Burmese Subtitle

Biography

Sully (2016) 7.5
Sully (2016) — Storyline — US Airway လေကြောင်းအမှတ် 1549 ဟာ 2009 ခုနစ် Jan 15 ရက်နေ့မှာ လေယာဉ်ပျံတက်တက်ပြီးမကြာခင်မှာပဲ ငှက်အုပ်တစ်အုပ်နဲ့ တိုးမိလို့ အင်ဂျင်နှစ်လုံးလုံးရပ်သွားခဲ့ပါတယ်။ လေဆိပ်ကို ပြန်ဖို့ အကြံပြုနေပေမဲ့ လေယာဉ် Captain ဖြစ်သူ Chesley Sullenberger ဟာ အချိန်မရှိဘူးဆိုပြီး အနီးမှာရှိတဲ့ Hudson မြစ်အတွင်း ဆင်းခဲ့တာမှာ လေယာဉ်ပေါ်ပါသူ 155 ယောက်လုံး အသက်သေခြင်းမရှိဘဲ ကယ်တင်နိုင်ခဲ့ပါတယ်။ စစပိုင်းမှာတော့ သူ့ကို Hero အဖြစ်သတ်မှတ်ဖေါ်ပြကြပေမဲ့ ထုံးစံအတိုင်း လေယာဉ်ပျက်ကျခြင်းနဲ့ မြစ်ထဲဆင်းရခြင်းကိစ္စကို တာဝန်ရှိသူတွေ အဖြေရှာကြတဲ့အခါမှာတော့ Captain Sully လည်း အခုကိစ္စမှာ အပြစ်ကင်းရဲ့လားဆိုပြီး မေးခွန်းတွေထွက်လာပါတော့တယ်။ . — Review — . ဖြစ်ရပ်မှန်ဇာတ်လမ်း အခြေခံရုပ်ရှင်တွေရဲ့ အားနည်းချက်တစ်ခုက သိကြမဲ့အတိုင်း ကိုယ်က ဇာတ်လမ်းနဲ့ အဖြေကို သိနေပြီးသားဖြစ်နေတာပါ။ အခုကားမှာလည်း ...
7.5
IMDB: 7.5/10 200,348 votes
movie

Sully (2016)

2016
BluRay 1080p 6CH
The Disaster Artist (2017) 7.4
The Disaster Artist (2017) La La Land ရဲ့ ဆန့် ကျင်ဘက် ဇာတ်ကားတစ်ကား အဖြစ် ၂၀၁၇ ကထွက်ခဲ့တယ်။ နာမည်ကတော့ The Disaster Artist ။ . လူတိုင်းနီးပါးကတော့ အနုပညာဓာတ်ခံလေးတွေ ကိုယ်စီရှိတတ်ကြတာချည်းပဲလေ။ ဒါကြောင့်လည်း စာဖတ်တဲ့သူတို့ ၊ တောင်ခြစ် မြောက်ခြစ် လျှောက်ခြစ်နေတဲ့သူတို့ ၊ အားတိုင်း သီချင်းနားထောင်တတ်တဲ့သူတို့ ၊ ရုပ်ရှင်ကြည့်တဲ့သူတို့  နဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတွေ့ မြင်နေရတာပဲ မဟုတ်လား။ ခင်ဗျားလည်း ထိုအထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ ကိုယ်က အနုပညာလေးဓာတ်ခံရှိတယ်ဆိုပြီး အနုပညာတစ်ခု ကောက်ထလုပ်လိုက်မယ်တဲ့။ ဘာဆက်ဖြစ်မယ်ထင်သလဲ။ . Tommy Wiseau က Hollywood က ထုတ်လုပ်သူ Judd Apatow ကို စားသောက်ဆိုင်တစ်ခုမှာ တွေ့ တော့ အလိုက်ကန်းဆိုးမသိ ထသွားနှုတ်ဆက်တယ်။ ပြီးတော့ သူဘယ်လိုတော်ကြောင်း၊ တတ်ကြောင်း၊ ဘယ်လိုဖြစ်ချင်ကြောင်းတွေ ...
7.4
IMDB: 7.4/10 108,299 votes
movie

The Disaster Artist (2017)

2017
BluRay 1080p 6CH
Captain Phillips (2013) 7.8
Captain Phillips (2013) ၂၀၀၉ နှစ်တုန်းက ဆိုမာလီဓားမြတွေရဲ့ ပြန်ပေးဆွဲခြင်းခံရတဲ့အကြောင်းလေးကို ပြန်ရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇတ်ကားလေးပါ။ Richard Philips ဟာ ဇနီးနဲ့ သားနှစ်ယောက်ရှိပြီး သားနှစ်ယောက်စလုံး တက္ကသိုလ်တက်မယ့်အရွယ်ရောက်လို့နေပါပြီ။ Philips ဟာ အမေရိကန်အခြေစိုက်င်္ဘာလိုင်း Maersk လိုင်းရဲ့ Alabama သင်္ဘောမှာ ကပ္ပတိန်အဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ သူတို့သဘောင်္ဟာ Oman ကနေ Mombasa ကို ကုန်သေတ္တာတွေသယ်ပြီး သွားရမှာဖြစ်ပါတယ်။ သဘောင်္ဓားမြတိုက် ပြန်ပေးဆွဲမှုတွေ မကြာခဏဖြစ်လေ့ရှိတဲ့ ဆိုမာလီပင်လယ်ပြင်ဘက်ကနေ ဖြတ်သန်းသွားရဖို့ရှိတဲ့အတွက် Philips ဟာ သေချာဂရုစိုက်ပြီး လုံခြုံရေးအစရှိသည်တို့ကို ကြိုတင်ပြင်ဆင်ထားပါတယ်။ ပင်လယ်ဓားမြရန်ကို အမြဲတမ်းသတိထားနေတဲ့ Philips ဟာ မော်တော် ၂ စီး သူတို့သဘောင်္ဆီကို အရှိန်နဲ့ မောင်းလာတာတွေ့တော့ သူ့လက်အောက်ငယ်သားတွေကို သတိပေးပြင်ဆင်ခိုင်းပြီး အကူအညီတွေရဖို့အတွက် ဖုန်းဆက်ပြီး ဆက်သွယ်နေပါတော့တယ်။ သင်္ဘော အရှိန်မြင့်မောင်းလိုက်တာကို နောက်ကလိုက်လာတဲ့ မော်တော် ၂ စီးကို Philips က ပရိယာယ်ဆင်လိုက်တာကြောင့် မော်တော် ...
7.8
IMDB: 7.8/10 383,661 votes
movie

