖို့ သင်ယူကြတယ်။ သူတို့တွေကို ကတုံးကတိုက် လုပ်လာရင် အစိုးရအဖွဲ့ဝန်ကြီးကိုလည်း ရှင်းပစ်ဖို့ ဝန်မလေးဘူး။ Escobarဟာ သူ့ရဲ့ချမ်းသာကြွယ်ဝမှု၊ကျော်ကြားမှုအရှိန် အဝါ ၊ အောက်ခြေလူတန်းစားတွေရဲ့ ထောက်ခံမှုတွေနဲ့ ကိုလံဘီယာလွှတ်တော်ထဲမှာ လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်တဲ့အထိ နေရာယူနိုင်လာတယ်။ ဘိန်းဖြူ တစ်ကီလိုဂရမ်ကို ဒေါ်လာ ၇၀၀၀ နဲ့ ...
6.3
IMDB: 6.3/10 12,826 votes
movie

Loving Pablo (2017)

2017
BluRay 1080p 6CH
London Has Fallen (2016) 5.9
London Has Fallen (2016) ၂၀၁၃ ခုနှစ်က Olympus Has Fallen ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ London has fallen ရဲ့ဇာတ်လမ်းကတော့…… လက်နက်ရောင်းဝယ်ရေးနဲ့စီးပွားဖြစ်နေတဲ့ အကောင်ကြီးကြီး အကြမ်းဖက်သမားတစ်ယောက်က သူ့မိသားစုသေဆုံးမှုအတွက် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကို လန်ဒန်မှာ အစီအစဉ်တကျ လုပ်ကြံမှုပြုလုပ်ပါတယ်။ တကယ်တော့ အမေရိကန်သမ္မတကို ဦးတည်လုပ်ကြံတာဖြစ်ပြီး သမ္မတအား လုပ်ကြံသတ်ဖြတ်မှုကိုလဲ တစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတာပါ။ ဒီလိုလုပ်ကြံမှုကနေ အမေရိကန်သမ္မတကို သူ့ကိုယ်ရံတော်က ကယ်တင်ရပုံကို ဇာတ်ကြောင်းဖန်တီးထားတာပါ။ IMDb Rating (6.1/10) ရရှိထားတဲ့ Action, Crime, Thriller ဇာတ်ကားဖြစ်ပါတယ်။ review ကိုတော့ channel myanmar မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။ File size… 1.57 GB Quality…Blu-Ray 1080p 6CH Format…mkv Duration….01:38:41 Subtitle….Myanmar Subtitle (Hardsub) Translator.....aungmyintoo
5.9
IMDB: 5.9/10 116,852 votes
movie

London Has Fallen (2016)

2016
BluRay 1080p 6CH
Triple Frontier (2019) 8.9
Triple Frontier (2019) ၂၀၁၉ ရဲ့ အကြမ်းစား အက်ရှင်ကားကောင်းတစ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်... အငြိမ်းယူထားတဲ့သူတွေဟာ...ကိုယ်ပိုင်လိုအပ်ချက်အတွက် ငွေလိုအပ်လာတဲ့အချိန်မှာ အရင်အလုပ်ကိုပြန်မလုပ်ချင်ပေမယ့် ငွေတအားကြီးရမယ့် အချိန်မှာတော့ ငြင်းပယ်လို့မရတော့ပါဘူး...   ဒီတော့ အရင်အလုပ်လုပ်ဖူးတဲ့သူတွေကို လူလိုက်စုတယ်.... ပြီးတော့ တောထဲမှာ ခိုအောင်းနေတဲ့ သူဌေးတစ်ယောက်ဖြစ်တဲ့ မှောင်ခို ဘိန်းရာဇာတစ်ယောက်က သူ့ငွေတွေကို ဘဏ်ကိုမယုံတော့လို့ တောထဲက အိမ်ထဲမှာ အိမ်အပြည့် ငွေတွေသိမ်းထားပြီး သူကိုယ်တိုင်တောထဲမှာ အစောင့်အရှောက်တွေနဲ့နေနေတယ်... မကြာခင်မှာပဲ အဲ့ဒီငွေကိုတွေ ဓားမြတိုက်မယ်...အတွေ့အကြုံရှိတဲ့ လူတစ်စုက အစီအစဉ်တွေစဆွဲပါတော့တယ်....   Translator -- Aung Myint Oo Encoder -- Sai Wunaa  
8.9
IMDB: 8.9/10 44 votes
movie