Captain Phillips (2013)

2013
BluRay 1080p 6CH
Loving Pablo (2017) 6.3
Loving Pablo (2017) ၁၉၈၀ ကာလ ကိုလံဘီယာနိုင်ငံမှာ ပြိုင်ဖက်ကင်း နာမည်ကြီး မူးယစ်ရာဇာတစ်ယောက် ပေါ်ထွက်လာတယ်။ မူးယစ်ဆေးဝါး အရောင်းအဝယ်ဈေးကွက်မှာ အချိန်တိုအတွင်း ဘုရင်တစ်ဆူ ဖြစ်လာတဲ့ Pablo Escobar ဟာ ညဏ်များပြီး ပြိုင်ဖက်၊ ရန်သူတွေကိုလည်း ရက်ရက်စက်စက် အပျောက်ရှင်းတယ်။ လူအများရဲ့ လေးစားမှုကို ရချင်ရင် အကြောက်တရားကို အသုံးပြုရတယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ထားတယ်။ သူ့နယ်မှာ လှပခမ်းနားတဲ့ စံအိမ်၊ကိုယ်ပိုင်လေယာဉ်ကွင်း၊ အပန်းဖြေ တိရိစ္ဆာန်ဥယျာဉ် စတဲ့ အဆောင်အယောင်တွေနဲ့ တခမ်းတနား ဘုရင်တစ်ပါးလို နေတယ်။ ပညာမတတ်တဲ့ ဆင်းရဲသားတွေကို အထောက်အပံ့ပေးပြီး မွေးထားတယ်။ ကျောင်းမနေတဲ့ လူငယ်တွေဟာ Escobar ဖွင့်ထားတဲ့ ဆိုင်ကယ်စီးလုပ်ကြံချေမှုန်းရေးသင်တန်းကျောင်းကို တက် ကြတယ်။ နေ့ခင်းကြောင်တောင် လမ်းမပေါ် ကားထဲက ပစ်မှတ်ကို သေနတ်နဲ့ အမြန်ပစ်သတ်ပြီးပြေးတဲ့ ပညာရပ်ကို ကျွမ်းကျင်အောင် သင်ယူကြတယ်။ သေနတ်၊ လက်ပစ်ဗုံး၊ မိုင်း ကိုင်တွယ်အသုံးပြုဖို့ သင်ယူကြတယ်။ သူတို့တွေကို ကတုံးကတိုက် လုပ်လာရင် အစိုးရအဖွဲ့ဝန်ကြီးကိုလည်း ရှင်းပစ်ဖို့ ဝန်မလေးဘူး။ Escobarဟာ သူ့ရဲ့ချမ်းသာကြွယ်ဝမှု၊ကျော်ကြားမှုအရှိန် အဝါ ၊ အောက်ခြေလူတန်းစားတွေရဲ့ ထောက်ခံမှုတွေနဲ့ ကိုလံဘီယာလွှတ်တော်ထဲမှာ လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်တဲ့အထိ နေရာယူနိုင်လာတယ်။ ဘိန်းဖြူ တစ်ကီလိုဂရမ်ကို ဒေါ်လာ ၇၀၀၀ နဲ့ ...
6.3
IMDB: 6.3/10 12,826 votes
movie

Loving Pablo (2017)

2017
BluRay 1080p 6CH
American Sniper (2014) 7.3
American Sniper (2014) #‎ရုပ်ရှင်မိတ်ဆက်‬ ဒီကားက အများထင်ထားသလို Lone Survivor လို၊ Saving Private Ryan လို စစ်ကားကောင်း တစ်ကား မဟုတ်ပါဘူး။ ဒီလို ပြောလို့ ကျွန်တော် မကြိုက်ဘူး၊ ဒီကားက မကောင်းဘူး လို့ မဆိုလိုပါဘူး။ ပြောချင်တာက ဒီကားမှာ အထက်က ကားနှစ်ကားလို စစ်တိုက်တာက အဓိ ဇာတ်အိမ်မဟုတ်သလို၊ စစ်ပွဲကိုလည်း Saving Private Ryan လိုမျိုး ကြည့်ကောင်းအောင် ရိုက်ထားတာမျိုးမဟုတ်ပါဘူး။ Saving Private Ryan ကို ကြည့်ပြီးရင် ပရိတ်သတ်တွေ ကိုယ်တိုင်တောင် စစ်ထဲပါချင်စိတ် ဖြစ်လာပေမယ့် ဒီကားကတော့ စစ်တစ်ခုဖြစ်တာကနေ စစ်သားတွေ၊ သူတို့ရဲ့ မိသားစုတွေ အပေါ် သက်ရောက်မှု ဘယ်လိုရှိတယ်ဆိုတာ ကို အဓိကပြထားတာဖြစ်လို့ ဒီကားကြည့်ပြီး စစ်ပွဲတွေကို ရွံသွားမှာအမှန်ပါပဲ။ စစ်ရဲ့ အနှစ်သာရကို တကယ် ပီပီပြင်ပြင် ...
7.3
IMDB: 7.3/10 382,763 votes
movie

American Sniper (2014)

2014
BluRay 1080p 6CH
Adrift (2018) 6.6
Adrift (2018) ဖြစ်ရပ်မှန်အချစ်ကားလေးနဲ့ BS ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်ရှင့် ဒီကားလေးဟာဆိုရင်ဖြင့် ချစ်သူနှစ်ဦး..ပင်လယ်အပျော်ခရီးထွက်ကြရင်း မုန်တိုင်းတစ်ခုနဲ့ ကြုံတွေ့ကာ ဒဏ်ရာရကြပြီး ပင်လယ်ထဲမှာ ၄၁ ရက်လောက်ကြာအောင်... စီးမျော်နေကြရပါတယ်.... ပင်လယ်ထဲမှာ အသက်ရှင်အောင် ဘယ်လိုကြိုးစားပြီးနေထိုင်ကြမလဲ လာကယ်မယ့်သူတွေကို စောင့်စားရင်း ၄၁ ရက်လောက်ကြာအောင် အသက်ရှင်အောင်ဘယ်လိုရုန်းကန်ရမလဲ ဆက်လက်ကြည့်ရှပေးပါဦးရှင်...   ဘာသာပြန်ပေးထားတာကတော့ သမီးတို့ရဲ့ အတိုကြီး ကိုအောင်မြင့်ဦးဖြစ်ပြီး သမီး လမင်းအေး က တင်ဆက်ပေးထားပါတယ်ရှင့်    
6.6
IMDB: 6.6/10 30,675 votes
movie

Adrift (2018)

2018
BluRay 1080p 8CH
The Wolf of Wall Street (2013) 8.2
The Wolf of Wall Street (2013) The Wolf of Wall Street ဆိုတဲ့ ဇာတ်လမ်းဟာ ငွေကြေးဈေးကွက်ရဲ့ အရှုပ်ထုတ်တွေကို သတိပေးရာမှာ လူသိများသလို ရသပိုင်း အရလည်း အတော်လေး ကြည့်လို့ကောင်းပါတယ် ။ အဲ့ ရုပ်ရှင်ကို လူအတော် များများလည်း ကြည့်ပြီးလောက်မှာပါ ။ Jordan Belfort ဟာ ၁၉၈၇ ခုနှစ်တုန်းက စတော့ရှယ်ရာ ရောင်းတဲ့ ပညာသင် ပွဲစားပေါက်စလေးပါ။ အိမ်ထောင်ကျပြီး မကြာခင်မှာပဲ ကမ္ဘာ့စီးပွားရေးရဲ့ ဗဟိုချက်မ Wall Street က စတော့ပွဲစားကုမ္ပဏီကြီး တစ်ခုမှာ အလုပ်ဝင်လုပ်ပါတယ်။ သူ့ရဲ့ အလုပ်ရှင် Mark Hanna က သူ့ကို အောင်မြင်ရေး လမ်းကြောင်းတွေ သင်ကြားပေးခဲ့သလို လိင်ကိစ္စနဲ့ ကိုကင်းသုံးစွဲဖို့လည်း အဖော်စပ်ခဲ့ပါတယ်။ ဒါပေမယ့် လိုင်စင်ရပွဲစားအဖြစ် အောင်မြင်လာတဲ့ Belfort အတွက် တစ်နှစ်မပြည့်ခင်မှာပဲ ကြမ္မာဆိုးတွေ ဆိုက်ကပ်လာပါတယ်။ ၁၉၈၇ ခုနှစ် အောက်တိုဘာ ၁၉ မှာ အလွန်ကျော်ကြားတဲ့ ...
8.2
IMDB: 8.2/10 1,014,688 votes
movie

The Wolf of Wall Street (2013)

2013
BluRay 1080p 6CH
American Made (2017) 7.2
American Made (2017) Online Shopping တွေကနေ ပစ္စည်းမှာရင် Delivery လာပို့တဲ့သူတွေကို သိကြမှာပါ။ ကမ္ဘာပေါ်မှာ ပစ္စည်း Delivery ပို့တဲ့ အလုပ်လုပ်ပြီး ပိုက်ဆံတွေထားစရာနေရာမရှိအောင် ချမ်းသာသွားတဲ့သူအကြောင်း သိချင်ပါသလား။ ဒါဆိုရင်တော့ ဒီ American Made ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားက မကြည့်မဖြစ် ကြည့်ရှူ့သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ 1980 မတိုင်ခင်ကစပြီး အမေရိကန်နိုင်ငံတွင်းကို အမေရိကအလယ်ပိုင်းကနေတဆင့် တရားမဝင်မူးယစ်ဆေးတွေ မှောင်ခိုသွင်းလာကြပါတယ်။ အဲ့ထဲမှာ သမီးဖြစ်သူ ဆောင်းတွင်း အရမ်းချမ်းလို့ ဒေါ်လာ ၂ သန်းကို မီးရှို့ပြီး အနွေးဓာတ်ရအောင်လုပ်ပေးဖူးတယ်ဆိုတဲ့ နာမည်ကျော်မူးယစ်ရာဇာကြီး Pablo Escobar လဲ အပါအဝင်ပါပဲ။ ဒီဇာတ်ကားမှာတော့ ခေါင်းဆောင်မင်းသား Tom Cruise က Barry Seals လို့ခေါ်တဲ့ လေယာဉ်မှူးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အစပိုင်းမှာ TWA လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးကောင်းတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နေရာကနေ သူ့ရဲ့ လေကြောင်းကျွမ်းကျင်မှုကို သတိထားမိလာကြတဲ့အခါ CIA က စတင်ပြီး တရားမဝင်အလုပ်တွေကို ...
7.2
IMDB: 7.2/10 124,743 votes
movie

American Made (2017)