Triple Frontier (2019)

2019
Web-Rip 1080p 6CH
211 (2018) 4.4
211 (2018) ကဲ ဒီမင်းသားကြီးဟာ မကြာခင်မှာ မြန်မာနိုင်ငံကို ဇာတ်ကားလာရိုက်တော့မှာဖြစ်ပါတယ်..... အဲ့ဒါကြောင့် နောက်ဆုံးထွက်ထားတဲ့ ကားလေးကို မေ့နေမှာစိုးလို့ တင်ပေးလိုက်ပါတယ်....   ဒီတစ်ခါမှာတော့ မြန်မာပြည်ကပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးနေစရာတောင်မလိုအောင် ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Nicolas Cage ရဲ့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ 211 ဆိုတဲ့ Crime Action ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသားကြီး Nicolas Cage က တာဝန်ကျေပွန်တဲ့ရဲသားကြီး Mike Chandler နေရာမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Mike Chandler ဟာ တာဝန်ကျေပွန်လှတဲ့ ရဲသားကြီးတစ်ဦးပါ။ သမီးဖြစ်သူရဲ့ ခင်ပွန်းသည် Steve ဟာလည်း ရဲသားတစ်ယောက်ဖြစ်ပြီးMike အနဲ့အတူ ကင်းလှည့်ရတဲ့ တွဲဖက်ဖြစ်ပါတယ်။ တစ်ရက်မှာ အထက်တန်းကျောင်းက ကျောင်းသားတစ်ဦးဖြစ်တဲ့ Kenny ဟာ ကျောင်းမှာခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ရဲစခန်းမှာလုပ်အားပေးရမယ်ဆိုပြီး ဒဏ်ပေးခံရပါတယ်။ အဲဒီမှာ Kenny ဆိုတဲ့ကျောင်းသားဟာ Mike တို့နဲ့အတူ ကင်းလှည့်ရမှာ လိုက်ပါဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုနဲ့ သူတို့သုံးဦးဟာ ကင်းလှည့်ရင်း ကားမရပ်ရနေရာမှာ ရပ်ထားတဲ့ကားတစ်စီးကို မသင်္ကာတာကြောင့် ၀င်စစ်ဆေးကြည့်ရမှာ ကြေးစားစစ်သားအဟောင်းတွေ ပေါင်းပြီး ဘဏ်ဓားပြတိုက်နေတာကို သိသွားတဲ့အခါမှာတော့…….။ Nicolas ...
4.4
IMDB: 4.4/10 4,294 votes
movie

211 (2018)

2018
BluRay 1080p 6CH
Dead Man Walking (1995) 7.5
Dead Man Walking (1995) ဒီတစ်ခါတော့ BS fans တွေကို တင်ဆက်ပေးချင်တာကတော့ Old But Gold လို့လည်းပြောလို့ရတယ် ဇာတ်လမ်းက ပြောစရာမလိုလောက်အောင်ကိုကောင်းတဲ့ IMDB Rating 7.5/10 Drama ကားစစ်စစ်ကို လိုက်ရှာနေတဲ့သူတွေအတွက်လည်း ဒီဇာတ်ကားလေးကို ညွန်းပေးချင်တယ် ဒီဇာတ်ကားထဲက မင်းသမီးကို ကျွန်တော်ဘယ်မှာ စသိလာလဲဆိုတော့ Step Mom ဆိုတဲ့ ဇာတ်ကားလေးမှာပေါ့ အိမ်ထောင်ရေး ဇာတ်ကားကို ဇာတ်လမ်းကျကျ ဇာတ်ရုပ်ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်သွားကြတာ ဒါရိုက်တာတင်မက ဇာတ်ဆောင်တွေကအစ လေးစားဖို့ကောင်းတယ် အခုဇာတ်ကားလေးကလည်း Step Mom ဇာတ်ကားထဲက မင်းသမီး သရုပ်ဆောင်ထားတဲ့ Dead Man Walking(1995) တဲ့ ကဲအညွန်းလေးကိုကြည့်လိုက်ရအောင် အညွန်း **** လောကမှာ မကောင်းတာလုပ်ရင် မကောင်းတာပဲဖြစ်မယ် ကောင်းတာလုပ်ရင် ကောင်းတာပဲဖြစ်မယ် Abraham Lincoin ပြောခဲ့သလိုပဲ " When I do good I feel good, When I do bad I feel bad, That's my religion." တဲ့ ညကြီးတစ်ညပေါ့ ...
7.5
IMDB: 7.5/10 80,395 votes
movie