2017
BluRay 1080p 6CH
First Man (2018) 7.4
First Man (2018) Synopsis အချိန်​ကာလကတော့ ၁၉၆၉ ခုနှစ်​ ….. ဇူလိုင်​လ ၁၆ရက်​ ၁၃:၃၂နာရီ ခန့်​ပေါ့………… စိတ်​ကူးယဉ်​ခဲ့ရတဲ့ လမင်းကြီးဆီကို သမိုင်းရဲ့ ပထမဆုံးအနေနဲ့ ကျွန်​တော်​ ထွက်​ခွာသွားရတော့မှာ …. အောင်​မြင်​မှာလား ကျရှုံးမှာလား.. …ကျွန်​တော်​ ဆက်​မတွေးတော့ပါဘူး……. ဆုံးသွားတဲ့ ကျွန်​တော့်​ရဲ့သမီးလေးကို ဝမ်းနည်းစွာ သတိရနေတာလား…. ….ကျွန်​တော့်​ထက်​အရင်​ လကမ္ဘာကိုသွားရောက်​ဖို့ ကြိုးစားခဲ့တဲ့ သူငယ်​ချင်းတွေရော.. .ကောင်းမွန်​တဲ့ဘုံဘဝမှာ ပျော်​ရွှင်​ကျေနပ်​နေပြီလား….. ဒါမှမဟုတ်​ ကျွန်​တော်​ပဲ ဒီအခန်းကျဉ်းလေးထဲမှာ စက်​နှိုးမဲ့အချိန်​ကို စောင့်​စားရင်း ခြောက်​ခြားနေမိတာလား … .ကျွန်​တော်​တို့ရဲ့ အမြင်​အာရုံကလဲ အကန့်​အသတ်​နဲ့ပဲမြင်​နေရတယ်​ လက်​တစ်​ဝါးသာသာလောက်​ မှန်​ပြတင်းလေးကနေ ကောင်းကင်​ကြီးကို မျှော်​ကြည့်​ရင်း ကမ္ဘာလောကကြီးကို နှုတ်​ဆက်​ထွက်​ခွာရတော့မယ်​ ကျွန်​တော်​ချစ်​ခင်​တဲ့ မိသားစုလေးကတော့ ကမ္ဘာမြေပေါ်က အိမ်​လေးထဲမှာ ကျန်​နေခဲ့မှာလေ ဘယ်​သူမှ မရှိတဲ့ လကမ္ဘာပေါ်မှာ ကျွန်​တော်​တို့ အထီးကျန်​နေမှာလား ပြီးတော့ ကမ္ဘာမြေပေါ် ပြန်​မရောက်​လာနိုင်​ခဲ့ရင်​ရော……. အဲ့လိုတွေးနေရင်းနဲ့ပဲ……ခရီးစဉ်​ထွက်​ခွာဖို့အတွက်​ တဆယ်​…..ကိုး….ရှစ်​……ဆိုပြီး… .အချိန်​မှတ်​နေတဲ့အသံကို ...
7.4
IMDB: 7.4/10 100,721 votes
movie

First Man (2018)

2018
4K HDR 8CH
First Man (2018) 7.4
First Man (2018) Synopsis အချိန်​ကာလကတော့ ၁၉၆၉ ခုနှစ်​ ….. ဇူလိုင်​လ ၁၆ရက်​ ၁၃:၃၂နာရီ ခန့်​ပေါ့………… စိတ်​ကူးယဉ်​ခဲ့ရတဲ့ လမင်းကြီးဆီကို သမိုင်းရဲ့ ပထမဆုံးအနေနဲ့ ကျွန်​တော်​ ထွက်​ခွာသွားရတော့မှာ …. အောင်​မြင်​မှာလား ကျရှုံးမှာလား.. …ကျွန်​တော်​ ဆက်​မတွေးတော့ပါဘူး……. ဆုံးသွားတဲ့ ကျွန်​တော့်​ရဲ့သမီးလေးကို ဝမ်းနည်းစွာ သတိရနေတာလား…. ….ကျွန်​တော့်​ထက်​အရင်​ လကမ္ဘာကိုသွားရောက်​ဖို့ ကြိုးစားခဲ့တဲ့ သူငယ်​ချင်းတွေရော.. .ကောင်းမွန်​တဲ့ဘုံဘဝမှာ ပျော်​ရွှင်​ကျေနပ်​နေပြီလား….. ဒါမှမဟုတ်​ ကျွန်​တော်​ပဲ ဒီအခန်းကျဉ်းလေးထဲမှာ စက်​နှိုးမဲ့အချိန်​ကို စောင့်​စားရင်း ခြောက်​ခြားနေမိတာလား … .ကျွန်​တော်​တို့ရဲ့ အမြင်​အာရုံကလဲ အကန့်​အသတ်​နဲ့ပဲမြင်​နေရတယ်​ လက်​တစ်​ဝါးသာသာလောက်​ မှန်​ပြတင်းလေးကနေ ကောင်းကင်​ကြီးကို မျှော်​ကြည့်​ရင်း ကမ္ဘာလောကကြီးကို နှုတ်​ဆက်​ထွက်​ခွာရတော့မယ်​ ကျွန်​တော်​ချစ်​ခင်​တဲ့ မိသားစုလေးကတော့ ကမ္ဘာမြေပေါ်က အိမ်​လေးထဲမှာ ကျန်​နေခဲ့မှာလေ ဘယ်​သူမှ မရှိတဲ့ လကမ္ဘာပေါ်မှာ ကျွန်​တော်​တို့ အထီးကျန်​နေမှာလား ပြီးတော့ ကမ္ဘာမြေပေါ် ပြန်​မရောက်​လာနိုင်​ခဲ့ရင်​ရော……. အဲ့လိုတွေးနေရင်းနဲ့ပဲ……ခရီးစဉ်​ထွက်​ခွာဖို့အတွက်​ တဆယ်​…..ကိုး….ရှစ်​……ဆိုပြီး… .အချိန်​မှတ်​နေတဲ့အသံကို ...
7.4
IMDB: 7.4/10 100,721 votes
movie

First Man (2018)

2018
BluRay 1080p 6CH
BlacKkKlansman (2018) 7.5
BlacKkKlansman (2018) ဒီဇာတ်လမ်းလေးကတော့ ၁၉၇၀အစောပိုင်းက အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်ရဲ့ ကော်လိုရာဒိုစပရင်းမြို့ရဲဌာနမှာ ပထမဦးဆုံး တာဝန်ထမ်းဆောင်နိုင်ခဲ့တဲ့ အာဖရိကန်-အမေရိကန် နီဂရိုးစုံထောက်တစ်ယောက်ဖြစ်တဲ့ ရွန် စတောလ်ဝေါ့ရဲ့ ဖြစ်ရပ်မှန်ကိုရိုက်ကူးပုံဖော်ထားတာပါ… အဲ့ခေတ်အခါက လူမည်းတွေနဲ့ တခြားမျိုးနွယ်ဝင်တွေ (ဥပမာ – ဂျူးလူမျိုးများ)ကို ခွဲခြားဆက်ဆံပြီး လူဖြူမျိုးနွယ်တွေသာမြင့်မြတ်သည်ဟု ခံယူထားကြသည့် “Ku Klux Klan” လို့အမည်ရတဲ့ လူဖြူဝါဒကြီးစိုးရေးအဖွဲ့လဲပေါ်ပေါက်လျက်ရှိပါတယ်… ဒီရုပ်ရှင်ထဲမှာတော့ နီဂရိုးလူမျိုးတစ်ယောက်ဖြစ်တဲ့ ရွန် စတောလ်ဝေါ့အနေနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဘက်ဖြစ်တဲ့ ဂျူးအနွယ်ဝင် ဖလစ် ဇင်မာမန်းနဲ့အတူ “KKK” အဖွဲ့ထဲ ဘယ်လို လျှို့ဝှက်အသွင်ပြောင်းဝင်ရောက်ပြီးတော့ အဖွဲ့ရဲ့သတင်းအချက်အလက်တွေကို ရယူမလဲဆိုတာကို ကြည့်ရှုခံစားရမှာပါ… ထိုခေတ်အခါက အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ လူဖြူမဟုတ်တဲ့ မျိုးနွယ်ဝင်တွေဖြစ်ကြတဲ့ နီဂရိုးလူမည်းတွေနဲ့ တခြားအနွယ်ဝင်တွေ ဘယ်လိုဒုက္ခခံစားရတယ်ဆိုတာကိုလဲ တွေ့မြင်နိုင်ပါသေးတယ်… အညွှန်းကိုတော့ CM မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။ File Size – 2.13 GB Quality- BluRay 1080p 6CH Running Time – 2hr 15min Format – mkv Genre – Action, Adventure, Drama Translator – Toe Toe Aung Encoder – K#/4nt_M1nn_K0
7.5
IMDB: 7.5/10 92,410 votes
movie

BlacKkKlansman (2018)

2018
BluRay 1080p 6CH
Bohemian Rhapsody (2018) 8.3
Bohemian Rhapsody (2018) ဒီကားလေးမှာ Queen အဖွဲ့ရဲ့ သီချင်းများစွာပါဝင်မှာမို့ သင်တို့ ချစ်သူနဲ့အတူ သွားရောက်နားစဉ်ကြည့်ရူ့သင့်ပါတယ်။Love of my life လို သီချင်းမျိုးရုံမှပြပြီးရင် အကြင်နာပေးကြပေါ့ 😉 PG - 13 လည်းပါတာမို့ မိဘတွေအနေနဲ့ ကျွန်မတစ်ခုတောင်းဆိုပါရစေ။နောက်မျိုးဆက်ကလေးတွေကို ဂီတရဲ့အနှစ်အရသာ အပြည့်အဝခံစားစေနိုင်ဖို့ သင်တို့ သားသမီးလေးတွေကို ဂရုပြုပြီး ဒီကားလေးလိုက်ပြပေးပါလို့ တောင်းဆိုချင်ပါတယ်။ Bohemian Rhapsody (ဘောင်မရှိသော ဂီတ) -------------------------------------------------- "Bohemiam Rhapsody"သီချင်းဟာ ၁၉၇၅ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် ထွက်ရှိခဲ့ပြီး အခြေခံအားဖြင့်တော့ "Bohemian"ဆိုတာ "အစီအစဉ်မကျ စည်းဘောင်အနားသတ်မရှိသော"ကိုဆိုလိုပြီး "Rhapsody"ကတော့ "ဂီတ"ကို ဆိုလိုပါတယ်...."ဘောင်မရှိသော ဂီတ"လို့ ခေါ်ဝေါ်ပါရစေ.... ဒီသီချင်းဟာ ခေါင်းစဉ်နဲ့လိုက်အောင် solo guiterလေးနဲ့ စလိုက်....operaသံစဉ်တွေဖြည့်လိုက်....Hard Rock နဲ့ ထပေါက်ကွဲ လိုက်နဲ့ အတော်လေး ထူးဆန်းတဲ့ rockသီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်.... "သီချင်းရဲ့ စာသားအတိုင်း အဓိပ္ပာယ်" နဲ့ "တကယ့်သီချင်းက ပြောနေတဲ့ အဓိပ္ပာယ်" နှစ်ခုကို ပြောပြပေးပါမယ်... ကောင်လေး ...
8.3
IMDB: 8.3/10 202,893 votes
movie

Bohemian Rhapsody (2018)