Dead Man Walking (1995)

1995
BluRay 1080p 6CH
Kung Fu Hustle (2004) 7.8
Kung Fu Hustle (2004) မင်းကားကြီးစတီဖင်​​ချောင်​ရဲ့အလွန်​​ကောင်းမွန်​တဲ့ရုပ်​ရှင်​​လေးကို မိတ်​ဆက်​ပါရ​စေ။ ဒီဇာတ်​ကားဟာ ဟာသကားလည်းဖြစ်​သလို အက်​ရှင်​ကားလည်းဖြစ်​ပါတယ်​။ ဇာတ်​လမ်း​လေးက​တော့ ၁၉၄၀ဝန်းကျင်​ တရုတ်​ပြည်​တွင်​လူဆိုးလူမိုက်​ဂိုဏ်းအကြီးဆုံးမှာပုဆိနိဂိုဏ်းဖြစ်​ပါတယ်​။ မင်းသားစတီဖင်​​ချောင်​ဟာ အရမ်းကိုပဲပုဆိန်​ဂိုဏ်းကိုဝင်​ချင်​​နေ​ပေမဲ့ အဲ့ဂိုဏ်းဝင်​ဖြစ်​ဖို့အတွက်​လူသတ်​ဖူးရမှာဖြစ်​ပါတယ်​။ ဒါ​ကြောင့်​သူနဲ့သူ့သူငယ်​ချင်းဟာ လူအရမ်းရှုပ်​တဲ့ရပ်​ကွက်​တစ်​ခုကိုသွားပြီးလူမိုက်​သွားလုပ်​တယ်​။ အဲဒါလည်းမ​အောင်​မြင်​​တော့ မ​ကျေနပ်​ပဲ ပုဆိန်​ဂိုဏ်းကို​ခေါ်သွားတယ်​။ အရမ်းကြမ်းတမ်းတဲ့ပုဆိန်​ဂိုဏ်းရဲ့တိုက်​ခိုက်​မှု​တွေကို အဲ့ရပ်​ကွက်​မှာသာမန်​လူ​တွေလိုေ​န​နေတဲ့ Kung Fu Master ​တွေကခုခံတိုက်​ခိုက်​ခဲ့ပါတယ်​။ ဂိုဏ်း​ခေါင်း​ဆောင်​ကရှုံး​နေတယ့်​အတွက်​​ကြောင့်​အလွန်​​ကြောက်​စရာ​ကောင်းတဲ့ Beast လို့​ခေါ်တဲ့ Kung Fu Master တစ်​​ယောက်​ကို​ခေါ်လာပါတယ်​။ အရမ်းကြမ်းကြုတ်​ပြီး သိုင်းမှာလည်း​တော်​တယ့်​အတွက်​​ကြောင့်​ ရပ်​ကွက်​က သိုင်းဆရာ​တွေလည်းမခုခံနိုင်​​တော့ပါ။ အဲ့ချိန်​မှာ မင်းသားဟာ သူသာလျှင်​ Beast ကိုနိုင်​မယ့်​သူရဲ​ကောင်းဆိုတာကို​​​သိလာခဲ့တယ်​။ အရမ်းကိုရယ်​ရတဲ့ကားဖြစ်​ပြီး သိုင်းအကွက်​​တွေကလည်းအရမ်းကိုကြည့်​​ကောင်းပါတယ်​။ ဒီဇာတ်​ကားဟာ ၂၀၀၄ခုနစ်​မှာထွက်​ခဲ့ပြီး ကြည့်​တိုင်းမရိုးရတဲ့ကား​လေးပါ။ ပရိတ်​သတ်​​တွေလည်းကြိုက်​မယ်​လို့​မျှော်​လင့်​ပါတယ်​။ Review Credit to Original Translator - Aung Myint Oo Encoder - Robinn Hood
7.8
IMDB: 7.8/10 114,437 votes
movie