2018
BluRay 1080p 6CH
Megan Leavey (2017) 7.1
Megan Leavey (2017) မီဂန်တစ်ယောက် ဆေးခြောက်တွေ အတူသုံးစွဲတဲ့သူငယ်ချင်းဆုံးပါးသွားပြီးကတည်းက ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေခဲ့ပါတယ် အဲ့အချိန်မှာ ငါသာ ဒါတွေဆက်လုပ်နေရင် သေဖို့ပဲရှိတော့တယ်ဆိုပြီး စစ်ထဲဝင်ဖို့ ရည်ရွယ်လိုက်ပါတော့တယ်.. စစ်တပ်ထဲရောက်သွားပြီး သင်တန်းတွေဘာတွေဆင်းပြီးတဲ့အချိန် သောက်စားပျော်ပါးကြရင်း သတိလက်လွတ်ဖြစ်ပြီး စစ်ရုံးမှူးရဲ့ အဆောင်ကို သေးနဲ့ပန်းမိသွားတယ် မနက်ခင်းရောက်တော့ ဒဏ်ပေးခံရပြီး မရိန်းခွေးတွေကို လေ့ကျင့်ပေးတဲ့ နေရာဆီရောက်သွားတယ်... မီဂန် လီဗီတစ်ယောက် မရိန်းခွေး ထိန်းသိမ်းတဲ့နေရာကို သန့်ရှင်းရေးလုပ်နေရပြီး ကြာလာတော့ မရိန်းခွေးတစ်ကောင်လိုချင်မိကြောင်း တပ်ကြပ်ကြီးကိုပြောလိုက်တယ်.... တပ်ကြပ်ကြီးက မပေးဘဲ သံပုံးကို ခွေးပုံစံထားပြီး လေ့ကျင့်ခိုင်းတဲ့တယ်..နည်းနည်းတော့ ရယ်စရာဖြစ်သွားခဲ့တာပေါ့ မကြာဘူး... မီဂန်ကို ခွေးတစ်ကောင်ပေးခဲ့တယ်... အဲ့ခွေးက သူ့အရင်သခင်ကို ကိုက်ခဲ့လို့ တပ်ကြပ်ကြီးက ခွေးထိန်းဒဏ်ရာရနေလို့ မီဂန်ကို ပေးလိုက်တယ်.. အဲ့နောက်ပိုင်းမှာ မီဂန်တစ်ယောက် မရိန်းခွေးတစ်ကောင်ကို လေ့ကျင့်ပေးပါတော့တယ်... ဒါကြောင့် ဒီဇာတ်ကားထဲမှာ အယ်ဇေးရှင်းခွေးတစ်ကောင်ကို စစ်ထွက်ဖို့အတွက် ဘယ်လိုလေ့ကျင့်ပေးရတယ်..တကယ့်စစ်ပွဲမှ ဘယ်လိုရင်ဆိုင်သလဲနဲ့ စစ်အက်ရှင်ဇာတ်ကားကော်းတစ်ကားဆိုတာကို ဆက်လက်ကြည့်ရှုပေးပါဦးခင်ဗျာ တကယ်တော့ စစ်သားဘ၀ဆိုတာ မလွယ်ကူပါဘူး တိုင်းပြည်အတွက် အသက်ပေးထားရတယ်... ဒီလိုပဲ မရိန်းခွေး(စစ်ခွေး) တွေဆိုလည်းအတူတူပဲ စစ်သားတွေ ဗုံးမထိအောင် သူတို့ရဲ့အသက်ကို ရင်းပြီး ဗုံးလိုက်ရှာပေးရတာ.... လေ့ကျင့်မှု အားကောင်းမှ ရမှာဖြစ်သလို လေ့ကျင့်ပေးတဲ့သူကလည်း နည်းစနစ်ကျဖို့လိုပါတယ်...ဒါကြောင့် ဒီဇာတ်ကားလေးဟာ ဖြစ်ရပ်မှန်ကို ...
7.1
IMDB: 7.1/10 18,070 votes
movie

Megan Leavey (2017)

2017
BluRay 1080p 6CH
The Bang Bang Club (2010) 7.0
The Bang Bang Club (2010) The Bang Bang Club တဲ့ မသိရင်တော့ သီချင်းဆိုတဲ့အဖွဲ့နဲ့ ရောသွားနိုင်တယ် ဒီဇာတ်ကားလေးဟာ တစ်ချိန်က ရှိခဲ့ဖူးတဲ့ The Bang Bang ဆိုတဲ့အဖွဲ့အကြောင်းကိုပြန်ရိုက်ထားတာဖြစ်ပြီး ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါ ဓာတ်ပုံသမားတွေ သတင်းထောက်သမားတွေ အတွက် ကြည့်ရှုဖို့သင့်တော်ပြီး လူတစ်ယောက် အဖွဲ့တစ်ဖွဲ့ရဲ့ Biography ကိုကြည့ှ်ရှုချင်တဲ့သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် Rating ပိုင်းကလည်း မြင့်သလို တစ်နာရီကျော် ဇာတ်ကားတစ်ကားဟာ သင့်ကို အဆုံးထိဆွဲခေါ်သွားနိုင်ပါတယ် BS ပရိတ်သတ်တွေအထဲမှာ ဓာတ်ပုံသမားတွေရှိလား သတင်းထောက်သမားတွေရှိကြလား ဒါဆိုရင်တော့ သင်ဟာ ဒီကားကိုမဖြစ်မနေကြည့ှ်ရှုသင့်ပါတယ် " ဓာတ်ပုံသမားတစ်ယောက်ရဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကိုကြည့်လိုက်တာနဲ့ အဲ့လူရဲ့ ရည်မှန်းချက်ကို ခန့်မှန်းနိုင်တယ်တဲ့ " ဓာတ်ပုံရိုက်တဲ့သူတွေအများကြီးရှိကြတယ် ရိုးရိုးအပျော်ရိုက်တဲ့သူ အခကြေးငွေနဲ့ ရိုက်တဲ့သူ သတင်းထောက် ဓာတ်ပုံသမား အစရှိသဖြင့်ပေါ့ ဒီဇာတ်ကားဟာ သတင်းထောက် ဓာတ်ပုံသမားတွေရဲ့ ဘ၀အကြောင်းကိုရိုက်ကူးထားပြီး အပြင်ပန်းမှာတော့ နာမည်ကြီးပေမယ့် တကယ့်လက်တွေ့မှာ လုပ်ကိုင်ရတာမလွယ်ကူဘူးဆိုတာ ဒီကားကြည့်တာနဲ့သိနိုင်ပါတယ်... အရေးအခင်းဖြစ်ရင်လည်း ဓာတ်ပုံသွားရိုက်ရသလို ...
7.0
IMDB: 7.0/10 9,469 votes
movie

The Bang Bang Club (2010)

2010
BluRay 1080p 6CH
The Imitation Game (2014) 8.0
The Imitation Game (2014) ဒီဇာတ်ကားကိုအခုခေတ်လူတွေကြည့်ခွင့်ရတာ တကယ့်ကိုထူးတဲ့ ကုသိုလ်တစ်ခုလို့မှတ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားထဲက အချက်အလက်တွေက တကယ့် Top Secret တွေဖြစ်ပြီး ဗြိတိန်နိုင်ငံက ဒီအချက်အလက်တွေကို နှစ် ၅၀ ခန့်ထိန်းသိမ်းလျှို့ဝှက်ထားခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမဏီတို့ စစ်ရေးအရ အခြားနိုင်ငံတွေအပေါ် အသာရစေခဲ့တဲ့အရာဟာ Enigma လို့ခေါ်တဲ့ လျှို့ဝှက်ကြေးနန်းပို့စနစ်လို့ ဆိုနိုင်ပါတယ်။ Enigma ကတဆင့် သတင်းပေးပို့မယ်ဆိုရင် အခြားနိုင်ငံတွေအနေနဲ့ ဘယ်လိုမှ enigma စကားဝှက်တွေကိုဖော်နိုင်စရာမရှိပါဘူး။ possibilities ပေါင်း သန်းပေါင်း ၁၅၉ သန်းထိရှိတဲ့ စကားလုံးတွဲဖက်မှုတွေပေါ်လာနိုင်လို့ပါပဲ။ အဲဒီ possibilities အားလုံးကိုဖော်နိုင်တယ်ထားဦးတော့.....ဂျာမဏီတို့က ညသန်းခေါင်ကျော်ရင် setting အသစ်တစ်မျိုးထပ်ပြောင်းတာကြောင့် ၂၄ နာရီအတွင်း decipher လုပ်ဖို့ဆိုတာ mission impossible ပဲဖြစ်ခဲ့ပါတယ်။ ဗြိတိန်စစ်တပ်ဟာ ဒီ enigma ကိုဖော်နိုင်ဖို့ နိုင်ငံအတွင်းရှိ သချာင်္ပညာရှင်တွေ၊ cryptanalyst တွေကို Bletchley Park မှာ စုစည်းခဲ့ကြပါတယ်။ ...
8.0
IMDB: 8.0/10 594,193 votes
movie

The Imitation Game (2014)

2014
BluRay 1080p 6CH
Downfall (2004) 8.2
Downfall (2004) ဒီဇာတ်​လမ်းကိုမကြည့်​ဖူး​သေးရင်​​တောင်​ အစည်းအ​ဝေးခန်းကျဉ်း​လေးတစ်​ခုထဲမှာ ဟစ်​တလာကြီး ​အော်​ဟစ်​​ပေါက်​ကွဲ​နေတဲ့ အခန်းကို တခြားဟာသစာသား​တွေထည့်​ပြီး တင်​ကြတာကိုမြင်​ဖူး​တော့ရင်းနီး​နေကြမယ်​ထင်​ပါတယ်​။ ဇာတ်​လမ်းကိုကြည့်​ပြီးထားတဲ့လူအချို့က​ပြောတယ်​ ဒီ​နေရာမှာဘယ်​လိုစာသားထည့်​ထည့်​ သူတို့မရယ်​မိ​တော့ပါဘူးတဲ့ ကိုယ်​တိုင်​လည်း မကြည့်​ရ​သေးခင်​အထိ အဲ့ဒီစကားကိုအနည်းငယ်​ ပိုတယ်​ထင်​​ပေမယ့်​ အပြစ်​​တော့မဆိုမိပါဘူး။ ဒီလိုနဲ့​စောင့်​ကြည့်ဖို့ကြုံလာလို့ကြည့်​ပြီးသွားတဲ့အခါ သူတို့​ပြောတာ ပိုတယ်​လို့မထင်​​တော့ပဲ ဖြတ်​ညှပ်​ထည့်​ထားတဲ့ ဟာသစကား​တွေကို မမြင်​​တော့ပါဘူး ​သွေးပျက်​စွာ​အော်​ဟစ်​​နေတဲ့ ဟစ်​တလာကြီးရဲ့အတ္တကြီးမှု​တွေကိုသာမြင်​ပြီး ကြက်​သီး​တွေ​ထမိတဲ့အထိဖြစ်​လာတယ်​။ အရင်​က ဂျူး နဲ့ ဂျာမန်​ ဇာတ်​လမ်း​တွေကို အ​တော်​များများကိုကြည့်​ဖူး​ပေမယ့်​ ဂျူး​တွေဘက်​က ဇာတ်​နာမှုအများစုကို မျက်​ရည်​ဥ​လောက်​​အောင်​မြင်​ခဲ့ရတာများပါတယ်​။ အခုတစ်​ဖန်​ ဂျာမန်​​တွေရဲ့ဖြစ်​ရပ်​ကိုမြင်​ရတဲ့အခါလည်း စိတ်​ချမ်း​မြေ့စရာတစ်​စက်​မှကိုမရှိပါဘူး။ ယမ်း​ငွေ့ကြားထဲအတုံးအရုံးလဲပြိုကျ​နေတဲ့ ဘာလင်​မြို့သူမြို့သား​တွေ လူမမယ်​က​လေး​တွေနဲ့ ခိုကိုးရာမဲ့တဲ့သက်​ကြီးရွယ်​အိုပြည်​သူ​တွေဟာ ​မြေဇာပင်​အဖြစ်​နဲ့ အနာဂတ်​​ပျောက်​ခဲ့ရတယ်​။ ဒီလိုအဖြစ်​ဆိုး​တွေနဲ့ ကြုံ​တွေ့ရတဲ့ ရင်​နာစရာမြင်​ကွင်း​တွေကိုမြင်​​တွေ့ပြီးတဲ့အခါ ​သေချာပါတယ်​ အထက်​က​ပြောခဲ့သလို ဒီ​နေရာမှာ ဘယ်​လိုဟာသစာသားထည့်​ထည့်​ ရယ်​မိကြမှာမဟုတ်​​တော့ပါဘူး။ ဟစ်တလာ ကျဆုံးခန်း!!! ၁၉၄၅ ခုနှစ်တွင် ဂျာမနီ ဟာဆိုရင် အနောက်ဖက်နှင့် တောင်ဖက်တွင် ပိတ်မိပြီး ဆိုဗီယက်စစ်တပ်တွေကို ရှုံးနိမ့်လုအခြေနေကိုရောက်ခဲ့တယ်။ ဘာလင်က Third Reich မြို့ တော်မှာ ဆိုရင် Adolf Hitler က ဂျာမနီက အောင်မြင်မှုကို ရရှိနိုင်ခြေရှိပြီး သူရဲ့အကြံပေးတွေနဲ့ ဗိုလ်ချုပ်တွေကို နောက်ဆုံးလူကို တိုက်ခိုက်ရန်အမိန့်ပေးခဲ့တယ်။ ” Downfall”မှာ တော့ Reich ရဲ့ နောက်ဆုံးနေ့တွေမှာ အကြီးပိုင်းဂျာမာန်ခေါင်ေးဆာင်တွေက သူတို့ရဲ့ ချစ်ခင်ရသူမှ သစ္စာဖောက်ခြင်းစတင်ခံရခြင်း၊ မိမိတို့အသက်ကယ်တင်ရန် ကြိုးပမ်းခဲ့ပုံ၊ အချို့သောသူများက Hitler နှင့်အတူအသေခံရန်ရှိကြောင်းတို့ကို ပြသခဲ့တယ်။ Hitler ကိုယ်တိုင် ...
8.2
IMDB: 8.2/10 296,052 votes
movie