Kung Fu Hustle (2004)

2004
BluRay 1080p 6CH
The Wolf of Wall Street (2013) 8.2
The Wolf of Wall Street (2013) The Wolf of Wall Street ဆိုတဲ့ ဇာတ်လမ်းဟာ ငွေကြေးဈေးကွက်ရဲ့ အရှုပ်ထုတ်တွေကို သတိပေးရာမှာ လူသိများသလို ရသပိုင်း အရလည်း အတော်လေး ကြည့်လို့ကောင်းပါတယ် ။ အဲ့ ရုပ်ရှင်ကို လူအတော် များများလည်း ကြည့်ပြီးလောက်မှာပါ ။ Jordan Belfort ဟာ ၁၉၈၇ ခုနှစ်တုန်းက စတော့ရှယ်ရာ ရောင်းတဲ့ ပညာသင် ပွဲစားပေါက်စလေးပါ။ အိမ်ထောင်ကျပြီး မကြာခင်မှာပဲ ကမ္ဘာ့စီးပွားရေးရဲ့ ဗဟိုချက်မ Wall Street က စတော့ပွဲစားကုမ္ပဏီကြီး တစ်ခုမှာ အလုပ်ဝင်လုပ်ပါတယ်။ သူ့ရဲ့ အလုပ်ရှင် Mark Hanna က သူ့ကို အောင်မြင်ရေး လမ်းကြောင်းတွေ သင်ကြားပေးခဲ့သလို လိင်ကိစ္စနဲ့ ကိုကင်းသုံးစွဲဖို့လည်း အဖော်စပ်ခဲ့ပါတယ်။ ဒါပေမယ့် လိုင်စင်ရပွဲစားအဖြစ် အောင်မြင်လာတဲ့ Belfort အတွက် တစ်နှစ်မပြည့်ခင်မှာပဲ ကြမ္မာဆိုးတွေ ဆိုက်ကပ်လာပါတယ်။ ၁၉၈၇ ခုနှစ် အောက်တိုဘာ ၁၉ မှာ အလွန်ကျော်ကြားတဲ့ ...
8.2
IMDB: 8.2/10 1,014,688 votes
movie

The Wolf of Wall Street (2013)

2013
BluRay 1080p 6CH
The Italian Job (2003) 7.0
The Italian Job (2003) The Italian Job (2003) "Trust everyone... Just not the devil inside of them." ဆိုတဲ့ စကားလုံးလေးကတော့ ဇာတ်ကားပြီးတဲ့အထိ စိတ်ထဲစွဲကျန်နေတာပါ။ နောက်ကြုံတိုင်း ဆင်ခြင်မိတာက မင်းကိုတော့ ယုံပါတယ်ကွာ မင်းရဲ့လောဘကိုပဲ မယုံတာပါလို့ စိတ်ထဲမှာ ပြောကြည့်မိပါတယ်။ ဒီလို အပြောမျိုးတွေပဲ ပါတဲ့ တော်ကီများတဲ့ ဇာတ်ကား လုံးဝမဟုတ်ကြောင်းကိုတော့ world Stunt Award(2014) အပြင် အခြားဆု ၇ ဆု ရရှိခဲ့တာက သက်သေပြနေပါတယ်။ ဒီကားမှာ မမေ့နိုင်ဆုံးအခန်းကတော့ Mini Cooper ကားလေး ၃ စီးနဲ့ ပြေးတဲ့အခန်းပါပဲ။ အဲဒီ Mini Cooper သုံးစီးမှာ ၂ စီးက လျှပ်စစ်စွမ်းအင်သုံးအမျိုးအစားဖြစ်ပြီး ၁ စီးက Mini Cooper S အမျိုးအစားဖြစ်ပါတယ်။ Los Angles မြို့ရဲ့ မြေအောက်လမ်းစနစ်က လောင်စာသုံး ...
7.0
IMDB: 7.0/10 319,511 votes
movie

The Italian Job (2003)

2003
BluRay 1080p 6CH