Downfall (2004)

2004
BluRay 1080p 6CH
Neerja (2016) 7.7
Neerja (2016) ၁၉၈၆ ခုနှစ်မှာ ပါကစ္စတန်နိုင်ငံ ကရာချိမြို.က လေယာဉ်အပိုင်စီးခံရတဲ. ဖြစ်စဉ်မှာ ကမ္ဘာကျော်သွားတဲ. လေယာဉ်မယ်တစ်ယောက်ပါ အမေရိကန်လေကြောင်းလိုင်း Pan Am က ခရီးစဉ်အမှတ် ၇၃ ဟာ ၁၉၈၆ ခုနှစ် စက်တင်ဘာ ၅ ရက်နေ.မှာ မြေပြင်မှမထွက်ခွာခင် အပိုင်စီးခံရပါတယ် လစ်ဗျားနိုင်ငံက ကဒါဖီက စပွန်ဆာပေးထာတဲ. Abu Nidal အဖွဲ.က ပါလစ်စတိုင်း စစ်သွေးကြွငါးယောက်က လေဆိပ်အမူထမ်းဝတ်စုံတွေနဲ. ပုံမှားရိုက်ပြီး ၀င်စီးတာပါ သူတို.က လေယာဉ်ကို မြေထဲပင်လယ်ထဲက ဆိုက်ပရပ်စ်နိုင်ငံကို မောင်းခိုင်းပြီး သူတို.အဖွဲ.က အဖမ်းခံထားရတဲ.အကျဉ်းသားတွေနဲ. လဲလှယ်ဖို.ရည်ရွယ်ထားတာပါ သူတို.၀င်စီးစီးချင်းပဲ Neerja က အသိပေးလိုက်နိုင်လို. ပိုင်းလော.သုံးယောက်က အချိန်မှီင်္ခုန်ထွက်လွတ်မြောက်သွားပါတယ် လေယာဉ်ထဲမှာ ခရီးသည်တွေနဲ. ပြန်ပေးဆွဲသူတွေပဲ ပိတ်မိနေတော.တာပေါ. အဲ.ဒီနောက်မှာတော. ပြန်ပေးသမားတွေက လေယာဉ်မူးတောင်ပြီး ပါကစ္စတန် အစိုးရဖက်ကလဲ အချိန်ဆွဲထားပါတယ် ပါလစ်စတိုင်းစစ်သွေးကြွတွေဆိုတော. အမေရိကန်ကို မုန်းကြတယ် ပထမဆုံး အမေရိကန်တစ်ယောာက် ကိုပစ်သတ်ပြီး လေယာဉ်အပြင်ဖက်ကို ကန်ချပြပါတယ် နောက်နာရီနည်းနည်းနေတော. လေယာဉ်မူးတွေပေါ်မလာတော. နောက်လူတွေကိုသတ်ပြဖို.လုပ်ပြန်တယ် သူတို.က အမေရိကန်နိုင်ငံသားတွေကို အရင်သတ်ချင်တယ် အဲ.တော. လေယာဉ်အမူထမ်းတွေကို ပါ.စပို.တွေကိုလိုက်အကောက်ခိုင်းလိုက်တယ် ပြီးတော.မှ ရွေးပြီးနာမည်ခေါ်ပြီးသတ်မယ်ပေါ. Neerja ဦးဆောင်တဲ. ...
7.7
IMDB: 7.7/10 17,297 votes
movie

Neerja (2016)

2016
BluRay 1080p 6CH